ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မိဘက သားသမီးများအနက်မှ တစ်ဦးဦးအား အမွေပစ္စည်း အားလုံးကို ပေးကမ်းခြင်းမဟုတ်ဘဲ တစ်စိတ် တစ်ဒေသကိုသာ မေတ္တာဖြင့် ပေးကမ်းခြင်း ဖြစ်လျှင် အဆိုပါပေးကမ်းခြင်းအား တရားဝင်စေရန် ပေးကမ်းခြင်းအား ဥပဒေနှင့်အညီ ပေးကမ်းသူ၊ လက်ခံသူနှင့် အသိသက်သေ အနည်းဆုံး(၂)ဦးမှ လက်မှတ်ရေးထိုးပြီး စာချုပ်ချုပ်ဆိုရမည် ဖြစ်ပါသည်။
သို့သော် ဥပဒေနှင့်အညီ စာချုပ် ချုပ်ဆိုခဲ့သော်ငြား အောက်ဖော်ပြပါ အကြောင်းချင်းရာများအရ ပေးကမ်း ခဲ့ခြင်းဖြစ်ပါက အဆိုပါ ပေးကမ်းခြင်းသည် ပျက်ပြယ်သွားမည်ဖြစ်ပါပြီး အမွေပုံအဖြစ် အမွေဆိုင်များအကြားတွင် ပြန်လည် ခွဲဝေယူရမည် ဖြစ်ပါသည်။
(က) သေခါနီးဆဲဆဲ ပေးအပ်ခြင်း
မဖွားဆွေနှင့်မတင်ညို ၂ယူဘီအာ(၁၉၀၂-၀၃)အရ သေခါနီးဆဲဆဲ ပေးကမ်းခြင်းသည် ပေးကမ်းသူသည် ၎င်း သေဆုံးသွားသောအခါမှ ပေးရန်ရည်ရွယ်၍ ပြုလုပ်သည်ဟု မှတ်ယူကြရမည်ဖြစ်ရာ သေတမ်းစာပြုလုပ်သည့် သဘောပင်ဖြစ်သည်။ မြန်မာဗုဒ္ဓဘာသာများ၌ သေတမ်းစာပြုလုပ်၍ ခွဲဝေခွင့်မရှိသောကြောင့် အကယ်၍ သေခါနီးဆဲဆဲ ပေးကမ်းခြင်းကို အသိအမှတ်ပြုခဲ့လျှင် မိမိတို့လူမျိုး၏ဥပဒေကို ချိုးဖောက်ရာရောက်ပေမည်။ ထို့ကြောင့် မြန်မာ ဗုဒ္ဓဘာသာဝင်များအဖို့ သေခါနီးဆဲဆဲပေးကမ်းခြင်းကို ဆောင်ရွက်လေ့မရှိ၊ ဆောင်ရွက်ပါကလည်း တရားမဝင် ဖြစ်ပေမည်။
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် မြန်မာဗုဒ္ဓဘာသာဝင်တစ်ဦး၏အမွေကို အခြားဘာသာကွဲသော အမွေဆိုင် တစ်ဦးက အမွေဆက်ခံခွင့်ရှိပါသည်။ ဘာသာကွဲသောမိဘဖြစ်လင့်ကစား အမွေဆိုင်ဖြစ်သဖြင့် ဘာသာကွဲ ဖြစ်စေ ကာမူ အမွေရထိုက်ခွင့် ရှိပါသည်။
(ခ) မိမိပိုင်ပစ္စည်းအား မိမိ၏ သဘောဆန္ဒအရ ပေးကမ်းနိုင်သော်လည်း အမွေစား အမွေခံများ၏ အခွင့်အရေးကို ထိခိုက်နိုင်သည်အထိ ပစ္စည်းအားလုံးအား ပေးကမ်းခြင်း
မိဘသည် သားသမီးတစ်ဦးအား အခြားအမွေဆိုင်များ အမွေဆက်ခံခွင့် ဆုံးရှုံးလောက်အောင် ရှိသမျှ ပစ္စည်းအားလုံးကို ပေးကမ်းခြင်းဖြစ်ပါက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်ဆန့်ကျင်သည်။ ထိုသို့ ပေးကမ်းခြင်းသည် ပျက်ပြယ်ပြီး ပေးကမ်းသည့်ပစ္စည်းကို အမွေပစ္စည်းအဖြစ် မှတ်ယူကာ အမွေဆိုင်အချင်းချင်း ခွဲဝေယူရန်အတွက် အမွေပုံပစ္စည်းတွင် ထည့်သွင်းရမည်ဟု ဒေါ်လွန်း ပါ ၅ နှင့် ဒေါ်သိန်းရင်၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ- ၁၄၉ တွင် ဆုံးဖြတ်ထားပါသည်။
ကင်းဝန်မင်းကြီး ဦးကောင်း၏ ၃၆စောင်တွဲအမွေမှုခန်း ဓမ္မသတ်ကျမ်းကြီး၊ ပုဒ်မ ၇၉ တွင် သေခါနီး သလွန် ညောင်စောင်းထက်သို့ ရောက်မှပေးသောဥစ္စာသည် ပိုင်ထိုက် မပိုင်ထိုက်သောတရားဟူ၍ ပြဆိုထားသည်။ ကိုင်းစားဓမ္မသတ်၌ “အကြင်သူသည် သေခါနီးဝယ် ညောင်စောင်းထက်၌ကျေးကျွန်ပစ္စည်း ဥစ္စာတို့ကို သူ့အား ပေးသော် ပေးသည်မမည်။ အမွေဥစ္စာသာမည်ချေ၏။ ” ဟုလည်းကောင်း၊ ကန်တော်ဓမ္မသတ်၌ “သေနီးဆုံးစွန်၊ ညောင်သလွန်ထက်၊ ကျေးကျွန်ခမ်းနား၊ ပစ္စည်းများကို သူအားပေးလည်းပေး မမည်ရာ။ မွေဥစ္စာ သာဖြစ်ပါတို့လေ။” ဟုလည်းကောင်း၊ ဝဏ္ဏဓမ္မတွင် “အကြင်သူအား မထသောအိပ်ခြင်းဖြင့် ကျိန်းအိပ်ရာဖြစ်သော မဉ္စေ၊ ညောင်စောင်း ၌ ကျေးကျွန်ဥစ္စာကို ဒေမိတိ၊ ပေး၏” ဟုလည်းကောင်း၊ ရာသီဓမ္မသတ်တွင် “အကြင်သူသည် သေခါနီး ညောင်စောင်း ထက်၌ ကျေးကျွန်ပစ္စည်းဥစ္စာတို့ကို ပေးအံ့” ဟုလည်းကောင်း၊ ပါကံ ဓမ္မသတ် တွင် “အုံးအိပ်ရာဝယ်၊ ခန္ဓာပြတ်ကြွေ၊ သေလုခါထန်၊ ကျေးကျွန်ဥစ္စာသူသို့သာလျှင် ပေးပါလေလည်း ရစေမဆို၊ မွေကားမည်ရာ” ဟုလည်းကောင်း အသီးသီးပြဆိုထားသည်ကို တွေ့ရသဖြင့် သေခါနီးဆဲဆဲသလွန် ညောင်စောင်း (အိပ်ရာခုတင်) ထက်၌ရှိနေစဉ် ပေးကမ်းခြင်းသည် သေခါနီးဆဲဆဲပေးကမ်းခြင်းဖြစ်သည်ဟု အဆိုပါဓမ္မသတ်များတွင် ပြဆိုထားချက်များအရ ကောက်ယူရပေမည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အနေဖြင့် မိမိပိုင်ဆိုင်သော ပစ္စည်းများကို ပေးကမ်းမည်ဆိုပါက မြန်မာ့ဓလေ့ထုံးတမ်းဥပဒေများကို လိုက်နာရမည်သာမက ၁၉၂၂ ခုနှစ်၊ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ စာချုပ်စာတမ်း များ မှတ်ပုံတင်ဥပဒေအစရှိသည်တို့ကို လိုက်နာ ဆောင်ရွက်ကြမှသာ တရားဝင်မည်ဖြစ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ျမန္မာ ဗုဒၶဘာသာဝင္မ်ားအေနျဖင့္ ေပးကမ္းျခင္းအား ဥပေဒႏွင့္အညီ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ေသာ္လည္း ပ်က္ျပယ္ေစႏိုင္သည့္ အေၾကာင္းမ်ား
မိဘက သားသမီးမ်ားအနက္မွ တစ္ဦးဦးအား အေမြပစၥည္း အားလုံးကို ေပးကမ္းျခင္းမဟုတ္ဘဲ တစ္စိတ္ တစ္ေဒသကိုသာ ေမတၱာျဖင့္ ေပးကမ္းျခင္း ျဖစ္လွ်င္ အဆိုပါေပးကမ္းျခင္းအား တရားဝင္ေစရန္ ေပးကမ္းျခင္းအား ဥပေဒႏွင့္အညီ ေပးကမ္းသူ၊ လက္ခံသူႏွင့္ အသိသက္ေသ အနည္းဆုံး(၂)ဦးမွ လက္မွတ္ေရးထိုးၿပီး စာခ်ဳပ္ခ်ဳပ္ဆိုရမည္ ျဖစ္ပါသည္။
သို႔ေသာ္ ဥပေဒႏွင့္အညီ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ေသာ္ျငား ေအာက္ေဖာ္ျပပါ အေၾကာင္းခ်င္းရာမ်ားအရ ေပးကမ္း ခဲ့ျခင္းျဖစ္ပါက အဆိုပါ ေပးကမ္းျခင္းသည္ ပ်က္ျပယ္သြားမည္ျဖစ္ပါၿပီး အေမြပုံအျဖစ္ အေမြဆိုင္မ်ားအၾကားတြင္ ျပန္လည္ ခြဲေဝယူရမည္ ျဖစ္ပါသည္။
(က) ေသခါနီးဆဲဆဲ ေပးအပ္ျခင္း
မဖြားေဆြႏွင့္မတင္ညိဳ ၂ယူဘီအာ(၁၉၀၂-၀၃)အရ ေသခါနီးဆဲဆဲ ေပးကမ္းျခင္းသည္ ေပးကမ္းသူသည္ ၎ ေသဆုံးသြားေသာအခါမွ ေပးရန္ရည္႐ြယ္၍ ျပဳလုပ္သည္ဟု မွတ္ယူၾကရမည္ျဖစ္ရာ ေသတမ္းစာျပဳလုပ္သည့္ သေဘာပင္ျဖစ္သည္။ ျမန္မာဗုဒၶဘာသာမ်ား၌ ေသတမ္းစာျပဳလုပ္၍ ခြဲေဝခြင့္မ႐ွိေသာေၾကာင့္ အကယ္၍ ေသခါနီးဆဲဆဲ ေပးကမ္းျခင္းကို အသိအမွတ္ျပဳခဲ့လွ်င္ မိမိတို႔လူမ်ိဳး၏ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ေပမည္။ ထို႔ေၾကာင့္ ျမန္မာ ဗုဒၶဘာသာဝင္မ်ားအဖို႔ ေသခါနီးဆဲဆဲေပးကမ္းျခင္းကို ေဆာင္႐ြက္ေလ့မ႐ွိ၊ ေဆာင္႐ြက္ပါကလည္း တရားမဝင္ ျဖစ္ေပမည္။
ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒတြင္ ျမန္မာဗုဒၶဘာသာဝင္တစ္ဦး၏အေမြကို အျခားဘာသာကြဲေသာ အေမြဆိုင္ တစ္ဦးက အေမြဆက္ခံခြင့္႐ွိပါသည္။ ဘာသာကြဲေသာမိဘျဖစ္လင့္ကစား အေမြဆိုင္ျဖစ္သျဖင့္ ဘာသာကြဲ ျဖစ္ေစ ကာမူ အေမြရထိုက္ခြင့္ ႐ွိပါသည္။
(ခ) မိမိပိုင္ပစၥည္းအား မိမိ၏ သေဘာဆႏၵအရ ေပးကမ္းႏိုင္ေသာ္လည္း အေမြစား အေမြခံမ်ား၏ အခြင့္အေရးကို ထိခိုက္ႏိုင္သည္အထိ ပစၥည္းအားလုံးအား ေပးကမ္းျခင္း မိဘသည္ သားသမီးတစ္ဦးအား အျခားအေမြဆိုင္မ်ား အေမြဆက္ခံခြင့္ ဆုံး႐ႈံးေလာက္ေအာင္ ႐ွိသမွ် ပစၥည္းအားလုံးကို ေပးကမ္းျခင္းျဖစ္ပါက ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒႏွင့္ဆန္႔က်င္သည္။ ထိုသို႔ ေပးကမ္းျခင္းသည္ ပ်က္ျပယ္ၿပီး ေပးကမ္းသည့္ပစၥည္းကို အေမြပစၥည္းအျဖစ္ မွတ္ယူကာ အေမြဆိုင္အခ်င္းခ်င္း ခြဲေဝယူရန္အတြက္ အေမြပုံပစၥည္းတြင္ ထည့္သြင္းရမည္ဟု ေဒၚလြန္း ပါ ၅ ႏွင့္ ေဒၚသိန္းရင္၊ ၁၉၉၁ ခုႏွစ္၊ ျမန္မာႏိုင္ငံတရားစီရင္ထုံး၊ စာမ်က္ႏွာ- ၁၄၉ တြင္ ဆုံးျဖတ္ထားပါသည္။
ကင္းဝန္မင္းႀကီး ဦးေကာင္း၏ ၃၆ေစာင္တြဲအေမြမႈခန္း ဓမၼသတ္က်မ္းႀကီး၊ ပုဒ္မ ၇၉ တြင္ ေသခါနီး သလြန္ ေညာင္ေစာင္းထက္သို႔ ေရာက္မွေပးေသာဥစၥာသည္ ပိုင္ထိုက္ မပိုင္ထိုက္ေသာတရားဟူ၍ ျပဆိုထားသည္။ ကိုင္းစားဓမၼသတ္၌ “အၾကင္သူသည္ ေသခါနီးဝယ္ ေညာင္ေစာင္းထက္၌ေက်းကြၽန္ပစၥည္း ဥစၥာတို႔ကို သူ႕အား ေပးေသာ္ ေပးသည္မမည္။ အေမြဥစၥာသာမည္ေခ်၏။ ” ဟုလည္းေကာင္း၊ ကန္ေတာ္ဓမၼသတ္၌ “ေသနီးဆုံးစြန္၊ ေညာင္သလြန္ထက္၊ ေက်းကြၽန္ခမ္းနား၊ ပစၥည္းမ်ားကို သူအားေပးလည္းေပး မမည္ရာ။ ေမြဥစၥာ သာျဖစ္ပါတို႔ေလ။” ဟုလည္းေကာင္း၊ ဝဏၰဓမၼတြင္ “အၾကင္သူအား မထေသာအိပ္ျခင္းျဖင့္ က်ိန္းအိပ္ရာျဖစ္ေသာ မေၪၥ၊ ေညာင္ေစာင္း ၌ ေက်းကြၽန္ဥစၥာကို ေဒမိတိ၊ ေပး၏” ဟုလည္းေကာင္း၊ ရာသီဓမၼသတ္တြင္ “အၾကင္သူသည္ ေသခါနီး ေညာင္ေစာင္း ထက္၌ ေက်းကြၽန္ပစၥည္းဥစၥာတို႔ကို ေပးအံ့” ဟုလည္းေကာင္း၊ ပါကံ ဓမၼသတ္ တြင္ “အုံးအိပ္ရာဝယ္၊ ခႏၶာျပတ္ေႂကြ၊ ေသလုခါထန္၊ ေက်းကြၽန္ဥစၥာသူသို႔သာလွ်င္ ေပးပါေလလည္း ရေစမဆို၊ ေမြကားမည္ရာ” ဟုလည္းေကာင္း အသီးသီးျပဆိုထားသည္ကို ေတြ႕ရသျဖင့္ ေသခါနီးဆဲဆဲသလြန္ ေညာင္ေစာင္း (အိပ္ရာခုတင္) ထက္၌႐ွိေနစဥ္ ေပးကမ္းျခင္းသည္ ေသခါနီးဆဲဆဲေပးကမ္းျခင္းျဖစ္သည္ဟု အဆိုပါဓမၼသတ္မ်ားတြင္ ျပဆိုထားခ်က္မ်ားအရ ေကာက္ယူရေပမည္။
ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို႔အေနျဖင့္ မိမိပိုင္ဆိုင္ေသာ ပစၥည္းမ်ားကို ေပးကမ္းမည္ဆိုပါက ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမ်ားကို လိုက္နာရမည္သာမက ၁၉၂၂ ခုႏွစ္၊ ပစၥည္းလႊဲေျပာင္းျခင္းဥပေဒ၊ စာခ်ဳပ္စာတမ္း မ်ား မွတ္ပုံတင္ဥပေဒအစ႐ွိသည္တို႔ကို လိုက္နာ ေဆာင္႐ြက္ၾကမွသာ တရားဝင္မည္ျဖစ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com