“အိပ်ရာဝင်ပုံပြင်”

“အိပ်ရာဝင်ပုံပြင်” - Property Knowledge in Myanmar from iMyanmarHouse.com
20 Feb 2023 2:38 pm တွင် တင်ခဲ့သည်
928 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ဖေဖေ သဲသဲအိပ်ချင်ပြီ ပုံပြင်ဖတ်ပြနော်…”

ဝရန်တာတွင် စာဖတ်နေသည့် ကျွန်တော်ထံ သမီးက အိပ်ရာဝင်ခါနီး လာပြီးပုံပြင်ဖတ်ခိုင်းနေပါသည်။

ကျွန်တော်ကလည်း အလုပ်မှာ စာရေးနိုင်ဖို့ နေ့စဉ်စာဖတ်ရသည်။စာဖတ်မှ အတွေးတို့ပေါ်ပါမည်။အခုတော့…

“သမီးရယ် ဖေဖေစာဖတ်နေတယ်လေ…ဖေဖေမအားလို့ သမီးစာအုပ်ကို နောက်မှဖတ်ပြမယ်နော်.. ဟုတ်လား…”

“ဟင့်အင်း..ဟင့်အင်း..အခုဖတ်ပြ၊ အခုဖတ်ပြ…”

“သမီးမေမေရော..ဘယ်မှာလဲ၊…မေမေကိုဖတ်ပြခိုင်းလိုက်နော် သမီးလေး…”

“ဟင့်အင်း…ဖေဖေပဲဖတ်ပြ…ဖေဖေဖတ်ပြတာကကောင်းတယ်…”

“အော်..သမီးရယ်..မေမေဖတ်ပြတာလည်း ကောင်းပါတယ်သမီးရဲ့..”

ထိုသို့ဖြင့် သူသိချင်သည့် ပုံပြင်များကို သမီးက ဇွတ်ဖတ်ခိုင်းနေပါတော့သည်။

သမီးကို ကျွန်တော် အကျင့်တစ်ခု လုပ်ပေးထားသည်။ဒါကတော့ ကဗျာရွတ်ဆိုပြခြင်းနှင့် ပုံပြင်ဖတ်ပြသည့် အလေ့အကျင့်တို့ပင်ဖြစ်သည်။အလွန်အိပ်ချင်လွန်း၍ အိပ်သွားသည်မှလွဲပြီး ညတိုင်းနီးပါး ပုံပြင်ဖတ်ခိုင်း တတ်သည်။

ဒီအကျင့်လေးက သမီးတွင်စွဲနေပေပြီ။ပုံပြင်နားထောင်ခြင်းအလေ့ကို သူမက်မက်မောမောရှိလှသည်။

ယခင်ကဆိုလျှင် သမီးကျောင်းမတက်သေးခင်အရွယ်က နေ့လည်နေ့ခင်း သူအိပ်ခါနီးအချိန်များတွင် ကဗျာရွတ်ဆိုပြခြင်းသည်ကား ပုံမှန်လုပ်ပေးခဲ့သော်လည်း သူကျောင်းတက်သည့်နောက်ပိုင်းတွင် ကဗျာရွတ်ဆိုပြခြင်းတို့ မလုပ်ပေးဖြစ်ခဲ့တော့ပေ။

ယခုတော့ အချို့သောကဗျာတို့သည် သမီးခေါင်းထဲတွင် မေ့တေ့တေ့ပင်ဖြစ်ကုန်သည်။သမီးအတွက် ကျွန်တော်နှမြောလှပါသည်။ ဒီအကျင့်လေးကိုပြန်လုပ်ပေးရပေဦးမည်။သမီးကို ကဗျာချစ်သူလေးတစ်ယောက် ဖြစ်စေချင်သည်။

ကဗျာလေးများက ခံစားရသောချစ်စရာ အလှတရားများကို သူ့ကိုရရှိစေချင်သည်။ကဗျာအတော်များများ ရထားသော သမီးက အခုတော့ ပုံပြင်ရဲ့ အရသာကို တောင်းဆိုနေပေပြီ။

သားသမီးမွေးထားသူ တစ်ယောက်အနေနှင့် အလုပ်မအားလပ်သော်လည်း သမီးတောင်းဆိုနေသည့် အရာကိုတော့ လုပ်ပေးရပေဦးမည်။

များသောအားဖြင့် သမီးအား ကျွန်တော်ကပုံပြင်ဖတ်မပြခင် တစ်ခေါက်လောက်တော့ အရင်ကြိုဖတ်ထား ရသည်။ ဒါမှ လေယူလေသိမ်း အသံနေအသံထားနှင့် အသံမှာ ဟန်ပါပါပုံပေါ်လာအောင် ဖတ်ပြရသည်က ပိုကောင်းသည်ဟုခံစားရသဖြင့်ဖြစ်သည်။ထိုနည်းနှင့် ဖတ်ပြသည်က ပိုပြီးရသပေါ်ပုံရသည်။ ထိုသို့ဖတ်ပြသဖြင့်လည်း ဖေဖေဖတ်ပြတာ ပိုကောင်းတယ်လို့ ပြောခြင်းဖြစ်ပေမည်။သမီးအပြောလေးကြောင့် ကျွန်တော်ကျေနပ်ရပါသော်လည်း သူ့အမေကြားလျှင် မည်သို့ရှိလိမ့်မည်နည်း။သူ့အမေကြားလျှင် စိတ်မကောင်းဖြစ်ပေရော့မည်။

ကဲကဲ..သမီးလေးက ဘယ်စာအုပ်ထဲက ပုံပြင်ကို ဖေဖေဖတ်ပြရမလဲ။သူအတွက်ထားသော စာအုပ်စင်မှ ဝယ်ပေးထားသော စာအုပ်ထူတစ်အုပ်ကို ဆွဲထုတ်လာသည်။

“ဖေဖေ ဒီစာအုပ်ဖတ်ပြနော်…”ဟု စာအုပ်ကို ယူလာပြီးပြသည်။

ကျွန်တော်ကြည့်လိုက်တော့ ဆရာကြီးမင်းယုဝေနှင့် ဆရာမငွေတာရီတို့ ဘာသာပြန်ထားသော ဂရင်းညီနောင် ပုံပြင်၁၀၀ စာအုပ်ဖြစ်နေသည်။အခုနောက်ပိုင်း ထိုပုံပြင်များကို မြန်မာစကားပြောသော ပုံပြင်များဆိုပြီး ကာတွန်းရုပ်ရှင်ကားများ အဖြစ်ထွက်လာနေပါပြီ။ဖုန်းဖြင့်လည်းကောင်း၊အခွေဝယ်ပြီး ကွန်ပြူတာဖြင့် လည်းကောင်း ကြည့်နိုင်သည်မှန်ပါ၏။

သို့ပါသော်လည်း ကျွန်တော်တို့ငယ်စဉ်က ဖေဖေ့လက်မောင်းပေါ်ခေါင်းအုံးပြီး ဖေဖေပြောပြသည့် ပုံပြင်နှင့် ရှေးစကားများကိုနားထောင်ရသည့် အရသာကိုနှစ်သက်ခဲ့ဘူးသည်။မိသားစု ကြည်နူးနွေးထွေးဖွယ်တို့က ယခုလို ကလေးအရွယ်မှာရှိသင့်သည်။ခေတ်မီနည်းပညာများနှင့်ပဲ လွှတ်ထား၍ မရဟုထင်သည်။

ထို့ကြောင့် ကျွန်တော်တို့ငယ်စဉ်က မိဘရင်ခွင်တွင်ခိုဝင်ပြီး ပုံပြင်အရသာ ခံစားသည့်ပုံစံမျိုး သမီးကိုလည်း ရရှိခံစားစေချင်သည်။

ထို့ကြောင့် မအားလပ်ပါသော်လည်း ညစဉ်ဝတ္တရားအဖြစ် ပုံပြင်စာအုပ်ကိုင်ကာ သမီးကိုဖတ်ပြဖို့ လုပ်လိုက်ရပါတော့သည်။

မိဘရင်ခွင်တို့ နွေးထွေးပါစေ…။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo - summitmedia digital

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“အိပ္ရာဝင္ပုံျပင္”

 

“ေဖေဖ သဲသဲအိပ္ခ်င္ၿပီ ပုံျပင္ဖတ္ျပေနာ္…”

ဝရန္တာတြင္ စာဖတ္ေနသည့္ ကၽြန္ေတာ္ထံ သမီးက အိပ္ရာဝင္ခါနီး လာၿပီးပုံျပင္ဖတ္ခိုင္းေနပါသည္။

ကၽြန္ေတာ္ကလည္း အလုပ္မွာ စာေရးႏိုင္ဖို႔ ေန႔စဥ္စာဖတ္ရသည္။စာဖတ္မွ အေတြးတို႔ေပၚပါမည္။အခုေတာ့…

“သမီးရယ္ ေဖေဖစာဖတ္ေနတယ္ေလ…ေဖေဖမအားလို႔ သမီးစာအုပ္ကို ေနာက္မွဖတ္ျပမယ္ေနာ္.. ဟုတ္လား…”

“ဟင့္အင္း..ဟင့္အင္း..အခုဖတ္ျပ၊ အခုဖတ္ျပ…”

“သမီးေမေမေရာ..ဘယ္မွာလဲ၊…ေမေမကိုဖတ္ျပခိုင္းလိုက္ေနာ္ သမီးေလး…”

“ဟင့္အင္း…ေဖေဖပဲဖတ္ျပ…ေဖေဖဖတ္ျပတာကေကာင္းတယ္…”

“ေအာ္..သမီးရယ္..ေမေမဖတ္ျပတာလည္း ေကာင္းပါတယ္သမီးရဲ႕..”

ထိုသို႔ျဖင့္ သူသိခ်င္သည့္ ပုံျပင္မ်ားကို သမီးက ဇြတ္ဖတ္ခိုင္းေနပါေတာ့သည္။

သမီးကို ကၽြန္ေတာ္ အက်င့္တစ္ခု လုပ္ေပးထားသည္။ဒါကေတာ့ ကဗ်ာရြတ္ဆိုျပျခင္းႏွင့္ ပုံျပင္ဖတ္ျပသည့္ အေလ့အက်င့္တို႔ပင္ျဖစ္သည္။အလြန္အိပ္ခ်င္လြန္း၍ အိပ္သြားသည္မွလြဲၿပီး ညတိုင္းနီးပါး ပုံျပင္ဖတ္ခိုင္း တတ္သည္။

ဒီအက်င့္ေလးက သမီးတြင္စြဲေနေပၿပီ။ပုံျပင္နားေထာင္ျခင္းအေလ့ကို သူမက္မက္ေမာေမာရွိလွသည္။

ယခင္ကဆိုလွ်င္ သမီးေက်ာင္းမတက္ေသးခင္အရြယ္က ေန႔လည္ေန႔ခင္း သူအိပ္ခါနီးအခ်ိန္မ်ားတြင္ ကဗ်ာရြတ္ဆိုျပျခင္းသည္ကား ပုံမွန္လုပ္ေပးခဲ့ေသာ္လည္း သူေက်ာင္းတက္သည့္ေနာက္ပိုင္းတြင္ ကဗ်ာရြတ္ဆုိျပျခင္းတို႔ မလုပ္ေပးျဖစ္ခဲ့ေတာ့ေပ။

ယခုေတာ့ အခ်ိဳ႕ေသာကဗ်ာတို႔သည္ သမီးေခါင္းထဲတြင္ ေမ့ေတ့ေတ့ပင္ျဖစ္ကုန္သည္။သမီးအတြက္ ကၽြန္ေတာ္ႏွေျမာလွပါသည္။ ဒီအက်င့္ေလးကိုျပန္လုပ္ေပးရေပဦးမည္။သမီးကို ကဗ်ာခ်စ္သူေလးတစ္ေယာက္ ျဖစ္ေစခ်င္သည္။

ကဗ်ာေလးမ်ားက ခံစားရေသာခ်စ္စရာ အလွတရားမ်ားကို သူ႔ကိုရရွိေစခ်င္သည္။ကဗ်ာအေတာ္မ်ားမ်ား ရထားေသာ သမီးက အခုေတာ့ ပုံျပင္ရဲ႕ အရသာကို ေတာင္းဆိုေနေပၿပီ။

သားသမီးေမြးထားသူ တစ္ေယာက္အေနႏွင့္ အလုပ္မအားလပ္ေသာ္လည္း သမီးေတာင္းဆိုေနသည့္ အရာကိုေတာ့ လုပ္ေပးရေပဦးမည္။

မ်ားေသာအားျဖင့္ သမီးအား ကၽြန္ေတာ္ကပုံျပင္ဖတ္မျပခင္ တစ္ေခါက္ေလာက္ေတာ့ အရင္ႀကိဳဖတ္ထား ရသည္။ ဒါမွ ေလယူေလသိမ္း အသံေနအသံထားႏွင့္ အသံမွာ ဟန္ပါပါပုံေပၚလာေအာင္ ဖတ္ျပရသည္က ပိုေကာင္းသည္ဟုခံစားရသျဖင့္ျဖစ္သည္။ထိုနည္းႏွင့္ ဖတ္ျပသည္က ပိုၿပီးရသေပၚပုံရသည္။ ထိုသို႔ဖတ္ျပသျဖင့္လည္း ေဖေဖဖတ္ျပတာ ပိုေကာင္းတယ္လို႔ ေျပာျခင္းျဖစ္ေပမည္။သမီးအေျပာေလးေၾကာင့္ ကၽြန္ေတာ္ေက်နပ္ရပါေသာ္လည္း သူ႔အေမၾကားလွ်င္ မည္သို႔ရွိလိမ့္မည္နည္း။သူ႔အေမၾကားလွ်င္ စိတ္မေကာင္းျဖစ္ေပေရာ့မည္။

ကဲကဲ..သမီးေလးက ဘယ္စာအုပ္ထဲက ပုံျပင္ကို ေဖေဖဖတ္ျပရမလဲ။သူအတြက္ထားေသာ စာအုပ္စင္မွ ဝယ္ေပးထားေသာ စာအုပ္ထူတစ္အုပ္ကို ဆြဲထုတ္လာသည္။

“ေဖေဖ ဒီစာအုပ္ဖတ္ျပေနာ္…”ဟု စာအုပ္ကို ယူလာၿပီးျပသည္။

ကၽြန္ေတာ္ၾကည့္လိုက္ေတာ့ ဆရာႀကီးမင္းယုေဝႏွင့္ ဆရာမေငြတာရီတို႔ ဘာသာျပန္ထားေသာ ဂရင္းညီေနာင္ ပုံျပင္၁၀၀ စာအုပ္ျဖစ္ေနသည္။အခုေနာက္ပိုင္း ထိုပုံျပင္မ်ားကို ျမန္မာစကားေျပာေသာ ပုံျပင္မ်ားဆိုၿပီး ကာတြန္းရုပ္ရွင္ကားမ်ား အျဖစ္ထြက္လာေနပါၿပီ။ဖုန္းျဖင့္လည္းေကာင္း၊အေခြဝယ္ၿပီး ကြန္ျပဴတာျဖင့္ လည္းေကာင္း ၾကည့္ႏိုင္သည္မွန္ပါ၏။

သို႔ပါေသာ္လည္း ကၽြန္ေတာ္တို႔ငယ္စဥ္က ေဖေဖ့လက္ေမာင္းေပၚေခါင္းအုံးၿပီး ေဖေဖေျပာျပသည့္ ပုံျပင္ႏွင့္ ေရွးစကားမ်ားကိုနားေထာင္ရသည့္ အရသာကိုႏွစ္သက္ခဲ့ဘူးသည္။မိသားစု ၾကည္ႏူးေႏြးေထြးဖြယ္တို႔က ယခုလို ကေလးအရြယ္မွာရွိသင့္သည္။ေခတ္မီနည္းပညာမ်ားႏွင့္ပဲ လႊတ္ထား၍ မရဟုထင္သည္။

ထို႔ေၾကာင့္ ကၽြန္ေတာ္တို႔ငယ္စဥ္က မိဘရင္ခြင္တြင္ခိုဝင္ၿပီး ပုံျပင္အရသာ ခံစားသည့္ပုံစံမ်ိဳး သမီးကိုလည္း ရရွိခံစားေစခ်င္သည္။

ထို႔ေၾကာင့္ မအားလပ္ပါေသာ္လည္း ညစဥ္ဝတၱရားအျဖစ္ ပုံျပင္စာအုပ္ကိုင္ကာ သမီးကိုဖတ္ျပဖို႔ လုပ္လိုက္ရပါေတာ့သည္။

မိဘရင္ခြင္တို႔ ေႏြးေထြးပါေစ…။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit to Photo - summitmedia digital

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service