ဗဟုသုတ | Posted by ဇာနည်ကျော်
[Unicode]
ဖူးစာဆိုတာကလည်း လုပ်ယူလို့ရတာမဟုတ်။လျှပ်တစ်ပြတ် ကြုံတဲ့အခိုက်မှာ ဖြစ်သွားတဲ့ ဖြစ်ရပ်လေး တစ်ခုကနေ စတာပါပဲ။
ရေလာမြောင်းပေးတွေ၊အခွင့်ပေးမှုတွေနဲ့ ကြုံရတာတောင် ဖူးစာဆိုတာမပါရင် လွဲဖြစ်အောင်ကို လွဲနေတော့ တာပါပဲ။
မိန်ကလေးကပဲ စကြိုက်ကြိုက်၊ယောက်ျားလေးကပဲ စကြိုက်ကြိုက် နှစ်ယောက်အကြိုက် ဖြစ်မလာသ၍ ဖူးစာဆိုတာ ရွာလည်နေတတ်ပါတယ်။
ကြုံဖူးတယ်…တက္ကသိုလ်မှာတုန်းကပေါ့။သူက ကရင်လူမျိုး ခရစ်ယာန်မလေး။ချစ်စရာလည်းကောင်းပါတယ်။ သူ့ကိုနှိမ်ချပြောတာ မဟုတ်ပါဘူး။သူကစမိတ်ဆက်တာပါ။
သူ ကျွန်တော့်ကို မမိတ်ဆက်ခင် အတန်ထဲမှာ ဖြစ်ရပ်လေးတစ်ခုရှိခဲ့ပါတယ်။အဲဒါက ဆရာမက စာခေါ်ပေးခိုင်းလို့ အတန်းထဲမှာ ကျွန်တော် စာခေါ်ပေးခဲ့ရတာပေါ့။ပြောလို့ ပြောတာတော့ မဟုတ်ဘူး… ကျွန်တော်အသံကလည်း တစ်ခန်းလုံးဖုံးသွားအောင်တော့ အသံကအောင်ပါတယ်။
အဲဒီနောက်ပိုင်း ကျွန်တော့်ကို အီးစီအနေနဲ့ အခန်းသူအခန်းသားတွေက သဘောထားပါတော့တယ်။
အဲဒီလို ဖြစ်ရပ်လေးဖြစ်ပြီးတဲ့နောက် သူက ကျွန်တော့်ကို စတင်မိတ်ဆက်ပြီး မိတ်ဖွဲ့ခဲ့ပါတယ်။မိတ်ဖွဲ့တော့ လက်ခံတာပေါ့။မိတ်ဆွေများတယ်ဆိုတာ ကောင်းတဲ့ကိစ္စပဲမို့လား လက်ခံတာပေါ့။ဒီလိုနဲ့ ခင်ကြရောဆိုပါတော့။
ကျွန်တော်တို့တက်နေရတဲ့ တက္ကသိုလ်က လှိုင်နယ်မြေထဲက စီပွားရေးတက္ကသိုလ်ဖြစ်ပါတယ်။အနယ်နယ်က လာတက်တဲ့ကျောင်းသားတွေနဲ့ ခင်ခွင့်ရတာပေါ့။
ချင်းပြည်နယ် တီးတိန်ကတစ်ယောက်၊ကချင်ကတစ်ယောက်၊အင်းစိန်က ကရင်တစ်ယောက်၊ပေါင်မုန့်ပို့တဲ့ ဗမာတစ်ယောက်။သူတို့နဲ့ အများဆုံးတွဲဖြစ်တယ်။ကျန်တဲ့သူတွေလည်း ရှိတော့ရှိပါတယ်။ အနဲအကျဉ်း လောက်ပဲ ပြောကြဆိုကြရှိပါတယ်။မိန်းကလေးကတော့ မရှိပါဘူး။သူ ကျွန်တော့်ကို မိတ်ဆက်ပြီးတဲ့နောက်မှာ မိန်းကလေးသူငယ်ချင်းဆိုတာ စပြီးရှိလာခဲ့တယ်။အဲဒီနောက် သူနဲ့ဆက်စပ်ပြီး မိန်းကလေးသူငယ်ချင်းတွေ များလာခဲ့တယ်။သူ ကျွန်တော်အပေါ် ဘယ်လိုသဘောထားလဲ ကျွန်တော်မသိဘူး။
ကျွန်တော်တို့ ယောက်ျားလေး သူငယ်ချင်းတွေက ထမင်းစားနားချိန်တွေမှာ စာကြည့်တိုက်မှာပဲရှိကြတယ်။ ကန်တင်းသွားထိုင်ပြီး စားရလောက်အောင် ဘဝအခြေအနေက မလှကြပါဘူး။အိမ်ကထည့်ယူလာတဲ့ ထမင်းခြိုင့်ကိုပဲ စာသင်ခန်းထဲမှာ မှီဝဲကြပါတယ်။ပြီးမှစာကြည့်တိုက် သွားပြီး သင်ထားတာကို ပြန်လေ့ကျင့်ကြတယ်။
တက္ကသိုလ်ရဲ့ အစဦးရက်တွေကို ကျွန်တော်တို့သူငယ်ချင်းတစ်သိုက်က အဲဒီလိုကြီးဖြတ်သန်းကြတာပေါ့။
သူကမိတ်ဆက်ပြီးတဲ့နောက်ပိုင်း သူခေါ်လို့ ဟိုဆိုင်ဒီဆိုင် ထိုင်ဖြစ်လာတယ်။ဟိုနေရာဒီနေရာ သွားဖြစ်လာတယ်။
ကျွန်တော်က သိပ်ပြီးအပြင်မထွက်ချင်ဘူး။လွယ်အိတ်ပါးပါးလေးနဲ့ ကျော့ကျာ့မော့မော့ ကျောင်းတက်နေရသူ မဟုတ်။ ဗလာစာအုပ်မတတ်နိုင်လို့ ကျွန်တော်နေတဲ့အိမ်က အစ်မရဲ့ ရုံးသုံးစာအုပ်တွေကို လေ့ကျင့်ခန်းစာအုပ် အဖြစ်သုံးနေရပါတယ်။ ဒီစာအုပ်ကြီးတွေကထူတော့ လေးအုပ်လောက် ထည့်လိုက်ရင် လွယ်အိတ်က ပြည့်ဖောင်းသွားပြီး ကြည့်ရမကောင်းတော့ဘူး။ထမင်းချိုင့်ပါထည့်လိုက်တော့ ပြီးရော့ပေါ့။အရူးလွယ်အိတ်။ ကျွန်တော်တို့ခေတ်က ကျောပိုးအိတ်ခေတ် မဟုတ်သေး။
ကျွန်တော်က စာသင်ခန်းထဲမှာ ရုံးသုံးစာအုပ် တစ်ဖက်လွတ်ကြီးနှင့်ရေးနေတာကို သူကလာစကားပြောရင်း တွေ့တော့ နောက်ရက်ကြ ဗလာစာအုပ်တစ်ဒါဇင်ယူလာပြီး အမေကပေးခိုင်းလို့ဆိုပြီး ပေးလာပါတယ်။ မဟုတ်တာဟာ ဒီစာအုပ်တွေနဲ့ရေးလို့ ရပါတယ်ဟာလို့ ပြောတာတောင်မရ။ဇွတ်အတင်းပေးသဖြင့် ယူလိုက်ရပါတယ်။သူပေးတဲ့ဟာကို နောက်မငြင်းပါနဲ့ ဆိုတာလည်း ပြောသေးရဲ့။
စီးပွားရေး တက္ကသိုလ်ကျောင်းသားတွေ ကျူရှင်တက်ရာနေရာက လှည်းတန်းတဝိုက်မှာပါ။ ကျူရှင်ခက တစ်လ သုံးရာ။ အိမ်ကပေးတဲ့ငွေက ငါးရာ။ကားခတွေနဲ့ လောက်အောင်သုံးရပါတယ်။ကျွန်တော့်ရဲ့ ဖြစ်နေတဲ့အခြေ အနေကို သူဘယ်လိုသိသွားလည်း မသိ။
တစ်ရက်တော့ ကျောင်းမှာ ကျွန်တော့နားလာပြီး အီးစီခဏဆိုပြီး လာခေါ်ပါတယ်။ ကျွန်တော်လည်း အခန်းအပြင်လိုက်သွားခဲ့တယ်။
အခန်းအပြင်ရောက်တော့ ရော့ဆိုပြီး စာအိတ်လေးတစ်အိတ်ပေးတယ်။အခုမကြည့်နဲ့ အိမ်ရောက်မှ ဖတ်ကြည့်ဆိုပြီး စသင်ခန်းထဲဝင်သွားတယ်။ကျွန်တော်လည်း သူပေးတဲ့ စာအိတ်လေး လွယ်အိတ်ထဲထည့်ပြီး စာဆက်သင်နေခဲ့ပါတယ်။ဖွင့်ဖတ်ကြည့်ချင်စိတ်ကလည်း စိတ်ထဲမှာဖြစ်နေတယ်။ရည်းစားစာလား ဘာလားပေါ့။
အိမ်ရောက်လို့ဖွင့်ကြည့်တော့ အတွေးနဲ့တခြားဆီ။စာလေးတစ်စောင်လည်းပါရဲ့။စာထဲမှာ “အီးစီ အမေက အီးစီအတွက် ကျူရှင်လခပေးခိုင်းလို့ အဲဒါပေးတာ။အမေက မငြင်းပါနဲ့တဲ့။ငြင်းရင်စိတ်မကောင်းဖြစ်မှာပါတဲ့။” သူ့အမေနဲ့ ကျွန်တော်လည်း တစ်ကြိမ်မှ မတွေ့ဘူးသေး။ဒီလိုတွေလုပ်လာပေးတော့ ကျွန်တော် ဘယ်လိုတွေးရမှန်းကို မသိတော့။
နောက်ရက် ကျောင်းရောက်တော့ သူငယ်ချင်းပေါင်မုန့်ကို ပြောပြမိတယ်။သူကတော့ ဘာညာဘာညာ အတွေးတွေ ဖြစ်အောင်ပြောတာပေါ့။သူပြောသလို ဘာညာဘာအတွေးတို့ ကျွန်တော်တွေးချင်ပေမယ့် မတွေးရဲပါ။ကိုယ့်ဝမ်းနာ ကိုယ်သာသိ အခြေအနေ။
ဘာမှန်းမသိသေးတဲ့အခြေအနေနဲ့ ပထမနှစ်ဖြေဆိုပြီးလို့ အောင်စာရင်းထွက်တော့ ကျွန်တော် ပထမနှစ်ပြန်တက်ရတဲ့ အခြေအနေဖြစ်ခဲ့တယ်။သူက ဒုတိယနှစ်ပေါ့။အဲဒီအခြေအနေမှာ နိုင်ငံရေးအခြေအနေကြောင့် ကျောင်းတွေပိတ်ခဲ့ရပြန်ပါတယ်။
ကျောင်းတွေပြန်ဖွင့်တော့ ပထမနှစ်နဲ့ ဒုတိယနှစ် စီးပွားရေးတက္ကသိုလ်ကျောင်းသားတွေ သန်လျင်တာဝက ကျောင်းကို ယာယီပြောင်းခဲ့ရပါတယ်။ ကျွန်တော့်သူငယ်ချင်း ပေါင်မုန့် ကျောင်းပြန်တက်သည်ကို မတွေ့တော့။
သူနဲ့တော့ ပြန်တွေခဲ့ရတယ်။သူက ကျွန်တော့ထက် တစ်တန်းကြီးသွားပြီ။သူကို ကျွန်တော်မရှာခဲ့။သူကတော့ ကျွန်တော်ကို ရအောင်ရှာပြီး လာတွေ့ပါတယ်။
ကျွန်တော့်အလုပ်က နေ့ခင်းပိုင်းမှဝင်ရသည့်အလုပ်ဖြစ်၍ မနက်ပိုင်း စာသင်ချိန်တစ်ချိန်ပြီးမှ ကျောင်းကို ရောက်ပါတယ်။သူကျွန်တော့်ဆီရောက်လာပြီး ပုံမှန်အခန်းဘယ်မှာလဲ၊ဘယ်အချိန်ထိရှိမှာလဲ မေးပါတယ်။ သူရှိတဲ့အခန်းကိုလည်း ပြောပါတယ်။တတိယစာသင်ချိန်လွှတ်ရင် သူဆီလာဖို့ပြောပါတယ်။
ကျွန်တော် သူ့ဆီသွားခဲ့တယ်။ကျွန်တော်လာတော့လေးဆင့်တစ်ချိုင့် ကျွန်တော့်ကိုပေးပြီး အဲမှာ အမေထည့်ပေးလိုက်တာ စားဦး။သူ့အတွက်လည်း ထမင်းတစ်ခြိုင့်။
ကျွန်တော်တို့ အတန်းထဲမှာပင် ထမင်းအတူတူ စားဖြစ်ခဲ့တယ်။သူငယ်ချင်းရယ် ငါက ကျောင်းတက်ချိန် မှန်တဲ့ကောင်မှမဟုတ်ဘဲ..ငါ့အတွက်ယူမလာပါနဲ့ဟာလို့ ပြောတော့..သူမျက်နှာ မကောင်းဘူးဖြစ်သွားတယ်။ ငါမလာတဲ့နေ့ကျ ထမင်းချိုင့်ကြီး ပြန်သယ်နေရတာ မပင်ပန်းဘူးလားဟာဆိုတော့…။
အဲဒါငါ့အလုပ်ပါ အီးစီရယ်။နင်ကျောင်းတက်ဖြစ်အောင်တော့ တက်ပါဟာတဲ့။သူက ကျွန်တော့်ကို ထမင်းချိုင့် မမီလည်း မယူလာနဲ့ ငါယူလာခဲ့မယ်။သူ့ကိုဘယ်လိုနားလည်မလဲ ကျွန်တော်မသိတာ့။ကျွန်တော်အပေါ် ကောင်းလှသူတစ်ဦးကို သူများအိမ်နေပြီး ရုန်းကန်လှုပ်ရှားနေရသူ ကျွန်တော်က စိတ်ထဲကအတိုင်း လက်ကမ်းတွဲခေါ် မလုပ်နိုင်ခဲ့ပါ။ သံယောဇဉ်မှာ စည်းတစ်ခုခြားနေသလို ခံစားနေရပါသေးတယ်။
အဲဒီစာသင်နှစ်ပြီးတော့ ကျွန်တော်တို့ ရွာသာကြီးစီးပွားရေတက္ကသိုလ်ကို ပြောင်းခဲ့ရပြန်ပါတယ်။ သူကတတိယနှစ်။ ကျွန်တော်ကဒုတိယနှစ်။ကျွန်တော်လည်း ကြိုးစားပြီးတက်ခဲ့ပါတယ်။ ကားလိုင်းက တစ်လိုင်းထဲရှိပြီး ကားဆက်ကျဲတာမို့ တာဝသွားတက်သည့် အချိန်ထက် လမ်းခရီးမှာပိုကြလှပါတယ်။ ကျောင်းချိန်တို့မမှန်တော့ပေ။
သူကျွန်တော်အပေါ်လျစ်လျူလုပ်တာတွေမရှိ ကောင်းမြဲ ဆက်ဆံမြဲပင်။ ကာလအတိုင်းအတာတစ်ခုအရ တွက်လျှင် ကျွန်တော်တို့တွေရဲ့တွေ့ဆုံချိန်တွေက မနဲတော့ပါဘူး။ချစ်စခန်းတော့ မရောက်ခဲ့ပေ။ ကျွန်တော်ရဲ့လျစ်လျူပြုမှုတွေကသာ သူ့အပေါ်များနေမှာပါ။
ယောက်ျားလေးတစ်ယောက်က မစလို့ မိန်းကလေးတစ်ယောက်က သူချစ်ရသူကို ချစ်ပါတယ်လို့ စရတယ်ဆိုတာ ယဉ်ကျေးမှုကလက်မခံသေးဘူးလေ။အရိပ်အယောင် ရေလာမြောင်းပေး စကားလေးတွေလောက်သာ လာမှာပေါ့။
မဝံ့ရဲ့တဲ့ ကျွန်တော်ဒုတိယနှစ်လည်း ကျပြန်ပါတယ်။ကျောင်းမသွားတော့ပေ။အဝေးသင်နဲ့ပဲဖြေရမလား။ဟိုလိုဒီလိုလုပ်ရင်း။ကျောင်းလည်းမတက်ဖြစ်တော့။ဗိုလ်ချုပ်ဈေးက သူတို့ဆိုင်ရှိတဲ့နေရာကို သိသော်လည်း မသွားဖြစ်ခဲ့။ လောလောဆယ်ကြမ်းတမ်းနေတဲ့ ဘဝထဲကို ခေါ်ဖို့စကား သူကိုမပြောလိုသေးပေ။ သူ့အတွက် ကျွန်တော်ကြိုးစားရပါမယ်။ကြိုးစားရပါမယ်။
ကျွန်တော်အောင်ဆန်းကွင်းက ဆိုင်ကိုပြောင်းလဲတာဝန်ထမ်းဆောင်နေတဲ့တစ်နေ့။ကျွန်တော့လက်အောက်က ဝန်ထမ်းတစ်ယောက် ရောက်လာပြီး အစ်ကိုကြီးဧည့်သည်တစ်ယောက်က တွေ့လိုကြောင်းပြောသဖြင့် သွားတွေ့ရာ သူ့အမေဖြစ်နေပါတယ်။
အကျိုးအကြောင်းမေးကြည့်တော့ သူယောက်ျားနောက်လိုက်သွားတယ်လို့ စာရေးထားခဲ့တာမို့ သားဆီလာ ကြည့်တာပါတဲ့။ သူနဲ့များ အဆက်အသွယ်ရှိလားလို့ဟု ပြောပါတယ်။ကျွန်တော်နဲ့ အဆက်အသွယ်ပျက်နေတာ ကြာပြီနေပြီဖြစ်ကြောင်းပြောလိုက်ရပါတယ်။
အင်းမလှုပ်အဲမလှုပ် လုပ်နေသူကို ဘယ်သူက ဘာတွေမျှော်လင့်နေတော့မှာလည်း။သူ့မှာ အဲဒီအတွက် ပြောင်းလဲခဲ့တာနေမှာပေါ့။
ဖူးစာဆိုတာ ဦးရာလူအတွက် မဟုတ်တာတော့ လက်တွေ့ပြခဲ့တာပါပဲ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
ဖူးစာဆိုတာ
ဖူးစာဆိုတာကလည္း လုပ္ယူလို႔ရတာမဟုတ္။လွ်ပ္တစ္ျပတ္ ၾကဳံတဲ့အခိုက္မွာ ျဖစ္သြားတဲ့ ျဖစ္ရပ္ေလး တစ္ခုကေန စတာပါပဲ။
ေရလာေျမာင္းေပးေတြ၊အခြင့္ေပးမႈေတြနဲ႔ ၾကဳံရတာေတာင္ ဖူးစာဆိုတာမပါရင္ လြဲျဖစ္ေအာင္ကို လြဲေနေတာ့ တာပါပဲ။
မိန္ကေလးကပဲ စႀကိဳက္ႀကိဳက္၊ေယာက်္ားေလးကပဲ စႀကိဳက္ႀကိဳက္ ႏွစ္ေယာက္အႀကိဳက္ ျဖစ္မလာသ၍ ဖူးစာဆိုတာ ႐ြာလည္ေနတတ္ပါတယ္။
ၾကဳံဖူးတယ္…တကၠသိုလ္မွာတုန္းကေပါ့။သူက ကရင္လူမ်ိဳး ခရစ္ယာန္မေလး။ခ်စ္စရာလည္းေကာင္းပါတယ္။ သူ႕ကိုႏွိမ္ခ်ေျပာတာ မဟုတ္ပါဘူး။သူကစမိတ္ဆက္တာပါ။
သူ ကြၽန္ေတာ္႕ကို မမိတ္ဆက္ခင္ အတန္ထဲမွာ ျဖစ္ရပ္ေလးတစ္ခု႐ွိခဲ့ပါတယ္။အဲဒါက ဆရာမက စာေခၚေပးခိုင္းလို႔ အတန္းထဲမွာ ကြၽန္ေတာ္ စာေခၚေပးခဲ့ရတာေပါ့။ေျပာလို႔ ေျပာတာေတာ့ မဟုတ္ဘူး… ကြၽန္ေတာ္အသံကလည္း တစ္ခန္းလုံးဖုံးသြားေအာင္ေတာ့ အသံကေအာင္ပါတယ္။
အဲဒီေနာက္ပိုင္း ကြၽန္ေတာ္႕ကို အီးစီအေနနဲ႔ အခန္းသူအခန္းသားေတြက သေဘာထားပါေတာ့တယ္။
အဲဒီလို ျဖစ္ရပ္ေလးျဖစ္ၿပီးတဲ့ေနာက္ သူက ကြၽန္ေတာ္႕ကို စတင္မိတ္ဆက္ၿပီး မိတ္ဖြဲ႕ခဲ့ပါတယ္။မိတ္ဖြဲ႕ေတာ့ လက္ခံတာေပါ့။မိတ္ေဆြမ်ားတယ္ဆိုတာ ေကာင္းတဲ့ကိစၥပဲမို႔လား လက္ခံတာေပါ့။ဒီလိုနဲ႔ ခင္ၾကေရာဆိုပါေတာ့။
ကြၽန္ေတာ္တို႔တက္ေနရတဲ့ တကၠသိုလ္က လိႈင္နယ္ေျမထဲက စီပြားေရးတကၠသိုလ္ျဖစ္ပါတယ္။အနယ္နယ္က လာတက္တဲ့ေက်ာင္းသားေတြနဲ႔ ခင္ခြင့္ရတာေပါ့။
ခ်င္းျပည္နယ္ တီးတိန္ကတစ္ေယာက္၊ကခ်င္ကတစ္ေယာက္၊အင္းစိန္က ကရင္တစ္ေယာက္၊ေပါင္မုန္႔ပို႔တဲ့ ဗမာတစ္ေယာက္။သူတို႔နဲ႔ အမ်ားဆုံးတြဲျဖစ္တယ္။က်န္တဲ့သူေတြလည္း ႐ွိေတာ့႐ွိပါတယ္။ အနဲအက်ဥ္း ေလာက္ပဲ ေျပာၾကဆိုၾက႐ွိပါတယ္။မိန္းကေလးကေတာ့ မ႐ွိပါဘူး။သူ ကြၽန္ေတာ္႕ကို မိတ္ဆက္ၿပီးတဲ့ေနာက္မွာ မိန္းကေလးသူငယ္ခ်င္းဆိုတာ စၿပီး႐ွိလာခဲ့တယ္။အဲဒီေနာက္ သူနဲ႔ဆက္စပ္ၿပီး မိန္းကေလးသူငယ္ခ်င္းေတြ မ်ားလာခဲ့တယ္။သူ ကြၽန္ေတာ္အေပၚ ဘယ္လိုသေဘာထားလဲ ကြၽန္ေတာ္မသိဘူး။
ကြၽန္ေတာ္တို႔ ေယာက်္ားေလး သူငယ္ခ်င္းေတြက ထမင္းစားနားခ်ိန္ေတြမွာ စာၾကည့္တိုက္မွာပဲ႐ွိၾကတယ္။ ကန္တင္းသြားထိုင္ၿပီး စားရေလာက္ေအာင္ ဘဝအေျခအေနက မလွၾကပါဘူး။အိမ္ကထည့္ယူလာတဲ့ ထမင္းၿခိဳင့္ကိုပဲ စာသင္ခန္းထဲမွာ မွီဝဲၾကပါတယ္။ၿပီးမွစာၾကည့္တိုက္ သြားၿပီး သင္ထားတာကို ျပန္ေလ့က်င့္ၾကတယ္။
တကၠသိုလ္ရဲ႕ အစဦးရက္ေတြကို ကြၽန္ေတာ္တို႔သူငယ္ခ်င္းတစ္သိုက္က အဲဒီလိုႀကီးျဖတ္သန္းၾကတာေပါ့။
သူကမိတ္ဆက္ၿပီးတဲ့ေနာက္ပိုင္း သူေခၚလို႔ ဟိုဆိုင္ဒီဆိုင္ ထိုင္ျဖစ္လာတယ္။ဟိုေနရာဒီေနရာ သြားျဖစ္လာတယ္။
ကြၽန္ေတာ္က သိပ္ၿပီးအျပင္မထြက္ခ်င္ဘူး။လြယ္အိတ္ပါးပါးေလးနဲ႔ ေက်ာ့က်ာ့ေမာ့ေမာ့ ေက်ာင္းတက္ေနရသူ မဟုတ္။ ဗလာစာအုပ္မတတ္ႏိုင္လို႔ ကြၽန္ေတာ္ေနတဲ့အိမ္က အစ္မရဲ႕ ႐ုံးသုံးစာအုပ္ေတြကို ေလ့က်င့္ခန္းစာအုပ္ အျဖစ္သုံးေနရပါတယ္။ ဒီစာအုပ္ႀကီးေတြကထူေတာ့ ေလးအုပ္ေလာက္ ထည့္လိုက္ရင္ လြယ္အိတ္က ျပည့္ေဖာင္းသြားၿပီး ၾကည့္ရမေကာင္းေတာ့ဘူး။ထမင္းခ်ိဳင့္ပါထည့္လိုက္ေတာ့ ၿပီးေရာ့ေပါ့။အ႐ူးလြယ္အိတ္။ ကြၽန္ေတာ္တို႔ေခတ္က ေက်ာပိုးအိတ္ေခတ္ မဟုတ္ေသး။
ကြၽန္ေတာ္က စာသင္ခန္းထဲမွာ ႐ုံးသုံးစာအုပ္ တစ္ဖက္လြတ္ႀကီးႏွင့္ေရးေနတာကို သူကလာစကားေျပာရင္း ေတြ႕ေတာ့ ေနာက္ရက္ၾက ဗလာစာအုပ္တစ္ဒါဇင္ယူလာၿပီး အေမကေပးခိုင္းလို႔ဆိုၿပီး ေပးလာပါတယ္။ မဟုတ္တာဟာ ဒီစာအုပ္ေတြနဲ႔ေရးလို႔ ရပါတယ္ဟာလို႔ ေျပာတာေတာင္မရ။ဇြတ္အတင္းေပးသျဖင့္ ယူလိုက္ရပါတယ္။သူေပးတဲ့ဟာကို ေနာက္မျငင္းပါနဲ႔ ဆိုတာလည္း ေျပာေသးရဲ႕။
စီးပြားေရး တကၠသိုလ္ေက်ာင္းသားေတြ က်ဴ႐ွင္တက္ရာေနရာက လွည္းတန္းတဝိုက္မွာပါ။ က်ဴ႐ွင္ခက တစ္လ သုံးရာ။ အိမ္ကေပးတဲ့ေငြက ငါးရာ။ကားခေတြနဲ႔ ေလာက္ေအာင္သုံးရပါတယ္။ကြၽန္ေတာ္႕ရဲ႕ ျဖစ္ေနတဲ့အေျခ အေနကို သူဘယ္လိုသိသြားလည္း မသိ။
တစ္ရက္ေတာ့ ေက်ာင္းမွာ ကြၽန္ေတာ့နားလာၿပီး အီးစီခဏဆိုၿပီး လာေခၚပါတယ္။ ကြၽန္ေတာ္လည္း အခန္းအျပင္လိုက္သြားခဲ့တယ္။
အခန္းအျပင္ေရာက္ေတာ့ ေရာ့ဆိုၿပီး စာအိတ္ေလးတစ္အိတ္ေပးတယ္။အခုမၾကည့္နဲ႔ အိမ္ေရာက္မွ ဖတ္ၾကည့္ဆိုၿပီး စသင္ခန္းထဲဝင္သြားတယ္။ကြၽန္ေတာ္လည္း သူေပးတဲ့ စာအိတ္ေလး လြယ္အိတ္ထဲထည့္ၿပီး စာဆက္သင္ေနခဲ့ပါတယ္။ဖြင့္ဖတ္ၾကည့္ခ်င္စိတ္ကလည္း စိတ္ထဲမွာျဖစ္ေနတယ္။ရည္းစားစာလား ဘာလားေပါ့။
အိမ္ေရာက္လို႔ဖြင့္ၾကည့္ေတာ့ အေတြးနဲ႔တျခားဆီ။စာေလးတစ္ေစာင္လည္းပါရဲ႕။စာထဲမွာ “အီးစီ အေမက အီးစီအတြက္ က်ဴ႐ွင္လခေပးခိုင္းလို႔ အဲဒါေပးတာ။အေမက မျငင္းပါနဲ႔တဲ့။ျငင္းရင္စိတ္မေကာင္းျဖစ္မွာပါတဲ့။” သူ႕အေမနဲ႔ ကြၽန္ေတာ္လည္း တစ္ႀကိမ္မွ မေတြ႕ဘူးေသး။ဒီလိုေတြလုပ္လာေပးေတာ့ ကြၽန္ေတာ္ ဘယ္လိုေတြးရမွန္းကို မသိေတာ့။
ေနာက္ရက္ ေက်ာင္းေရာက္ေတာ့ သူငယ္ခ်င္းေပါင္မုန္႔ကို ေျပာျပမိတယ္။သူကေတာ့ ဘာညာဘာညာ အေတြးေတြ ျဖစ္ေအာင္ေျပာတာေပါ့။သူေျပာသလို ဘာညာဘာအေတြးတို႔ ကြၽန္ေတာ္ေတြးခ်င္ေပမယ့္ မေတြးရဲပါ။ကိုယ့္ဝမ္းနာ ကိုယ္သာသိ အေျခအေန။
ဘာမွန္းမသိေသးတဲ့အေျခအေနနဲ႔ ပထမႏွစ္ေျဖဆိုၿပီးလို႔ ေအာင္စာရင္းထြက္ေတာ့ ကြၽန္ေတာ္ ပထမႏွစ္ျပန္တက္ရတဲ့ အေျခအေနျဖစ္ခဲ့တယ္။သူက ဒုတိယႏွစ္ေပါ့။အဲဒီအေျခအေနမွာ ႏိုင္ငံေရးအေျခအေနေၾကာင့္ ေက်ာင္းေတြပိတ္ခဲ့ရျပန္ပါတယ္။
ေက်ာင္းေတြျပန္ဖြင့္ေတာ့ ပထမႏွစ္နဲ႔ ဒုတိယႏွစ္ စီးပြားေရးတကၠသိုလ္ေက်ာင္းသားေတြ သန္လ်င္တာဝက ေက်ာင္းကို ယာယီေျပာင္းခဲ့ရပါတယ္။ ကြၽန္ေတာ္႕သူငယ္ခ်င္း ေပါင္မုန္႔ ေက်ာင္းျပန္တက္သည္ကို မေတြ႕ေတာ့။
သူနဲ႔ေတာ့ ျပန္ေတြခဲ့ရတယ္။သူက ကြၽန္ေတာ့ထက္ တစ္တန္းႀကီးသြားၿပီ။သူကို ကြၽန္ေတာ္မ႐ွာခဲ့။သူကေတာ့ ကြၽန္ေတာ္ကို ရေအာင္႐ွာၿပီး လာေတြ႕ပါတယ္။
ကြၽန္ေတာ္႕အလုပ္က ေန႔ခင္းပိုင္းမွဝင္ရသည့္အလုပ္ျဖစ္၍ မနက္ပိုင္း စာသင္ခ်ိန္တစ္ခ်ိန္ၿပီးမွ ေက်ာင္းကို ေရာက္ပါတယ္။သူကြၽန္ေတာ္႕ဆီေရာက္လာၿပီး ပုံမွန္အခန္းဘယ္မွာလဲ၊ဘယ္အခ်ိန္ထိ႐ွိမွာလဲ ေမးပါတယ္။ သူ႐ွိတဲ့အခန္းကိုလည္း ေျပာပါတယ္။တတိယစာသင္ခ်ိန္လႊတ္ရင္ သူဆီလာဖို႔ေျပာပါတယ္။
ကြၽန္ေတာ္ သူ႕ဆီသြားခဲ့တယ္။ကြၽန္ေတာ္လာေတာ့ေလးဆင့္တစ္ခ်ိဳင့္ ကြၽန္ေတာ့္ကိုေပးၿပီး အဲမွာ အေမထည့္ေပးလိုက္တာ စားဦး။သူ႕အတြက္လည္း ထမင္းတစ္ၿခိဳင့္။
ကြၽန္ေတာ္တို႔ အတန္းထဲမွာပင္ ထမင္းအတူတူ စားျဖစ္ခဲ့တယ္။သူငယ္ခ်င္းရယ္ ငါက ေက်ာင္းတက္ခ်ိန္ မွန္တဲ့ေကာင္မွမဟုတ္ဘဲ..ငါ့အတြက္ယူမလာပါနဲ႔ဟာလို႔ ေျပာေတာ့..သူမ်က္ႏွာ မေကာင္းဘူးျဖစ္သြားတယ္။ ငါမလာတဲ့ေန႔က် ထမင္းခ်ိဳင့္ႀကီး ျပန္သယ္ေနရတာ မပင္ပန္းဘူးလားဟာဆိုေတာ့…။
အဲဒါငါ့အလုပ္ပါ အီးစီရယ္။နင္ေက်ာင္းတက္ျဖစ္ေအာင္ေတာ့ တက္ပါဟာတဲ့။သူက ကြၽန္ေတာ့္ကို ထမင္းခ်ိဳင့္ မမီလည္း မယူလာနဲ႔ ငါယူလာခဲ့မယ္။သူ႕ကိုဘယ္လိုနားလည္မလဲ ကြၽန္ေတာ္မသိတာ့။ကြၽန္ေတာ္အေပၚ ေကာင္းလွသူတစ္ဦးကို သူမ်ားအိမ္ေနၿပီး ႐ုန္းကန္လႈပ္႐ွားေနရသူ ကြၽန္ေတာ္က စိတ္ထဲကအတိုင္း လက္ကမ္းတြဲေခၚ မလုပ္ႏိုင္ခဲ့ပါ။ သံေယာဇဥ္မွာ စည္းတစ္ခုျခားေနသလို ခံစားေနရပါေသးတယ္။
အဲဒီစာသင္ႏွစ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ႐ြာသာႀကီးစီးပြားေရတကၠသိုလ္ကို ေျပာင္းခဲ့ရျပန္ပါတယ္။ သူကတတိယႏွစ္။ ကြၽန္ေတာ္ကဒုတိယႏွစ္။ကြၽန္ေတာ္လည္း ႀကိဳးစားၿပီးတက္ခဲ့ပါတယ္။ ကားလိုင္းက တစ္လိုင္းထဲ႐ွိၿပီး ကားဆက္က်ဲတာမို႔ တာဝသြားတက္သည့္ အခ်ိန္ထက္ လမ္းခရီးမွာပိုၾကလွပါတယ္။ ေက်ာင္းခ်ိန္တို႔မမွန္ေတာ့ေပ။
သူကြၽန္ေတာ္အေပၚလ်စ္လ်ဴလုပ္တာေတြမ႐ွိ ေကာင္းၿမဲ ဆက္ဆံၿမဲပင္။ ကာလအတိုင္းအတာတစ္ခုအရ တြက္လွ်င္ ကြၽန္ေတာ္တို႔ေတြရဲ႕ေတြ႕ဆုံခ်ိန္ေတြက မနဲေတာ့ပါဘူး။ခ်စ္စခန္းေတာ့ မေရာက္ခဲ့ေပ။ ကြၽန္ေတာ္ရဲ႕လ်စ္လ်ဴျပဳမႈေတြကသာ သူ႕အေပၚမ်ားေနမွာပါ။
ေယာက်္ားေလးတစ္ေယာက္က မစလို႔ မိန္းကေလးတစ္ေယာက္က သူခ်စ္ရသူကို ခ်စ္ပါတယ္လို႔ စရတယ္ဆိုတာ ယဥ္ေက်းမႈကလက္မခံေသးဘူးေလ။အရိပ္အေယာင္ ေရလာေျမာင္းေပး စကားေလးေတြေလာက္သာ လာမွာေပါ့။
မဝံ့ရဲ႕တဲ့ ကြၽန္ေတာ္ဒုတိယႏွစ္လည္း က်ျပန္ပါတယ္။ေက်ာင္းမသြားေတာ့ေပ။အေဝးသင္နဲ႔ပဲေျဖရမလား။ဟိုလိုဒီလိုလုပ္ရင္း။ေက်ာင္းလည္းမတက္ျဖစ္ေတာ့။ဗိုလ္ခ်ဳပ္ေဈးက သူတို႔ဆိုင္႐ွိတဲ့ေနရာကို သိေသာ္လည္း မသြားျဖစ္ခဲ့။ ေလာေလာဆယ္ၾကမ္းတမ္းေနတဲ့ ဘဝထဲကို ေခၚဖို႔စကား သူကိုမေျပာလိုေသးေပ။ သူ႕အတြက္ ကြၽန္ေတာ္ႀကိဳးစားရပါမယ္။ႀကိဳးစားရပါမယ္။
ကြၽန္ေတာ္ေအာင္ဆန္းကြင္းက ဆိုင္ကိုေျပာင္းလဲတာဝန္ထမ္းေဆာင္ေနတဲ့တစ္ေန႔။ကြၽန္ေတာ့လက္ေအာက္က ဝန္ထမ္းတစ္ေယာက္ ေရာက္လာၿပီး အစ္ကိုႀကီးဧည့္သည္တစ္ေယာက္က ေတြ႕လိုေၾကာင္းေျပာသျဖင့္ သြားေတြ႕ရာ သူ႕အေမျဖစ္ေနပါတယ္။
အက်ိဳးအေၾကာင္းေမးၾကည့္ေတာ့ သူေယာက်္ားေနာက္လိုက္သြားတယ္လို႔ စာေရးထားခဲ့တာမို႔ သားဆီလာ ၾကည့္တာပါတဲ့။ သူနဲ႔မ်ား အဆက္အသြယ္႐ွိလားလို႔ဟု ေျပာပါတယ္။ကြၽန္ေတာ္နဲ႔ အဆက္အသြယ္ပ်က္ေနတာ ၾကာၿပီေနၿပီျဖစ္ေၾကာင္းေျပာလိုက္ရပါတယ္။
အင္းမလႈပ္အဲမလႈပ္ လုပ္ေနသူကို ဘယ္သူက ဘာေတြေမွ်ာ္လင့္ေနေတာ့မွာလည္း။သူ႕မွာ အဲဒီအတြက္ ေျပာင္းလဲခဲ့တာေနမွာေပါ့။
ဖူးစာဆိုတာ ဦးရာလူအတြက္ မဟုတ္တာေတာ့ လက္ေတြ႕ျပခဲ့တာပါပဲ။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com