မက်လောက်သည့် ငွေပမာဏပေးခြင်းကြောင့် အသက် ၉၀ အရွယ် ဆောက်လုပ်ရေးသူဌေး အဘိုးကြီးနှင့် တွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောလာသူ အသက် ၈၅ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး ဂျိန်းဖောင်ဒါ၏ စံအိမ်

မက်လောက်သည့် ငွေပမာဏပေးခြင်းကြောင့် အသက် ၉၀ အရွယ် ဆောက်လုပ်ရေးသူဌေး အဘိုးကြီးနှင့် တွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြောလာသူ အသက် ၈၅ နှစ်အရွယ်ရှိ ရုပ်ရှင်မင်းသမီး ဂျိန်းဖောင်ဒါ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
2 Mar 2023 2:16 pm တွင် တင်ခဲ့သည်
1038 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ကြယ်ပွင့် ဂျိန်းဖောင်ဒါက အသက် ၉၀ အရွယ်ရှိပြီဖြစ်သော Richard Lugner က Vienna Opera Ball ပွဲတွင် သူနှင့်အတူ တွဲတာ ပွဲတက်ရန် မက်လောက်သည့်ငွေပေးခဲ့သောကြောင့် တွဲရန်သဘောတူ ခဲ့ကြောင်း ထုတ်ဖော်ဝန်ခံလိုက်သည်။

ဟောလိဝုဒ်ကြယ်ပွင့် ဂျိန်းဖောင်ဒါက ဝန်ခံသည်မှာ သြစထရီးယား ဆောက်လုပ်ရေးသူဌေးကြီး၏ ကမ်းလှမ်းမှု ကို လက်ခံခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုလျှင် သြစထရီးယား၏ အကျော်ကြားဆုံး ပွဲလမ်းများမှ တစ်ခုကို အတူတွဲကာ တက်ရန် Richard Lugner က အတော်များပြားသည့်ငွေများပေးကာ ကမ်းလှမ်းခဲ့သောကြောင့် ဖြစ်ကြောင်း ဝန်ခံခဲ့သည်။

သတင်းမီဒီယာများကို ဂျိန်းဖောင်ဒါက ပြောသည်မှာ မိမိအနေဖြင့် ကုန်ကျစရိတ် အမျိုးမျိုးနှင့် မြေးများကို အထောက်အပံ့ပေးရန် ငွေလိုကြောင်း ပြောသည်။

“ကျွန်မ လူအများကြီးကို ထောက်ပံ့ထားပါတယ်”ဟု သူမက ပြောသည်။

(မက်လောက်သည့်ငွေ ပေးသောကြောင့် အသက် ၉၀ အရွယ် Richard Lugner နှင့်တွဲခဲ့သူ ဂျိန်းဖောင်ဒါ။ ဓာတ်ပုံ- AP Images)

Lugner ၏ ဖိတ်ခေါ်မှုကို လက်မခံမီအချိန်အထိ ထိုပွဲနှင့် ပတ်သက်ပြီး များစွာမသိခဲ့ကြောင်း၊ အော်ပရာ ဖျော်ဖြေပွဲတစ်ခုဟုသာ ထင်ခဲ့ကြောင်း ဂျိန်းဖောင်ဒါက သတင်းထောက်များကို ပြောသည်။

(ဂျိန်းဖောင်ဒါက ထိုပွဲတက်ရာတွင် ပခုံးတုတစ်ခု၊ တင်တု ၂ ခုနှင့် ဒူးတု ၂ ခုတို့ တပ်ဆင်လာခဲ့ရာ ထိုပွဲတွင် ပါဝင်ကခုန်ခြင်းမျိုး မပြုလုပ်နိုင်ခဲ့ကြောင်း ပြောသည်။ ဓာတ်ပုံ -AP Images)

Lugner သည် ထိုပွဲတွင် သူနှင့်တွဲရန် ဂျိန်းဖောင်ဒါအပြင် အခြားကမ္ဘာကျော် အမျိုးသမီးများကို ငွေများစွာ ပုံပေးကာ ကမ်းလှမ်းခဲ့ပြီး မည်မျှပေးခဲ့သည်ကိုမူ မသိရချေ။

Vienna Opera Ball ပွဲတွင် Lugner နှင့်အတူ ညခင်းဆည်းဆာကို ဖြတ်သန်းခဲ့ကြသည့် ကြယ်ပွင့်များတွင် ပန်မလာ အန်ဒါဆန်၊ ကင်မ် ကာဒါရှီယန်နှင့် Elle MacPherson တို့ အပါအဝင် ဖြစ်သည်။

ဂျိန်းဖောင်ဒါက ပြောသည်မှာ သူ၏ ကတိကဝတ်တွင် ကပွဲ၌ ပါဝင်ကခုန်မည်ဟူသောအချက် မပါကြောင်း၊ ပွဲတက်ရာတွင် ပခုံးတုတစ်ခု၊ တင်တု ၂ ခုနှင့် ဒူးတု ၂ ခုတို့ တပ်ဆင်လာမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း ပြောသည်။ “အဘွားက အသက်ကြီးပါပြီ။ တစစီ ပြုတ်ထွက်သွားနိုင်တယ်လေ”ဟု ဂျိန်းဖောင်ဒါက အရွှန်းဖောက်ပြောကြားသည်။

(80 for Brady ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဂျိန်းဖောင်ဒါ -ယာစွန်- ကို တွေ့ရပုံ။ ဓာတ်ပုံ-Jon Kopaloff/Getty Images)

Celebrity Net Worth ၏ ခန့်မှန်းချက်အရ ဂျိန်းဖောင်ဒါ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၂၀၀ ခန့်ရှိသည်ဟု ခန့်မှန်းသည်။

(Lugner ထံမှ ရလာမည့်ငွေကို မိသားစုကို ထောက်ပံ့ရန် အသုံးပြုမည်ဟု ဂျိန်းဖောင်ဒါက ပြောသည်။ ဓာတ်ပုံ -Emma McIntyre)

((ဂျိန်းဖောင်ဒါက လော့စ်အိန်ဂျလိစံအိမ်))

အော်စကာဆုရှင် ရုပ်ရှင်ကြယ်ပွင့် ဂျိန်းဖောင်ဒါ၏ လော့စ်အိန်ဂျလိနေအိမ်မှာ Century City အရပ်တွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်းပါဝင်ကြောင်း Realtor.com က ဖော်ပြသည်။

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၅၈၀၀ ရှိသည်။ ဟာသကြယ်ပွင့် Bob Newhart လည်း ထိုဒေသတွင် စံအိမ်တစ်လုံး ဝယ်ယူထားသည်)

(ဧည့်ခန်းတွင် မီးလင်းဖိုတစ်ခုပါသည်။ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ညစာစားခန်းမှာ လူ ၁၂ ဦး စားသောက်နိုင်သည့်အခန်းဖြစ်သည်)

(မီးဖိုဆောင်)

(အိပ်ခန်း ၄ ခန်းအနက်မှ တစ်ခန်းကို တွေ့ရပုံ)

(ရေချိုးခန်း ၆ ခန်းအနက်မှ တစ်ခန်း)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jane Fonda, 85, admits to accepting date from 90-year-old because he offered 'to pay me quite a bit of money' (foxnews,townandcountrymag)

[Zawgyi]

မက္ေလာက္သည့္ ေငြပမာဏေပးျခင္းေၾကာင့္ အသက္ ၉၀ အရြယ္ ေဆာက္လုပ္ေရးသူေဌး အဘိုးၾကီးႏွင့္ တြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေျပာလာသူ အသက္ ၈၅ ႏွစ္အရြယ္ရွိ ရုပ္ရွင္မင္းသမီး ဂ်ိန္းေဖာင္ဒါ၏ စံအိမ္

ေဟာလိဝုဒ္ၾကယ္ပြင့္ ဂ်ိန္းေဖာင္ဒါက အသက္ ၉၀ အရြယ္ရွိျပီျဖစ္ေသာ Richard Lugner က Vienna Opera Ball ပြဲတြင္ သူႏွင့္အတူ တြဲတာ ပြဲတက္ရန္ မက္ေလာက္သည့္ေငြေပးခဲ့ေသာေၾကာင့္ တြဲရန္သေဘာတူ ခဲ့ေၾကာင္း ထုတ္ေဖာ္ဝန္ခံလိုက္သည္။

ေဟာလိဝုဒ္ၾကယ္ပြင့္ ဂ်ိန္းေဖာင္ဒါက ဝန္ခံသည္မွာ ၾသစထရီးယား ေဆာက္လုပ္ေရးသူေဌးၾကီး၏ ကမ္းလွမ္းမႈ ကို လက္ခံခဲ့ေၾကာင္း၊ အဘယ္ေၾကာင့္ဆိုလွ်င္ ၾသစထရီးယား၏ အေက်ာ္ၾကားဆံုး ပြဲလမ္းမ်ားမွ တစ္ခုကို အတူတြဲကာ တက္ရန္ Richard Lugner က အေတာ္မ်ားျပားသည့္ေငြမ်ားေပးကာ ကမ္းလွမ္းခဲ့ေသာေၾကာင့္ ျဖစ္ေၾကာင္း ဝန္ခံခဲ့သည္။

သတင္းမီဒီယာမ်ားကို ဂ်ိန္းေဖာင္ဒါက ေျပာသည္မွာ မိမိအေနျဖင့္ ကုန္က်စရိတ္ အမ်ဳိးမ်ဳိးႏွင့္ ေျမးမ်ားကို အေထာက္အပံ့ေပးရန္ ေငြလိုေၾကာင္း ေျပာသည္။

“ကၽြန္မ လူအမ်ားၾကီးကို ေထာက္ပံ့ထားပါတယ္”ဟု သူမက ေျပာသည္။

(မက္ေလာက္သည့္ေငြ ေပးေသာေၾကာင့္ အသက္ ၉၀ အရြယ္ Richard Lugner ႏွင့္တြဲခဲ့သူ ဂ်ိန္းေဖာင္ဒါ။ ဓာတ္ပံု- AP Images)

Lugner ၏ ဖိတ္ေခၚမႈကို လက္မခံမီအခ်ိန္အထိ ထိုပြဲႏွင့္ ပတ္သက္ျပီး မ်ားစြာမသိခဲ့ေၾကာင္း၊ ေအာ္ပရာ ေဖ်ာ္ေျဖပြဲတစ္ခုဟုသာ ထင္ခဲ့ေၾကာင္း ဂ်ိန္းေဖာင္ဒါက သတင္းေထာက္မ်ားကို ေျပာသည္။

(ဂ်ိန္းေဖာင္ဒါက ထိုပြဲတက္ရာတြင္ ပခံုးတုတစ္ခု၊ တင္တု ၂ ခုႏွင့္ ဒူးတု ၂ ခုတို႔ တပ္ဆင္လာခဲ့ရာ ထိုပြဲတြင္ ပါဝင္ကခုန္ျခင္းမ်ဳိး မျပဳလုပ္ႏိုင္ခဲ့ေၾကာင္း ေျပာသည္။ ဓာတ္ပံု -AP Images)

Lugner သည္ ထိုပြဲတြင္ သူႏွင့္တြဲရန္ ဂ်ိန္းေဖာင္ဒါအျပင္ အျခားကမၻာေက်ာ္ အမ်ဳိးသမီးမ်ားကို ေငြမ်ားစြာ ပံုေပးကာ ကမ္းလွမ္းခဲ့ျပီး မည္မွ်ေပးခဲ့သည္ကိုမူ မသိရေခ်။

Vienna Opera Ball ပြဲတြင္ Lugner ႏွင့္အတူ ညခင္းဆည္းဆာကို ျဖတ္သန္းခဲ့ၾကသည့္ ၾကယ္ပြင့္မ်ားတြင္ ပန္မလာ အန္ဒါဆန္၊ ကင္မ္ ကာဒါရွီယန္ႏွင့္ Elle MacPherson တို႔ အပါအဝင္ ျဖစ္သည္။

ဂ်ိန္းေဖာင္ဒါက ေျပာသည္မွာ သူ၏ ကတိကဝတ္တြင္ ကပြဲ၌ ပါဝင္ကခုန္မည္ဟူေသာအခ်က္ မပါေၾကာင္း၊ ပြဲတက္ရာတြင္ ပခံုးတုတစ္ခု၊ တင္တု ၂ ခုႏွင့္ ဒူးတု ၂ ခုတို႔ တပ္ဆင္လာမည္ျဖစ္ေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။ “အဘြားက အသက္ၾကီးပါျပီ။ တစစီ ျပဳတ္ထြက္သြားႏိုင္တယ္ေလ”ဟု ဂ်ိန္းေဖာင္ဒါက အရႊန္းေဖာက္ေျပာၾကားသည္။

(80 for Brady ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သူ ဂ်ိန္းေဖာင္ဒါ -ယာစြန္- ကို ေတြ႔ရပံု။ ဓာတ္ပံု-Jon Kopaloff/Getty Images)

Celebrity Net Worth ၏ ခန္႔မွန္းခ်က္အရ ဂ်ိန္းေဖာင္ဒါ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ သန္း ၂၀၀ ခန္႔ရွိသည္ဟု ခန္႔မွန္းသည္။

(Lugner ထံမွ ရလာမည့္ေငြကို မိသားစုကို ေထာက္ပံ့ရန္ အသံုးျပဳမည္ဟု ဂ်ိန္းေဖာင္ဒါက ေျပာသည္။ ဓာတ္ပံု -Emma McIntyre)

((ဂ်ိန္းေဖာင္ဒါက ေလာ့စ္အိန္ဂ်လိစံအိမ္))

ေအာ္စကာဆုရွင္ ရုပ္ရွင္ၾကယ္ပြင့္ ဂ်ိန္းေဖာင္ဒါ၏ ေလာ့စ္အိန္ဂ်လိေနအိမ္မွာ Century City အရပ္တြင္ တည္ရွိျပီး အိပ္ခန္း ၄ ခန္းပါဝင္ေၾကာင္း Realtor.com က ေဖာ္ျပသည္။

(စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၅၈၀၀ ရွိသည္။ ဟာသၾကယ္ပြင့္ Bob Newhart လည္း ထိုေဒသတြင္ စံအိမ္တစ္လံုး ဝယ္ယူထားသည္)

(ဧည့္ခန္းတြင္ မီးလင္းဖိုတစ္ခုပါသည္။ ၃ ထပ္အေဆာက္အအံုျဖစ္ျပီး ညစာစားခန္းမွာ လူ ၁၂ ဦး စားေသာက္ႏိုင္သည့္အခန္းျဖစ္သည္)

(မီးဖိုေဆာင္)

(အိပ္ခန္း ၄ ခန္းအနက္မွ တစ္ခန္းကို ေတြ႔ရပံု)

(ေရခ်ဳိးခန္း ၆ ခန္းအနက္မွ တစ္ခန္း)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jane Fonda, 85, admits to accepting date from 90-year-old because he offered 'to pay me quite a bit of money' (foxnews,townandcountrymag)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service