တချိန်က အိမ်ခြံမြေများစွာအပါအဝင် ဒေါ်လာ သန်း ၂၀၀ ချမ်းသာခဲ့ဖူးတဲ့ ကမ္ဘာကျော်မင်းသား နီကိုလပ်ကေ့ချ် ရဲ့ လက်ရှိအခြေအနေ
တချိန်က အိမ်ခြံမြေများစွာအပါအဝင် ဒေါ်လာ သန်း ၂၀၀ ချမ်းသာခဲ့ဖူးတဲ့ ကမ္ဘာကျော်မင်းသား နီကိုလပ်ကေ့ချ် ရဲ့ လက်ရှိအခြေအနေ - Property News in Myanmar from iMyanmarHouse.com
24 Feb 2023 10:18 am တွင် တင်ခဲ့သည်
5008 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အသက် ၅၆ နှစ်ရှိပြီဖြစ်သူ နီကိုလပ်ကေ့ချ်သည် ဟောလိဝုဒ်သို့ ၁၉၈၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ချိန်မှစပြီး ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများအတွက် ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။
National Treasure ဇာတ်ကားမှသည် Snake Eyes ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ အမည်ရင်း အမည်ရင်း နီကိုလပ်စ် ကော့ပိုလာ (Nicolas Coppola) အမည်ရှိ နစ်ကိုလပ်ကေ့ချ်မှာ ကမ္ဘာကျော် လူသိများသူ ဖြစ်လာခဲ့သည်။
အောင်မြင်သော ရုပ်ရှင်များစွာတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုများဖြင့် နစ်ကိုလပ်ကေ့ချ် မှာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာခဲ့သည်။
နစ်ကိုလပ်ကေ့ချ်၏ ကြွယ်ဝမှုမှာ တချိန်က ဒေါ်လာ သန်း ၁၅၀ ခန့် ရှိခဲ့သည်။
သို့သော် ဝမ်းနည်းဖွယ်ကောင်းစွာပင် သူ၏ ကြွယ်ဝမှုများကို ကြာရှည်ထိန်းမထားနိုင်ခဲ့။
(၁၉၈၃ ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့ချိန်မှစပြီး နစ်ကိုလပ်ကေ့ချ်သည် ဝက်ဝက်ကွဲ အောင်မြင်သည့် ဇာတ်ကားများ၏ ပြယုဂ်သဖွယ်ဖြစ်ခဲ့သည်။ ဓာတ်ပုံ-Getty Images)
နစ်ကိုလပ်ကေ့ချ်သည် သူ၏ ဒေါ်လာသန်းပေါင်းများစွာကို ဈေးကြီးကာ တမူထူးသော အရာများ ဝယ်ယူ သုံးဖြုန်းပစ်ခဲ့သည်။
သူ၏ ငွေကြေးစီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုကြောင့် ခမ်းနားထည်ဝါသော စံအိမ်များစွာ သိမ်းယူခံခဲ့ရသည်။ မကြာမီ တွင်ပင် နစ်ကိုလပ်ကေ့ချ်သည် အကြွေးနွံအတွင်းသက်ဆင်းခဲ့ရပြီး ပြည်တွင်းအခွန်ဌာနသို့ ပေးဆောင်ရမည့် အိမ်ခြံမြေအခွန် ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းလည်း မပေးနိုင်ဘဲ ကြွေးတင်နေခဲ့သည်။
အသက် ၄၀ အရွယ်တွင် နစ်ကိုလပ်ကေ့ချ်သည် ငွေများစွာသုံးဖြုန်းပစ်ခဲ့ပြီးဖြစ်ကာ ငွေတစ်ပြားမှမရှိတော့ဘဲ ဒေဝါလီခံခဲ့ရပြီး သူက သူ၏ စာရင်းကိုင်ကို အပြစ်ဖို့ခဲ့သည်။
ငွေကြေးချွတ်ခြုံကျစေမည့်လမ်းသို့ ပို့ဆောင်ခဲ့သည်ဟုဆိုကာ ငွေရေးကြေးရေးမန်နေဂျာကို နစ်ကိုလပ်ကေ့ချ် က အပြစ်တင်ခဲ့သည်။
အောက်တွင် နစ်ကိုလပ်ကေ့ချ်ကို ခြူးတစ်ပြားမှ မကျန်စေအောင် ဖြစ်စေခဲ့သည့် သူ၏ ဝယ်ယူသုံးဖြုန်းမှုများကို ဖော်ပြထားပါသည်။
(၁) ဒိုင်နိုဆော ဦးခေါင်းခွံတစ်ခု
(နစ်ကိုလပ်ကေ့ချ်သည် နှစ်ပေါင်း ၆၇ သန်း သက်တမ်းရှိ တာဘိုဆောရပ်စ် ဒိုင်နိုဆော ဦးခေါင်းခွံကြီးတစ်ခုကို ကန်ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- AFP via Getty Images)
နစ်ကိုလပ်ကေ့ချ်သည် အများနှင့်မတူ တမူထူးသည့် အရာများ ဝယ်ယူရခြင်းကို အမြဲနှစ်ခြိုက်ခုံမင်သူ တစ်ဦး ဖြစ်သည်။
သူလိုချင်ပြီဆိုလျှင် ရအောင်ဝယ်သည်။
နှစ်ပေါင်း ၆၇ သန်း သက်တမ်းရှိ တာဘိုဆောရပ်စ် ဒိုင်နိုဆော ဦးခေါင်းခွံကို နစ်ကိုလပ်ကေ့ချ်က လီယိုနာဒို ဒီ ကာပရီယိုနှင့် အပြိုင် လေလံအနိုင်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုခေါင်းခွံကြီးအတွက် နစ်ကိုလပ်ကေ့ချ်က ကန်ဒေါ်လာ ၃၀၀၀၀၀ ကျော် ပေးခဲ့သည်။
သို့သော် အဆိုပါ ဦးခေါင်းခွံကြီးမှာ ဂိုဘီသဲကန္တာရအတွင်းတစ်နေရာမှ ခိုးယူသွားသည့် ပစ္စည်းဖြစ်ေြ်ကာင်း ပေါ်ပေါက်လာရာ နစ်ကိုလပ်ကေ့ချ်မှာ မွန်ဂိုလီးယားနိုင်ငံမှ ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
နစ်ကိုလပ်ကေ့ချ်သည် ယခုဒိုင်နိုဆောဦးခေါင်းခွံကြီးအပြင် ယခင်ကလည်း သမိုင်းမတင်မီ ကာလများဆီက ပေါ်ပေါက်ခဲ့သော ဝက်ဝံကြီးတစ်ကောင်၏ ဦးခေါင်းခွံကို ဝယ်ယူခဲ့ဖူးသည်။
အဆိုပါ ဝက်ဝံဦးခေါင်းခွံမှာ နေအိမ်ရှိ ရေကူးကန်တွင် မတော်တဆ ပျက်စီးသွားခဲ့သည်။
(၂) ထူးခြားသော ကျွန်းများနှင့် ရဲတိုက်များ
(နစ်ကိုလပ်ကေ့ချ်သည် ဂျာမနီနိုင်ငံ အရှေ့တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်၊ Etzelwang အရပ်ရှိ ၁၁ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-DDP / AFP via Getty Images)
နစ်ကိုလပ်ကေ့ချ်သည် ဘာဟားမားကျွန်းစုတွင် ကိုယ်ပိုင်ကျွန်း ၂ ကျွန်း ဝယ်ယူခဲ့မှုမှာ သူ၏ ဈေးအကြီးဆုံး ဝယ်ယူခဲ့မှု ဖြစ်သည်။
နစ်ကိုလပ်ကေ့ချ်က ဘဟားမားကျွန်းနိုင်ငံ၏ မြို့တော် Nassau ၏ တောင်ဘက်ရှိ ဧက ၄၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
နစ်ကိုလပ်ကေ့ချ်တွင် ယခင်က နေအိမ်ပေါင်း ၁၅ လုံးခန့်လည်း ပိုင်ဆိုင်ခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ Newport ကမ်းခြေရှိ စံအိမ်ကြီးကို ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့မှုလည်း အပါအဝင်ဖြစ်သည်။
(Nassau မြို့တော်၏ တောင်ဘက်မှ ဧက ၄၀ ကျယ်သော ကျွန်းကို နစ်ကိုလပ်ကေ့ချ်က ကန်ဒေါ်လာ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ-Tribune News Service via Getty Images)
သူ၏ အခြားလူသိများသော စံအိမ်များတွင် နယူးယောက်မြို့၊ Rhode Island မှ Newport ရှိ ဒေါ်လာ ၁၅ ဒသမ ၇ သန်းတန် ကျေးလက်စံအိမ်တစ်လုံးအပြင် လာ့စ်ဗီးဂပ်စ်မှ ဒေါ်လာ ၈ ဒသမ ၅ သန်းတန် စံအိမ်လည်း ပါဝင်သည်။
ထို့အပြင် နစ်ကိုလပ်ကေ့ချ်သည် ဥရောပတွင်လည်း ရဲတိုက်ကြီး ၂ လုံး ဝယ်ယူခဲ့ရာ ဂျာမနီမှ ၁၁ ရာစု ရဲတိုက်ကြီးကို ဒေါ်လာ ၈ သန်းဖြင့် လည်းကောင်း၊ အင်္ဂလန်နိုင်ငံ Bath မှ ရဲတိုက်တစ်လုံးကို ကန်ဒေါ်လာ ၈ သန်းဖြင့် လည်းကောင်း ဝယ်ယူခဲ့သည်။
အဆိုပါ ရဲတိုက် ၂ လုံးကို ဒေါ်လာ သန်းဂဏန်းသုံးစွဲကာ ပြန်လည်ပြုပြင်မွမ်းမံမှုများလည်း ပြုလုပ်ခဲ့သေးသည်။
(၃) ပြိုင်ကားများ
(နစ်ကိုလပ်ကေ့ချ်သည် တချိန်က ရှားပါး မော်တော်ကားပေါင်း ၅၀ ခန့်နှင့် ဆိုင်ကယ် အစီး ၃၀ ခန့် ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Tom Hartley)
ကမ္ဘာပေါ်ရှိ လူအများစုနည်းတူ နစ်ကိုလပ်ကေ့ချ်သည်လည်း ဟောလိဝုဒ်တစ်ခွင် ပတ်ရခြင်းကို တပ်မက်သည်။
သို့သော် အများနှင့်မတူသည်မှာ ရှားပါးမော်တော်ကားပေါင်း ၅၀ ကျော်နှင့် ဆိုင်ကယ်ပေါင်း အစင်း ၃၀ ခန့် ဝယ်ယူထားခြင်း ဖြစ်သည်။
နစ်ကိုလပ်ကေ့ချ်ဝယ်ယူထားသည့် မော်တော်ကားများတွင် ၁၉၉၇ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် Lamborghini ကားတစ်စင်းလည်း ပါဝင်သည်။
အဆိုပါကားကို တချိန်က အီရန်နိုင်ငံ၏ ရှားဘုရင် ပိုင်ဆိုင်ခဲ့ဖူးပြီး နစ်ကိုလပ်ကေ့ချ်က ကန်ဒေါ်လာ ၄၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကားတစ်စီးအတွက် နစ်ကိုလပ်ကေ့ချ် ငွေအများဆုံး သုံးခဲ့သည်မှာ Ferrari Enzo တော်တော်ကားကို ကန်ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါကားသည် တစ်ကမ္ဘာလုံးတွင် ၃၄၉ စင်းသာ ထုတ်လုပ်ထားသော မော်တော်ကား ဖြစ်သည်။
နစ်ကိုလပ်ကေ့ချ်သည် ရိုးရွိုက်စ်ကာ ၉ စင်းခန့်လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။
(၄) ဇိမ်ခံ ရွက်လှေကြီးများနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်
(နစ်ကိုလပ်ကေ့ချ်သည် တချိန်က ရွက်လှေ ၄ စင်း ပိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Manchester Evening News)
နစ်ကိုလပ်ကေ့ချ်သည် တချိန်က ကြီးမားလှသော ရွက်လှေကြီး ၄ စင်းပိုင်ဆိုင်ခဲ့ဖူးပြီး ဈေးအကြီးဆုံးမှာ ဒေါ်လာ သန်း ၂၀ တန်ကြေးရှိသည့် ရွက်လှေကြီးဖြစ်ကာ master bedroom ၁၂ ခန်းအထိ ပါဝင်သည်။
ရွက်လှေများအပြင် gulfstream အမျိုးအစား ကိုယ်ပိုင်ဂျက်လေယာဉ်ကြီးတစ်စင်းလည်း ဝယ်ယူပိုင်ဆိုင်ခဲ့ ဖူးသည်။
(၅) သရဲခြောက်သော အိမ်တစ်လုံး
(နစ်ကိုလပ်ကေ့ချ်သည် ၂၀၀၆ ခုနှစ်အတွင်း သရဲခြောက်သော အိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူခဲ့သည်။ အဆိုပါအိမ်သည် ရှေးအခါက နာမည်ကြီးခဲ့သော စိတ္တဇလူသတ်သမား Madame Delphine LaLaurie ပိုင်ဆိုင်ခဲ့သော နေအိမ် ဖြစ်သည်။ ဓာတ်ပုံ-Dropd/Wikimedia Commons)
နစ်ကိုလပ်ကေ့ချ်သည် ၂၀၀၆ ခုနှစ်အတွင်း သရဲခြောက်သော အိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူကာ ငွေဖြုန်းခဲ့ဖူးသည်။
ပိုမိုထူးဆန်းသည့်အချက်မှာ အဆိုပါအိမ်သည် နာမည်ကြီး စိတ္တဇလူသတ်သမား မဒမ် ဒဲလ်ဖင်း လာလော်ရီ (Madame Delphine LaLaurie) ပိုင်ဆိုင်ခဲ့သော နေအိမ်ဖြစ်နေခြင်းပင်။
၁၇၈၇ ခုနှစ်မှ ၁၈၄၉ ခုနှစ်ကြား မဒမ် ဒဲလ်ဖင်းသည် မရေမတွက်နိုင်သော ကျွန်များကို သူ၏နေအိမ်အတွင်း ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
(၆) သင်္ချိုင်းကျောက်တိုင်
နစ်ကိုလပ်ကေ့ချ်၏ ဝယ်ယူမှုများအားလုံးတွင် အထူးဆန်းဆုံးကား နယူးအော်လင်းရှိ သက်တမ်းအရင်ဆုံး သင်္ချိုင်းမှ ၉ ပေမြင့်မားသော ပိရမစ်ပုံ သင်္ချိုင်းကျောက်စာတိုင်တစ်ခု ဝယ်ယူခဲ့မှု ဖြစ်သည်။
အဆိုပါ သင်္ချိုင်းကျောက်စာတိုင်အတွက် နစ်ကိုလပ်ကေ့ချ် မည်မျှပေးခဲ့ရသည်ကို မသိရသော်လည်း ဈေးနည်းမည်ကား မဟုတ်ချေ။
(နစ်ကိုလပ်ကေ့ချ် ဝယ်ယူခဲ့သော ၉ ပေမြင့်မားသည့် ပိရမစ်ပုံ သင်္ချိုင်းကျောက်စာတိုင်။ ဓာတ်ပုံ- Alan Teo/ Flickr)
သင်္ချိုင်းကျောက်တိုင်ကို ဝယ်ယူပြီးနောက် နစ်ကိုလပ်ကေ့ချ်က ပြောသည်မှာ မိမိကွယ်လွန်ပါက အဆိုပါ သင်္ချိုင်းကျောက်စာတိုင်ဖြင့် မြှုပ်နှံစေရန် ရည်ရွယ်ကြောင်း ပြောသည်။
နစ်ကိုလပ်ကေ့ချ်၏ အခွန်မဆောင်မှု ပြဿနာများကြောင့် သူ၏ ပိုင်ဆိုင်မှုများ သိမ်းယူခံခဲ့ရသည်။
(စားသောက်ဆိုင်အတွင်းမှ မောင်းထုတ်ခံရခြင်း)
အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်သော နစ်ကိုလပ်ကေ့ချ်သည်  အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်မြို့ရှိ ထိပ်တန်းစားသောက်ဆိုင်တစ်ခုမှ မောင်းထုတ်ခံရပုံကို ဆိုင်တွင်းရှိသူတစ်ဦးက ဗွီဒီယို ရိုက်ကူးထားခဲ့ရာ အဆိုပါဗွီဒီယိုမှာ များစွာကျော်ကြားလျက်ရှိသည်။
ထိုစားသောက်ဆိုင်မှ ဝန်ထမ်းနှင့် အချေအတင်ဖြစ်ကာ မောင်းထုတ်ခံလိုက်ရခြင်းလည်း ဖြစ်သည်။
မျက်မြင်တို့၏ ပြောကြားချက်အရ နစ်ကိုလပ်ကေ့ချ်ကို အိမ်ရာမဲ့တစ်ဦးဟု အထင်မှားကာ မောင်းထုတ်ခြင်း ဖြစ်ကြောင်း၊ သူ၏သွင်ပြင်မှာလည်း ဖိုသီဖတ်သီညှင်းသိုးသိုးဖြစ်နေသည့်အပြင် အရက်အလွန်မူးနေကြောင်း ပြောကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: All the Unbelievable Ways Nicolas Cage Blew His $200 Million Fortune (mirror, greekreporter)
[Zawgyi]
တချိန်က အိမ်ခြံမြေများစွာအပါအဝင် ဒေါ်လာ သန်း ၂၀၀ ချမ်းသာခဲ့ဖူးတဲ့ ကမ္ဘာကျော်မင်းသား  နီကိုလပ်ကေ့ခ်ျ ရဲ့ လက်ရှိအခြေအနေ
အသက် ၅၆ နှစ်ရှိပြီဖြစ်သူ နီကိုလပ်ကေ့ခ်ျသည် ဟောလိဝုဒ်သို့ ၁၉၈၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ချိန်မှစပြီး ဝက်ဝက်ကွဲအောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများအတွက် ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။
National Treasure ဇာတ်ကားမှသည် Snake Eyes ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ အမည်ရင်း အမည်ရင်း နီကိုလပ်စ် ကော့ပိုလာ (Nicolas Coppola) အမည်ရှိ နစ်ကိုလပ်ကေ့ခ်ျမှာ ကမ္ဘာကျော် လူသိများသူ ဖြစ်လာခဲ့သည်။
အောင်မြင်သော ရုပ်ရှင်များစွာတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုများဖြင့် နစ်ကိုလပ်ကေ့ခ်ျ မှာ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်လာခဲ့သည်။
နစ်ကိုလပ်ကေ့ခ်ျ၏ ကြွယ်ဝမှုမှာ တချိန်က ဒေါ်လာ သန်း ၁၅၀ ခန့် ရှိခဲ့သည်။
(၁၉၈၃ ခုနှစ်တွင် ရုပ်ရှင်လောကသို့ စတင်ဝင်ရောက်ခဲ့ချိန်မှစပြီး နစ်ကိုလပ်ကေ့ခ်ျသည် ဝက်ဝက်ကွဲ အောင်မြင်သည့် ဇာတ်ကားများ၏ ပြယုဂ်သဖွယ်ဖြစ်ခဲ့သည်။ ဓာတ်ပုံ-Getty Images)
နစ်ကိုလပ်ကေ့ခ်ျသည် သူ၏ ဒေါ်လာသန်းပေါင်းများစွာကို ဈေးကြီးကာ တမူထူးသော အရာများ ဝယ်ယူ သုံးဖြုန်းပစ်ခဲ့သည်။
အသက် ၄၀ အရွယ်တွင် နစ်ကိုလပ်ကေ့ခ်ျသည် ငွေများစွာသုံးဖြုန်းပစ်ခဲ့ပြီးဖြစ်ကာ ငွေတစ်ပြားမှမရှိတော့ဘဲ ဒေဝါလီခံခဲ့ရပြီး သူက သူ၏ စာရင်းကိုင်ကို အပြစ်ဖို့ခဲ့သည်။
ငွေကြေးချွတ်ခြုံကျစေမည့်လမ်းသို့ ပို့ဆောင်ခဲ့သည်ဟုဆိုကာ ငွေရေးကြေးရေးမန်နေဂျာကို နစ်ကိုလပ်ကေ့ခ်ျ က အပြစ်တင်ခဲ့သည်။ အောက်တွင် နစ်ကိုလပ်ကေ့ခ်ျကို ခြူးတစ်ပြားမှ မကျန်စေအောင် ဖြစ်စေခဲ့သည့် သူ၏ ဝယ်ယူသုံးဖြုန်းမှုများကို ဖော်ပြထားပါသည်။
(နစ်ကိုလပ်ကေ့ခ်ျသည် နှစ်ပေါင်း ၆၇ သန်း သက်တမ်းရှိ တာဘိုဆောရပ်စ် ဒိုင်နိုဆော ဦးခေါင်းခွံကြီးတစ်ခုကို ကန်ဒေါ်လာ ၃၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- AFP via Getty Images) နစ်ကိုလပ်ကေ့ခ်ျသည် အများနှင့်မတူ တမူထူးသည့် အရာများ ဝယ်ယူရခြင်းကို အမြဲနှစ်ခြိုက်ခုံမင်သူ တစ်ဦး ဖြစ်သည်။
နှစ်ပေါင်း ၆၇ သန်း သက်တမ်းရှိ တာဘိုဆောရပ်စ် ဒိုင်နိုဆော ဦးခေါင်းခွံကို နစ်ကိုလပ်ကေ့ခ်ျက လီယိုနာဒို ဒီ ကာပရီယိုနှင့် အပြိုင် လေလံအနိုင်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုခေါင်းခွံကြီးအတွက် နစ်ကိုလပ်ကေ့ခ်ျက ကန်ဒေါ်လာ ၃၀၀၀၀၀ ကျော် ပေးခဲ့သည်။
သို့သော် အဆိုပါ ဦးခေါင်းခွံကြီးမှာ ဂိုဘီသဲကန္တာရအတွင်းတစ်နေရာမှ ခိုးယူသွားသည့် ပစ္စည်းဖြစ်ြေ်ကာင်း ပေါ်ပေါက်လာရာ နစ်ကိုလပ်ကေ့ခ်ျမှာ မွန်ဂိုလီးယားနိုင်ငံမှ ရဲတပ်ဖွဲ့ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။
နစ်ကိုလပ်ကေ့ခ်ျသည် ယခုဒိုင်နိုဆောဦးခေါင်းခွံကြီးအပြင် ယခင်ကလည်း သမိုင်းမတင်မီ ကာလများဆီက ပေါ်ပေါက်ခဲ့သော ဝက်ဝံကြီးတစ်ကောင်၏ ဦးခေါင်းခွံကို ဝယ်ယူခဲ့ဖူးသည်။
နစ်ကိုလပ်ကေ့ခ်ျသည် ဘာဟားမားကျွန်းစုတွင် ကိုယ်ပိုင်ကျွန်း ၂ ကျွန်း ဝယ်ယူခဲ့မှုမှာ သူ၏ ဈေးအကြီးဆုံး ဝယ်ယူခဲ့မှု ဖြစ်သည်။ နစ်ကိုလပ်ကေ့ခ်ျက ဘဟားမားကျွန်းနိုင်ငံ၏ မြို့တော် Nassau ၏ တောင်ဘက်ရှိ ဧက ၄၀ ကျယ်ဝန်းသော ကျွန်းတစ်ကျွန်းကို ကန်ဒေါ်လာ ၇ သန်းဖြင့် ဝယ်ယူခဲ့သည်။
နစ်ကိုလပ်ကေ့ခ်ျတွင် ယခင်က နေအိမ်ပေါင်း ၁၅ လုံးခန့်လည်း ပိုင်ဆိုင်ခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ Newport ကမ်းခြေရှိ စံအိမ်ကြီးကို ဒေါ်လာ ၂၅ သန်းဖြင့် ဝယ်ယူခဲ့မှုလည်း အပါအဝင်ဖြစ်သည်။
ထို့အပြင် နစ်ကိုလပ်ကေ့ခ်ျသည် ဥရောပတွင်လည်း ရဲတိုက်ကြီး ၂ လုံး ဝယ်ယူခဲ့ရာ ဂျာမနီမှ ၁၁ ရာစု ရဲတိုက်ကြီးကို ဒေါ်လာ ၈ သန်းဖြင့် လည်းကောင်း၊ အင်္ဂလန်နိုင်ငံ Bath မှ ရဲတိုက်တစ်လုံးကို ကန်ဒေါ်လာ ၈ သန်းဖြင့် လည်းကောင်း ဝယ်ယူခဲ့သည်။
(၃) ပြိုင်ကားများ
(နစ်ကိုလပ်ကေ့ခ်ျသည် တချိန်က ရှားပါး မော်တော်ကားပေါင်း ၅၀ ခန့်နှင့် ဆိုင်ကယ် အစီး ၃၀ ခန့် ပိုင်ဆိုင်ခဲ့သည်။ ဓာတ်ပုံ-Tom Hartley)
ကမ္ဘာပေါ်ရှိ လူအများစုနည်းတူ နစ်ကိုလပ်ကေ့ခ်ျသည်လည်း ဟောလိဝုဒ်တစ်ခွင် ပတ်ရခြင်းကို တပ်မက်သည်။
နစ်ကိုလပ်ကေ့ခ်ျဝယ်ယူထားသည့် မော်တော်ကားများတွင် ၁၉၉၇ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် Lamborghini ကားတစ်စင်းလည်း ပါဝင်သည်။
အဆိုပါကားကို တချိန်က အီရန်နိုင်ငံ၏ ရှားဘုရင် ပိုင်ဆိုင်ခဲ့ဖူးပြီး နစ်ကိုလပ်ကေ့ခ်ျက ကန်ဒေါ်လာ ၄၅၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ကားတစ်စီးအတွက် နစ်ကိုလပ်ကေ့ခ်ျ ငွေအများဆုံး သုံးခဲ့သည်မှာ Ferrari Enzo တော်တော်ကားကို ကန်ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
နစ်ကိုလပ်ကေ့ခ်ျသည် ရိုးရွိုက်စ်ကာ ၉ စင်းခန့်လည်း ပိုင်ဆိုင်ခဲ့ဖူးသည်။
နစ်ကိုလပ်ကေ့ခ်ျသည် တချိန်က ကြီးမားလှသော ရွက်လှေကြီး ၄ စင်းပိုင်ဆိုင်ခဲ့ဖူးပြီး ဈေးအကြီးဆုံးမှာ ဒေါ်လာ သန်း ၂၀ တန်ကြေးရှိသည့် ရွက်လှေကြီးဖြစ်ကာ master bedroom ၁၂ ခန်းအထိ ပါဝင်သည်။
နစ်ကိုလပ်ကေ့ခ်ျသည် ၂၀၀၆ ခုနှစ်အတွင်း သရဲခြောက်သော အိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၃ ဒသမ ၄၅ သန်းဖြင့် ဝယ်ယူကာ ငွေဖြုန်းခဲ့ဖူးသည်။
နစ်ကိုလပ်ကေ့ခ်ျ၏ ဝယ်ယူမှုများအားလုံးတွင် အထူးဆန်းဆုံးကား နယူးအော်လင်းရှိ သက်တမ်းအရင်ဆုံး သင်္ချိုင်းမှ ၉ ပေမြင့်မားသော ပိရမစ်ပုံ သင်္ချိုင်းကျောက်စာတိုင်တစ်ခု ဝယ်ယူခဲ့မှု ဖြစ်သည်။
သင်္ချိုင်းကျောက်တိုင်ကို ဝယ်ယူပြီးနောက် နစ်ကိုလပ်ကေ့ခ်ျက ပြောသည်မှာ မိမိကွယ်လွန်ပါက အဆိုပါ သင်္ချိုင်းကျောက်စာတိုင်ဖြင့် မြှုပ်နှံစေရန် ရည်ရွယ်ကြောင်း ပြောသည်။
နစ်ကိုလပ်ကေ့ခ်ျ၏ အခွန်မဆောင်မှု ပြဿနာများကြောင့် သူ၏ ပိုင်ဆိုင်မှုများ သိမ်းယူခံခဲ့ရသည်။
အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်သော နစ်ကိုလပ်ကေ့ခ်ျသည်  အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂပ်စ်မြို့ရှိ ထိပ်တန်းစားသောက်ဆိုင်တစ်ခုမှ မောင်းထုတ်ခံရပုံကို ဆိုင်တွင်းရှိသူတစ်ဦးက ဗွီဒီယို ရိုက်ကူးထားခဲ့ရာ အဆိုပါဗွီဒီယိုမှာ များစွာကျော်ကြားလျက်ရှိသည်။
မျက်မြင်တို့၏ ပြောကြားချက်အရ နစ်ကိုလပ်ကေ့ခ်ျကို အိမ်ရာမဲ့တစ်ဦးဟု အထင်မှားကာ မောင်းထုတ်ခြင်း ဖြစ်ကြောင်း၊ သူ၏သွင်ပြင်မှာလည်း ဖိုသီဖတ်သီညှင်းသိုးသိုးဖြစ်နေသည့်အပြင် အရက်အလွန်မူးနေကြောင်း ပြောကြသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
Ponnami Estate
Sweet Dream Villa
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service