တိုက်ခန်း ရောင်းသူ၊ ဝယ်သူတို့ကြား အခွန်ဆောင်ဖို့ကိစ္စ အငြင်းပွား

တိုက်ခန်း ရောင်းသူ၊ ဝယ်သူတို့ကြား အခွန်ဆောင်ဖို့ကိစ္စ အငြင်းပွား - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2023 3:47 pm တွင် တင်ခဲ့သည်
968 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လူကြီးသူမတွေပြောသလို နေ့မြင်ညပျောက် ဆိုတာ အခြားသူတွေအတွက် မှန်ချင်မှ မှန်မယ်။ ဒါပေမဲ့ ရှေ့နေလောကအတွက်တော့ သွေးထွက်အောင်မှန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူများအပူ ကိုယ့်အပူလုပ် ရတဲ့သူတွေလေ။ တရားခွင်ရောက်ပြီဆိုတာနဲ့ သက်သေတွေရဲ့ ဝေ့လည်ကြောင်ပတ်ထွက်ဆိုချက်… နဲ့ ပတ်သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ဥပဒေနဲ့ မညီတဲ့အကြောင်း အပြန်အလှန်လျှောက်လဲချက်ပေးကြ။ အာဘောင်အာရင်းသန်သန်နဲ့ စစ်ကြပေးကြရတယ်ဆိုတာလွယ်တဲ့ ကိစ္စမဟုတ်ဘူးလေ။

နှလုံးရောဂါအဖြစ်အများဆုံး လူတွေကို ညွန်ပြပါလို့ဆရာဝန်တွေကို မေးရင် ရှေ့နေတွေကို ထိပ်ဆုံး မှာထားပြီး လက်ညှိးထိုးပြလိမ့်မယ်ထင်တယ်။ အဲ့ဒီရှေ့နေတွေထဲမှာ မောင်ကောင်းဖေ တစ်ယောက်လည်းအပါအဝင်ပေါ့ မကြာသေးခင်က အိမ်ခြံမြေဝယ်ရောင်းမိတ်ဆွေတစ်ဦးရဲ့ လမ်းညွန်မှုနဲ့ မောင်ကောင်းဖေ ထံကို တိုက်ခန်းအပြီးအရောင်းအဝယ်စာချုပ်လိုတဲ့ အမျိုးသမီးတစ်ဦး ရောက်လာပါတယ်။

 

စရန်ငွေပေးကတည်းက ရှေ့နေလိုတာပဲ

ထိုအမျိုးသမီးမှာ ငှာနဆိုင်ရာတစ်ခုမှာ အငြိမ်းစားအရာရှိ တစ်ဦးဖြစ်နေတယ်။ ဝန်ထမ်းဘဝတစ်ေ ုလျှာက်လုံး အစိုးရပေးတဲ့တိုက်ခန်းမှာပဲ နေလာခဲ့သူဆိုတော့ ယနေ့ခေတ်ကန်ထရိုက်တိုက်ခန်း အရောင်းအဝယ်သဘောတရားတွေနဲ့ သိပ်ပြီး မရင်းနှီးဘူးဖြစ်နေတယ်။ ဒါနဲ့ မိမိရဲ့ ဘဝတစ်သက်တာ စုဆောင်းထားတဲ့ ငွေနဲ့ ပင်စင်ယူစဉ်က ရလာခဲ့တဲ့ ငွေတွေကို စုပေါင်းပြီး တာမွေမြို့နယ် မှာ သိန်း (၃၀၀) တန် တတိယထပ်တိုက်ခန်းတစ်ခု ဝယ်ယူ ဖို့ ဆုံးဖြတ်ပြီး စရန်ငွေ သိန်းငါးဆယ် လောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခန်းရောင်းခွန်/ဝယ်ခွန်မဆောင်ကြသေးတဲ့ကာလ

 

စရန်ငွေချပြီးတဲ့နောက်မှာ မိမိအမည်ပေါက်ဖြစ်အောင် ဝယ်ခွန်ဘယ်လောက်ဆောင်ရမယ် ရောင်းသူကရော ဘယ်လောက်ဆောင်ရမလဲ ဆိုတာ သိချင်တာနဲ့ ရန်ကုန်တိုင်းအခွန်ဦးစီးဌာန ၊ ကာလတန်ဖိုး စီစစ်သတ်မှတ်ရေး အဖွဲ့ထံ သွားမေးကြည့်ကြတယ်။ တကယ်အခွန်ဆောင်မယ်ဆိုရင် ၂၀၂၂ -၂၀၂၃ ဘဏ္ဍရေး နှစ်အတွက် တာမွေမြို့နယ် လူနေတိုက်ခန်း ရောင်း/ဝယ် ခြင်းအပေါ် အခွန်စည်းကြပ်နှုန်းကတော့ တာမွေမြို့နယ် အတွင်းမှာတောင် လမ်း ၊ လမ်းကျယ်သတ်မှတ်ပြီး အခွန်ဆောင်ရတယ်။ ဥပမာ- တတိယထပ်ဆိုရင် လမ်းတွင်းမှာ ၁ စတုရန်းပေ (၂၂၅၀၀) ကျပ်၊ လမ်းကျယ်ဆိုရင် (၂၆၀၀၀) ကျပ်/ လမ်းမဆိုရင် (၂၈၀၀၀) ကျပ် ဆောင်ရတယ်ဆိုတာ သိတာနဲ့ အခွန်ဆောင်ဖို့ လက်တွန့်သွားတယ်လေ။

ဒါဆိုရင် ရောင်းသူကရော ဘယ်လောက်ဆောင်ရမှာလဲ မေးကြည့်တော့ တိုက်ခန်းတန်ဖိုးရဲ့ ၁၀% ရာခိုင်နှုန်းဆောင်ရမတဲ့။ အို.. ဒါဆို ရောင်းသူရော ဝယ်သူရော မချောင်ပါလား ဆိုတာ သိသွားတယ်လေ။ ဒါပေမဲ့လည်း လက်ရှိအနေအထား အထိတော့ အတင်းအကြပ်အခွန်ကောက်ခံတာမရှိသေးဘူး။ ဒါကြောင့် မဆောင်ချင်လည်း နေလို့ရသေးတယ်လို့ သိရတော့ “ အလို…. တော်ပါသေးရဲ့ ” လို့ သက်ပြင်ချနိုင်တော့တာပေါ့။

အဲ့….. ခက်တာတစ်ခုက ဒီနေ့အထိ ပုဂ္ဂလိကတိုက်ခန်းအရောင်းအဝယ်လုပ်နေကြတဲ့ သူအတော်များများဟာ အခွန်မဆောင်ကြသေးပဲ တိုက်ခန်းအရောင်းအဝယ် လုပ်ရင် မြေရှင်အသိအမှတ်ပြုခ အဖြစ်အရောင်း တန်ဖိုးရဲ့ (၁%) (၂%) ရာခိုင်နှုန်းပေးပြီး လက်လွှဲလက်ပြောင်းလုပ်နေကြတာကို တွေ့ရတယ်။

 

အခွန်ကိစ္စငြင်းခုံကြလို့ ဒေါသအမျက်ထွက်ကြတယ်

ဒီတော့လည်း သူတို့လိုပဲ အများ မိုးခါးရေ သောက်ရင် ကိုယ်လည်း သောက်ရမှာပေါ့။ အင်း… ဒါပေမဲ့ တိုက်ခန်းရောင်းသူ ဦးလူဇော် နဲ့ အခွန်မဆောင်ပဲ အခွန်ရှောင်ကြဖို့ ဇာတ်တိုက်ထားချင်ပေမဲ့ ဟိုတနေ့က နှစ်ဦးသားတွေ့ဆုံခဲ့စဉ် နှစ်ဦးနှစ်ဖက် အခွန်ဆောင်ရမဲ့ ကိစ္စကို အခုလို မလေ့လာမိခဲ့လို့ အခွန်ဆောင်စရာ မလိုဘူး/လိုတယ် ငြင်းခုံကြလို့ ဒေါသတွေပေါက်ကွဲကာ ရောင်းသူနှင့်ဝယ်သူတို့ အချင်းများပြီး တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ချင်လောက်အောင်ဖြစ်ကုန်ကြသတဲ့။

 

နှလုံးသား ငှါး၍ခံစားစေချင်သူ

ဒါကြောင့်တိုက်ခန်းအပြီးအပိုင် စာချုပ်တဲ့နေ့ကျရင် ဝယ်သူရှေ့နေအဖြစ်ဆောင်ရွက်ပေးဖို့ ကျွန်တော်ကို အလုပ်လာအပ်ပါတယ်။ ရောင်းသူဘက်လည်း အားကျမခံရှေ့နေ ငှါးလာမယ်ဆိုပဲ……. အမယ်လေး …ဒီလိုဆိုရင်တော့ စာချုပ်ပေါ်က အချက်အလက်တွေကြည့်ပြီး ဟို…. အချက်ဖြုတ်ပေးပါ၊ ဒီအချက်ထည့်ပေးပါ…. စသည်ဖြင့် ရောင်းသူနဲ့ဝယ်သူကြားမှာ ဥပဒေ စကားတွေနဲ့ ငြင်းခုံကြရဦးမယ်ထင်ပါရဲ့လို့ မောင်ကောင်းဖေ တွေးပြီး စိတ်ပူနေမိပါတယ်။ ဒီလို ရောင်းသူ ဝယ်သူ အစာမကြေဖြစ်ကြရင်ဖြင့် နှစ်ဘက်ရှေ့နေတွေ့မှာ နှလုံးရောဂါရဖို့ မြန်လေပဲ။

 

ပထမဆုံးဝယ်သူဖြစ်လို့ First Owner လို့ခေါ်ကြတယ်

ဒါနဲ့ အရောင်းအဝယ်စာချုပ်နေ့ရောက်တဲ့အခါ တိုက်ခန်းအရောင်းအဝယ်စာချုပ်ကို အပိုအလိုမရှိ ပြည့်ပြည့်စုံစုံ ရေးပြီး ယူသွားရတာပေါ့။ ရောင်းမယ့် တိုက်ခန်း ရောက်တာနဲ့ ရောင်းသူဘက်ကလည်ဒ အဆင်သင့်ကြိုဆိုနေပါတယ်။ ရောင်းသူကပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေကို ပြပါတယ်။ ရောင်းတဲ့တိုက်ခန်းက ကန်ထရိုက်တာထံက တိုက်ရိုက်ဝယ်ထားသူဖြစ်တော့ First Owner (ပထမဆုံး ပိုင်ရှင်)ပေါ့။

 

အကယ်၍နောက်ကြောင်းပြန်လိုက်ခဲ့ရင် တာဝန်ကျေအခွန်ဆောင်ပါ

ဒီတော့လည်း စာချုပ် အဆက်အစပ် မများဘူး ဝယ်သူအတွက်ရှင်းပါတယ်။ ရောင်းသူပြတဲ့ အထဲမှာ မြေရှင်နဲ့ကန်ထရိုက်တာတို့ချုပ်ဆိုထားတဲ့ အခန်းပေး အခန်းယူစာချုပ်နဲ့ BCC လူနေထိုင်ခွင့်လက်မှတ်မိတ္တူ တွေလည်း ပြည့်စုံတာမို့ တ်ိုက်ခန်းအရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးကြဖို့စာချုပ်ကို ဖတ်ကြည့်ခိုင်းပါတယ်။ စာချုပ်ထဲမှာ အကယ်၍ အခွန်ဦးစီးဌာနက ရောင်းခွန်ဝယ်ခွန်တောင်းခံလာခဲ့ရင်ပေးကြရမယ်ဆိုတဲ့ အချက်ကိုတော့ ရောင်းသူကသဘောမကျပါဘူး။ အခုမဟုတ်ပါဘူး နောင်တစ်ချိန်မှာ အခွန်လိုက်လာခဲ့ရင် လို့ ရှင်းပြရသေးတယ်။

ဒီကျတော့မှ သဘောတူသွားပြီး အရောင်းအဝယ်စာချုပ်မှာ နှစ်ဘက်သဘောတူလက်မှတ်ရေး ထိုးဖြစ်ကြတယ်။ ဒီအချက်တွေဟာ ဥပဒေနှင့်ညီလို့ အခွန်တောင်းခဲ့ရင်ပေးရမှာဖြစ်တဲ့အကြောင်း သူ့ရှေ့နေကသူ့ရဲ့ ရောင်းသူကို ထပ်ရှင်းပြပေးတော့ မှ ပိုပြီး အဆင်ပြေသွားတာပေါ့။ အင်း…..တော်ပါသေးရဲ့ ရောင်းသူ ဝယ်သူတို့ရဲ့ နှစ်ဘက်ရှေ့နေတွေကလည်း အသိအကျွမ်းတွေဖြစ်နေတော့ အားလုံးအဆင်ပြေသွားကြပါတယ်။

ထုံးစံအတိုင်းမြေရှင်ကအသိအမှတ်ပြုလက်မှတ်ထိုးပေးလို့ ၁% ရာခိုင်နှုန်း နဲ့ သတ်မှတ်ပြီး (၂)သိန်းကို ရောင်းသူ မြေရှင်ကို ပေးလိုက်တယ်။ ရောင်းသူ ဝယ်သူတွေလည်း ဥပဒေနားလည်သူတွေပါတော့ ကြိုတင် မှန်းဆထားသလို မဖြစ်တော့ဘဲ အားလုံးအဆင်ပြေသွားကြပါတယ်။ ဝယ်သူက ဘဏ်မှာလိုက်ပြီး ငွေပေးချေတယ်၊ ရောင်းသူက လည်း တိုက်ခန်းနဲ့ ပိုင်ဆိုင်တဲ့စာရွက်စာတမ်းတွေ လက်ရောက်ပေးအပ်သွားပါတော့တယ်။ ဒါကြောင့် မောင်ကောင်းဖေ လည်း ဟတ်ထိ မဲ့ဘေးက လွတ်မြောက်သွားပါတော့တယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

တိုက္ခန္း ေရာင္းသူ၊ ဝယ္သူတို႔ၾကား အခြန္ေဆာင္ဖို႔ကိစၥ အျငင္းပြား

လူၾကီးသူမေတြေျပာသလို ေန႕ျမင္ညေပ်ာက္ ဆိုတာ အျခားသူေတြအတြက္ မွန္ခ်င္မွ မွန္မယ္။ ဒါေပမဲ့ ေရွ႕ေနေလာကအတြက္ေတာ့ ေသြးထြက္ေအာင္မွန္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ သူမ်ားအပူ ကိုယ့္အပူလုပ္ ရတဲ့သူေတြေလ။ တရားခြင္ေရာက္ျပီဆိုတာနဲ႕ သက္ေသေတြရဲ႕ ေဝ့လည္ေၾကာင္ပတ္ထြက္ဆိုခ်က္… နဲ႕ ပတ္သက္ျပီး တစ္ဖက္နဲ႕တစ္ဖက္ ဥပေဒနဲ႕ မညီတဲ့အေၾကာင္း အျပန္အလွန္ေလွ်ာက္လဲခ်က္ေပးၾက။ အာေဘာင္အာရင္းသန္သန္နဲ႕ စစ္ၾကေပးၾကရတယ္ဆိုတာလြယ္တဲ့ ကိစၥမဟုတ္ဘူးေလ။

နွလံုးေရာဂါအျဖစ္အမ်ားဆံုး လူေတြကို ညြန္ျပပါလို႕ဆရာဝန္ေတြကို ေမးရင္ ေရွ႕ေနေတြကို ထိပ္ဆံုး မွာထားျပီး လက္ညွိးထိုးျပလိမ့္မယ္ထင္တယ္။ အဲ့ဒီေရွ႕ေနေတြထဲမွာ ေမာင္ေကာင္းေဖ တစ္ေယာက္လည္းအပါအဝင္ေပါ့ မၾကာေသးခင္က အိမ္ျခံေျမဝယ္ေရာင္းမိတ္ေဆြတစ္ဦးရဲ႕ လမ္းညြန္မႈနဲ႕ ေမာင္ေကာင္းေဖ ထံကို တိုက္ခန္းအျပီးအေရာင္းအဝယ္စာခ်ဳပ္လိုတဲ့ အမ်ိဳးသမီးတစ္ဦး ေရာက္လာပါတယ္။

စရန္ေငြေပးကတည္းက ေရွ႕ေနလိုတာပဲ

ထိုအမ်ိဳးသမီးမွာ ငွာနဆိုင္ရာတစ္ခုမွာ အျငိမ္းစားအရာရွိ တစ္ဦးျဖစ္ေနတယ္။ ဝန္ထမ္းဘဝတစ္ေ ုလွ်ာက္လံုး အစိုးရေပးတဲ့တိုက္ခန္းမွာပဲ ေနလာခဲ့သူဆိုေတာ့ ယေန႕ေခတ္ကန္ထရိုက္တိုက္ခန္း အေရာင္းအဝယ္သေဘာတရားေတြနဲ႕ သိပ္ျပီး မရင္းနွီးဘူးျဖစ္ေနတယ္။ ဒါနဲ႕ မိမိရဲ႕ ဘဝတစ္သက္တာ စုေဆာင္းထားတဲ့ ေငြနဲ႕ ပင္စင္ယူစဥ္က ရလာခဲ့တဲ့ ေငြေတြကို စုေပါင္းျပီး တာေမြျမိဳ႕နယ္ မွာ သိန္း (၃၀၀) တန္ တတိယထပ္တိုက္ခန္းတစ္ခု ဝယ္ယူ ဖို႕ ဆံုးျဖတ္ျပီး စရန္ေငြ သိန္းငါးဆယ္ ေလာက္ေပးခဲ့တယ္လို႕ ဆိုပါတယ္။

တိုက္ခန္းေရာင္းခြန္/ဝယ္ခြန္မေဆာင္ၾကေသးတဲ့ကာလ

 

စရန္ေငြခ်ျပီးတဲ့ေနာက္မွာ မိမိအမည္ေပါက္ျဖစ္ေအာင္ ဝယ္ခြန္ဘယ္ေလာက္ေဆာင္ရမယ္ ေရာင္းသူကေရာ ဘယ္ေလာက္ေဆာင္ရမလဲ ဆိုတာ သိခ်င္တာနဲ႕ ရန္ကုန္တိုင္းအခြန္ဦးစီးဌာန ၊ ကာလတန္ဖိုး စီစစ္သတ္မွတ္ေရး အဖြဲ႕ထံ သြားေမးၾကည့္ၾကတယ္။ တကယ္အခြန္ေဆာင္မယ္ဆိုရင္ ၂၀၂၂ -၂၀၂၃ ဘ႑ေရး နွစ္အတြက္ တာေမြျမိဳ႕နယ္ လူေနတိုက္ခန္း ေရာင္း/ဝယ္ ျခင္းအေပၚ အခြန္စည္းၾကပ္နႈန္းကေတာ့ တာေမြျမိဳ႕နယ္ အတြင္းမွာေတာင္ လမ္း ၊ လမ္းက်ယ္သတ္မွတ္ျပီး အခြန္ေဆာင္ရတယ္။ ဥပမာ- တတိယထပ္ဆိုရင္ လမ္းတြင္းမွာ ၁ စတုရန္းေပ (၂၂၅၀၀) က်ပ္၊ လမ္းက်ယ္ဆိုရင္ (၂၆၀၀၀) က်ပ္/ လမ္းမဆိုရင္ (၂၈၀၀၀) က်ပ္ ေဆာင္ရတယ္ဆိုတာ သိတာနဲ႕ အခြန္ေဆာင္ဖို႕ လက္တြန္႕သြားတယ္ေလ။

ဒါဆိုရင္ ေရာင္းသူကေရာ ဘယ္ေလာက္ေဆာင္ရမွာလဲ ေမးၾကည့္ေတာ့ တိုက္ခန္းတန္ဖိုးရဲ႕ ၁၀% ရာခိုင္ႏႈန္းေဆာင္ရမတဲ့။ အို.. ဒါဆို ေရာင္းသူေရာ ဝယ္သူေရာ မေခ်ာင္ပါလား ဆုိတာ သိသြားတယ္ေလ။ ဒါေပမဲ့လည္း လက္ရွိအေနအထား အထိေတာ့ အတင္းအၾကပ္အခြန္ေကာက္ခံတာမရွိေသးဘူး။ ဒါေၾကာင့္ မေဆာင္ခ်င္လည္း ေနလို႕ရေသးတယ္လို႕ သိရေတာ့ “ အလို…. ေတာ္ပါေသးရဲ႕ ” လို႕ သက္ျပင္ခ်ႏိုင္ေတာ့တာေပါ့။

အဲ့….. ခက္တာတစ္ခုက ဒီေန႕အထိ ပုဂၢလိကတိုက္ခန္းအေရာင္းအဝယ္လုပ္ေနၾကတဲ့ သူအေတာ္မ်ားမ်ားဟာ အခြန္မေဆာင္ၾကေသးပဲ တိုက္ခန္းအေရာင္းအဝယ္ လုပ္ရင္ ေျမရွင္အသိအမွတ္ျပဳခ အျဖစ္အေရာင္း တန္ဖိုးရဲ႕ (၁%) (၂%) ရာခိုင္ႏႈန္းေပးျပီး လက္လႊဲလက္ေျပာင္းလုပ္ေနၾကတာကို ေတြ႕ရတယ္။

အခြန္ကိစၥျငင္းခံုၾကလို႕ ေဒါသအမ်က္ထြက္ၾကတယ္

ဒီေတာ့လည္း သူတို႕လိုပဲ အမ်ား မိုးခါးေရ ေသာက္ရင္ ကိုယ္လည္း ေသာက္ရမွာေပါ့။ အင္း… ဒါေပမဲ့ တိုက္ခန္းေရာင္းသူ ဦးလူေဇာ္ နဲ႕ အခြန္မေဆာင္ပဲ အခြန္ေရွာင္ၾကဖို႕ ဇာတ္တိုက္ထားခ်င္ေပမဲ့ ဟိုတေန႕က နွစ္ဦးသားေတြ႕ဆံုခဲ့စဥ္ နွစ္ဦးနွစ္ဖက္ အခြန္ေဆာင္ရမဲ့ ကိစၥကို အခုလို မေလ့လာမိခဲ့လို႕ အခြန္ေဆာင္စရာ မလိုဘူး/လိုတယ္ ျငင္းခံုၾကလို႕ ေဒါသေတြေပါက္ကြဲကာ ေရာင္းသူနွင့္ဝယ္သူတို႕ အခ်င္းမ်ားျပီး တစ္ေယာက္မ်က္နွာ တစ္ေယာက္ မၾကည့္ခ်င္ေလာက္ေအာင္ျဖစ္ကုန္ၾကသတဲ့။

 

နွလံုးသား ငွါး၍ခံစားေစခ်င္သူ

ဒါေၾကာင့္တိုက္ခန္းအျပီးအပိုင္ စာခ်ဳပ္တဲ့ေန႕က်ရင္ ဝယ္သူေရွ႕ေနအျဖစ္ေဆာင္ရြက္ေပးဖို႕ ကၽြန္ေတာ္ကို အလုပ္လာအပ္ပါတယ္။ ေရာင္းသူဘက္လည္း အားက်မခံေရွ႕ေန ငွါးလာမယ္ဆိုပဲ……. အမယ္ေလး …ဒီလိုဆိုရင္ေတာ့ စာခ်ဳပ္ေပၚက အခ်က္အလက္ေတြၾကည့္ျပီး ဟို…. အခ်က္ျဖဳတ္ေပးပါ၊ ဒီအခ်က္ထည့္ေပးပါ…. စသည္ျဖင့္ ေရာင္းသူနဲ႕ဝယ္သူၾကားမွာ ဥပေဒ စကားေတြနဲ႕ ျငင္းခံုၾကရဦးမယ္ထင္ပါရဲ႕လို႕ ေမာင္ေကာင္းေဖ ေတြးျပီး စိတ္ပူေနမိပါတယ္။ ဒီလို ေရာင္းသူ ဝယ္သူ အစာမေၾကျဖစ္ၾကရင္ျဖင့္ နွစ္ဘက္ေရွ႕ေနေတြ႕မွာ နွလံုးေရာဂါရဖို႕ ျမန္ေလပဲ။

 

ပထမဆံုးဝယ္သူျဖစ္လို႕ First Owner လို႕ေခၚၾကတယ္

ဒါနဲ႕ အေရာင္းအဝယ္စာခ်ဳပ္ေန႕ေရာက္တဲ့အခါ တိုက္ခန္းအေရာင္းအဝယ္စာခ်ဳပ္ကို အပိုအလိုမရွိ ျပည့္ျပည့္စံုစံု ေရးျပီး ယူသြားရတာေပါ့။ ေရာင္းမယ့္ တိုက္ခန္း ေရာက္တာနဲ႕ ေရာင္းသူဘက္ကလည္ဒ အဆင္သင့္ၾကိဳဆိုေနပါတယ္။ ေရာင္းသူကပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္းေတြကို ျပပါတယ္။ ေရာင္းတဲ့တိုက္ခန္းက ကန္ထရိုက္တာထံက တိုက္ရုိက္ဝယ္ထားသူျဖစ္ေတာ့ First Owner (ပထမဆံုး ပိုင္ရွင္)ေပါ့။

 

အကယ္၍ေနာက္ေၾကာင္းျပန္လိုက္ခဲ့ရင္ တာဝန္ေက်အခြန္ေဆာင္ပါ

ဒီေတာ့လည္း စာခ်ဳပ္ အဆက္အစပ္ မမ်ားဘူး ဝယ္သူအတြက္ရွင္းပါတယ္။ ေရာင္းသူျပတဲ့ အထဲမွာ ေျမရွင္နဲ႕ကန္ထရုိက္တာတို႕ခ်ဳပ္ဆိုထားတဲ့ အခန္းေပး အခန္းယူစာခ်ဳပ္နဲ႕ BCC လူေနထိုင္ခြင့္လက္မွတ္မိတၱဴ ေတြလည္း ျပည့္စံုတာမို႕ တို္က္ခန္းအေရာင္းအဝယ္စာခ်ဳပ္မွာ လက္မွတ္ထိုးၾကဖို႕စာခ်ဳပ္ကို ဖတ္ၾကည့္ခိုင္းပါတယ္။ စာခ်ဳပ္ထဲမွာ အကယ္၍ အခြန္ဦးစီးဌာနက ေရာင္းခြန္ဝယ္ခြန္ေတာင္းခံလာခဲ့ရင္ေပးၾကရမယ္ဆိုတဲ့ အခ်က္ကိုေတာ့ ေရာင္းသူကသေဘာမက်ပါဘူး။ အခုမဟုတ္ပါဘူး ေနာင္တစ္ခ်ိန္မွာ အခြန္လိုက္လာခဲ့ရင္ လို႕ ရွင္းျပရေသးတယ္။

ဒီက်ေတာ့မွ သေဘာတူသြားျပီး အေရာင္းအဝယ္စာခ်ဳပ္မွာ နွစ္ဘက္သေဘာတူလက္မွတ္ေရး ထိုးျဖစ္ၾကတယ္။ ဒီအခ်က္ေတြဟာ ဥပေဒနွင့္ညီလို႕ အခြန္ေတာင္းခဲ့ရင္ေပးရမွာျဖစ္တဲ့အေၾကာင္း သူ႕ေရွ႕ေနကသူ႕ရဲ႕ ေရာင္းသူကို ထပ္ရွင္းျပေပးေတာ့ မွ ပိုျပီး အဆင္ေျပသြားတာေပါ့။ အင္း…..ေတာ္ပါေသးရဲ႕ ေရာင္းသူ ဝယ္သူတို႕ရဲ႕ နွစ္ဘက္ေရွ႕ေနေတြကလည္း အသိအကၽြမ္းေတြျဖစ္ေနေတာ့ အားလံုးအဆင္ေျပသြားၾကပါတယ္။

ထံုးစံအတိုင္းေျမရွင္ကအသိအမွတ္ျပဳလက္မွတ္ထိုးေပးလို႕ ၁% ရာခိုင္နႈန္း နဲ႔ သတ္မွတ္ျပီး (၂)သိန္းကို ေရာင္းသူ ေျမရွင္ကို ေပးလိုက္တယ္။ ေရာင္းသူ ဝယ္သူေတြလည္း ဥပေဒနားလည္သူေတြပါေတာ့ ၾကိဳတင္ မွန္းဆထားသလို မျဖစ္ေတာ့ဘဲ အားလံုးအဆင္ေျပသြားၾကပါတယ္။ ဝယ္သူက ဘဏ္မွာလိုက္ျပီး ေငြေပးေခ်တယ္၊ ေရာင္းသူက လည္း တိုက္ခန္းနဲ႕ ပိုင္ဆိုင္တဲ့စာရြက္စာတမ္းေတြ လက္ေရာက္ေပးအပ္သြားပါေတာ့တယ္။ ဒါေၾကာင့္ ေမာင္ေကာင္းေဖ လည္း ဟတ္ထိ မဲ့ေဘးက လြတ္ေျမာက္သြားပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service