“အစကောင်းမှ အနှောင်းသေချာ မြေဝယ်ယူရင် စစ်ဆေးပါ”

“အစကောင်းမှ အနှောင်းသေချာ မြေဝယ်ယူရင် စစ်ဆေးပါ” - Property Knowledge in Myanmar from iMyanmarHouse.com
18 Feb 2023 12:01 pm တွင် တင်ခဲ့သည်
746 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

တစ်ရက်က ရုံးကို ဖုန်းတစ်လုံး ဆက်လာတယ်။ စရန်ချထားမိတဲ့ မြေကွက်က ဂရန်ကတုံး ဖြစ်နေ တယ်ဆိုတာ စာချုပ်ကြီး ချုပ်ခါနီးမှ သိလို့ ဘယ်လိုဆက်လုပ်သင့်ပါသလဲ ဆိုပြီး မေးမြန်းလာတယ်။ ဒါနဲ့ ရောင်းချတဲ့ မြေကွက်နဲ့ပတ်သတ်ပြီး သိလိုတာတွေ စစ်ဆေးဖို့ လိုအပ်တာတွေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ ရှေ့နေ မျက်လုံးပြူးသွားရပါတယ်။

စရန်ချထားမိသူက မြေကွက်က ဈေးတန်တယ်၊ အချက်အခြာကျတဲ့ နေရာမှာရှိတယ်ဆိုတော့ လူ့ သဘာဝအရ သက်သက်သာသာနဲ့လိုချင်တာကြောင့် ပွဲစားရဲ့ စကားတစ်ခွန်း အပေါ်မှာဘဲ ယုံကြည်ပြီး လိုအပ်တဲ့စာရွက်စာတမ်းများကို သေချာစစ်ဆေးခြင်း မပြုခဲ့တဲ့အပြင် ကျွမ်းကျင်သူများနဲ့ တိုင်ပင် ဆွေးနွေးခဲ့ခြင်း မရှိဘဲနဲ့ စရန်ပေးစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရှိရတယ်။

စရန်ပေးစာချုပ် ချုပ်ဆိုပြီးနောက် သတင်းစာကြော်ငြာထည့်ရာမှာလဲ တစ်ပတ်အတွင်း ကန့်ကွက် နိုင်ကြောင်း အလျင်အမြန် ကြော်ငြာစေခဲ့တာ၊ စရံပေးစာချုပ် ချုပ်ဆိုချိန်နဲ့ စာချုပ်ကြီး ချုပ်ဆိုဖို့ ကြားကာလအနေနဲ့ နှစ်ပတ်သာ သဘောတူ လက်မှတ်ရေးထိုးစေတာစတဲ့အချက်တွေကလဲ ဘဝင်မကျ စရာ အချက်အနေနဲ့ သတိပြုလိုက်မိတယ်။ ဒါနဲ့ ဖြစ်ကြောင်းကုန်စင် သေချာဆွေးနွေးနိုင်ဖို့ လက်ဝယ် ရှိနေတဲ့ စာရွက်စာတမ်းတွေကို ယူလာပြီး ရုံးမှာ အသေးစိတ်လာရောက်ဆွေးနွေးဖို့ ပြောလိုက်တယ်။

နောက်နေ့မှာ ဖုန်းဆက်ခဲ့သူ လင်မယားနှစ်ဦး ကပျာကယာနဲ့ ရုံးကို ရောက်လာပြီး သူတို့ လက်ဝယ်မှာရှိတဲ့ စာရွက်စာတမ်းလေးတွေကို ထုတ်ပြရှာတယ်။ ပထမဆုံး သက်တမ်းကုန်နေတဲ့ ဂရန်မှာ ပါဝင်တဲ့အမည်နဲ့ ရောင်းချသူအမည် ကွဲပြားနေတာကို တွေ့ရှိရလို့ မေးတဲ့အခါ အမည်ပေါက်ပိုင်ရှင်မှာ သေဆုံးသွားတဲ့အတွက် သားဖြစ်သူက ရောင်းချတာဖြစ်ကြောင်း သိရှိရတယ်။ ဒါနဲ့ အခြားသော မောင်နှမ တွေ ရှိ မရှိနဲ့ ရှိရင် ကျန်တဲ့မောင်နှမတွေက သဘောတူညီထားခြင်း ရှိ မရှိမေးရာ မောင်နှမ(၇)ယောက် ရှိကြောင်း၊ အခြားသော မောင်နှမများမှာ အဆက်အသွယ်ပြတ်နေသောကြောင့် သဘောတူညီချက် ရယူပေးနိုင်ခြင်း မရှိကြောင်း ပြောဆိုခဲ့တယ်ဆိုတာ သိရှိရပြန်တယ်။ ဒါ့အပြင် မူလအမည်ပေါက်သူနှင့် ယခု ရောင်းချသူက သားအမိ တော်စပ်ပါတယ်ဆိုပြီး ရောင်းချသူမှ ပြောဆိုနေသော်ငြား လူမျိုးနဲ့ ကိုးကွယ်တဲ့ ဘာသာ ကွဲပြားနေတာ ထပ်မံ စစ်ဆေးတွေ့ရှိရပြန်တယ်။ ချုပ်ဆိုထားတဲ့ စရန်ပေး ကတိစာချုပ်မှာလည်း အရပ်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် ကတိစာချုပ်ကိုသာ အသုံးပြု၍ ချုပ်ဆိုထားသည်ကို တွေ့ရှိရပြီး နှစ်ဦးနှစ်ဖက် လိုက်နာရမည့် တာဝန် ဝတ္တရားများကို တိကျသေချာစွာ ဖော်ပြထားခြင်း မရှိသည့်အတွက် ဝယ်ယူမည့်သူအတွက် မစခင်ကပင် ရှုံးနိမ့်သည့်အခြေအနေကို တွေ့ရှိလိုက်ရပါတယ်။

ဒါ့ကြောင့် မိမိတို့အနေနဲ့ ယခု မြေကွက်ကို ဆက်လက်ဝယ်ယူမည်ဆိုပါက ရောင်းချသူအနေဖြင့် အခြားသော မောင်နှမများ၏ သဘောတူညီချက် သို့မဟုတ် အခြားသော မောင်နှမများ၏ ကိုယ်စားလှယ်လွှဲအပ်စာကို ရရှိထားကြောင်း သက်သေပြသနိုင်မှသာ ဆက်လက် ဝယ်ယူသင့်ကြောင်းနှင့် ရောင်းမှား ဝယ်မှား ဖြစ်ပွားပါက ဆက်လက်ကြုံတွေ့နိုင်ရသည့် အခြေအနေများနှင့် အခက်အခဲများကို ရှင်းလင်း ပြလိုက်ပါတယ်။ "nemo dat quod non habet" "ဥပဒေဆိုရိုးအရ မည်သူမျှမိမိတွင် မရှိသော အခွင့်အရေးကိုသူတစ်ပါးအား လွှဲပြောင်းရောင်းချနိုင်ခြင်း မရှိကြောင်းနှင့် လွှဲပြောင်းရောင်းချခဲ့ပါက အဆိုပါ လွှဲပြောင်းရောင်းချခြင်းသည် တရားဝင် အတည်မဖြစ်ကြောင်း၊ စတင်ချိန်ကတည်းကပင် ပျက်ပြယ်နေကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။

နောက်ဆုံးမှာ လာရောက်တိုင်ပင်တဲ့ အမှုသည်လင်မယားလဲ စရန်ငွေ အနည်းငယ် ပြန်ရဖို့သာ ညှိနှိုင်းတော့မည်ဖြစ်ကြောင်းနှင့် ဝယ်ယူရန် ကြိုးစားတော့မည်မဟုတ်ကြောင်း ပြောကြားသွားပြီး နောင် ဝယ်ယူရောင်းချသည့်ကိစ္စများတွင် ဝန်ဆောင်မှုပေးအပ်ရန် အလုပ်အပ်နှံလိုကြောင်း၊ ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသွားပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]













နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်နှင့် လုပ်ဆောင်ချက်များအကြောင်း
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service