အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား - Property Knowledge in Myanmar from iMyanmarHouse.com
27 Feb 2023 3:19 pm တွင် တင်ခဲ့သည်
1013 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ရန်ကုန် သင်္ဃန်းကျွန်းမှ မိတ်ဆွေကြီးဖြစ်တဲ့ သန်းကြွယ်လက်ဖက်ရည်ဆိုင် ပိုင်ရှင် ကိုမြင်နိုင် တစ်ယောက် အလုပ်များနေတဲ့ကြားမှ မောင်ကောင်းဖေ ထံ ဖုန်းဆက်ပြီး ချက်ခြင်းရောက်လာပါတယ်။ ရောက်လာရတဲ့ အကြောင်းကတော့ သူ့လိုပဲ တောင်ဥက္ကလာမှာ လက်ဖက်ရည်ဆိုင်ဖွင့်နေတဲ့ သူ့ရဲ့ ညီကိစ္စအတွက် ရောက်လာတာပါ။ သူ့ညီနဲ့အတူ အဖော်(၂)ယောက်လည်း ပါလာတာကိုတွေ့ရပါတယ်။

လာရင်းကိစ္စကတော့ တောင်ဒဂုံ (..) တိုးချဲ့ရပ်ကွက်မှာ (၄၀x ၆၀) ပါမစ်မြေကွက်ဝယ်ထားတဲ့ ကိစ္စပါပဲ။ စရန်ငွေ (၄၅)သိန်း ပေးပြီးလို့ အပြီးစာချုပ်ပေးဖို့ရယ်။ လိုအပ်ရင် သတင်းစာထည့်ဖို့အတွက် ရည်ရွယ်ပြီး ရောက်လာတာပါ။ စရန်ငွေပေးချေစဉ်က အိမ်ခြံမြေကျွမ်းကျင်သူ ဘယ်သူတွေ ခေါ်သွားသလဲလို့ မေးကြည့်လိုက်တဲ့အခါ ဝယ်သူနဲ့အတူ မောင်ကောင်းဖေထံ ရောက်လာတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေလို့ ပြောပါတယ်။

ဘယ်လိုဝယ်ဖြစ်သလဲလို့မေးကြည့်တော့ On Line ကတွေ့တာလို့ပြောပါတယ်။ မြေကွက်ဝယ်တဲ့အခါ မြေချပါမစ် မူရင်းပြသလားဆိုတော့ မိတ္တူပဲပြပြီး ရောင်းတာလို့ ဆိုပါတယ်။ စည်ပင်မှာ စစ်ပြီးပြီး မယုံရင် ပြန်စစ်ကြည့် အာမခံတယ်လို့ ပြောတာတဲ့ သူတို့ကို ယုံကြည်ပြီး တောင်ဒဂုံက လက်ဖက်ရည်ဆိုင်မှာပဲစာချုပ်ခဲ့ကြပြီး စရန်ငွေ (၄၅)သိန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ကျန်ငွေ ဘယ်တော့ပေးရမလဲ မေးကြည့်တော့ (၁၀) ရက်လောက်ပဲစောင့်နိုင်မယ်ဆိုတာနဲ့ စရန်ပေးစာချုပ်မှာ ဝန်ခံလက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ပြောပါတယ်။

မြေကွက်ကို အသေအချာကြည့်ပြီးပြီးလား မေးကြည့်တော့ မြေကွက်လပ် ဖြစ်ပြီး အိမ်ဆောင်မထားရသေးတဲ့ အတွက် ရှင်းတယ်ဆိုပြီး စရန်ငွေပေးခဲ့တာလို့ ဆိုပါတယ်။(၄၀x၆၀) ပြည့်မပြည့် မြေတိုင်းခဲ့သေးလားဆိုတော့ ရေအိုင်ကွက်ကြီးဖြစ်နေလို့ မတိုင်းရသေးဘူးလို့ပြောပါတယ်။ ခြေရင်း ခေါင်းရင်းလည်း အိမ်မရှိဘူးလို့ ပြောပါတယ်။

အဲ့ဒီလိုဆိုရင်တော့ မြို့မြေစာရင်းမှာ စစ်ကြည့်မှ ဝယ်မယ်ဆိုပြီး စစ်ကြည့်လိုက်တဲ့အခါ ပါမစ်အမည်ပေါက် မှန်နေတာကိုတွေ့ရတယ်။ မောင်ကောင်းဖေလည်း ဝမ်းသားသွားတယ်။ မောင်ကောင်းဖေက အပြီးအပိုင်စာချုပ်ပေးရမှာဖြစ်လို့ ရောင်းသူရဲ့ မှတ်ပုံတင်မိတ္တူ အိမ်ထောင်စု လူဦးရေစာရင်းတို့လည်း တောင်းပေးခိုင်းလိုက်တယ်။ ပြီးတော့ ဝယ်ယူမည့်မြေကွက်က ရေအိုင်ကြီး ဖြစ်နေတာရယ် ခေါင်းရင်းခြေရင်း အိမ်နီးချင်း မရှိတာရယ် အတွက်ကြောင့် အခုအပြန်မှာ မြေတိုင်းသွားဖို့ မှာကြားလိုက်ပါတယ်။

သူတို့လည်း မောင်ကောင်းဖေ ပြောတဲ့အတိုင်းတောင်ဒဂုံက မြေတိုင်းတစ်ဦးကို ခေါ်ပြီး တိုင်းကြည့်တဲ့အခါ ဟိုဘက်ထိပ် ဒီဘက်ထိပ် ခန့်မှန်းနေစဉ်မှာ ရပ်ကွက်အတွင်းမှ လူ (၄)ဦး ရောက်လာပြီး သူတို့ခွင့်ပြုချက်မရှိဘဲ ဘာလို့မြေတိုင်းတာလည်းဆိုပြီး လာကန့်ကွက်ကြပါတယ်။

ဝယ်သူဘက်ကလည်း စရန်ပေးပြီးလာတိုင်းတာဖြစ်ကြောင်း ပြောပြတဲ့အခါ ဒီမြေကွက်က သူတို့ပိုင်မြေကွက်ဖြစ်ကြောင်း တကယ်လို့ အပြီးငွေချေတဲ့နေ့ကျရင် သူတို့ကိုယ်လည်း မြေကွက်တန်ဖိုးရဲ့ တစ်ဝက်ပေးရမည်ဖြစ်ကြောင်း အတင်းတောင်းဆိုလာပါတယ်။ မြေချပါမစ်မူရင်းပြပါလို့မေးကြည့်တော့လည်း မပြနိုင်ဘူး လို့ ငြင်းကြတယ်။ ဒီလိုအခက်တွေ့တာနဲ့ ရောင်းသူလိပ်စာအတိုင်း ရောင်းသူအိမ်ကို သွားရှာတဲ့အခါ စရန်ပေးစာချုပ်မှာ ပါတဲ့ လိပ်စာမှာ ရောင်းသူကို မတွေ့ရဘူး။

ဒီလိုဆိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသွားပြီး အကူအညီတောင်းရတာပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ စီစဉ်ပေးချက်အရ ရောင်းသူနဲ့ ကန့်ကွက်သူ (၄)ဦးကိုခေါ်လိုက်တဲ့အခါ ရောင်းသူသာ ရောက်လာပြီး ကန့်ကွက်သူ(၄)ဦး က ရုံးအပြင်ကကြည့်ပြီးပြန်သွားကြပါတယ်။ အဲ့....တစ်ချက်ထူးခြားတာက ၂၀၁၉ ခုနှစ်က နှစ်(၆၀) ဂရန်ရထားတဲ့ ပိုင်ရှ်တစ်ဦးလည်း ထပ်ရောက်လာပါတယ်။

အဲ့ဒီမှာ မြေချပါမစ်မိတ္တူ ကိုင်ထားသူနဲ့ ဂရန်မူရင်း ကိုင်ထားသူတို့ အပြန်အလှန် ငြင်းခုံကြပါတယ်။ ဂရန်မူရင်းကိုင်ထားသူက ပါမစ်မိတ္တု ကိုင်ထားသူရဲ့ လက်ထဲမှာရှိတဲ့ ပါမစ်မူရင်း ကို စည်ပင်မှာ အပ်နှံပြီးမှ နှစ်(၆၀) ဂရန်ရလာကြောင်း ရှင်းပြပါတယ်။ ဒါပေမဲ့လည်း ပါမစ်မိတ္တူ ကိုင်ထားသူကလည်း အရှုံးမပေးဘူး။ သူ့ပါမစ်ကသာ အဓိကဖြစ်တယ် ။ နှစ် (၆၀) ဂရန်ထွက်နေတာ မဖြစ်နိုင်ဘူးလို့ ဆိုပြီး ငြင်းခုံရပါသေးတယ်။ ဒါပေမဲ့လည်း မြို့တော်စည်ပင်က ထုတ်ပေးထားတာကို သူ မငြင်းနိုင်တော့ပါဘူး။ ဒီတော့မှ ဝယ်သူ ကိုကျော်ထက် တို့ကလည်း စရန်ပေးထားတဲ့ (၄၅)သိန်း ကို အုပ်ချုပ်ရေးမှူးရှေ့မှာ ပြန်ပေးဖို့တောင်းပါတယ်။

ရောင်းသူကလည်း မပေးဘူး။ မပြောဘူး။ ခုလောလောဆယ် ပါမလာသေးလို့ (၃)ရက်လောက်သောင့်ပါ (၃) ရက်ပြည့်တဲ့နေ့မှ လာပေးပါမယ်လို့ ဝန်ခံကတိလက်မှတ်ထိုးပြီး ပြန်သွားပါတယ်။ အခုတော့ (၇) ရက်တောင် ပြည့်သွားပါပြီ ရုံးမှာ လာရောက်ပေးခြင်းလည်းမရှိပါ ။ ၎င်းကိုင်နေကျ ဖုန်းနံပါတ်ကိုလည်း ပိတ်ထားလို့ ဆက်သွယ်၍မရေတော့ပါ။နေရာ အနှံ့လိုက်ရှာသော်လည်း အတွေ့မခံပဲ ရှောင်နေပါတယ်။ဒီတော့ လိမ်လည်မှု့နဲ့ တရားစွဲတောင်းဖို့ပဲ ရှိတော့တယ်။

အနှစ်ချုပ်ပြောချင်တာက မြေဝယ်ရင် အလွယ်မတွေးကြပါနဲ့ ကျွမ်းကျင်သူကိုခေါ်ပြီး စစ်ဆေသင့်ပါတယ်။ စရန်ပေးပြီးမှ ကျွမ်းကျင်သူလာခေါ်ရင်လည်း ပိုက်ဆံကလက်လွန်ပြီး ပြန်ရဖို့ ခက်ခဲသွားပြီလေ။ အခုမြေကွက်ဝယ်တဲ့ ကိုကျော်ထက်ကိုကြည့်ပါ စရန်ပေးပြီးမှ အပြီးစာချုပ်ဖို့ မောင်ကောင်းဖေထံ ရောက်လာတယ်။ ပါမစ်မိတ္တူယူလာလို့ စည်ပင်မှာ စစ်ဆေးပါတယ်။ အမည်ပေါက်မှန်တယ် ၊ ရပ်ကွက်မှန်တယ် မြေကွက်အမှတ်လည်းမှန်တယ်။ မြေချပါမစ်လည်း မှန်တယ်လို့ သိရတယ်။

ဟော့... ခုလို ပြဿနာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ဘက်ညှိနှိုင်းကြတဲ့အခါမှာ နှစ်(၆၀) ဂရန်ပိုင်ရှင် ၊ မြေပိုင်ရှင်က ပေါ်လာပြန်ရော အခု ရောင်းသူက စရန်ငွေကိုပြန်မပေးချင်တော့ရှောင်နေတယ်။ ဖွတ်မရ ဓားမဆုံးတော့မယ် အခြေအနေရောက်သွားပြီး ဒီတော့ ပြောချင်တာက စည်ပင်မြေစီမံဌာနမှာ ပါမစ်အမည်သာရှိနေပြီး နှစ်(၆၀) ရန်အမည်ပေါက်သူ ရဲ့ အမည်က မြေစီမံ ဌာနကိုရောက်မလာသေးတာဟာ မြေတိုင်းဌာန ကနေ မြေစီမံဌာန ကိုရောက်မလာသေးလို့ သာ ပါမစ်အမည်ပေါက်ပဲ ဖြစ်နေတာပေါ့။ ရှင်းနေတာပဲ။

ဒါကြောင့် နှစ်(၆၀) မြေငှါးဂရန်ရထားသူများအနေနဲ့လည်း ဂရန်ရပြီးတာနဲ့ စိတ်အေးမနေကြပါနဲ့ မြေစီမံဌာန ကိုရောက်အောင် ဆောင်ရွက်ခဲ့သင့်ပါတယ်။ဥပမာ.... ဘဏ်ငွေချေးရန် မှတ်တမ်းအဖြစ်ထားရှိရန် မြေပုံကူးယူလိုက်ရင် မြေစီမံဌာနမှာ မှတ်သားပြီးသားဖြစ်သွားမှာပေါ့။

နိဂုံးချုပ်ပြောရရင်တော့ ဝယ်သူဘက်က ပါမစ်မိတ္တူကိုဝယ်ခဲ့မိတဲ့ အမှားပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

အိမ္ျခံေျမ ပါမစ္မိတၱဴကိုၾကည့္ျပီး စရန္ေငြေပးခဲ့မိတဲ့ အမွား

 

ရန္ကုန္ သဃၤန္းကၽြန္းမွ မိတ္ေဆြၾကီးျဖစ္တဲ့ သန္းၾကြယ္လက္ဖက္ရည္ဆိုင္ ပိုင္ရွင္ ကိုျမင္ႏိုင္ တစ္ေယာက္ အလုပ္မ်ားေနတဲ့ၾကားမွ ေမာင္ေကာင္းေဖ ထံ ဖုန္းဆက္ျပီး ခ်က္ျခင္းေရာက္လာပါတယ္။ ေရာက္လာရတဲ့ အေၾကာင္းကေတာ့ သူ႕လိုပဲ ေတာင္ဥကၠလာမွာ လက္ဖက္ရည္ဆိုင္ဖြင့္ေနတဲ့ သူ႕ရဲ႕ ညီကိစၥအတြက္ ေရာက္လာတာပါ။ သူ႕ညီနဲ႕အတူ အေဖာ္(၂)ေယာက္လည္း ပါလာတာကိုေတြ႕ရပါတယ္။

လာရင္းကိစၥကေတာ့ ေတာင္ဒဂံု (..) တိုးခ်ဲ႕ရပ္ကြက္မွာ (၄၀x ၆၀) ပါမစ္ေျမကြက္ဝယ္ထားတဲ့ ကိစၥပါပဲ။ စရန္ေငြ (၄၅)သိန္း ေပးျပီးလို႕ အျပီးစာခ်ဳပ္ေပးဖို႔ရယ္။ လိုအပ္ရင္ သတင္းစာထည့္ဖို႕အတြက္ ရည္ရြယ္ျပီး ေရာက္လာတာပါ။ စရန္ေငြေပးေခ်စဥ္က အိမ္ျခံေျမကၽြမ္းက်င္သူ ဘယ္သူေတြ ေခၚသြားသလဲလို႕ ေမးၾကည့္လိုက္တဲ့အခါ ဝယ္သူနဲ႕အတူ ေမာင္ေကာင္းေဖထံ ေရာက္လာတဲ့ လက္ဖက္ရည္ဆိုင္ပိုင္ရွင္ေတြလို႕ ေျပာပါတယ္။

ဘယ္လိုဝယ္ျဖစ္သလဲလို႕ေမးၾကည့္ေတာ့ On Line ကေတြ႕တာလို႕ေျပာပါတယ္။ ေျမကြက္ဝယ္တဲ့အခါ ေျမခ်ပါမစ္ မူရင္းျပသလားဆိုေတာ့ မိတၱဴပဲျပျပီး ေရာင္းတာလို႕ ဆိုပါတယ္။ စည္ပင္မွာ စစ္ျပီးျပီး မယံုရင္ ျပန္စစ္ၾကည့္ အာမခံတယ္လို႕ ေျပာတာတဲ႔ သူတို႕ကို ယံုၾကည္ျပီး ေတာင္ဒဂံုက လက္ဖက္ရည္ဆိုင္မွာပဲစာခ်ဳပ္ခဲ့ၾကျပီး စရန္ေငြ (၄၅)သိန္း ေပးခဲ့ရတယ္လို႕ ဆိုပါတယ္။

က်န္ေငြ ဘယ္ေတာ့ေပးရမလဲ ေမးၾကည့္ေတာ့ (၁၀) ရက္ေလာက္ပဲေစာင့္ႏိုင္မယ္ဆိုတာနဲ႕ စရန္ေပးစာခ်ဳပ္မွာ ဝန္ခံလက္မွတ္ေရးထိုးေပးခဲ့ရတယ္လို႕ ေျပာပါတယ္။

ေျမကြက္ကို အေသအခ်ာၾကည့္ျပီးျပီးလား ေမးၾကည့္ေတာ့ ေျမကြက္လပ္ ျဖစ္ျပီး အိမ္ေဆာင္မထားရေသးတဲ့ အတြက္ ရွင္းတယ္ဆိုျပီး စရန္ေငြေပးခဲ့တာလို႕ ဆိုပါတယ္။(၄၀x၆၀) ျပည့္မျပည့္ ေျမတိုင္းခဲ့ေသးလားဆိုေတာ့ ေရအိုင္ကြက္ၾကီးျဖစ္ေနလို႕ မတိုင္းရေသးဘူးလို႕ေျပာပါတယ္။ ေျခရင္း ေခါင္းရင္းလည္း အိမ္မရွိဘူးလို႕ ေျပာပါတယ္။

အဲ့ဒီလိုဆိုရင္ေတာ့ ျမိဳ႕ေျမစာရင္းမွာ စစ္ၾကည့္မွ ဝယ္မယ္ဆိုျပီး စစ္ၾကည့္လိုက္တဲ့အခါ ပါမစ္အမည္ေပါက္ မွန္ေနတာကိုေတြ႕ရတယ္။ ေမာင္ေကာင္းေဖလည္း ဝမ္းသားသြားတယ္။ ေမာင္ေကာင္းေဖက အျပီးအပိုင္စာခ်ဳပ္ေပးရမွာျဖစ္လို႕ ေရာင္းသူရဲ႕ မွတ္ပံုတင္မိတၱဴ အိမ္ေထာင္စု လူဦးေရစာရင္းတို႕လည္း ေတာင္းေပးခိုင္းလိုက္တယ္။ ျပီးေတာ့ ဝယ္ယူမည့္ေျမကြက္က ေရအိုင္ၾကီး ျဖစ္ေနတာရယ္ ေခါင္းရင္းေျခရင္း အိမ္နီးခ်င္း မရွိတာရယ္ အတြက္ေၾကာင့္ အခုအျပန္မွာ ေျမတိုင္းသြားဖို႕ မွာၾကားလုိက္ပါတယ္။

သူတို႕လည္း ေမာင္ေကာင္းေဖ ေျပာတဲ့အတိုင္းေတာင္ဒဂံုက ေျမတိုင္းတစ္ဦးကို ေခၚျပီး တိုင္းၾကည့္တဲ့အခါ ဟိုဘက္ထိပ္ ဒီဘက္ထိပ္ ခန္႕မွန္းေနစဥ္မွာ ရပ္ကြက္အတြင္းမွ လူ (၄)ဦး ေရာက္လာျပီး သူတို႕ခြင့္ျပဳခ်က္မရွိဘဲ ဘာလို႕ေျမတိုင္းတာလည္းဆိုျပီး လာကန္႕ကြက္ၾကပါတယ္။

ဝယ္သူဘက္ကလည္း စရန္ေပးျပီးလာတိုင္းတာျဖစ္ေၾကာင္း ေျပာျပတဲ့အခါ ဒီေျမကြက္က သူတို႕ပိုင္ေျမကြက္ျဖစ္ေၾကာင္း တကယ္လို႕ အျပီးေငြေခ်တဲ့ေန႕က်ရင္ သူတို႕ကိုယ္လည္း ေျမကြက္တန္ဖိုးရဲ႕ တစ္ဝက္ေပးရမည္ျဖစ္ေၾကာင္း အတင္းေတာင္းဆိုလာပါတယ္။ ေျမခ်ပါမစ္မူရင္းျပပါလို႕ေမးၾကည့္ေတာ့လည္း မျပႏိုင္ဘူး လို႕ ျငင္းၾကတယ္။ ဒီလိုအခက္ေတြ႕တာနဲ႕ ေရာင္းသူလိပ္စာအတိုင္း ေရာင္းသူအိမ္ကို သြားရွာတဲ့အခါ စရန္ေပးစာခ်ဳပ္မွာ ပါတဲ့ လိပ္စာမွာ ေရာင္းသူကို မေတြ႕ရဘူး။

ဒီလိုဆိုေတာ့ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ရုံးသြားျပီး အကူအညီေတာင္းရတာေပါ့။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရဲ႕ စီစဥ္ေပးခ်က္အရ ေရာင္းသူနဲ႕ ကန္႕ကြက္သူ (၄)ဦးကိုေခၚလိုက္တဲ့အခါ ေရာင္းသူသာ ေရာက္လာျပီး ကန္႕ကြက္သူ(၄)ဦး က ရုံးအျပင္ကၾကည့္ျပီးျပန္သြားၾကပါတယ္။ အဲ့....တစ္ခ်က္ထူးျခားတာက ၂၀၁၉ ခုနွစ္က နွစ္(၆၀) ဂရန္ရထားတဲ့ ပိုင္ရွ္တစ္ဦးလည္း ထပ္ေရာက္လာပါတယ္။

အဲ့ဒီမွာ ေျမခ်ပါမစ္မိတၱဴ ကိုင္ထားသူနဲ႕ ဂရန္မူရင္း ကိုင္ထားသူတို႕ အျပန္အလွန္ ျငင္းခံုၾကပါတယ္။ ဂရန္မူရင္းကိုင္ထားသူက ပါမစ္မိတၱဳဳ ကိုင္ထားသူရဲ႕ လက္ထဲမွာရွိတဲ့ ပါမစ္မူရင္း ကို စည္ပင္မွာ အပ္နွံျပီးမွ နွစ္(၆၀) ဂရန္ရလာေၾကာင္း ရွင္းျပပါတယ္။ ဒါေပမဲ့လည္း ပါမစ္မိတၱဴ ကိုင္ထားသူကလည္း အရႈံးမေပးဘူး။ သူ႕ပါမစ္ကသာ အဓိကျဖစ္တယ္ ။ နွစ္ (၆၀) ဂရန္ထြက္ေနတာ မျဖစ္ႏိုင္ဘူးလို႕ ဆိုျပီး ျငင္းခံုရပါေသးတယ္။ ဒါေပမဲ့လည္း ျမိဳ႕ေတာ္စည္ပင္က ထုတ္ေပးထားတာကို သူ မျငင္းႏိုင္ေတာ့ပါဘူး။ ဒီေတာ့မွ ဝယ္သူ ကိုေက်ာ္ထက္ တို႕ကလည္း စရန္ေပးထားတဲ့ (၄၅)သိန္း ကို အုပ္ခ်ဳပ္ေရးမွဴးေရွ႕မွာ ျပန္ေပးဖို႕ေတာင္းပါတယ္။

ေရာင္းသူကလည္း မေပးဘူး။ မေျပာဘူး။ ခုေလာေလာဆယ္ ပါမလာေသးလုိ႕ (၃)ရက္ေလာက္ေသာင့္ပါ (၃) ရက္ျပည့္တဲ့ေန႕မွ လာေပးပါမယ္လို႕ ဝန္ခံကတိလက္မွတ္ထိုးျပီး ျပန္သြားပါတယ္။ အခုေတာ့ (၇) ရက္ေတာင္ ျပည့္သြားပါျပီ ရုံးမွာ လာေရာက္ေပးျခင္းလည္းမရွိပါ ။ ၄င္းကိုင္ေနက် ဖုန္းနံပါတ္ကိုလည္း ပိတ္ထားလို႕ ဆက္သြယ္၍မေရေတာ့ပါ။ေနရာ အႏွံ႕လိုက္ရွာေသာ္လည္း အေတြ႕မခံပဲ ေရွာင္ေနပါတယ္။ဒီေတာ့ လိမ္လည္မႈ႕နဲ႕ တရားစြဲေတာင္းဖို႕ပဲ ရွိေတာ့တယ္။

အနွစ္ခ်ဳပ္ေျပာခ်င္တာက ေျမဝယ္ရင္ အလြယ္မေတြးၾကပါနဲ႕ ကၽြမ္းက်င္သူကိုေခၚျပီး စစ္ေဆသင့္ပါတယ္။ စရန္ေပးျပီးမွ ကၽြမ္းက်င္သူလာေခၚရင္လည္း ပိုက္ဆံကလက္လြန္ျပီး ျပန္ရဖို႕ ခက္ခဲသြားျပီေလ။ အခုေျမကြက္ဝယ္တဲ့ ကိုေက်ာ္ထက္ကိုၾကည့္ပါ စရန္ေပးျပီးမွ အျပီးစာခ်ဳပ္ဖို႔ ေမာင္ေကာင္းေဖထံ ေရာက္လာတယ္။ ပါမစ္မိတၱဴယူလာလို႕ စည္ပင္မွာ စစ္ေဆးပါတယ္။ အမည္ေပါက္မွန္တယ္ ၊ ရပ္ကြက္မွန္တယ္ ေျမကြက္အမွတ္လည္းမွန္တယ္။ ေျမခ်ပါမစ္လည္း မွန္တယ္လို႕ သိရတယ္။

ေဟာ့... ခုလို ျပႆနာျဖစ္လို႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရုံးမွာ နွစ္ဘက္ညွိႏိႈင္းၾကတဲ့အခါမွာ နွစ္(၆၀) ဂရန္ပိုင္ရွင္ ၊ ေျမပိုင္ရွင္က ေပၚလာျပန္ေရာ အခု ေရာင္းသူက စရန္ေငြကိုျပန္မေပးခ်င္ေတာ့ေရွာင္ေနတယ္။ ဖြတ္မရ ဓားမဆံုးေတာ့မယ္ အေျခအေနေရာက္သြားျပီး ဒီေတာ့ ေျပာခ်င္တာက စည္ပင္ေျမစီမံဌာနမွာ ပါမစ္အမည္သာရွိေနျပီး နွစ္(၆၀) ရန္အမည္ေပါက္သူ ရဲ႕ အမည္က ေျမစီမံ ဌာနကိုေရာက္မလာေသးတာဟာ ေျမတိုင္းဌာန ကေန ေျမစီမံဌာန ကိုေရာက္မလာေသးလို႕ သာ ပါမစ္အမည္ေပါက္ပဲ ျဖစ္ေနတာေပါ့။ ရွင္းေနတာပဲ။

ဒါေၾကာင့္ နွစ္(၆၀) ေျမငွါးဂရန္ရထားသူမ်ားအေနနဲ႕လည္း ဂရန္ရျပီးတာနဲ႕ စိတ္ေအးမေနၾကပါနဲ႕ ေျမစီမံဌာန ကိုေရာက္ေအာင္ ေဆာင္ရြက္ခဲ့သင့္ပါတယ္။ဥပမာ.... ဘဏ္ေငြေခ်းရန္ မွတ္တမ္းအျဖစ္ထားရွိရန္ ေျမပံုကူးယူလိုက္ရင္ ေျမစီမံဌာနမွာ မွတ္သားျပီးသားျဖစ္သြားမွာေပါ့။

နိဂံုးခ်ဳပ္ေျပာရရင္ေတာ့ ဝယ္သူဘက္က ပါမစ္မိတၱဴကိုဝယ္ခဲ့မိတဲ့ အမွားပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service