ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
အင်း…ကိုယ့်ကိုယ်ကိုယ်ပြောရတာတော့ သိပ်မကောင်းလှဘူး။အစားအသောက်နဲ့ပတ်သက်လို့ပြောချင်တာပါ။ ကျွန်တော်ဆိုတဲ့ကောင်က အစားအသောက်နဲ့ ပတ်သက်ရင် ပြောစမှတ်တွေက အများသား။စားစရာလို့ထင်ရင် စားလိုက်ရမှ။
စားစရာမြင်ပြီးမှ မစားလိုက်ရရင် နေမထိ မထိုင်သာဖြစ်နေရောပဲ။ “စားရတဲ့ကလေး ပိုငတ်တယ်” ဆိုတဲ့စကားက ကျွန်တော်ကိုများပြောနေသလားလို့တောင်ထင်ရတယ်။ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။
အစားနဲ့ပတ်သက်ရင် ပြောစရာတွေကိုဖြစ်နေရောပဲ။
ပြောစရာတစ်ခုကတော့ ကြာခဲ့ပါပြီ။ဖေဖေမန္တလေးကပြန်လာတော့ ညောင်ပင်ဝန်းတံတားအဆင်းမှာ စားသောက်ဆိုင်တွေနဲ့ ဒေသထွက် ကုန်ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေရှိတယ်မို့လား။အဲဒီကနေ ခွံစိမ်းငှက်ပျောဖီးတွေ ဖေဖေဝယ်ဝယ်လာတတ်တယ်။မိသားစုကများတော့ နဲနဲနောနောမဟုတ်ဘူး။ လေးငါးဖီး။ဒါမှမဟုတ် အခိုင်လိုက်ကို ဝယ်ချလာတတ်တယ်။
စားစရာပါလာတာ မြင်နေပါရက်နဲ့ ဖေဖေ့အိတ်ကို ဖင်လှန်ခေါင်းလှန်ဖွင့်ရှာတတ်သည်က ကျွန်တော့်အကျင့်။ အဝတ်အစားတွေကြားထဲ ဖြူဖြူအခဲတွေတွေ့တော့ ကျွန်တော်ယူမလို့လုပ်တယ်။
ဖေဖေက “ဟဲ့ကောင်လေး…အဲဒါ..စားစရာမဟုတ်ဘူး…သေတတ်တယ် ဘာအောက်မေ့လို့လဲ”လို့ ဟန့်တာပေါ့။ကျွန်တော် သိပ်မကျေနပ်။စိတ်ထဲကတော့ ဖွက်ထားရင်လည်း ရှာစားမယ်ပေါ့။ဒီလိုနဲ့ အဲဒီကိစ္စထားလိုက်တာပေါ့။
နောက်ရက်ကျမှ အိမ်အပေါ်ထပ်က ထပ်ခိုးမှာ တက်ရှာပါတယ်။တွေ့တာပေါ့။ထားစရာဒီနားပဲရှိတာကိုး။
စားမယ်လုပ်နေတုန်း အတွေးလေးတစ်ခုက ကျွန်တော်မှာပေါ်လာတယ်။ဖေဖေက အစားအသောက်နဲ့ ပတ်သက်ပြီး တွန့်တိုတတ်တဲ့သူမျိုးမဟုတ်ဘူး။စားစရာမဟုတ်လို့သာ မကျွေးတာနေမှာပါလို့တွေးမိတယ်။ မြင်နေရတဲ့ပစ္စည်းက စားချင်စရာ သကြားခဲလေးလိုဆိုတော့ လျက်ကြည့်ရုံလျက်ကြည့်မယ်ဆိုပြီး လျက်လိုက်တယ်။
မီးခဲဟာ ရေနဲ့တွေ့သလို လျှာမှာ ရှဲကနဲဖြစ်သွားတာပေါ့။ထပ်ခိုးကနဲ အမြန်ဆင်းပြေးပြီး တံတွေးတွေကို အမြန်ထွေးရတာပေါ့။ရေတွေနဲ့ ပလုတ်ကျင်းရတာပေါ့။တော်သေးလို့သေတော့မလို့။ဒီဖြစ်ရပ်ကို ကျွန်တော်ဘယ်သူ့ကိုမှ မပြောခဲ့တော့။
နောက်တစ်ခုကတော့ အစားမတော်တစ်တောင့်ဆိုတဲ့ကိစ္စ။
ကျွန်တော်တို့ အညာမှာ အိမ်ဝင်ထဲက သစ်ပင်တွေရဲ့အောက်မှ ကွပ်ပစ်တွေ လုပ်ထားတတ်တယ်။ အဲဒီကွပ်ပစ်တွေမှာ အိပ်ချင်လည်းအိပ်တယ်။ အိမ်နီးနာချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေလာရင်လည်း ဧည့်ခံစရာနေရာအဖြစ် ထားကြတယ်။
ကျွန်တော်တို့အိမ်မှာလည်း ဗမာကုက္ကိုလို့ခေါ်တဲ့ စားကုက္ကိုပင်ကြီးရှိပါတယ်။အဲဒီအပင်ကြီးခေါင်းတယ်ပြီး ကွပ်ပျစ်လုပ်ထားတာပေါ့။
အိမ်မှာကွပ်ပျစ်ရှိတော့ ညနေ နေဝင်ပြီဆိုရင် ဧည့်သည်တွေ အလျှိုလျှိုရောက်လာကတယ်။ သောင်းပြောင်း ထွေလာနဲ့ ရှေးစကားတွေလည်း ပြောကြတာပေါ့။
ကျွန်တော်တို့က ကလေးအရွယ်ဆိုတော့ လူကြီးစကားတွေကို နားလည်လည် မလည်လည် နားထောင်ရင်းနဲ့ အိပ်ပျော်သွားကြတဲ့အခါတွေလည်းရှိတာပေါ့။သရဲတစ္ဆေအကြောင်းတွေပါရင် မအိပ်ရဲဘူး။ ကြောက်စိတ်နဲ့ နားထောင်လို့ကောင်းကောင်းနဲ့ နားထောင်ရတာပေါ့။
တစ်ရက် ဖေဖေနဲ့ဧည့်သည်တွေ စကားပြောနေတုန်း နေ့ခင်းကလှော်ထားတဲ့ မြေပဲလှော်တွေကို မေမေက လာချပေးတယ်။ဧည့်သည်တွေလည်း စကားပြောရင်းမြေပဲစား။ကျွန်တော်ကလည်း လူကြီးတွေကြား မြေပဲစားရင်း သူတို့ပြောတာနားထောင်နဲ့ ဇိမ်ကျလို့နေပါတယ်။
မြေပဲမှာ ပထမတစ်သုတ်ကုန်သွား၍ ဒုတိယအကြိမ် ထပ်ထည့်ပေးထားရာ ကုန်ခါနီးတွင် ကြွက်ထောင်ဖို့ မေ့နေလို့ဆိုပြီး မေမေက မြေပဲတစ်တောင့်လာယူပါတယ်။ကျွန်တော်က စားနေတဲ့ထဲကယူသွား၍ မကျေမနပ်ကြည့်မိသေးတယ်။
ကျွန်တော်ကွပ်ပျစ်ပေါ်ကဆင်းပြီး မေမေနောက်လိုက်သွားပါတယ်။ကြွက်ထောင်ချောက် သံညှပ်တွင် မြေပဲကိုတပ်ပြီး ဟင်းအိုးဟင်းခွက်တို့ထားရာ မီးဖိုဘေးတွင်ထောင်ထားခဲ့တာကို မှတ်ထားလိုက်ပါတယ်။
ထိုညက စကားဝိုင်းသိမ်းလို့ အိပ်သည့်အခါ အိပ်မက်ထဲတွင် ကြွက်ထောင်ချောက်တွင် တပ်ထားသည့် မြေပဲကို အိပ်မက်မက်လိုက်ပါသေးတယ်။ကြွက်ကလေးရေ မင်းမစားနဲ့နော်ဆိုပြီး တားနေမိပါတယ်။
အဲဒီစိတ်ကြောင့်ပဲထင်ပါတယ်။ မနက်ဝေလီဝေလင်းမှာ အိပ်ရာကနိုးခဲ့ပါတယ်။ဖေဖေတို့မနိုးသေးသဖြင့် အသံမကြားအောင်ခြေဖော့ဆင်းခဲ့ပါတယ်။ မီးဖိုထဲရောက်တော့ ကြွက်ထောင်ချောက်လေးကို အသာဆွဲယူလိုက်ပြီး အလင်းရောင်မှိန်မှိန်အောက်မှာကြည့်လိုက်တော့ ကြွက်စားထားတာမတွေ့ ပျော်သွားတာပေါ့။
နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရင်း မောင်းမဖြုတ်သေးတဲ့ ကြွက်ညှပ်မှ မြေပဲကို သတိမေ့ပြီး အလောတကြီးကိုင်လိုက်ပါတယ်။မြေပဲကိုထိတယ်ဆိုရင်ပဲ…
“ဖြန်း” ဆိုတဲ့ အသံနဲ့အတူ လက်မှာ သံညှပ်အတွင်း ညှပ်မိသွားပါတော့တယ်။ပါးစပ်ကလည်း “အား”ဆိုတဲ့ အသံထွက်သွားတာကြောင့် ဖေဖေနဲ့မေမေတို့နိူးလာပြီး…ဖေဖေက
“ဟိတ်ကောင်..ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲ”ဆိုပြီး ဆင်းပြေးလာကြပါတယ်။ လက်မှာ သံညှပ်တန်းလန်းနဲ့ ကျွန်တော်အဖြစ်ကို မြင်ပြီး မေမေက “ငါ့သားရယ် ကြွက်ထောင်ချောက်ကို ဘာသွားလုပ်တာလဲ” လို့မေးတာပေါ့။
ရှုံ့မဲ့နေတဲ့မျက်နှာနဲ့ “မြေပဲစားချင်လို့မေမေ” လို့ဖြေလိုက်ပါတယ်။
“ျဖြစ်ရလေ ငါ့သားရယ်။ငါ့သားစားချင် မေမေထပ်လှော်ပေးမှာပေါ့” ဟုပြောပြီး ကြွက်ထောင်ချောက်ကို ဖြုတ်ပေးရင်း…
“မင်း..ကွယ် ကြွက်ထောင်ချောက်ကနေ လာဖြုတ်ရတယ်လို့”ဟု ပြောပြီး ရယ်ပါတယ်။ကျွန်တော်မှာ မြေပဲတစ်တောင့် အတွက် နာကျင်လို့ မျက်ရည်ကျရင်း။
“အစားမတော်ရင် တစ်လုတ်”တဲ့စကားက ကျွန်တော်အဖြစ်က “အစားမတော် တစ်တောင့်လို့” သာ ပြောရပါတော့မယ်။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“အစားမေတာ္ တစ္ေတာင့္”
အင္း…ကိုယ့္ကိုယ္ကိုယ္ေျပာရတာေတာ့ သိပ္မေကာင္းလွဘူး။အစားအေသာက္နဲ႔ပတ္သက္လို႔ေျပာခ်င္တာပါ။ ကၽြန္ေတာ္ဆိုတဲ့ေကာင္က အစားအေသာက္နဲ႔ ပတ္သက္ရင္ ေျပာစမွတ္ေတြက အမ်ားသား။စားစရာလို႔ထင္ရင္ စားလိုက္ရမွ။
စားစရာျမင္ၿပီးမွ မစားလိုက္ရရင္ ေနမထိ မထိုင္သာျဖစ္ေနေရာပဲ။ “စားရတဲ့ကေလး ပိုငတ္တယ္” ဆိုတဲ့စကားက ကၽြန္ေတာ္ကိုမ်ားေျပာေနသလားလို႔ေတာင္ထင္ရတယ္။ကၽြန္ေတာ္ကလည္း ကၽြန္ေတာ္ပါပဲ။
အစားနဲ႔ပတ္သက္ရင္ ေျပာစရာေတြကိုျဖစ္ေနေရာပဲ။
ေျပာစရာတစ္ခုကေတာ့ ၾကာခဲ့ပါၿပီ။ေဖေဖမႏၱေလးကျပန္လာေတာ့ ေညာင္ပင္ဝန္းတံတားအဆင္းမွာ စားေသာက္ဆိုင္ေတြနဲ႔ ေဒသထြက္ ကုန္ပစၥည္းေတြ ေရာင္းတဲ့ဆိုင္ေတြရွိတယ္မို႔လား။အဲဒီကေန ခြံစိမ္းငွက္ေပ်ာဖီးေတြ ေဖေဖဝယ္ဝယ္လာတတ္တယ္။မိသားစုကမ်ားေတာ့ နဲနဲေနာေနာမဟုတ္ဘူး။ ေလးငါးဖီး။ဒါမွမဟုတ္ အခိုင္လိုက္ကို ဝယ္ခ်လာတတ္တယ္။
စားစရာပါလာတာ ျမင္ေနပါရက္နဲ႔ ေဖေဖ့အိတ္ကို ဖင္လွန္ေခါင္းလွန္ဖြင့္ရွာတတ္သည္က ကၽြန္ေတာ့္အက်င့္။ အဝတ္အစားေတြၾကားထဲ ျဖဴျဖဴအခဲေတြေတြ႔ေတာ့ ကၽြန္ေတာ္ယူမလို႔လုပ္တယ္။
ေဖေဖက “ဟဲ့ေကာင္ေလး…အဲဒါ..စားစရာမဟုတ္ဘူး…ေသတတ္တယ္ ဘာေအာက္ေမ့လို႔လဲ”လို႔ ဟန္႔တာေပါ့။ကၽြန္ေတာ္ သိပ္မေက်နပ္။စိတ္ထဲကေတာ့ ဖြက္ထားရင္လည္း ရွာစားမယ္ေပါ့။ဒီလိုနဲ႔ အဲဒီကိစၥထားလိုက္တာေပါ့။
ေနာက္ရက္က်မွ အိမ္အေပၚထပ္က ထပ္ခိုးမွာ တက္ရွာပါတယ္။ေတြ႔တာေပါ့။ထားစရာဒီနားပဲရွိတာကိုး။
စားမယ္လုပ္ေနတုန္း အေတြးေလးတစ္ခုက ကၽြန္ေတာ္မွာေပၚလာတယ္။ေဖေဖက အစားအေသာက္နဲ႔ ပတ္သက္ၿပီး တြန္႔တိုတတ္တဲ့သူမ်ိဳးမဟုတ္ဘူး။စားစရာမဟုတ္လို႔သာ မေကၽြးတာေနမွာပါလို႔ေတြးမိတယ္။ ျမင္ေနရတဲ့ပစၥည္းက စားခ်င္စရာ သၾကားခဲေလးလိုဆိုေတာ့ လ်က္ၾကည့္ရုံလ်က္ၾကည့္မယ္ဆိုၿပီး လ်က္လိုက္တယ္။
မီးခဲဟာ ေရနဲ႔ေတြ႔သလို လွ်ာမွာ ရွဲကနဲျဖစ္သြားတာေပါ့။ထပ္ခိုးကနဲ အျမန္ဆင္းေျပးၿပီး တံေတြးေတြကို အျမန္ေထြးရတာေပါ့။ေရေတြနဲ႔ ပလုတ္က်င္းရတာေပါ့။ေတာ္ေသးလို႔ေသေတာ့မလို႔။ဒီျဖစ္ရပ္ကို ကၽြန္ေတာ္ဘယ္သူ႔ကိုမွ မေျပာခဲ့ေတာ့။
ေနာက္တစ္ခုကေတာ့ အစားမေတာ္တစ္ေတာင့္ဆိုတဲ့ကိစၥ။
ကၽြန္ေတာ္တို႔ အညာမွာ အိမ္ဝင္ထဲက သစ္ပင္ေတြရဲ႕ေအာက္မွ ကြပ္ပစ္ေတြ လုပ္ထားတတ္တယ္။ အဲဒီကြပ္ပစ္ေတြမွာ အိပ္ခ်င္လည္းအိပ္တယ္။ အိမ္နီးနာခ်င္းေတြနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြလာရင္လည္း ဧည့္ခံစရာေနရာအျဖစ္ ထားၾကတယ္။
ကၽြန္ေတာ္တို႔အိမ္မွာလည္း ဗမာကုကၠိဳလို႔ေခၚတဲ့ စားကုကၠဳိပင္ႀကီးရွိပါတယ္။အဲဒီအပင္ႀကီးေခါင္းတယ္ၿပီး ကြပ္ပ်စ္လုပ္ထားတာေပါ့။
အိမ္မွာကြပ္ပ်စ္ရွိေတာ့ ညေန ေနဝင္ၿပီဆိုရင္ ဧည့္သည္ေတြ အလွ်ိဳလွ်ိဳေရာက္လာာကတယ္။ ေသာင္းေျပာင္း ေထြလာနဲ႔ ေရွးစကားေတြလည္း ေျပာၾကတာေပါ့။
ကၽြန္ေတာ္တို႔က ကေလးအရြယ္ဆိုေတာ့ လူႀကီးစကားေတြကို နားလည္လည္ မလည္လည္ နားေထာင္ရင္းနဲ႔ အိပ္ေပ်ာ္သြားၾကတဲ့အခါေတြလည္းရွိတာေပါ့။သရဲတေစၦအေၾကာင္းေတြပါရင္ မအိပ္ရဲဘူး။ ေၾကာက္စိတ္နဲ႔ နားေထာင္လို႔ေကာင္းေကာင္းနဲ႔ နားေထာင္ရတာေပါ့။
တစ္ရက္ ေဖေဖနဲ႔ဧည့္သည္ေတြ စကားေျပာေနတုန္း ေန႔ခင္းကေလွာ္ထားတဲ့ ေျမပဲေလွာ္ေတြကို ေမေမက လာခ်ေပးတယ္။ဧည့္သည္ေတြလည္း စကားေျပာရင္းေျမပဲစား။ကၽြန္ေတာ္ကလည္း လူႀကီးေတြၾကား ေျမပဲစားရင္း သူတို႔ေျပာတာနားေထာင္နဲ႔ ဇိမ္က်လို႔ေနပါတယ္။
ေျမပဲမွာ ပထမတစ္သုတ္ကုန္သြား၍ ဒုတိယအႀကိမ္ ထပ္ထည့္ေပးထားရာ ကုန္ခါနီးတြင္ ၾကြက္ေထာင္ဖို႔ ေမ႔ေနလို႔ဆိုၿပီး ေမေမက ေျမပဲတစ္ေတာင့္လာယူပါတယ္။ကၽြန္ေတာ္က စားေနတဲ့ထဲကယူသြား၍ မေက်မနပ္ၾကည့္မိေသးတယ္။
ကၽြန္ေတာ္ကြပ္ပ်စ္ေပၚကဆင္းၿပီး ေမေမေနာက္လိုက္သြားပါတယ္။ၾကြက္ေထာင္ေခ်ာက္ သံညွပ္တြင္ ေျမပဲကိုတပ္ၿပီး ဟင္းအုိးဟင္းခြက္တို႔ထားရာ မီးဖိုေဘးတြင္ေထာင္ထားခဲ့တာကို မွတ္ထားလိုက္ပါတယ္။
ထိုညက စကားဝိုင္းသိမ္းလို႔ အိပ္သည့္အခါ အိပ္မက္ထဲတြင္ ၾကြက္ေထာင္ေခ်ာက္တြင္ တပ္ထားသည့္ ေျမပဲကို အိပ္မက္မက္လိုက္ပါေသးတယ္။ၾကြက္ကေလးေရ မင္းမစားနဲ႔ေနာ္ဆိုၿပီး တားေနမိပါတယ္။
အဲဒီစိတ္ေၾကာင့္ပဲထင္ပါတယ္။ မနက္ေဝလီေဝလင္းမွာ အိပ္ရာကႏိုးခဲ့ပါတယ္။ေဖေဖတို႔မႏိုးေသးသျဖင့္ အသံမၾကားေအာင္ေျခေဖာ့ဆင္းခဲ့ပါတယ္။ မီးဖိုထဲေရာက္ေတာ့ ၾကြက္ေထာင္ေခ်ာက္ေလးကို အသာဆြဲယူလိုက္ၿပီး အလင္းေရာင္မွိန္မွိန္ေအာက္မွာၾကည့္လိုက္ေတာ့ ၾကြက္စားထားတာမေတြ႔ ေပ်ာ္သြားတာေပါ့။
ႏႈတ္ခမ္းကို လွ်ာျဖင့္သပ္လိုက္ရင္း ေမာင္းမျဖဳတ္ေသးတဲ့ ၾကြက္ညွပ္မွ ေျမပဲကို သတိေမ့ၿပီး အေလာတႀကီးကိုင္လိုက္ပါတယ္။ေျမပဲကိုထိတယ္ဆိုရင္ပဲ…
“ျဖန္း” ဆိုတဲ့ အသံနဲ႔အတူ လက္မွာ သံညွပ္အတြင္း ညွပ္မိသြားပါေတာ့တယ္။ပါးစပ္ကလည္း “အား”ဆိုတဲ့ အသံထြက္သြားတာေၾကာင့္ ေဖေဖနဲ႔ေမေမတို႔ႏိူးလာၿပီး…ေဖေဖက
“ဟိတ္ေကာင္..ဘာျဖစ္တာလဲ…ဘာျဖစ္တာလဲ”ဆိုၿပီး ဆင္းေျပးလာၾကပါတယ္။ လက္မွာ သံညွပ္တန္းလန္းနဲ႔ ကၽြန္ေတာ္အျဖစ္ကို ျမင္ၿပီး ေမေမက “ငါ့သားရယ္ ၾကြက္ေထာင္ေခ်ာက္ကို ဘာသြားလုပ္တာလဲ” လို႔ေမးတာေပါ့။
ရႈံ႕မဲ့ေနတဲ့မ်က္ႏွာနဲ႔ “ေျမပဲစားခ်င္လို႔ေမေမ” လို႔ေျဖလိုက္ပါတယ္။
“ေဩာ္ျဖစ္ရေလ ငါ့သားရယ္။ငါ့သားစားခ်င္ ေမေမထပ္ေလွာ္ေပးမွာေပါ့” ဟုေျပာၿပီး ၾကြက္ေထာင္ေခ်ာက္ကို ျဖဳတ္ေပးရင္း…
“မင္း..ကြယ္ ၾကြက္ေထာင္ေခ်ာက္ကေန လာျဖဳတ္ရတယ္လို႔”ဟု ေျပာၿပီး ရယ္ပါတယ္။ကၽြန္ေတာ္မွာ ေျမပဲတစ္ေတာင့္ အတြက္ နာက်င္လို႔ မ်က္ရည္က်ရင္း။
“အစားမေတာ္ရင္ တစ္လုတ္”တဲ့စကားက ကၽြန္ေတာ္အျဖစ္က “အစားမေတာ္ တစ္ေတာင့္လို႔” သာ ေျပာရပါေတာ့မယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com