“လွတ်လပ်ခြင်းဖြင့် ရှင်သန်ပါစေ”

“လွတ်လပ်ခြင်းဖြင့် ရှင်သန်ပါစေ” - Property Knowledge in Myanmar from iMyanmarHouse.com
24 Feb 2023 1:34 pm တွင် တင်ခဲ့သည်
611 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သမီးလေးလေးမွေးတော့ ကိုယ်လက်အင်္ဂါစုံလင်စွာနှင့် မွေးဖွားခဲ့သည်။ မိမိငယ်စဉ်က စိတ်တွင်ဖြစ်ခဲ့ရသလိုမျိုး သမီးကို မဖြစ်ရစေအောင်ထားမည်ဟု စိတ်မှာ ဆုံးဖြတ်လိုက်သည်။အကြောက်အရွံ့ကင်းစေရမည်။

ကျွန်တော်ငယ်စဉ်က သိမ်ငယ်စိတ်တွေရှိခဲ့သည်။မိဘများအား အပြစ်ပြောခြင်းမဟုတ်ပါ။ရိုကျိုး၊အပိုးကျိုးအောင် လုပ်ခဲ့ခြင်းများသည် လူတောမတိုးရဲသည့် အခြေအနေထိဖြစ်သွားခဲ့သည်။

ရဲဝံ့ခြင်းတို့အားနည်းသွားသည်။ တစ်ခုခုကို ဆုံးဖြတ်ရမည်ဆိုလျှင် တွေဝေတွန့်ဆုတ်ခြင်းများနှင့် ရှေ့ကိုမရောက်တော့ပေ။

ဘယ်လောက်အထိဆိုးလဲဆိုလျှင် မှန်တံခါးတွန်းဖွင့်ပြီးဝင်ရမည့် ဈေးဆိုင်မျိုးဆိုလျှင် မဝင်ရဲသဖြင့် ကျွန်တော်ရှောင်ခဲ့သည်။ အခြားသော ကုန်စုံဆိုင်တို့ဆီသာ ပြေးဝယ်တတ်၏။

အလုပ်တစ်ခုခု လျှောက်ဖို့သွားလျှင် ရုံးခန်းဆိုသည်များက မှန်တံခါးတို့ဖြင့်ပိတ်ထားသည်ကများသည်။ အပေါင်းအဖော်မပါလျှင် မဝင်ရဲသည့်ကျွန်တော် မနည်းအားခဲပြီး ဝင်ခဲ့ရသည်ကများသည်။စိတ်တွင် ပေါ့ပေါ့ပါးပါးမရှိခဲ့။

ကိုယ်ကပြောတာဆိုတာထက် သူများပြောတာဆိုတာကိုသာ နားထောင်တတ်၏။ကြောက်စိတ်တို့က ရှေ့ကဆီးခံထားပြီး မလုပ်ဝံ့ မကိုင်ဝံ့၊မပြောဝံ့မဆိုဝံ့ ဖြစ်တာတွေ များလှသည်။လူစုစုထဲ သိပ်ပြီးမဝင်ချင်၊ မရောချင်။

တစ်ခါတစ်ရံ သိထားမှတ်ထားသည်တို့ပင် ကြောက်စိတ်၊ သိမ်ငယ်စိတ်ကြောင့် အစပျောက်ရသည်အထိ မေ့ကုန်တတ်သည်။

မေးရမည်ကိုလည်း ရှက်ဝံ့နေတတ်ပြီး၊ဖြေရမည်ကိုလည်း တွန့်ဆုတ်နေတတ်သည်။

ကျောင်းမှာဆိုလျှင်လည်း နောက်ဆုံးခုံမှာထိုင်တာများပြီး ဆရာ ဆရာမများနှင့် ခပ်ဝေးဝေးမှာသာ အနေများသည်။ချုပ်ချယ်ခြင်းကို မကြိုက်သော်လည်း ထိုချုပ်ချယ်ခြင်းဖြင့် အသားကျ ကြီးပြင်းခဲ့ရသည်။

တရား လွန်သော ဆိုဆုံးမခြင်း ခံခဲ့ရမှုတို့က အလိုလိုကြောက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ ကိုယ့်ခြေထောက်နှင့် လျှောက်နေပါသော်လည်း ကိုယ့်ဦးတည်ချက်နှင့်မဟုတ်သလို ခံစားနေရသည်။

ရပ်ဝေးက ဆွေမျိုးတွေလာလျှင် ပျော်သည်။ဧည့်သည်လာလျှင် ပျော်သည်။သူတို့နှင့် စကားပြောချင်သည်။လူကြီးများ စကားဝိုင်းဖွဲ့ပြောနေသည့်အချိန် ဝင်ရောက်ပြောဆိုလျှင် သူတို့ စကားဝိုင်း စကားကြောပျက်တတ်သဖြင့် အရိုက်ခံရတတ်သည်။

ငယ်စဉ်က အကြောင်းတရားများက ကျွန်တော့် ဘဝဖြတ်သန်းမှုတွင် ကောင်းသည့်အထောက်အပံ့များရှိသလို မကောင်းသည့် အချက်များလည်း ရှိခဲ့ပေသည်။

ကျွန်တော်ကဲ့သို့ခံစားချက်မျိုး သမီးတွင် မခံစားစေချင်။ထို့ကြောင့် အတတ်နိုင်ဆုံး မကြောက်မရွံ့ သွားရဲလာရဲ၊ ပြောရဲဆိုရဲဖြစ်စေချင်သည်။မချုပ်မချယ်ဘဲထားသည်။သို့ပါသော်လည်း….

ကျွန်တော်တို့ ငယ်ဘဝဖြစ်စဉ်က မကောင်းသော စိတ်ခံစားချက်မျိုး သမီးတွင် မဖြစ်ရအောင် သတိထား နေပါလျက် ကိုယ့်စိတ်နှင့် အလိုမကျတိုင်း ကလေးကို ပြောမိဆိုမိ၊ ဆူမိငေါက်မိ၊ရိုက်မိ အပြုအမူတို့ကို လုပ်နေမိတတ်သည်။ ကလေးနှင့်မသင့်သည့် စကားများကိုလည်းပြောမိတတ်သည်။

လူကြီးတွေ စကားကောင်းနေတုန်း ဝင်ရှုပ်လျှင် ရိုက်မိသည်။ဆော့စရာပစ္စည်းများကို ရှုပ်ပွအောင်ဆော့ပြီး မသိမ်းလျှင် ဆူပြောရိုက် လုပ်လုပ်နေမိသည်။

ပုံပြင်တို့၊ ကဗျာတို့ ရွတ်ဆိုဖတ်ပြခိုင်လျှင် မဖတ်ပြဘဲ ကိုယ်လုပ်ချင်တာ လုပ်နေမိခြင်းမျိုးတွေနှင့် သမီးကို ဂရုမစိုက်ဘဲ လုပ်နေမိတတ်သည်။တကယ်တော့ ကလေးကမဆိုးဘဲ လူကြီးက မသိကျိုးကျွန်လုပ်နေမိတတ် သဖြင့် ကလေးက အော်ဟစ်တောင်းဆိုလာသည်။ ကလေးဆိုသည်က သူလိုချင်တာ ပူဆာပေမည်။

လွတ်လပ်မှုများနှင့် ကျွန်တော်ရှင်သန်ချင်ခဲ့သလို သမီးကိုလည်း သူလိုချင်တာ လိုက်လျောပေးလို့ လွတ်လပ်မှုများနှင့် ရှင်သန်ခွင့်ရအောင် ကျွန်တော်သတိထားကာ လုပ်ဆောင်ပေးရပါလိမ့်ဦးမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“လြတ္လပ္ျခင္းျဖင့္ ရွင္သန္ပါေစ”

သမီးေလးေလးေမြးေတာ့ ကိုယ္လက္အဂၤါစုံလင္စြာႏွင့္ ေမြးဖြားခဲ့သည္။ မိမိငယ္စဥ္က စိတ္တြင္ျဖစ္ခဲ့ရသလိုမ်ိဳး သမီးကို မျဖစ္ရေစေအာင္ထားမည္ဟု စိတ္မွာ ဆုံးျဖတ္လိုက္သည္။အေၾကာက္အရြံ႕ကင္းေစရမည္။

ကၽြန္ေတာ္ငယ္စဥ္က သိမ္ငယ္စိတ္ေတြရွိခဲ့သည္။မိဘမ်ားအား အျပစ္ေျပာျခင္းမဟုတ္ပါ။ရုိက်ိဳး၊အပိုးက်ဳိးေအာင္ လုပ္ခဲ့ျခင္းမ်ားသည္ လူေတာမတိုးရဲသည့္ အေျခအေနထိျဖစ္သြားခဲ့သည္။

ရဲဝံ႔ျခင္းတို႔အားနည္းသြားသည္။ တစ္ခုခုကို ဆုံးျဖတ္ရမည္ဆိုလွ်င္ ေတြေဝတြန္႔ဆုတ္ျခင္းမ်ားႏွင့္ ေရွ႕ကိုမေရာက္ေတာ့ေပ။

ဘယ္ေလာက္အထိဆိုးလဲဆိုလွ်င္ မွန္တံခါးတြန္းဖြင့္ၿပီးဝင္ရမည့္ ေဈးဆိုင္မ်ိဳးဆိုလွ်င္ မဝင္ရဲသျဖင့္ ကၽြန္ေတာ္ေရွာင္ခဲ့သည္။ အျခားေသာ ကုန္စုံဆိုင္တို႔ဆီသာ ေျပးဝယ္တတ္၏။

အလုပ္တစ္ခုခု ေလွ်ာက္ဖို႔သြားလွ်င္ ရုံးခန္းဆိုသည္မ်ားက မွန္တံခါးတို႔ျဖင့္ပိတ္ထားသည္ကမ်ားသည္။ အေပါင္းအေဖာ္မပါလွ်င္ မဝင္ရဲသည့္ကၽြန္ေတာ္ မနည္းအားခဲၿပီး ဝင္ခဲ့ရသည္ကမ်ားသည္။စိတ္တြင္ ေပါ့ေပါ့ပါးပါးမရွိခဲ့။

ကိုယ္ကေျပာတာဆိုတာထက္ သူမ်ားေျပာတာဆိုတာကိုသာ နားေထာင္တတ္၏။ေၾကာက္စိတ္တို႔က ေရွ႕ကဆီးခံထားၿပီး မလုပ္ဝံ႔ မကိုင္ဝံ့၊မေျပာဝံ႔မဆိုဝံ႔ ျဖစ္တာေတြ မ်ားလွသည္။လူစုစုထဲ သိပ္ၿပီးမဝင္ခ်င္၊ မေရာခ်င္။

တစ္ခါတစ္ရံ သိထားမွတ္ထားသည္တို႔ပင္ ေၾကာက္စိတ္၊ သိမ္ငယ္စိတ္ေၾကာင့္ အစေပ်ာက္ရသည္အထိ ေမ့ကုန္တတ္သည္။

ေမးရမည္ကိုလည္း ရွက္ဝံ႔ေနတတ္ၿပီး၊ေျဖရမည္ကိုလည္း တြန္႔ဆုတ္ေနတတ္သည္။

ေက်ာင္းမွာဆိုလွ်င္လည္း ေနာက္ဆုံးခုံမွာထိုင္တာမ်ားၿပီး ဆရာ ဆရာမမ်ားႏွင့္ ခပ္ေဝးေဝးမွာသာ အေနမ်ားသည္။ခ်ဳပ္ခ်ယ္ျခင္းကို မႀကိဳက္ေသာ္လည္း ထိုခ်ဳပ္ခ်ယ္ျခင္းျဖင့္ အသားက် ႀကီးျပင္းခဲ့ရသည္။

တရား လြန္ေသာ ဆိုဆုံးမျခင္း ခံခဲ့ရမႈတို႔က အလိုလိုေၾကာက္ေနသကဲ့သို႔ ျဖစ္ေနခဲ့သည္။ ကိုယ့္ေျခေထာက္ႏွင့္ ေလွ်ာက္ေနပါေသာ္လည္း ကိုယ့္ဦးတည္ခ်က္ႏွင့္မဟုတ္သလို ခံစားေနရသည္။

ရပ္ေဝးက ေဆြမ်ိဳးေတြလာလွ်င္ ေပ်ာ္သည္။ဧည့္သည္လာလွ်င္ ေပ်ာ္သည္။သူတို႔ႏွင့္ စကားေျပာခ်င္သည္။လူႀကီးမ်ား စကားဝိုင္းဖြဲ႔ေျပာေနသည့္အခ်ိန္ ဝင္ေရာက္ေျပာဆိုလွ်င္ သူတို႔ စကားဝိုင္း စကားေၾကာပ်က္တတ္သျဖင့္ အရိုက္ခံရတတ္သည္။

ငယ္စဥ္က အေၾကာင္းတရားမ်ားက ကၽြန္ေတာ့္ ဘဝျဖတ္သန္းမႈတြင္ ေကာင္းသည့္အေထာက္အပံ့မ်ားရွိသလို မေကာင္းသည့္ အခ်က္မ်ားလည္း ရွိခဲ့ေပသည္။

ကၽြန္ေတာ္ကဲ့သို႔ခံစားခ်က္မ်ိဳး သမီးတြင္ မခံစားေစခ်င္။ထို႔ေၾကာင့္ အတတ္ႏိုင္ဆုံး မေၾကာက္မရြံ႕ သြားရဲလာရဲ၊ ေျပာရဲဆိုရဲျဖစ္ေစခ်င္သည္။မခ်ဳပ္မခ်ယ္ဘဲထားသည္။သို႔ပါေသာ္လည္း….

ကၽြန္ေတာ္တို႔ ငယ္ဘဝျဖစ္စဥ္က မေကာင္းေသာ စိတ္ခံစားခ်က္မ်ိဳး သမီးတြင္ မျဖစ္ရေအာင္ သတိထား ေနပါလ်က္ ကိုယ့္စိတ္ႏွင့္ အလိုမက်တိုင္း ကေလးကို ေျပာမိဆိုမိ၊ ဆူမိေငါက္မိ၊ရိုက္မိ အျပဳအမူတို႔ကို လုပ္ေနမိတတ္သည္။ ကေလးႏွင့္မသင့္သည့္ စကားမ်ားကိုလည္းေျပာမိတတ္သည္။

လူႀကီးေတြ စကားေကာင္းေနတုန္း ဝင္ရႈပ္လွ်င္ ရိုက္မိသည္။ေဆာ့စရာပစၥည္းမ်ားကို ရႈပ္ပြေအာင္ေဆာ့ၿပီး မသိမ္းလွ်င္ ဆူေျပာရိုက္ လုပ္လုပ္ေနမိသည္။

ပုံျပင္တို႔၊ ကဗ်ာတို႔ ရြတ္ဆိုဖတ္ျပခိုင္လွ်င္ မဖတ္ျပဘဲ ကိုယ္လုပ္ခ်င္တာ လုပ္ေနမိျခင္းမ်ိဳးေတြႏွင့္ သမီးကို ဂရုမစိုက္ဘဲ လုပ္ေနမိတတ္သည္။တကယ္ေတာ့ ကေလးကမဆိုးဘဲ လူႀကီးက မသိက်ိဳးကၽြန္လုပ္ေနမိတတ္ သျဖင့္ ကေလးက ေအာ္ဟစ္ေတာင္းဆိုလာသည္။ ကေလးဆိုသည္က သူလိုခ်င္တာ ပူဆာေပမည္။

လြတ္လပ္မႈမ်ားႏွင့္ ကၽြန္ေတာ္ရွင္သန္ခ်င္ခဲ့သလို သမီးကိုလည္း သူလိုခ်င္တာ လိုက္ေလ်ာေပးလို႔ လြတ္လပ္မႈမ်ားႏွင့္ ရွင္သန္ခြင့္ရေအာင္ ကၽြန္ေတာ္သတိထားကာ လုပ္ေဆာင္ေပးရပါလိမ့္ဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
7Mile Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service