အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ... - Property Knowledge in Myanmar from iMyanmarHouse.com
19 Feb 2023 1:57 pm တွင် တင်ခဲ့သည်
948 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

iMyammarHouse.com ကနေအပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်း တင်ဆက်ပေးနေတဲ့ ဥပဒေအမေးအဖြေကဏ္ဍကနေ ကြိုဆိုပါတယ်။ ဒီညမှာတော့ iMyammarHouse.com သို့ပေးပို့တဲ့မေးခွန်းတွေထဲကမှ အိမ်ခြံမြေလောကသားတိုင်း မစိမ်းကြတဲ့ ဂရမ်မြေ နဲ့ပတ်သတ်တဲ့ အမေးအများဆုံးဥပဒေအမေးအဖြေနှစ်ခုကို တင်ဆက်ပေးဖို့ရွေးချယ်ပေးထားပါတယ်...

 

မေးခွန်း (၁)   ဂရန်မြေ အမည်ပေါက်ပိုင်ရှင်မရှိလျှင် မှတ်ပုံတင်နိုင်လား ?

အဖြေ (၁) ဂရန်မြေအမည်ပေါက် ပိုင်ရှင်သက်ရှိထင်ရှားမရှိခြင်း၊ ရှာဖွေမရခြင်းများဖြစ်ပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်လို့ရသည့် နည်းလမ်းရှိပါသည်။

ဂရန်အမည်ပေါက်သည့်ပိုင်ရှင်ဖြစ်သည့် မရှိတော့သည့်ပိုင်ရှင်ကို မှတ်ပုံတင်စာချုပ်ချုပ်ပေးစေလိုမှုဖြင့် တရားမမှု စွဲဆိုရမည်ဖြစ်သည်။ ပိုင်ရှင်က မရှိတော့သည့်အတွက် တရားရုံးသို့ လာရောက်ချေပမည် မဟုတ်ဘဲ လျှောက်ထားသူကိုသာ တစ်ဖက်သတ်စစ်ဆေးပြီး တရားရုံးမှ အနိုင်ဒီကရီအမိန့်ချပေးမည်ဖြစ်သည်။ အနိုင်ဒီကရီရရှိပါက တရားမ ဇာရီမှုဖွင့်လှစ်ရမှာဖြစ်ပြီး ဇာရီမှုဖွင့်လှစ်ပါက အမည်ပေါက်သူကိုယ်စား တရားရုံးမှ ဘိလစ်ကို တာဝန်ပေးအပ် မည်ဖြစ်သည်။

တာဝန်ပေးအပ်ခံရသည့် ဘိလစ်မှ အရောင်းမြေပုံကူးခြင်း၊ ရာဖြတ်တင်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ မှတ်ပုံတင်စာချုပ်ချုပ်ပေးခြင်းများကို အမည်ပေါက်သူ ကိုယ်စား ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဂရန်အမည်ပေါက်ပိုင်ရှင်မရှိခြင်း၊ ရှာဖွေမတွေ့ရှိခြင်းများကြောင့် မှတ်ပုံတင်မချုပ်ဆိုရသေးသည့်မြေများကို မှတ်ပုံတင်နိုင်မည်ဖြစ်ပါသည်။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးမှသာ အရောင်းအဝယ်သည် တရားဝင်မည်ဖြစ်ပါသည်။

 

 

မေးခွန်း (၂) သက်တမ်းကုန်နေသည့် ဂရန်မြေကိုအမွေဆက်ခံပိုင်ခွင့် ရှိသလား ?

အဖြေ (၂) ဂရန်မြေ၏ သဘောသဘာဝသည် အစိုးရပိုင်ဆိုင်သည့်မြေကို နှစ်ကာလအပိုင်းအခြားဖြင့် အငှားချထားခြင်းဖြစ်သည့်အတွက် သက်တမ်းကုန်နေသည့်ဂရန်မြေကို အမွေဆက်ခံပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့် မရှိပါဘူး။ အဆိုပါ မြေနဲ့ပတ်သက်ပြီး ဘာအကျိုးခံစားခွင့်မှမရှိတော့သလို အစိုးရပိုင်မြေ ပြန်လည်ဖြစ်သွားပါတယ်။

သို့သော် မြေငှားဂရန်စာချုပ်တွင် နှစ်(၃၀)ဖြစ်ပါက အသစ်ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး နှစ်(၆၀)၊ နှစ်(၉၀) မြေငှားဂရန်ကို နှစ်(၃၀)စီခွင့်ပြုသည့်ဂရန်ဆိုလျှင် ဂရန်သက်တမ်းတိုးလျှောက်ထားရမှာဖြစ်ပါတယ်။

သက်တမ်းတိုးလျှောက်ထားရာတွင် သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်ပြီး ဂရန်ထုတ်ပေးသည့် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ ခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှူးရုံးတွင်လည်းကောင်း လျှောက်ထားရမှာဖြစ်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.. မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

 

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အိမ္ျခံေျမဥပေဒအေရး ေဆြးေႏြးအေျဖ႐ွာ...

 

iMyammarHouse.com ကေနအပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္း တင္ဆက္ေပးေနတဲ့ ဥပေဒအေမးအေျဖက႑ကေန ႀကိဳဆိုပါတယ္။ ဒီညမွာေတာ့ iMyammarHouse.com သို႔ေပးပို႔တဲ့ေမးခြန္းေတြထဲကမွ အိမ္ျခံေျမေလာကသားတိုင္း မစိမ္းၾကတဲ့ ဂရမ္ေျမ နဲ႔ပတ္သတ္တဲ့ အေမးအမ်ားဆုံးဥပေဒအေမးအေျဖႏွစ္ခုကို တင္ဆက္ေပးဖို႔ေ႐ြးခ်ယ္ေပးထားပါတယ္...

 

ေမးခြန္း (၁) ဂရန္ေျမ အမည္ေပါက္ပိုင္႐ွင္မ႐ွိလွ်င္ မွတ္ပုံတင္ႏိုင္လား ?

အေျဖ (၁) ဂရန္ေျမအမည္ေပါက္ ပိုင္႐ွင္သက္႐ွိထင္႐ွားမ႐ွိျခင္း၊ ႐ွာေဖြမရျခင္းမ်ားျဖစ္ပါက မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္ ေဆာင္႐ြက္လို႔ရသည့္ နည္းလမ္း႐ွိပါသည္။

ဂရန္အမည္ေပါက္သည့္ပိုင္႐ွင္ျဖစ္သည့္ မ႐ွိေတာ့သည့္ပိုင္႐ွင္ကို မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ေပးေစလိုမႈျဖင့္ တရားမမႈ စြဲဆိုရမည္ျဖစ္သည္။ ပိုင္႐ွင္က မ႐ွိေတာ့သည့္အတြက္ တရား႐ုံးသို႔ လာေရာက္ေခ်ပမည္ မဟုတ္ဘဲ ေလွ်ာက္ထားသူကိုသာ တစ္ဖက္သတ္စစ္ေဆးၿပီး တရား႐ုံးမွ အႏိုင္ဒီကရီအမိန္႔ခ်ေပးမည္ျဖစ္သည္။ အႏိုင္ဒီကရီရ႐ွိပါက တရားမ ဇာရီမႈဖြင့္လွစ္ရမွာျဖစ္ၿပီး ဇာရီမႈဖြင့္လွစ္ပါက အမည္ေပါက္သူကိုယ္စား တရား႐ုံးမွ ဘိလစ္ကို တာဝန္ေပးအပ္ မည္ျဖစ္သည္။

တာဝန္ေပးအပ္ခံရသည့္ ဘိလစ္မွ အေရာင္းေျမပုံကူးျခင္း၊ ရာျဖတ္တင္ျခင္း၊ အခြန္ေပးေဆာင္ျခင္း၊ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ေပးျခင္းမ်ားကို အမည္ေပါက္သူ ကိုယ္စား ေဆာင္႐ြက္ေပးသြားမည္ျဖစ္ပါသည္။ ထိုသို႔ ျပဳလုပ္ျခင္းျဖင့္ ဂရန္အမည္ေပါက္ပိုင္႐ွင္မ႐ွိျခင္း၊ ႐ွာေဖြမေတြ႕႐ွိျခင္းမ်ားေၾကာင့္ မွတ္ပုံတင္မခ်ဳပ္ဆိုရေသးသည့္ေျမမ်ားကို မွတ္ပုံတင္ႏိုင္မည္ျဖစ္ပါသည္။ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွသာ အေရာင္းအဝယ္သည္ တရားဝင္မည္ျဖစ္ပါသည္။

 

ေမးခြန္း (၂) သက္တမ္းကုန္ေနသည့္ ဂရန္ေျမကိုအေမြဆက္ခံပိုင္ခြင့္ ႐ွိသလား ?

အေျဖ (၂) ဂရန္ေျမ၏ သေဘာသဘာဝသည္ အစိုးရပိုင္ဆိုင္သည့္ေျမကို ႏွစ္ကာလအပိုင္းအျခားျဖင့္ အငွားခ်ထားျခင္းျဖစ္သည့္အတြက္ သက္တမ္းကုန္ေနသည့္ဂရန္ေျမကို အေမြဆက္ခံပိုင္ခြင့္၊ ပိုင္ဆိုင္ခြင့္ မ႐ွိပါဘူး။ အဆိုပါ ေျမနဲ႔ပတ္သက္ၿပီး ဘာအက်ိဳးခံစားခြင့္မွမ႐ွိေတာ့သလို အစိုးရပိုင္ေျမ ျပန္လည္ျဖစ္သြားပါတယ္။

သို႔ေသာ္ ေျမငွားဂရန္စာခ်ဳပ္တြင္ ႏွစ္(၃၀)ျဖစ္ပါက အသစ္ျပန္လည္ေလွ်ာက္ထားရမွာျဖစ္ၿပီး ႏွစ္(၆၀)၊ ႏွစ္(၉၀) ေျမငွားဂရန္ကို ႏွစ္(၃၀)စီခြင့္ျပဳသည့္ဂရန္ဆိုလွ်င္ ဂရန္သက္တမ္းတိုးေလွ်ာက္ထားရမွာျဖစ္ပါတယ္။

သက္တမ္းတိုးေလွ်ာက္ထားရာတြင္ သက္တမ္းမကုန္ဆုံးမီ (၃)လႀကိဳတင္ၿပီး ဂရန္ထုတ္ေပးသည့္ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ ၿမိဳ႕ျပႏွင့္အိမ္ယာဖြံ႕ၿဖိဳးေရးဦးစီးဌာနတြင္လည္းေကာင္း၊ ခ႐ိုင္အေထြ ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမႉး႐ုံးတြင္လည္းေကာင္း ေလွ်ာက္ထားရမွာျဖစ္ပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.. ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡  

https://www.imyanmarhouse.com/property-questions-answers-ask

 

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service