အလွမ်းခြေရာ

အလွမ်းခြေရာ - Property Knowledge in Myanmar from iMyanmarHouse.com
17 Feb 2023 12:42 pm တွင် တင်ခဲ့သည်
1356 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ရေလှိုင်းတို့က တလိမ့်လိမ့်ပြေးတက်လာနေသည်။ဖြတ်သန်းတိုက်ခတ်နေသည့် လေ၏အရှိန်ကိုလိုက်ပြီး လှိုင်းတို့က ကြီးလိုက်သေးလိုက် ပြေပြစ်လိုက်၊နူးညံ့လိုက်၊မာန်ထောင်လိုက်နှင့် မိမိ၏ ခြေရင်းသို့ ပြေးဝင်လာပြီး ဆင်းသက်ပျောက်ကွယ်သွားကြပြန်ပါသည်။

နောက်ကိုပြန်ကြည့်လိုက်သည့်အခါ မိမိလျှောက်ခဲ့ရာလမ်းတစ်လျှောက်က ခြေရာတို့ ပျက်သုဉ်းပျောက်ကွယ်လို့ သွားခဲ့ပါပြီကော။ပြန်မရနိုင်တော့။ပြန်မတွေ့နိုင်တော့။

--------------

ဒီလိုပါပဲ အတိတ်ကာလတစ်ခုက ဒီသဲသောင်ပြင်တွင် တစ်ဦးတည်းမဟုတ် နှစ်ဦးလျှောက်ခဲ့ဘူးပါသည်။လှိုင်းတို့ တက်မလာနိုင်သေးသည့် သောင်ပြင်ပေါ်တွင် သံယောဇဉ်နှင့် အတူလျှောက်ခဲ့ဘူးသည်။

လျှောက်ခဲ့ပြီးသည့် သဲသောင်ပြင်တွင် ထင်ကျန်ခဲ့သည့် မိမိတို့ခြေရာလေးများအားကြည့်ပြီး သံယောဇဉ်နှင့် အတူ ကြည်နူးဖွယ်ရင်ခုန်ခဲ့ဖူးသည်။

 

 

ဒီခြေရာလေးတွေလည်း ဒီရေတက်လာလျှင် မမြဲသောသဘောအရ ပျောက်ပျက်ကြပါလိမ့်မည်။ ထိုအချိန်တုန်းက ဤအတွေးမျိုးမရှိနေခဲ့ပါ။ကြည်နူးခြင်းတွေနဲ့ ရှေ့ခရီးဆက်လို့သာ ကောင်းနေခဲ့သည်။ ထိုစဉ်က ကံကြမ္မာသည် ကျွန်တော်တို့ဘက်မှာ အလေးသာပေးထားသယောင်ရှိနေခဲ့ပါသည်။

ရှေ့မှာဘာတွေဖြစ်လာမလဲဆိုသည်ကို ဘယ်သူမှ မသိ။မသိတော့်ပျော်နေခဲ့သည်။ချစ်သူဘဝ ကြည်နူးမှုများနှင့် ဖြတ်သန်းခဲ့သည့် ဤနေရာ၏ လှပသည့်ပန်းချီကားချပ်တစ်ခု ကျွန်တော်တို့ နှစ်ဦးသား၏ အသဲလွှာတွင် ပုံရိပ်ထင်ခဲ့ပါသည်။

-----

ထိုသည့်နောက် သူ့မွေးဖွားရာနယ်ကို အရေးတကြီးပြန်သွားနောက် အဆက်အသွယ်ဖြတ်လို့ အစဖျောက်ခဲ့သည်။ ချစ်သည့်ဇောဖြင့် သူနေထိုင်ရာဇာတိကို ကျွန်တော်လိုက်သွားခဲ့ပါသော်လည်း ထိုနေရာကပင် ခြေရာတို့ဖျောက်သွားခဲ့ပြန်ပါပေပြီ။

ခြေရာဖျောက်သူကို ခြေရာလိုက်ကောက်ရသည်ကလည်း အခက်သား။အကြောင်းရှိလို့သာ ဒီလိုဖြစ်လာခဲ့သည်ဟု မှတ်ထားလိုက်တော့သည်။ကျွန်တော်ရင်မှာတော့ ဖြစ်စဉ်တိုင်းသည် ပစ္စက္ခပုံရိပ်ပမာသာဖြစ်နေသည်။

-------

သူနှင့်ကျွန်တော် နှစ်ဦးသားချစ်ကြည်နူးရာ ဒီပင်လယ်ကမ်းစပ် သဲသောင်သာသို့ ကျွန်တော်တစ်ယောက်တည်း အထပ်ထပ်ရောက်ဖြစ်ခဲ့ပါသည်။အင်း..ဝေဒနာအလျောက် ခြေရာတွေကောက်ဖို့ပင်။ ဘယ်နေရာတွေကို ဘယ်သူနဲ့ လျှောက်နေပြန်လဲ သံယောဇဉ်ရေ။ဘယ်နေရာမှာ ခြေရာတွေချန်ထားခဲ့ပြန်ပြီလဲ ချစ်သူရေ။

ဒီမှာတော့ လွမ်းတခြင်းများနှင့် အလွမ်းခြေရာတွေကို လိုက်ကောက်လို့ မဆုံးနိုင်အောင်ပါပဲ။

 

 

ဒီနေရာလေးသည် လွတ်လပ်ပေါ့ပါးခြင်းများနှင့် ကျွန်တော်တို့ပျော်ခဲ့သလိုပါပဲ။အခြားသူများလည်း ပြုံးပျော်ရွှင်မြူးနေကြသည်ကို တွေ့နေရသည်။

အို…ဘယ်သူတွေများ ခြေရာတွေချန်ထားခဲ့ကြဦးမလဲ။ကျွန်တော့်လိုပင် အလွမ်းခြေရာတွေ ရှာဖွေလိုက်ကောက် သူတွေ ရှိကြဦးမှာလား။ရှိလိမ့်မည်ဟုလည်း ယူဆမိသည်။

တရိပ်ရိပ်နှင့် နှလုံးသားက စကားတို့ထွက်လာသည်။ အလွမ်းခြေရာ..အလွမ်းခြေရာ… “အလွမ်းခြေရာ”…ကဗျာတစ်ပုဒ်ဖြစ်သွားသည်။

သောင်စပ်ကမ်းခြေ လက်လှမ်းတွဲယူ

အတူတူလျှောက် ဦးတည်နောက်ဖက်

အမှတ်တရဖြစ် အချစ်ခြေရာ ကျန်ခဲ့ပါ၏။

တမ်းတမိလွမ်း သည်စခန်းနှင့်

သည်ကမ်းခြေမှာ တစ်ခါထပ်ရောက်

တစ်ယောက်တည်းပါ ဝေဒနာအလျောက်

ခြေရာကောက်ဖို့ ရောက်ခဲ့တယ်။

ဘယ်ရွေ့ဘယ်နေ သခင့်ခြေရာ

ဖွေရှာပါလည်း ခြေရာထပ်ပျောက်

လှိုင်းတွေအောက်မှာ ပျက်ခဲ့ပါပြီ။

ဘယ်ပျောက်နေလဲ ချစ်သူ့ခြေရာ

ဘယ်ရောက်နေလဲ အလွမ်းခြေရာ

လှိုင်းဒီရေတက် ကမ်းသောင်စပ်မဟုတ်

စွဲမှတ်ပိုက်ကြုံး နှလုံးသားမှာထင်ခဲ့ပါသော

ချစ်သောသူ၏ အလွမ်းခြေရာ။ ။

ကျွန်တော့်နှလုံးသားမှာတော့ ချစ်သောသူ၏ အလွမ်းခြေရာက လှိုင်းလည်းမဖျက် လက်ဆက်နေဆဲပါလား။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

အလြမ္းေျခရာ

 

ေရလႈိင္းတို႔က တလိမ့္လိမ့္ေျပးတက္လာေနသည္။ျဖတ္သန္းတိုက္ခတ္ေနသည့္ ေလ၏အရွိန္ကိုလိုက္ၿပီး လႈိင္းတို႔က ႀကီးလိုက္ေသးလိုက္ ေျပျပစ္လိုက္၊ႏူးညံ့လိုက္၊မာန္ေထာင္လိုက္ႏွင့္ မိမိ၏ ေျခရင္းသို႔ ေျပးဝင္လာၿပီး ဆင္းသက္ေပ်ာက္ကြယ္သြားၾကျပန္ပါသည္။

ေနာက္ကိုျပန္ၾကည့္လိုက္သည့္အခါ မိမိေလွ်ာက္ခဲ့ရာလမ္းတစ္ေလွ်ာက္က ေျခရာတို႔ ပ်က္သုဥ္းေပ်ာက္ကြယ္လို႔ သြားခဲ့ပါၿပီေကာ။ျပန္မရႏိုင္ေတာ့။ျပန္မေတြ႔ႏိုင္ေတာ့။

--------------

ဒီလိုပါပဲ အတိတ္ကာလတစ္ခုက ဒီသဲေသာင္ျပင္တြင္ တစ္ဦးတည္းမဟုတ္ ႏွစ္ဦးေလွ်ာက္ခဲ့ဘူးပါသည္။လႈိင္းတို႔ တက္မလာႏိုင္ေသးသည့္ ေသာင္ျပင္ေပၚတြင္ သံေယာဇဥ္ႏွင့္ အတူေလွ်ာက္ခဲ့ဘူးသည္။

ေလွ်ာက္ခဲ့ၿပီးသည့္ သဲေသာင္ျပင္တြင္ ထင္က်န္ခဲ့သည့္ မိမိတို႔ေျခရာေလးမ်ားအားၾကည့္ၿပီး သံေယာဇဥ္ႏွင့္ အတူ ၾကည္ႏူးဖြယ္ရင္ခုန္ခဲ့ဖူးသည္။

ဒီေျခရာေလးေတြလည္း ဒီေရတက္လာလွ်င္ မျမဲေသာသေဘာအရ ေပ်ာက္ပ်က္ၾကပါလိမ့္မည္။ ထိုအခ်ိန္တုန္းက ဤအေတြးမ်ိဳးမရွိေနခဲ့ပါ။ၾကည္ႏူးျခင္းေတြနဲ႔ ေရွ႕ခရီးဆက္လို႔သာ ေကာင္းေနခဲ့သည္။ ထိုစဥ္က ကံၾကမၼာသည္ ကၽြန္ေတာ္တို႔ဘက္မွာ အေလးသာေပးထားသေယာင္ရွိေနခဲ့ပါသည္။

ေရွ႕မွာဘာေတြျဖစ္လာမလဲဆိုသည္ကို ဘယ္သူမွ မသိ။မသိေတာ့္ေပ်ာ္ေနခဲ့သည္။ခ်စ္သူဘဝ ၾကည္ႏူးမႈမ်ားႏွင့္ ျဖတ္သန္းခဲ့သည့္ ဤေနရာ၏ လွပသည့္ပန္းခ်ီကားခ်ပ္တစ္ခု ကၽြန္ေတာ္တို႔ ႏွစ္ဦးသား၏ အသဲလႊာတြင္ ပုံရိပ္ထင္ခဲ့ပါသည္။

-----

ထိုသည့္ေနာက္ သူ႔ေမြးဖြားရာနယ္ကို အေရးတႀကီးျပန္သြားေနာက္ အဆက္အသြယ္ျဖတ္လို႔ အစေဖ်ာက္ခဲ့သည္။ ခ်စ္သည့္ေဇာျဖင့္ သူေနထိုင္ရာဇာတိကို ကၽြန္ေတာ္လိုက္သြားခဲ့ပါေသာ္လည္း ထိုေနရာကပင္ ေျခရာတို႔ေဖ်ာက္သြားခဲ့ျပန္ပါေပၿပီ။

ေျခရာေဖ်ာက္သူကို ေျခရာလိုက္ေကာက္ရသည္ကလည္း အခက္သား။အေၾကာင္းရွိလို႔သာ ဒီလိုျဖစ္လာခဲ့သည္ဟု မွတ္ထားလိုက္ေတာ့သည္။ကၽြန္ေတာ္ရင္မွာေတာ့ ျဖစ္စဥ္တိုင္းသည္ ပစၥကၡပုံရိပ္ပမာသာျဖစ္ေနသည္။

-------

သူႏွင့္ကၽြန္ေတာ္ ႏွစ္ဦးသားခ်စ္ၾကည္ႏူးရာ ဒီပင္လယ္ကမ္းစပ္ သဲေသာင္သာသို႔ ကၽြန္ေတာ္တစ္ေယာက္တည္း အထပ္ထပ္ေရာက္ျဖစ္ခဲ့ပါသည္။အင္း..ေဝဒနာအေလ်ာက္ ေျခရာေတြေကာက္ဖို႔ပင္။ ဘယ္ေနရာေတြကို ဘယ္သူနဲ႔ ေလွ်ာက္ေနျပန္လဲ သံေယာဇဥ္ေရ။ဘယ္ေနရာမွာ ေျခရာေတြခ်န္ထားခဲ့ျပန္ၿပီလဲ ခ်စ္သူေရ။

ဒီမွာေတာ့ လြမ္းတျခင္းမ်ားႏွင့္ အလြမ္းေျခရာေတြကို လိုက္ေကာက္လို႔ မဆုံးႏိုင္ေအာင္ပါပဲ။

ဒီေနရာေလးသည္ လြတ္လပ္ေပါ့ပါးျခင္းမ်ားႏွင့္ ကၽြန္ေတာ္တို႔ေပ်ာ္ခဲ့သလိုပါပဲ။အျခားသူမ်ားလည္း ၿပဳံးေပ်ာ္ရႊင္ျမဴးေနၾကသည္ကို ေတြ႔ေနရသည္။

အို…ဘယ္သူေတြမ်ား ေျခရာေတြခ်န္ထားခဲ့ၾကဦးမလဲ။ကၽြန္ေတာ့္လိုပင္ အလြမ္းေျခရာေတြ ရွာေဖြလိုက္ေကာက္ သူေတြ ရွိၾကဦးမွာလား။ရွိလိမ့္မည္ဟုလည္း ယူဆမိသည္။

တရိပ္ရိပ္ႏွင့္ ႏွလုံးသားက စကားတို႔ထြက္လာသည္။ အလြမ္းေျခရာ..အလြမ္းေျခရာ… “အလြမ္းေျခရာ”…ကဗ်ာတစ္ပုဒ္ျဖစ္သြားသည္။

ေသာင္စပ္ကမ္းေျခ လက္လွမ္းတြဲယူ

အတူတူေလွ်ာက္ ဦးတည္ေနာက္ဖက္

အမွတ္တရျဖစ္ အခ်စ္ေျခရာ က်န္ခဲ့ပါ၏။

တမ္းတမိလြမ္း သည္စခန္းႏွင့္

သည္ကမ္းေျခမွာ တစ္ခါထပ္ေရာက္

တစ္ေယာက္တည္းပါ ေဝဒနာအေလ်ာက္

ေျခရာေကာက္ဖို႔ ေရာက္ခဲ့တယ္။

ဘယ္ေရြ႕ဘယ္ေန သခင့္ေျခရာ

ေဖြရွာပါလည္း ေျခရာထပ္ေပ်ာက္

လႈိင္းေတြေအာက္မွာ ပ်က္ခဲ့ပါၿပီ။

ဘယ္ေပ်ာက္ေနလဲ ခ်စ္သူ႔ေျခရာ

ဘယ္ေရာက္ေနလဲ အလြမ္းေျခရာ

လႈိင္းဒီေရတက္ ကမ္းေသာင္စပ္မဟုတ္

စြဲမွတ္ပိုက္ႀကဳံး ႏွလုံးသားမွာထင္ခဲ့ပါေသာ

ခ်စ္ေသာသူ၏ အလြမ္းေျခရာ။ ။

ကၽြန္ေတာ့္ႏွလုံးသားမွာေတာ့ ခ်စ္ေသာသူ၏ အလြမ္းေျခရာက လႈိင္းလည္းမဖ်က္ လက္ဆက္ေနဆဲပါလား။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service