ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်း ရုပ်ရှင်ရိုက်ကွင်းနေရာတွင် သရဲခြောက်ခံခဲ့ရသူ နစ်ကိုး ကစ်မန်းနှင့် သူ၏ အဓိက အခြေချနေထိုင်ရာစံအိမ်

ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်း ရုပ်ရှင်ရိုက်ကွင်းနေရာတွင် သရဲခြောက်ခံခဲ့ရသူ နစ်ကိုး ကစ်မန်းနှင့် သူ၏ အဓိက အခြေချနေထိုင်ရာစံအိမ် - Property News in Myanmar from iMyanmarHouse.com
21 Feb 2023 10:18 am တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(Railway Man ဇာတ်ကားကို ဘယ်နေရာမှာ ရိုက်ခဲ့လဲ)

Railway Man ဇာတ်ကားကို မည်သည့်နေရာတွင် ရိုက်ကူးခဲ့သနည်းဟူသော မေးခွန်းမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အဆိုပါရုပ်ရှင်သည် ထိုင်း-မြန်မာ ရထားလမ်းအကြောင်း ရိုက်ကူးထားခြင်းဖြစ်သော်လည်း အများစုကို စကော့တလန်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုင်းနိုင်ငံရှိ ကွေ့မြစ်တံတား (River Kwai Bridge) တွင်လည်း ရိုက်ကူးမှုများရှိသည်။

၁၉၅၇ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော The Bridge on the River Kwai ဇာတ်ကားသည်ပင် ထိုတံတားနေရာတွင် ရိုက်ကူးခဲ့ခြင်း မဟုတ်ချေ။

သို့သော် အော်စကာဆုရှင်များဖြစ်သော Colin Firth နှင့် နစ်ကိုးကစ်မင်းတို့ကမူ ထိုနေရာသို့ အမှန်တကယ် သွားရောက် ရိုက်ကူးခဲ့ကြသည်။

ထိုင်း-မြန်မာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်ရာတွင် ပါဝင်ခဲ့ရသော ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ အဲရစ် လိုမက်စ် (Eric Lomax) သည် သူ့အား ညှင်းပန်းနှိပ်စက်ခဲ့သော ဂျပန်စစ်အရာရှိမှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်ကြောင်း သိလိုက်ရချိန်တွင် စိတ်ဒဏ်ရာရမှုများ ခံစားခဲ့ရမှုအပေါ် ဇနီးဖြစ်သူ ပက်တီက မည်သို့မည်ပုံ အဖြေရှာဖြေရှင်းပေးခဲ့ပုံကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားခြင်း ဖြစ်သည်။

 

((ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်စစ်သည်များ ကြုံတွေ့ခဲ့ရသည့် ခြောက်ခြားတုန်လှုပ်ဖွယ်ဖြစ်ရပ်ကို ပြန်လည်ရိုက်ကူးထားသည့် ထိုင်း-မြန်မာ သေမင်းတမန် ဇာတ်ကား ရိုက်ကွင်းတွင် သရဲခြောက်ခံခဲ့ရကြောင်း နစ်ကိုးကစ်မန်းပြော))

 

နစ်ကိုးကစ်မန်းနှင့် ရုပ်ရှင်မင်းသား Colin Firth တို့သည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်ရှိ တောင်ကြားလမ်းကျဉ်းတစ်ခုတွင် မတ်တပ်ရပ်ကြည့်နေရင်း ဤနေရာ၏ ခြောက်ခြားဖွယ် အတိတ်ကို မှန်းဆခဲ့ကြသည်။

ထိုနေရာသည် ကမ္ဘာကျော် သေမင်းတမန်ရထားလမ်းကြီး တည်ရှိရာ နေရာ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မဟာမိတ်စစ်သည်များ ၊ အထူးသဖြင့် ဗြိတိသျှနှင့် သြစတေးလျစစ်သည်များသည် ငှက်ဖျားထူသော တောတောင်နှင့် ကျောက်တောင်များကို ဖြတ်သန်းကာ ဤလျှိုမြောင်တွင် တံတားတစ်စင်း ဖောက်လုပ်ခဲ့ကြရသည်။

ကြောက်မက်ဖွယ် အပူချိန်ပြင်းထန်မှု၊ ဆိုးရွားသော အခြေအနေများအပြင် ဂျပန်စစ်သည်တို့၏ ရက်စက်မှုများကြောင့် သေဆုံးခဲ့သူ များစွာရှိခဲ့သည်။

အဲရစ် လိုမက်စ်မှာ စကော့တလန်ဖွား ဒုဗိုလ်ကလေးဖြစ်ပြီး သေမန်တမန်လမ်းဖောက်လုပ်စဉ်ပါဝင်ခဲ့ပြီး ရှင်သန်ကျန်ရစ်ခဲ့သူတစ်ဦးဖြစ်သည်။

ဒုဗိုလ် အဲရစ် လိုမက်စ်သည် သေမင်းတမန်လမ်းဖောက်စဉ် တွေ့ကြုံခဲ့ရသော အဖြစ်အပျက်တို့ကြောင့် စိတ်ဒဏ်ရာရနေခဲ့ပြီး နှစ်ပေါင်းများစွာ ထိုအကြောင်းရပ်များကို ပြောမထွက်ခဲ့သည်အထိ ခြောက်လှန့်ခံခဲ့ရသည်။

သို့သော် ပက်တီနှင့် လက်ထပ်ပြီးနောက်ပိုင်းတွင်ကား အဲရစ်ကို အိပ်မပျော်သည့် ညများဖြစ်စေလျက်ရှိသည့် မိစ္ဆာများကို ရင်ဆိုင်နိုင်စေရန် ပက်တီက ကူညီခဲ့သည်။

 

(ရုပ်ရှင်မင်းသမီး နစ်ကိုးကစ်မန်းက ပက်တီအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်မင်းသား ကောလင်း ဖာ့သ် -Colin Firth က အဲရစ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည့် The Railway Man ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု)

 

နစ်ကိုးကစ်မန်းနှင့် ကောလင်းတို့သည် အဲရစ်၏ စစ်ပြန်ဘဝကို ထိုင်းနိုင်ငံတွင် လာရောက်ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စစ်အတွင်း စစ်သည်ဘဝကိုမူ ဂျရမီ အားဗင်း (Jeremy Irvine )က သရုပ်ဆောင်ပေးခဲ့သည်။

ထိုဇာတ်ကားကို ရိုက်ကူးစဉ် သရဲခြောက်ခံခဲ့ရကြောင်း နစ်ကိုးကစ်မန်းက ပြောဖူးပြီး ဇာတ်ကားရိုက်ကူးပြီး တစ်နှစ်ခန့် ကြာသည်အထိ ထိုစဉ်က ခြောက်လှန့်ခံရမှုများကို မမေ့နိုင်အောင် ထိတ်လန့်နေဆဲဖြစ်ကြောင်း သူမက ပြောသည်။

 

 

(နစ်ကိုးကစ်မန်းနှင့် ခင်ပွန်းဖြစ်သူ Keith Urban တို့ အဓိက အခြေချနေထိုင်သည့် ဒေါ်လာ ၃ ဒသမ ၄၇ သန်း တန် စံအိမ်)

 

 

ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး နစ်ကိုး ကစ်မန်းနှင့် ခင်ပွန်းဖြစ်သူ Keith Urban တို့သည် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားကြရာ နစ်ကိုးကစ်မန်း၏ ဇာတိ သြစတေးလျတွင် ကျေးလက်ယာတောအိမ်တစ်လုံး၊ ဆစ်ဒနီမြို့တွင် penthouse ခန်းတစ်ခန်း၊ နယူးယောက်မြို့တွင် ကွန်ဒိုတစ်ခန်းနှင့် လော့စ်အိန်ဂျလိရှိ စံအိမ်တစ်လုံးတို့ အပါအဝင်ဖြစ်သည်။

သို့သော် နစ်ကိုးကစ်မန်းတို့ ဇနီးမောင်နှံ အများဆုံး နေထိုင်ဖြစ်သည်မှာ အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ နက်ရှ်ဗီးလ်မြို့မှ စံအိမ်ဖြစ်သည်။

အဆိုပါစံအိမ်ကို နစ်ကိုးကစ်မန်းတို့စုံတွဲက ၂၀၀၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၄၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ နစ်ကိုးကစ်မန်း၏ စံအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၈ ခန်း၊ တင်းနစ်ကွင်း၊ ရေကူးကန်၊ ရုပ်ရှင်ရုံနှင့် အိမ်တွင်း အသံဖမ်းစတူဒီယိုတို့ ပါဝင်သည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၉၂၅ အထိ ကျယ်ဝန်းရာ နစ်ကိုးကစ်မန်းတို့ စုံတွဲ၊ သမီးများဖြစ်သော Faith နှင့် Sunday တို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်းရှိသည်။

နစ်ကိုးကစ်မန်း၏ ဟိုတယ်အသွင် စံအိမ်ကြီးအတွင်း ကြည့်ရှုလေ့လာကြပါစို့။

(နစ်ကိုးကစ်မန်း၏ ဧည့်ခန်း)

နစ်ကိုးကစ်မန်းသည် ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းကာလအတွင်း အင်စတာဂရမ်တွင် ဓာတ်ပုံတစ်ပုံ တင်ခဲ့ဖူးသည်။

ဓာတ်ပုံအတွင်း နစ်ကိုးသည် အပြာဖျော့နှင့် နို့နှစ်ရောင်အစင်းများပါသော ခုံတစ်လုံးတွင် ထိုင်ကာ အီတလီ ဘာသာစကားလေ့လာနေပုံကို ဓာတ်ပုံရိုက်ကူးထားခြင်း ဖြစ်သည်။

ဒူးပေါ်တွင် လက်တော့ပ်တစ်လုံးတင်ထားပြီး လက်ထဲတွင် Prego စာအုပ်ကိုင်ထားကာ သူ၏ ဘေးတွင် လေ့ကျင့်ခန်းစာရွက်များနှင့် Easy Italian Reader စာအုပ်တို့ကို တွေ့ရသည်။

သူ၏ ခုံဘေးတွင် မှန်တံခါး ၂ ချပ်ရှိပြီး မှန်ပြတင်းများမှတဆင့် လသာဆောင်ကို မြင်နေရသည်။

 

 

နစ်ကိုးကစ်မန်းသည် အားလပ်ချိန်ရလျှင် စာအုပ်ကောင်းတစ်အုပ်နှင့် ခွေနေရခြင်းကို သဘောကျသည်။

စာဖတ်ရန်အတွက် သူ့တွင် နေရာကောင်းလေးတစ်ခုရှိရာ ပြတင်းပေါက်ဘေးမှ ကျောမှီကုတင်တစ်လုံးတွင် စာဖတ်လေ့ရှိသည်။

အသက် ၅၂ နှစ်အရွယ်ရှိ နစ်ကိုးကစ်မန်းက ခရစ္စမတ်အတွက် ဧည့်ခန်းအတွင်း အလှဆင်ထားပုံကိုလည်း ထုတ်ဖော်ပြသခဲ့ဖူးသည်။

ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်တွင် ရောင်စုံမီးများထွန်းညှိထားကာ သီချင်းဆိုနေသော Santa ရုပ်ကြီးတစ်ခု ကိုလည်း ထားရှိထားသည်။

ထို့အပြင် သူ၏ ကြောင်ကလေးကိုလည်း ခရစ္စမတ်ပင်ကြီးအောက်တွင် တွေ့ရသည်။

 

(နစ်ကိုးကစ်မန်း၏ အိမ်တွင်းအသံဖမ်း စတူဒီယို)

နစ်ကိုးကစ်မန်း၏ စံအိမ်အတွင်း ကိုယ်ပိုင် အသံဖမ်းစတူဒီယို ပါဝင်ရာ ခင်ပွန်းဖြစ်သူ Keith Urban အနေဖြင့် အိမ်မှ မခွာဘဲ သီချင်းရေးခြင်း ၊ အသံဖမ်းခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။

 

စံချိန်မီအသံဖမ်း စတူဒီယိုတစ်ခုတွင် ရှိသင့်ရှိထိုက်သည့် စပီကာများ ၊ mixing စက်များ ၊ အသံဖမ်းပစ္စည်းများ အားလုံး တွေ့ရနိုင်သည်။

သူတို့ စုံတွဲသည် သီချင်းအတူဆိုရခြင်းကို သဘောကျသည်။

စံအိမ်အတွင်းရှိ အခြားနေရာတစ်ခုတွင် အဖြူရောင် ပီယာနိုကြီးတစ်လုံးလည်း ပိုင်ဆိုင်ထားပြီး ထိုနေရာတွင် ခင်ပွန်းဖြစ်သူ ဝယ်ယူစုဆောင်းထားသည့် ဂစ်တာများလည်း ထားရှိသည်။

 

 

 

(နစ်ကိုးကစ်မန်း၏ စံအိမ်အတွင်းမှ စင်္ကြန်လမ်း)

နစ်ကိုးကစ်မန်း၏ အင်စတာဂရမ်တွင် တင်သော ဓာတ်ပုံများ၌ သူ၏ ကြောင်ကလေးများ၏ ဓာတ်ပုံများ မကြာခဏပါဝင်လေ့ရှိသည်။

ယခုပုံတွင် တွေ့ရသည်မှာ စနိုးအမည်ရှိ ကြောင်ကလေးတစ်ကောင်ကို ပြတင်းပေါက်အနီးမှ ခုံတစ်လုံးတွင် ခွေအိပ်နေသည်ကို တွေ့ရသည်။

 

နို့နှစ်ရောင်ရှိသော ပြတင်းမှတဆင့် နေအိမ်အပြင်ဘက်ရှိ ပန်းဥယျာဉ်နှင့် ခြံစည်းရိုးတို့ကို တွေ့မြင်နေရသည်။

ဒုတိယ ဓာတ်ပုံတစ်ပုံတွင် တွေ့ရသည်မှာ ကြောင်ကလေးစနိုးသည် နို့နှစ်ရောင် ကူရှင်ခုံခင်းထားသည့် သစ်သားခုံတန်းပေါ်တွင် မတ်တပ်ရပ်ကာ ပြတင်းပေါက်မှတဆင့် အိမ်အပြင်ဘက်သို့ လှမ်းကြည့်နေပုံကို တွေ့ရသည်။

စင်္ကြန်လမ်းမှာ သစ်သားကြမ်းပြင်ခင်းထားပြီး ရှေးဟောင်းကော်ဇောတစ်ချပ်ခင်းထားသည်ကိုလည်း တွေ့ရသည်။

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nicole Kidman reveals she was haunted by the ghosts of Thailand's Death Railway on the set of film charting the horrors faced by Allied soldiers during World War Two (dailymail,hellomagazine)

 

 

 

[Zawgyi]

 

ထိုင္း-ျမန္မာ ေသမင္းတမန္ရထားလမ္း ရုပ္ရွင္ရိုက္ကြင္းေနရာတြင္ သရဲေျခာက္ခံခဲ့ရသူ နစ္ကိုး ကစ္မန္းႏွင့္ သူ၏ အဓိက အေျခခ်ေနထုိင္ရာစံအိမ္

 

(Railway Man ဇာတ္ကားကို ဘယ္ေနရာမွာ ရိုက္ခဲ့လဲ)

Railway Man ဇာတ္ကားကို မည္သည့္ေနရာတြင္ ရိုက္ကူးခဲ့သနည္းဟူေသာ ေမးခြန္းမွာ စိတ္ဝင္စားဖြယ္ေကာင္းသည္။ အဆိုပါရုပ္ရွင္သည္ ထိုင္း-ျမန္မာ ရထားလမ္းအေၾကာင္း ရိုက္ကူးထားျခင္းျဖစ္ေသာ္လည္း အမ်ားစုကို စေကာ့တလန္တြင္ ရိုက္ကူးခဲ့ျခင္းျဖစ္သည္။

သို႔ေသာ္ ထိုင္းႏိုင္ငံရွိ ေကြ႔ျမစ္တံတား (River Kwai Bridge) တြင္လည္း ရိုက္ကူးမႈမ်ားရွိသည္။

၁၉၅၇ ခုႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ The Bridge on the River Kwai ဇာတ္ကားသည္ပင္ ထိုတံတားေနရာတြင္ ရိုက္ကူးခဲ့ျခင္း မဟုတ္ေခ်။

သို႔ေသာ္ ေအာ္စကာဆုရွင္မ်ားျဖစ္ေသာ Colin Firth ႏွင့္ နစ္ကိုးကစ္မင္းတို႔ကမူ ထိုေနရာသို႔ အမွန္တကယ္ သြားေရာက္ ရိုက္ကူးခဲ့ၾကသည္။

ထိုင္း-ျမန္မာ ေသမင္းတမန္ရထားလမ္း ေဖာက္လုပ္ရာတြင္ ပါဝင္ခဲ့ရေသာ ဒုတိယကမၻာစစ္အတြင္းက မဟာမိတ္ စစ္သံု႔ပန္းတစ္ဦးျဖစ္သူ အဲရစ္ လိုမက္စ္ (Eric Lomax) သည္ သူ႔အား ညွင္းပန္းႏွိပ္စက္ခဲ့ေသာ ဂ်ပန္စစ္အရာရွိမွာ သက္ရွိထင္ရွားရွိေနဆဲျဖစ္ေၾကာင္း သိလိုက္ရခ်ိန္တြင္ စိတ္ဒဏ္ရာရမႈမ်ား ခံစားခဲ့ရမႈအေပၚ ဇနီးျဖစ္သူ ပက္တီက မည္သို႔မည္ပံု အေျဖရွာေျဖရွင္းေပးခဲ့ပံုကို ရုပ္ရွင္အျဖစ္ ျပန္လည္ရိုက္ကူးထားျခင္း ျဖစ္သည္။

((ဒုတိယကမၻာစစ္ၾကီးအတြင္း မဟာမိတ္စစ္သည္မ်ား ၾကံဳေတြ႔ခဲ့ရသည့္ ေျခာက္ျခားတုန္လႈပ္ဖြယ္ျဖစ္ရပ္ကို ျပန္လည္ရိုက္ကူးထားသည့္ ထိုင္း-ျမန္မာ ေသမင္းတမန္ ဇာတ္ကား ရိုက္ကြင္းတြင္ သရဲေျခာက္ခံခဲ့ရေၾကာင္း နစ္ကိုးကစ္မန္းေျပာ))

နစ္ကိုးကစ္မန္းႏွင့္ ရုပ္ရွင္မင္းသား Colin Firth တို႔သည္ ထိုင္းႏိုင္ငံ၊ ကန္ခ်နဘူရီျပည္နယ္ရွိ ေတာင္ၾကားလမ္းက်ဥ္းတစ္ခုတြင္ မတ္တပ္ရပ္ၾကည့္ေနရင္း ဤေနရာ၏ ေျခာက္ျခားဖြယ္ အတိတ္ကို မွန္းဆခဲ့ၾကသည္။

ထိုေနရာသည္ ကမၻာေက်ာ္ ေသမင္းတမန္ရထားလမ္းၾကီး တည္ရွိရာ ေနရာ ျဖစ္သည္။

ဒုတိယကမၻာစစ္ၾကီးအတြင္း မဟာမိတ္စစ္သည္မ်ား ၊ အထူးသျဖင့္ ျဗိတိသွ်ႏွင့္ ၾသစေတးလ်စစ္သည္မ်ားသည္ ငွက္ဖ်ားထူေသာ ေတာေတာင္ႏွင့္ ေက်ာက္ေတာင္မ်ားကို ျဖတ္သန္းကာ ဤလွ်ိဳေျမာင္တြင္ တံတားတစ္စင္း ေဖာက္လုပ္ခဲ့ၾကရသည္။

ေၾကာက္မက္ဖြယ္ အပူခ်ိန္ျပင္းထန္မႈ၊ ဆိုးရြားေသာ အေျခအေနမ်ားအျပင္ ဂ်ပန္စစ္သည္တို႔၏ ရက္စက္မႈမ်ားေၾကာင့္ ေသဆံုးခဲ့သူ မ်ားစြာရွိခဲ့သည္။

အဲရစ္ လိုမက္စ္မွာ စေကာ့တလန္ဖြား ဒုဗိုလ္ကေလးျဖစ္ျပီး ေသမန္တမန္လမ္းေဖာက္လုပ္စဥ္ပါဝင္ခဲ့ျပီး ရွင္သန္က်န္ရစ္ခဲ့သူတစ္ဦးျဖစ္သည္။

ဒုဗိုလ္ အဲရစ္ လိုမက္စ္သည္ ေသမင္းတမန္လမ္းေဖာက္စဥ္ ေတြ႔ၾကံဳခဲ့ရေသာ အျဖစ္အပ်က္တို႔ေၾကာင့္ စိတ္ဒဏ္ရာရေနခဲ့ျပီး ႏွစ္ေပါင္းမ်ားစြာ ထိုအေၾကာင္းရပ္မ်ားကို ေျပာမထြက္ခဲ့သည္အထိ ေျခာက္လွန္႔ခံခဲ့ရသည္။

သို႔ေသာ္ ပက္တီႏွင့္ လက္ထပ္ျပီးေနာက္ပိုင္းတြင္ကား အဲရစ္ကို အိပ္မေပ်ာ္သည့္ ညမ်ားျဖစ္ေစလ်က္ရွိသည့္ မိစၦာမ်ားကို ရင္ဆိုင္ႏိုင္ေစရန္ ပက္တီက ကူညီခဲ့သည္။

(ရုပ္ရွင္မင္းသမီး နစ္ကိုးကစ္မန္းက ပက္တီအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ရုပ္ရွင္မင္းသား ေကာလင္း ဖာ့သ္ -Colin Firth က အဲရစ္အျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္ The Railway Man ရုပ္ရွင္ဇာတ္ကားမွ ဇာတ္ဝင္ခန္းတစ္ခု)

နစ္ကိုးကစ္မန္းႏွင့္ ေကာလင္းတို႔သည္ အဲရစ္၏ စစ္ျပန္ဘဝကို ထိုင္းႏိုင္ငံတြင္ လာေရာက္ရိုက္ကူးခဲ့ျခင္းျဖစ္ျပီး စစ္အတြင္း စစ္သည္ဘဝကိုမူ ဂ်ရမီ အားဗင္း (Jeremy Irvine )က သရုပ္ေဆာင္ေပးခဲ့သည္။

ထိုဇာတ္ကားကို ရိုက္ကူးစဥ္ သရဲေျခာက္ခံခဲ့ရေၾကာင္း နစ္ကိုးကစ္မန္းက ေျပာဖူးျပီး ဇာတ္ကားရိုက္ကူးျပီး တစ္ႏွစ္ခန္႔ ၾကာသည္အထိ ထိုစဥ္က ေျခာက္လွန္႔ခံရမႈမ်ားကို မေမ့ႏိုင္ေအာင္ ထိတ္လန္႔ေနဆဲျဖစ္ေၾကာင္း သူမက ေျပာသည္။

(နစ္ကိုးကစ္မန္းႏွင့္ ခင္ပြန္းျဖစ္သူ Keith Urban တို႔ အဓိက အေျခခ်ေနထိုင္သည့္ ေဒၚလာ ၃ ဒသမ ၄၇ သန္း တန္ စံအိမ္)

ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး နစ္ကိုး ကစ္မန္းႏွင့္ ခင္ပြန္းျဖစ္သူ Keith Urban တုိ႔သည္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားၾကရာ နစ္ကိုးကစ္မန္း၏ ဇာတိ ၾသစေတးလ်တြင္ ေက်းလက္ယာေတာအိမ္တစ္လံုး၊ ဆစ္ဒနီျမိဳ႕တြင္ penthouse ခန္းတစ္ခန္း၊ နယူးေယာက္ျမိဳ႕တြင္ ကြန္ဒိုတစ္ခန္းႏွင့္ ေလာ့စ္အိန္ဂ်လိရွိ စံအိမ္တစ္လံုးတို႔ အပါအဝင္ျဖစ္သည္။

သို႔ေသာ္ နစ္ကိုးကစ္မန္းတို႔ ဇနီးေမာင္ႏွံ အမ်ားဆံုး ေနထိုင္ျဖစ္သည္မွာ အေမရိကန္ျပည္ေထာင္စု၊ တင္နက္ဆီျပည္နယ္၊ နက္ရွ္ဗီးလ္ျမိဳ႕မွ စံအိမ္ျဖစ္သည္။

အဆိုပါစံအိမ္ကို နစ္ကိုးကစ္မန္းတို႔စံုတြဲက ၂၀၀၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၃ ဒသမ ၄၇ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။ နစ္ကိုးကစ္မန္း၏ စံအိမ္တြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္း၊ တင္းနစ္ကြင္း၊ ေရကူးကန္၊ ရုပ္ရွင္ရံုႏွင့္ အိမ္တြင္း အသံဖမ္းစတူဒီယိုတို႔ ပါဝင္သည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၀၉၂၅ အထိ က်ယ္ဝန္းရာ နစ္ကိုးကစ္မန္းတို႔ စံုတြဲ၊ သမီးမ်ားျဖစ္ေသာ Faith ႏွင့္ Sunday တို႔အတြက္ ေနရာက်ယ္က်ယ္ဝန္းဝန္းရွိသည္။

နစ္ကိုးကစ္မန္း၏ ဟိုတယ္အသြင္ စံအိမ္ၾကီးအတြင္း ၾကည့္ရႈေလ့လာၾကပါစို႔။

(နစ္ကိုးကစ္မန္း၏ ဧည့္ခန္း)

နစ္ကိုးကစ္မန္းသည္ ကိုရိုနာဗိုင္းရပ္စ္ ေလာ့ေဒါင္းကာလအတြင္း အင္စတာဂရမ္တြင္ ဓာတ္ပံုတစ္ပံု တင္ခဲ့ဖူးသည္။

ဓာတ္ပံုအတြင္း နစ္ကိုးသည္ အျပာေဖ်ာ့ႏွင့္ ႏို႔ႏွစ္ေရာင္အစင္းမ်ားပါေသာ ခံုတစ္လံုးတြင္ ထိုင္ကာ အီတလီ ဘာသာစကားေလ့လာေနပံုကို ဓာတ္ပံုရုိက္ကူးထားျခင္း ျဖစ္သည္။

ဒူးေပၚတြင္ လက္ေတာ့ပ္တစ္လံုးတင္ထားျပီး လက္ထဲတြင္ Prego စာအုပ္ကိုင္ထားကာ သူ၏ ေဘးတြင္ ေလ့က်င့္ခန္းစာရြက္မ်ားႏွင့္ Easy Italian Reader စာအုပ္တို႔ကို ေတြ႔ရသည္။

သူ၏ ခံုေဘးတြင္ မွန္တံခါး ၂ ခ်ပ္ရွိျပီး မွန္ျပတင္းမ်ားမွတဆင့္ လသာေဆာင္ကို ျမင္ေနရသည္။

နစ္ကိုးကစ္မန္းသည္ အားလပ္ခ်ိန္ရလွ်င္ စာအုပ္ေကာင္းတစ္အုပ္ႏွင့္ ေခြေနရျခင္းကို သေဘာက်သည္။

စာဖတ္ရန္အတြက္ သူ႔တြင္ ေနရာေကာင္းေလးတစ္ခုရွိရာ ျပတင္းေပါက္ေဘးမွ ေက်ာမွီကုတင္တစ္လံုးတြင္ စာဖတ္ေလ့ရွိသည္။

အသက္ ၅၂ ႏွစ္အရြယ္ရွိ နစ္ကုိးကစ္မန္းက ခရစၥမတ္အတြက္ ဧည့္ခန္းအတြင္း အလွဆင္ထားပံုကိုလည္း ထုတ္ေဖာ္ျပသခဲ့ဖူးသည္။

ခရစၥမတ္သစ္ပင္ၾကီးတစ္ပင္တြင္ ေရာင္စံုမီးမ်ားထြန္းညွိထားကာ သီခ်င္းဆိုေနေသာ Santa ရုပ္ၾကီးတစ္ခု ကိုလည္း ထားရွိထားသည္။

ထို႔အျပင္ သူ၏ ေၾကာင္ကေလးကိုလည္း ခရစၥမတ္ပင္ၾကီးေအာက္တြင္ ေတြ႔ရသည္။

(နစ္ကုိးကစ္မန္း၏ အိမ္တြင္းအသံဖမ္း စတူဒီယို)

နစ္ကုိးကစ္မန္း၏ စံအိမ္အတြင္း ကိုယ္ပုိင္ အသံဖမ္းစတူဒီယို ပါဝင္ရာ ခင္ပြန္းျဖစ္သူ Keith Urban အေနျဖင့္ အိမ္မွ မခြာဘဲ သီခ်င္းေရးျခင္း ၊ အသံဖမ္းျခင္းမ်ား ျပဳလုပ္ႏိုင္မည္ျဖစ္သည္။

စံခ်ိန္မီအသံဖမ္း စတူဒီယိုတစ္ခုတြင္ ရွိသင့္ရွိထုိက္သည့္ စပီကာမ်ား ၊ mixing စက္မ်ား ၊ အသံဖမ္းပစၥည္းမ်ား အားလံုး ေတြ႔ရႏိုင္သည္။

သူတို႔ စံုတြဲသည္ သီခ်င္းအတူဆိုရျခင္းကို သေဘာက်သည္။

စံအိမ္အတြင္းရွိ အျခားေနရာတစ္ခုတြင္ အျဖဴေရာင္ ပီယာႏိုၾကီးတစ္လံုးလည္း ပုိင္ဆိုင္ထားျပီး ထုိေနရာတြင္ ခင္ပြန္းျဖစ္သူ ဝယ္ယူစုေဆာင္းထားသည့္ ဂစ္တာမ်ားလည္း ထားရွိသည္။

(နစ္ကုိးကစ္မန္း၏ စံအိမ္အတြင္းမွ စၾကၤန္လမ္း)

နစ္ကုိးကစ္မန္း၏ အင္စတာဂရမ္တြင္ တင္ေသာ ဓာတ္ပံုမ်ား၌ သူ၏ ေၾကာင္ကေလးမ်ား၏ ဓာတ္ပံုမ်ား မၾကာခဏပါဝင္ေလ့ရွိသည္။

ယခုပံုတြင္ ေတြ႔ရသည္မွာ စႏုိးအမည္ရွိ ေၾကာင္ကေလးတစ္ေကာင္ကို ျပတင္းေပါက္အနီးမွ ခံုတစ္လံုးတြင္ ေခြအိပ္ေနသည္ကို ေတြ႔ရသည္။

ႏို႔ႏွစ္ေရာင္ရွိေသာ ျပတင္းမွတဆင့္ ေနအိမ္အျပင္ဘက္ရွိ ပန္းဥယ်ာဥ္ႏွင့္ ျခံစည္းရုိးတို႔ကို ေတြ႔ျမင္ေနရသည္။

ဒုတိယ ဓာတ္ပံုတစ္ပံုတြင္ ေတြ႔ရသည္မွာ ေၾကာင္ကေလးစႏိုးသည္ ႏို႔ႏွစ္ေရာင္ ကူရွင္ခံုခင္းထားသည့္ သစ္သားခံုတန္းေပၚတြင္ မတ္တပ္ရပ္ကာ ျပတင္းေပါက္မွတဆင့္ အိမ္အျပင္ဘက္သုိ႔ လွမ္းၾကည့္ေနပံုကို ေတြ႔ရသည္။

စၾကၤန္လမ္းမွာ သစ္သားၾကမ္းျပင္ခင္းထားျပီး ေရွးေဟာင္းေကာ္ေဇာတစ္ခ်ပ္ခင္းထားသည္ကိုလည္း ေတြ႔ရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nicole Kidman reveals she was haunted by the ghosts of Thailand's Death Railway on the set of film charting the horrors faced by Allied soldiers during World War Two (dailymail,hellomagazine)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service