ညောင်ရွက်နုချိန်

ညောင်ရွက်နုချိန် - Property Knowledge in Myanmar from iMyanmarHouse.com
28 Feb 2023 4:58 pm တွင် တင်ခဲ့သည်
1252 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ညောင်ရွက်နုချိန်ဟုသာ ကျွန်တော်သုံးကြည့်ပါသည်။ဆရာကြီးမြသန်းတင့်၏ တမာနုချိန်စစ်တန်းကဲ့သို့စာမျိုး ကျွန်တော်ဖွဲ့ကြည့်ချင်မိ၍ဖြစ်သည်။

ဆောင်းနှောင်းနှင့် နွေဦးကာလရောက်ပြီဆိုလျှင် ညောင်ပင်တို့သည် ရွက်ဟောင်းစွန့်ကြသည်။ ညောင်ပင်ခြေရင်းတွင် လက်ဖက်ရည်ဆိုင်ဖွင့်ထားရာ လက်ဖက်ရည်သောက်ရင်း တဖွဲဖွဲကြွေကျတတ်သည့် ညောင်ရွက်တို့ကို ကြည့်နေရသည်က ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိအောင် ခံစားမှုတို့ ရင်၌ဖြစ်ရဖူးသဖြင့် ထိုခံစားမှုမျိုး ရလို၍ လာထိုင်ခြင်းဖြစ်သည်။

အမိုးအကာအောက်မထိုင်ဘဲ သစ်ပင်ရိပ်တွင်ရှိသည့်စားပွဲတွင်ထိုင်၍ သဘာဝတရားကြီးကို ခံစားလိုသည်။ ရွက်ဟောင်းတို့ကြွေနေသည်တို့လည်းရှိ၏။ထို့အတူ ရွက်ရင့်တို့ကြွေပြီးထားသည့် အချို့သော အကိုင်းတို့မှာ ရွက်နုသစ်တို့လည်း ထွက်စပြုနေပါ၏။

နေရောင်ခြည်က ပူပြင်းမှုကို ဖြစ်စေသော်လည်း ကျနေကို သစ်ပင်ရိပ်ဖြင့် အကာအကွယ်ယူထားသဖြင့် အပူဒဏ်မှ သက်သာနေ၏။

လက်ဖက်ရည်ချိုစိမ့်လေးမှာပြီး လက်ဖက်ရည်တစ်ကျိုက်ငုံရင်း ဒီသဘာဝအလှတရားလေးခံစားဖို့ ကျွန်တော်လုပ်မိသည်။အောက်ကမြင်ကွင်းများကိုကျော်ပြီး ခေါင်းကို အတန်အသင့် မော့ထားကာ ညောင်ပင်ကိုင်းဖျားများကို ကြည့်နေမိ၏။

 

သစ်ရွက်တို့သည် လေ၏ပွတ်တိုးမှုကြောင့် လက်ယက်ခေါ်နေသည့်ပမာ လှုပ်ခါနေပါသည်။ငှက်များလည်း တစ်ကိုင်းကနေ တစ်ကိုင်း ကူးလူးပျံသန်းနေကြပါသည်။

တစ်ချက်တစ်ချက် ဥဩငှက်၏ အသံသည် ခပ်ဝေးဝေးက ပျံ့လွင့်ရင့်ကျူးလာနေပါ၏။ပစ္စုပ္ပန်မြင်ကွင်းတွင် အတိတ်က တူရာတို့ လာပြီးပူးပေါင်းနေ၏။

ကြည်နူးမှုနှင့် သဘာတရားကို ခံစားနေမိစဉ် နှာခေါင်းထဲဝင်လာသည့် စီးကရက်နံ့ကြောင့် အတွေးမြင်ကွင်းတို့ ပျောက်ပျက်သွားပြန်သည်။မိမိရှေ့ စားပွဲဝိုင်းမှ သူကောင်းသားတစ်ကောင်က စီးကရက်ကို အားရပါးရရှိုက်လို့ မှုတ်ထုတ်နေသည်။

ရန်ကုန်ဆိုသည်က သဘဝတရားကြီးကို ခံစားသည့်နေရာတွင် အနှောင့်အယှက်တို့ တအားများသည်။ ဖီလင်ယူရသည်က သိပ်ကို မဟန်ပေ။ဖြတ်သွားဖြတ်လာ အရွယ်စုံတို့ကြောင့်လည်း ရည်ရွယ်ရင်း ခံစားမှုတို့ ပျက်ပျက်သွားတတ်သည်။

ညောင်ပင်ကြီးကိုကြည့်ပြီး အိုဟောင်းခြင်းနှင့်သစ်လွင်ခြင်းသဘောတို့ကို ခံစားမည်ဟု အစက ရည်ရွယ်ခဲ့ သည်။ လက်ဖက်ဖက်ရည်ဆိုင်၏ ဘေးပတ်လည်မှာ အခြားသောဆိုင်တို့က ရှိနေသည်။

 

ရှိနေသည့်အတွက် သူတို့ကိုလွတ်အောင်ရှောင်ပြီး သဘာဝမြင်ကွင်းတို့ကို ကြည့်ဖို့က အတော်ကို မလွယ်သည့်ကိစ္စ။

ကျွန်တော့ စားပွဲခုံဘေးက ဖြတ်သွားသည့် မြန်မာဝတ်စုံလေးနှင့် လှပသည့် မိန်းကလေးတစ်ယောက်ကို ကျွန်တော်လိုက်ကြည့်မိသည်။လှတာကိုဗျ။လှတာကို ကျွန်တော်နှစ်သက်သည်။နှစ်သက်တော့ကြည့်သည်။ ထိုစဉ် မြင်ကွင်းထဲ ဖြတ်ဝင်လာသည့်အရာကြောင့် အာရုံပြောင်းသွားပြန်သည်။

မောင်မင်းကြီးသား အလှူခံပုဂ္ဂိုလ်။ ကန်တော့ပါစေလုပ်တာကို ပေကပ်ကပ်နှင့်မသွားဘဲနေသဖြင့် ပိုက်ဆံပေးလိုက်မှ သွားတော့သည်။မိန်းမလှလေးဘယ်ရောက်သွားပါလိမ့်။

ညောင်ရွက်နုချိန်မြင်ကွင်းလေးထံ ပြန်တည်ဦးမှဟု စိတ်ကိုစုစည်းပြီး အပင်ကိုမော့ကြည့်လိုက်သည်။ မျက်မှန်ပေါ် ဖတ်ကနဲကျလာသည့် အရာကြောင့်လန့်သွား၏။မျက်နှာနှင့် အင်္ကျီတို့ကိုပါစင်ကုန်သဖြင့် စိတ်တွင် အနှောင့်အယှက်ဖြစ်သွားသည်။ငှက်ချီးပါချခြင်း ဖြစ်သည်။

သောက်လက်စလက်ဖက်ရည်ကို ဆက်မသောက်တော့ဘဲ ပိုက်ဆံရှင်းလိုက်တော့သည်။သဘာဝတရားကြီးက ကိုယ်ဘက်တောင်ရှိမနေပါလား။ျ..ညောင်ရွက်နုချိန် ဖီလင်ကလေးက ထိုသို့ဖြစ်ခဲ့ရပါပေသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေညာင္႐ြက္ႏုခ်ိန္

ေညာင္႐ြက္ႏုခ်ိန္ဟုသာ ကြၽန္ေတာ္သုံးၾကည့္ပါသည္။ဆရာႀကီးျမသန္းတင့္၏ တမာႏုခ်ိန္စစ္တန္းကဲ့သို႔စာမ်ိဳး ကြၽန္ေတာ္ဖြဲ႕ၾကည့္ခ်င္မိ၍ျဖစ္သည္။

ေဆာင္းေႏွာင္းႏွင့္ ေႏြဦးကာလေရာက္ၿပီဆိုလွ်င္ ေညာင္ပင္တို႔သည္ ႐ြက္ေဟာင္းစြန္႔ၾကသည္။ ေညာင္ပင္ေျခရင္းတြင္ လက္ဖက္ရည္ဆိုင္ဖြင့္ထားရာ လက္ဖက္ရည္ေသာက္ရင္း တဖြဲဖြဲေႂကြက်တတ္သည့္ ေညာင္႐ြက္တို႔ကို ၾကည့္ေနရသည္က ဘာကိုလြမ္းလို႔ လြမ္းရမွန္းမသိေအာင္ ခံစားမႈတို႔ ရင္၌ျဖစ္ရဖူးသျဖင့္ ထိုခံစားမႈမ်ိဳး ရလို၍ လာထိုင္ျခင္းျဖစ္သည္။

အမိုးအကာေအာက္မထိုင္ဘဲ သစ္ပင္ရိပ္တြင္႐ွိသည့္စားပြဲတြင္ထိုင္၍ သဘာဝတရားႀကီးကို ခံစားလိုသည္။ ႐ြက္ေဟာင္းတို႔ေႂကြေနသည္တို႔လည္း႐ွိ၏။ထို႔အတူ ႐ြက္ရင့္တို႔ေႂကြၿပီးထားသည့္ အခ်ိဳ႕ေသာ အကိုင္းတို႔မွာ ႐ြက္ႏုသစ္တို႔လည္း ထြက္စျပဳေနပါ၏။

ေနေရာင္ျခည္က ပူျပင္းမႈကို ျဖစ္ေစေသာ္လည္း က်ေနကို သစ္ပင္ရိပ္ျဖင့္ အကာအကြယ္ယူထားသျဖင့္ အပူဒဏ္မွ သက္သာေန၏။

လက္ဖက္ရည္ခ်ိဳစိမ့္ေလးမွာၿပီး လက္ဖက္ရည္တစ္က်ိဳက္ငုံရင္း ဒီသဘာဝအလွတရားေလးခံစားဖို႔ ကြၽန္ေတာ္လုပ္မိသည္။ေအာက္ကျမင္ကြင္းမ်ားကိုေက်ာ္ၿပီး ေခါင္းကို အတန္အသင့္ ေမာ့ထားကာ ေညာင္ပင္ကိုင္းဖ်ားမ်ားကို ၾကည့္ေနမိ၏။

သစ္႐ြက္တို႔သည္ ေလ၏ပြတ္တိုးမႈေၾကာင့္ လက္ယက္ေခၚေနသည့္ပမာ လႈပ္ခါေနပါသည္။ငွက္မ်ားလည္း တစ္ကိုင္းကေန တစ္ကိုင္း ကူးလူးပ်ံသန္းေနၾကပါသည္။

တစ္ခ်က္တစ္ခ်က္ ဥဩငွက္၏ အသံသည္ ခပ္ေဝးေဝးက ပ်ံ႕လြင့္ရင့္က်ဴးလာေနပါ၏။ပစၥဳပၸန္ျမင္ကြင္းတြင္ အတိတ္က တူရာတို႔ လာၿပီးပူးေပါင္းေန၏။

ၾကည္ႏူးမႈႏွင့္ သဘာတရားကို ခံစားေနမိစဥ္ ႏွာေခါင္းထဲဝင္လာသည့္ စီးကရက္နံ႔ေၾကာင့္ အေတြးျမင္ကြင္းတို႔ ေပ်ာက္ပ်က္သြားျပန္သည္။မိမိေ႐ွ႕ စားပြဲဝိုင္းမွ သူေကာင္းသားတစ္ေကာင္က စီးကရက္ကို အားရပါးရ႐ိႈက္လို႔ မႈတ္ထုတ္ေနသည္။

ရန္ကုန္ဆိုသည္က သဘဝတရားႀကီးကို ခံစားသည့္ေနရာတြင္ အေႏွာင့္အယွက္တို႔ တအားမ်ားသည္။ ဖီလင္ယူရသည္က သိပ္ကို မဟန္ေပ။ျဖတ္သြားျဖတ္လာ အ႐ြယ္စုံတို႔ေၾကာင့္လည္း ရည္႐ြယ္ရင္း ခံစားမႈတို႔ ပ်က္ပ်က္သြားတတ္သည္။

ေညာင္ပင္ႀကီးကိုၾကည့္ၿပီး အိုေဟာင္းျခင္းႏွင့္သစ္လြင္ျခင္းသေဘာတို႔ကို ခံစားမည္ဟု အစက ရည္႐ြယ္ခဲ့ သည္။ လက္ဖက္ဖက္ရည္ဆိုင္၏ ေဘးပတ္လည္မွာ အျခားေသာဆိုင္တို႔က ႐ွိေနသည္။

႐ွိေနသည့္အတြက္ သူတို႔ကိုလြတ္ေအာင္ေ႐ွာင္ၿပီး သဘာဝျမင္ကြင္းတို႔ကို ၾကည့္ဖို႔က အေတာ္ကို မလြယ္သည့္ကိစၥ။

ကြၽန္ေတာ့ စားပြဲခုံေဘးက ျဖတ္သြားသည့္ ျမန္မာဝတ္စုံေလးႏွင့္ လွပသည့္ မိန္းကေလးတစ္ေယာက္ကို ကြၽန္ေတာ္လိုက္ၾကည့္မိသည္။လွတာကိုဗ်။လွတာကို ကြၽန္ေတာ္ႏွစ္သက္သည္။ႏွစ္သက္ေတာ့ၾကည့္သည္။ ထိုစဥ္ ျမင္ကြင္းထဲ ျဖတ္ဝင္လာသည့္အရာေၾကာင့္ အာ႐ုံေျပာင္းသြားျပန္သည္။

ေမာင္မင္းႀကီးသား အလႉခံပုဂၢိဳလ္။ ကန္ေတာ့ပါေစလုပ္တာကို ေပကပ္ကပ္ႏွင့္မသြားဘဲေနသျဖင့္ ပိုက္ဆံေပးလိုက္မွ သြားေတာ့သည္။မိန္းမလွေလးဘယ္ေရာက္သြားပါလိမ့္။

ေညာင္႐ြက္ႏုခ်ိန္ျမင္ကြင္းေလးထံ ျပန္တည္ဦးမွဟု စိတ္ကိုစုစည္းၿပီး အပင္ကိုေမာ့ၾကည့္လိုက္သည္။ မ်က္မွန္ေပၚ ဖတ္ကနဲက်လာသည့္ အရာေၾကာင့္လန္႔သြား၏။မ်က္ႏွာႏွင့္ အက်ႌတို႔ကိုပါစင္ကုန္သျဖင့္ စိတ္တြင္ အေႏွာင့္အယွက္ျဖစ္သြားသည္။ငွက္ခ်ီးပါခ်ျခင္း ျဖစ္သည္။

ေသာက္လက္စလက္ဖက္ရည္ကို ဆက္မေသာက္ေတာ့ဘဲ ပိုက္ဆံ႐ွင္းလိုက္ေတာ့သည္။သဘာဝတရားႀကီးက ကိုယ္ဘက္ေတာင္႐ွိမေနပါလား။်..ေညာင္႐ြက္ႏုခ်ိန္ ဖီလင္ကေလးက ထိုသို႔ျဖစ္ခဲ့ရပါေပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service