ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်စကာဆုရှင် ရပ်ဆဲလ်ခရိုးလ်၏ ဆစ်ဒနီမြို့စံအိမ်

ချစ်သူမိန်းကလေးနှင့်အတူ စားသောက်ဆိုင်သို့ တင်းနစ်ဝတ်စုံဖြင့်သွားရာ စားသောက်ဆိုင်က အဝင်မခံသောကြောင့် ပြန်လှည့်ခဲ့ရသူ အော်စကာဆုရှင် ရပ်ဆဲလ်ခရိုးလ်၏ ဆစ်ဒနီမြို့စံအိမ် - Property News in Myanmar from iMyanmarHouse.com
28 Feb 2023 10:07 am တွင် တင်ခဲ့သည်
1165 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ရပ်ဆဲလ် ခရိုး ဘယ်သူလဲ)

ရပ်ဆဲလ်ခရိုး (မွေး ၁၉၆၄) သည် နယူးဇီလန်ဖွား ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

ငယ်စဉ်က သြစတေးလျတွင် ၁၀ နှစ်ခန့် နေခဲ့ဖူးပြီး အသက် ၂၁ နှစ်အရွယ်တွင် သြစတေးလျသို့ အပြီးတိုင် ပြောင်းရွှေ့ အခြေချသည်။

၂၀၀၀ ပြည့်နှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော Gladiator ရုပ်ရှင်ကားတွင် ရောမဗိုလ်ချုပ် Meridius အဖြစ် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့ပြီး ထိုဇာတ်ကားဖြင့်ပင် အော်စကာဆု ရရှိခဲ့သည်။

((မဲလ်ဘုန်းမြို့ စားသောက်ဆိုင်က ရပ်ဆဲလ်ခရိုးတို့ စုံတွဲကို ဆိုင်ထဲအဝင်မခံခြင်း))

သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်ရှိသော Mr Miyagi အမည်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းက တင်းနစ်ဝတ်စုံဖြင့်လာသော ရပ်ဆဲလ် ခရိုးနှင့် ချစ်သူမိန်းကလေး ဘရစ်တ်နီ တဲရီယော့ထ် (Britney Theriot) တို့ကို ဆိုင်အတွင်း အဝင်မခံသောကြောင့် ရပ်ဆဲခရိုးတို့စုံတွဲမှာ ဆိုင်ဝမှ လှည့်ပြန်ခဲ့ရကြောင်း Daily Mail နှင့် New York Post သတင်းဌာနများ၏ ဖေဖော်ဝါရီလ ၂၆ နေ့ သတင်းများတွင် ဖော်ပြသည်။

စားသောက်ဆိုင်ပိုင်ရှင် Kristian Klein ကလည်း ဝန်ထမ်းဖြစ်သူ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်ဟု ဆိုသည်။

Mr Miyagi စားသောက်ဆိုင်သည် Japanese-fusion စားသောက်ဆိုင်ဖြစ်ပြီး ဂျပန်လက်ရာကို ကိုရီးယား ၊ တရုတ်၊ ထိုင်း၊ မလေးရှား အစားအသောက်အရသာများနှင့် ပေါင်းစပ်ပေးသော ဆိုင်ဖြစ်သည်။

“ကျွန်တော်တို့ အနေနဲ့ ဖောက်သည်တိုင်းကို တန်းတူဆက်ဆံပါတယ်။ ခင်ဗျားဟာ ရပ်ဆဲလ် ခရိုးပဲဖြစ်ဖြစ် ၊ ဘယ်သူပဲဖြစ်ဖြစ် အကြောင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ဆိုင်မှာက ဝတ်စားပုံ သတ်မှတ်ချက်တစ်ခုရှိပါတယ်။ ဒီစည်းမျဉ်းကို ဖောက်သည်တိုင်းအတွက် သက်ရောက်စေမှာ ဖြစ်ပါတယ်”ဟု ဆိုင်ရှင်က The Herald Sun သတင်းဌာနသို့ ပြောသည်။

(ရပ်ဆဲလ် ခရိုးတို့စုံတွဲကို ၂၀၂၁ ခုနှစ်အတွင်း တင်းနစ်ဝတ်စုံများဖြင့် အတူတကွ တွေ့ခဲ့ရပုံ။)

ဆိုင်ရှင် Mr Klein က ပြောသည်မှာ ၎င်းတို့ စားသောက်ဆိုင်အနေဖြင့် ရေကူးဝတ်စုံများ ၊ ယောဂဘောင်းဘီများ ၊ အင်္ကျီစွပ်ကျယ်လက်ပြတ်နှင့် ညှပ်ဖိနပ်များအပါအဝင် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ထသွားထလာ နေ့စဉ်ဝတ်စုံ များ ဝတ်ဆင်လာခြင်းကို ခွင့်မပြုကြောင်း ပြောသည်။

“ကျွန်တော်တို့အနေနဲ့ လူတွေကို ဘယ်လိုဝတ်ရစားရမယ်ဆိုတာ သင်ပေးဖို့လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်သာ အောက်ခံဘောင်းဘီ ၊ ဘောင်းဘီအတိုလေးဝတ်ထားမယ်ဆိုရင် စားသောက်ဆိုင်ကောင်း တစ်ခုကို သွားဖို့ ကြိုးစားလိမ့်မှာ မဟုတ်ပါဘူး”ဟု ဆိုင်ရှင်ကပြောသည်။

ရပ်ဆဲလ် ခရိုးတို့ စုံတွဲသည် ပြီးခဲ့သော သောကြာနေ့က တင်းနစ်ကစားပြီးနောက် နေ့လည်စာ စားရန်အတွက် Mr Miyagi စားသောက်ဆိုင်သို့ သွားခဲ့ခြင်း ဖြစ်သည်။

(မဲလ်ဘုန်းမြို့၊ Chapel လမ်းပေါ်ရှိ Mr Miyagi စားသောက်ဆိုင် )

ရပ်ဆဲလ် ခရိုး၏ မန်နေဂျာ Grant Vandenberg က Daily Mail Australia သတင်းဌာနသို့ ပြောသည်မှာ ရပ်ဆဲလ် ခရိုးတို့စုံတွဲသည် Mr Miyagi စားသောက်ဆိုင်မှ လှည့်ပြန်ခဲ့ရပြီးနောက် အနီးရှိ စားသောက်ဆိုင် တစ်ခုသို့ သွားကာ နေ့လည်စာ စားခဲ့ကြောင်း ပြောကြားသည်။

(ဆိုင်တွင်း မြင်ကွင်း)

(ဝတ်ပုံစားပုံ တင်းကျပ်ထားသော Mr. Miyagi စားသောက်ဆိုင်။ ဓာတ်ပုံ- Google Maps)

(ရပ်ဆဲလ် ခရိုး၏ ဆစ်ဒနီမြို့စံအိမ်)

ရပ်ဆဲလ် ခရိုးသည် ဟောလိဝုဒ်တွင် သရုပ်ဆောင်ကြေးအမြင့်မားဆုံး သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင် ဖြစ်ရာ သြစတေးလျနိုင်ငံ ၊ ဆစ်ဒနီမြို့ရှိ ခမ်းနားလှသော စံအိမ်ကြီးတစ်လုံးတွင် နေထိုင်သည်မှာ အံ့အားသင့် ဖွယ် မဟုတ်ချေ။

ရပ်ဆဲလ် ခရိုး၏ စံအိမ်မှာ ဆစ်ဒနီမြို့၏ အရှေ့ပိုင်း အိမ်ခြံမြေ အလွန်ဈေးကြီးသည့် ကမ်းခြေဒေသဖြစ်သော Elizabeth Bay တွင် တည်ရှိသည်။

စံအိမ်၏ နောက်ဘက်မှတဆင့် အဝေးရှိ ဆိပ်ကမ်းမြင်ကွင်းများကို ကြည့်ရှုခံစားရမည် ဖြစ်သည်။

ခြံဝန်းအတွင်း ရေကူးကန်တစ်ခုရှိပြီး အုန်းပင်များကဲ့သို့ မုတ်သုန်ဒေသတွင် ပေါက်ရောက်သည့် သစ်ပင်ပန်းမန်များရှိရာ အလွန်သာယာသော မြင်ကွင်းကို ရရှိစေသည်။

(ရပ်ဆဲလ် ခရိုး၏ စံအိမ်အပြင်ဘက်)

စံအိမ်ဆီသို့ အဝင်မှာ အလွန်စွဲမက်ဖွယ်ဖြစ်သည်။

ဂရုတစိုက် မွမ်းမံထိန်းသိမ်းထားသော မြက်ခင်းပေါ်မှ စင်္ကြန်တစ်ခုက သစ်ပင်မျိုးစုံတို့ကြားမှ တဆင့် ဆင်ဝင်ဆီသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ဆင်ဝင်နေရာသည် မိတ်ဆွေသူငယ်ချင်းများနှင့်အတူ စားသောက်ရင်း ခြံဝန်းအတွင်းရှိ သစ်ပင်ပန်းမန် တို့၏ အလှကို ခံစားနိုင်မည့် နေရာလည်း ဖြစ်သည်။

ရပ်ဆဲလ် ခရိုးသည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်ရင်း အလှဆုံးရှုခင်းများကို ခံစားခဲ့မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။

စံအိမ်အတွင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၆ ခန်းပါဝင်ရာ အတော်ကျယ်ဝန်းသည်။

(ရပ်ဆဲလ် ခရိုး၏ စံအိမ်မှ ဧည့်ခန်းနှင့် ညစာစားခန်း)

ဧည့်ခန်းနှင့် ညစာစားခန်းအတွင်းရှိ ကုလားထိုင်နှင့် စားပွဲတို့မှာ သဘာဝဆန်ကာ အရောင်စုံသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Melbourne restaurant owner doubles down after staff refused to serve Russell Crowe and his girlfriend Britney Theriot because they were wearing their tennis gear: 'We treat everyone the same' (dailymail, nypost, lamansiondelasideas)

[Zawgyi]

ခ်စ္သူမိန္းကေလးႏွင့္အတူ စားေသာက္ဆိုင္သို႔ တင္းနစ္ဝတ္စံုျဖင့္သြားရာ စားေသာက္ဆိုင္က အဝင္မခံေသာေၾကာင့္ ျပန္လွည့္ခဲ့ရသူ ေအာ္စကာဆုရွင္ ရပ္ဆဲလ္ခရိုးလ္၏ ဆစ္ဒနီျမိဳ႕စံအိမ္

(ရပ္ဆဲလ္ ခရိုး ဘယ္သူလဲ)

ရပ္ဆဲလ္ခရိုး (ေမြး ၁၉၆၄) သည္ နယူးဇီလန္ဖြား ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးျဖစ္သည္။

ငယ္စဥ္က ၾသစေတးလ်တြင္ ၁၀ ႏွစ္ခန္႔ ေနခဲ့ဖူးျပီး အသက္ ၂၁ ႏွစ္အရြယ္တြင္ ၾသစေတးလ်သို႔ အျပီးတိုင္ ေျပာင္းေရႊ႕ အေျခခ်သည္။

၂၀၀၀ ျပည့္ႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ Gladiator ရုပ္ရွင္ကားတြင္ ေရာမဗိုလ္ခ်ဳပ္ Meridius အျဖစ္ ပါဝင္သရုပ္ေဆာင္ကာ ကမၻာေက်ာ္ခဲ့ျပီး ထိုဇာတ္ကားျဖင့္ပင္ ေအာ္စကာဆု ရရွိခဲ့သည္။

((မဲလ္ဘုန္းျမိဳ႕ စားေသာက္ဆိုင္က ရပ္ဆဲလ္ခရိုးတို႔ စံုတြဲကို ဆိုင္ထဲအဝင္မခံျခင္း))

ၾသစေတးလ်ႏိုင္ငံ၊ မဲလ္ဘုန္းျမိဳ႕တြင္ရွိေသာ Mr Miyagi အမည္ရွိ စားေသာက္ဆိုင္တစ္ဆိုင္မွ ဝန္ထမ္းက တင္းနစ္ဝတ္စံုျဖင့္လာေသာ ရပ္ဆဲလ္ ခရိုးႏွင့္ ခ်စ္သူမိန္းကေလး ဘရစ္တ္နီ တဲရီေယာ့ထ္ (Britney Theriot) တို႔ကို ဆိုင္အတြင္း အဝင္မခံေသာေၾကာင့္ ရပ္ဆဲခရိုးတို႔စံုတြဲမွာ ဆိုင္ဝမွ လွည့္ျပန္ခဲ့ရေၾကာင္း Daily Mail ႏွင့္ New York Post သတင္းဌာနမ်ား၏ ေဖေဖာ္ဝါရီလ ၂၆ ေန႔ သတင္းမ်ားတြင္ ေဖာ္ျပသည္။

စားေသာက္ဆိုင္ပိုင္ရွင္ Kristian Klein ကလည္း ဝန္ထမ္းျဖစ္သူ၏ ဆံုးျဖတ္ခ်က္ကို ေထာက္ခံခဲ့သည္ဟု ဆိုသည္။

Mr Miyagi စားေသာက္ဆိုင္သည္ Japanese-fusion စားေသာက္ဆိုင္ျဖစ္ျပီး ဂ်ပန္လက္ရာကို ကိုရီးယား ၊ တရုတ္၊ ထုိင္း၊ မေလးရွား အစားအေသာက္အရသာမ်ားႏွင့္ ေပါင္းစပ္ေပးေသာ ဆိုင္ျဖစ္သည္။

“ကၽြန္ေတာ္တို႔ အေနနဲ႔ ေဖာက္သည္တိုင္းကို တန္းတူဆက္ဆံပါတယ္။ ခင္ဗ်ားဟာ ရပ္ဆဲလ္ ခရိုးပဲျဖစ္ျဖစ္ ၊ ဘယ္သူပဲျဖစ္ျဖစ္ အေၾကာင္းမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဆိုင္မွာက ဝတ္စားပံု သတ္မွတ္ခ်က္တစ္ခုရွိပါတယ္။ ဒီစည္းမ်ဥ္းကို ေဖာက္သည္တိုင္းအတြက္ သက္ေရာက္ေစမွာ ျဖစ္ပါတယ္”ဟု ဆိုင္ရွင္က The Herald Sun သတင္းဌာနသို႔ ေျပာသည္။

(ရပ္ဆဲလ္ ခရိုးတို႔စံုတြဲကို ၂၀၂၁ ခုႏွစ္အတြင္း တင္းနစ္ဝတ္စံုမ်ားျဖင့္ အတူတကြ ေတြ႔ခဲ့ရပံု။)

ဆိုင္ရွင္ Mr Klein က ေျပာသည္မွာ ၎တို႔ စားေသာက္ဆိုင္အေနျဖင့္ ေရကူးဝတ္စံုမ်ား ၊ ေယာဂေဘာင္းဘီမ်ား ၊ အကၤ်ီစြပ္က်ယ္လက္ျပတ္ႏွင့္ ညွပ္ဖိနပ္မ်ားအပါအဝင္ ေလ့က်င့္ခန္းလုပ္ျခင္းႏွင့္ ထသြားထလာ ေန႔စဥ္ဝတ္စံု မ်ား ဝတ္ဆင္လာျခင္းကို ခြင့္မျပဳေၾကာင္း ေျပာသည္။

“ကၽြန္ေတာ္တို႔အေနနဲ႔ လူေတြကို ဘယ္လိုဝတ္ရစားရမယ္ဆိုတာ သင္ေပးဖို႔လုပ္ေနတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကၽြန္ေတာ္သာ ေအာက္ခံေဘာင္းဘီ ၊ ေဘာင္းဘီအတိုေလးဝတ္ထားမယ္ဆိုရင္ စားေသာက္ဆိုင္ေကာင္း တစ္ခုကို သြားဖို႔ ၾကိဳးစားလိမ့္မွာ မဟုတ္ပါဘူး”ဟု ဆိုင္ရွင္ကေျပာသည္။

ရပ္ဆဲလ္ ခရုိးတို႔ စံုတြဲသည္ ျပီးခဲ့ေသာ ေသာၾကာေန႔က တင္းနစ္ကစားျပီးေနာက္ ေန႔လည္စာ စားရန္အတြက္ Mr Miyagi စားေသာက္ဆိုင္သို႔ သြားခဲ့ျခင္း ျဖစ္သည္။

(မဲလ္ဘုန္းျမိဳ႕၊ Chapel လမ္းေပၚရွိ Mr Miyagi စားေသာက္ဆိုင္ ) ရပ္ဆဲလ္ ခရုိး၏ မန္ေနဂ်ာ Grant Vandenberg က Daily Mail Australia သတင္းဌာနသို႔ ေျပာသည္မွာ ရပ္ဆဲလ္ ခရိုးတို႔စံုတြဲသည္ Mr Miyagi စားေသာက္ဆိုင္မွ လွည့္ျပန္ခဲ့ရျပီးေနာက္ အနီးရွိ စားေသာက္ဆိုင္ တစ္ခုသို႔ သြားကာ ေန႔လည္စာ စားခဲ့ေၾကာင္း ေျပာၾကားသည္။

(ဆိုင္တြင္း ျမင္ကြင္း)

(ဝတ္ပံုစားပံု တင္းက်ပ္ထားေသာ Mr. Miyagi စားေသာက္ဆိုင္။ ဓာတ္ပံု- Google Maps)

((ရပ္ဆဲလ္ ခရိုး၏ ဆစ္ဒနီျမိဳ႕စံအိမ္))

ရပ္ဆဲလ္ ခရုိးသည္ ေဟာလိဝုဒ္တြင္ သရုပ္ေဆာင္ေၾကးအျမင့္မားဆံုး သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ရာ ၾသစေတးလ်ႏိုင္ငံ ၊ ဆစ္ဒနီျမိဳ႕ရွိ ခမ္းနားလွေသာ စံအိမ္ၾကီးတစ္လံုးတြင္ ေနထိုင္သည္မွာ အံ့အားသင့္ ဖြယ္ မဟုတ္ေခ်။

ရပ္ဆဲလ္ ခရိုး၏ စံအိမ္မွာ ဆစ္ဒနီျမိဳ႕၏ အေရွ႕ပိုင္း အိမ္ျခံေျမ အလြန္ေစ်းၾကီးသည့္ ကမ္းေျခေဒသျဖစ္ေသာ Elizabeth Bay တြင္ တည္ရွိသည္။

စံအိမ္၏ ေနာက္ဘက္မွတဆင့္ အေဝးရွိ ဆိပ္ကမ္းျမင္ကြင္းမ်ားကို ၾကည့္ရႈခံစားရမည္ ျဖစ္သည္။

ျခံဝန္းအတြင္း ေရကူးကန္တစ္ခုရွိျပီး အုန္းပင္မ်ားကဲ့သို႔ မုတ္သုန္ေဒသတြင္ ေပါက္ေရာက္သည့္ သစ္ပင္ပန္းမန္မ်ားရွိရာ အလြန္သာယာေသာ ျမင္ကြင္းကို ရရွိေစသည္။

(ရပ္ဆဲလ္ ခရုိး၏ စံအိမ္အျပင္ဘက္)

စံအိမ္ဆီသို႔ အဝင္မွာ အလြန္စြဲမက္ဖြယ္ျဖစ္သည္။

ဂရုတစိုက္ မြမ္းမံထိန္းသိမ္းထားေသာ ျမက္ခင္းေပၚမွ စၾကၤန္တစ္ခုက သစ္ပင္မ်ဳိးစံုတို႔ၾကားမွ တဆင့္ ဆင္ဝင္ဆီသို႔ ေခၚေဆာင္သြားမည္ ျဖစ္သည္။

အဆိုပါ ဆင္ဝင္ေနရာသည္ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္အတူ စားေသာက္ရင္း ျခံဝန္းအတြင္းရွိ သစ္ပင္ပန္းမန္ တို႔၏ အလွကို ခံစားႏိုင္မည့္ ေနရာလည္း ျဖစ္သည္။

ရပ္ဆဲလ္ ခရိုးသည္ ထိုေနရာတြင္ တိတ္တဆိတ္ထိုင္ရင္း အလွဆံုးရႈခင္းမ်ားကို ခံစားခဲ့မည္မွာ သံသယျဖစ္ဖြယ္ မရွိေခ်။

စံအိမ္အတြင္း အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ိဳးခန္း ၆ ခန္းပါဝင္ရာ အေတာ္က်ယ္ဝန္းသည္။

(ရပ္ဆဲလ္ ခရိုး၏ စံအိမ္မွ ဧည့္ခန္းႏွင့္ ညစာစားခန္း)

ဧည့္ခန္းႏွင့္ ညစာစားခန္းအတြင္းရွိ ကုလားထိုင္ႏွင့္ စားပြဲတို႔မွာ သဘာဝဆန္ကာ အေရာင္စံုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Melbourne restaurant owner doubles down after staff refused to serve Russell Crowe and his girlfriend Britney Theriot because they were wearing their tennis gear: 'We treat everyone the same' (dailymail, nypost, lamansiondelasideas)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service