ဗြိတိန်တွင် နေအိမ် အလုံး ၁၀၀ ကို ၁ ပေါင်မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း

ဗြိတိန်တွင် နေအိမ် အလုံး ၁၀၀ ကို ၁ ပေါင်မျှဖြင့် ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း - Property News in Myanmar from iMyanmarHouse.com
17 Feb 2023 9:53 am တွင် တင်ခဲ့သည်
612 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဗြိတိန်တွင် အိမ်ခြံမြေ Developer တစ်ဦးက နေအိမ်ဝယ်ဖို့ ကူညီစို့ အစီအစဉ်ဖြင့် နေအိမ်ပေါင်း အလုံး ၁၀၀ ကို ၁ ပေါင်မျှဖြင့် ရောင်းချပေးမည့် အစီအစဉ်တစ်ခု အကောင်အထည်ဖော်လာသည်။

အင်္ဂလန်နိုင်ငံ၊ ဝူဗာဟမ်ပ်တန်မြို့ရှိ နေအိမ်သစ်ပေါင်း ၁၀၀ ကို နေအိမ်ပိုင်ဖို့ ကူညီစို့ (Help to Own) အစီအစဉ်မှတဆင့် စတာလင် ၁ ပေါင်မျှဖြင့် ရောင်းချပေးမည့် အစီအစဉ်လည်း ဖြစ်သည်။

Help to Own အစီအစဉ်မှတဆင့် ရရှိနိုင်မည့် နေအိမ်များမှာ အိပ်ခန်း ၃ ခန်းမှ ၄ ခန်းပါသည့် အဆောက်အအုံများဖြစ်ပြီး ဝူဗာဟမ်ပ်တန် မြို့ကောင်စီမှ တည်ထောင်ထားသော အိမ်ခြံမြေကုမ္ပဏီ WV Living က အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။

(Help to Own အစီအစဉ်မှတဆင့် နေအိမ်သစ်များကို ၁ ပေါင်မျှဖြင့် ပိုင်ဆိုင်နိုင်မည်။ ဓာတ်ပုံ Credit: SnapperSK)

Help to Own အစီအစဉ်မှာ အဆိုပါ အိမ်ခန်းပေါင်း ၁၀၀ ကို အငှားချထားမည်ဖြစ်ကာ အငှားနေထိုင်သူတို့၏ လစဉ်ငှားရမ်းခများကို Loyalty Premium အစီအစဉ်သို့ ထည့်သွင်းထားမည် ဖြစ်သည်။

ယင်းနောက် ငှားရမ်းနေထိုင်မှု ၂၅ နှစ်ပြည့်လျှင် အဆိုပါအိမ်များကို ၁ ပေါင်ဖြင့် ဝယ်ယူခွင့်ပေးမည် ဖြစ်သည်။

အကယ်၍ နှစ်ပေါင်း ၂၀ အတွင်း ပြောင်းရွှေ့သွားပါက ၎င်းတို့၏ Loyalty Premium မှ ငွေသားများ ထုတ်ပေး သွားမည် ဖြစ်သည်။

ပေါင် ၃၄ သန်း အကုန်အကျခံကာ ဆောက်လုပ်ထားသည့် လူနေအိမ်ရာသစ်ကို The Marches Estate ဟု အမည်ပေးထားပြီး နေအိမ်ပေါင်း ၁၀၀ ကို loyalty-premium စနစ်မှတဆင့် အငှားချ၊ ရောင်းချပေးသွားမည် ဖြစ်သည်။

ထို့အပြင် နေအိမ်ဝယ်ဖို့ ကူညီစို့ အစီအစဉ်ဖြင့် နေအိမ်ပေါင်း ၂၅၀ ကိုလည်း ရောင်းချရန် ရှိနေသည်။

My Generation Ltd က ထုတ်ပြန်သည်မှာ “Help to Own အစီအစဉ်ကနေ အရည်အသွေးကောင်းတဲ့ အိမ်သစ်တွေကို ကာလရှည် ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်။ လစဉ်ပေးအပ်မယ့် အိမ်လခတွေနဲ့ ကိုယ့်ရဲ့ Loyalty Premium ကို စုစည်းထားနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ နှစ် ၂၀ အတွင်း ပြောင်းရွှေ့ခဲ့မယ်ဆိုရင် ဒီငွေကို ပြန်ထုတ်သွားနိုင်မှာ ဖြစ်ပါတယ်”

“နေထိုင်မှု ၂၅ နှစ်ပြည့်တဲ့နေ့ကို ရောက်ချိန်မှာ ကိုယ်နေထိုင်နေတဲ့အိမ်ကို ၁ ပေါင်နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်”

ယခုအစီအစဉ်မှာ ကိုယ်ပိုင်နေအိမ်ပိုင်ဆိုင်ရန် အိပ်မက်မက်နေသော်လည်း လက်ငင်းပေးသွင်းရမည့်ငွေ အတွက် ခက်ခဲနေသော မိသားစုများအတွက် အထူးရည်ရွယ်ခြင်းဖြစ်သည်။

ထို့အပြင် လူ့အသိုက်အဝန်းအတွက် အရေးပါသော အဓိကလုပ်ငန်းနယ်ပယ်မှ ဝန်ထမ်းများ (ဥပမာ- ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံ၊ လုံခြုံရေး အစရှိသဖြင့်) ကို ကူညီမှုပေးရန်လည်း ရည်ရွယ်ပြီး ရရှိနိုင်သော နေအိမ်များ၏ ၄၀ ရာခိုင်နှုန်းကို အဆိုပါဝန်ထမ်းများအတွက် သတ်မှတ်ထားသည်။

မြို့တော်ဝန် Andy Street က “ဒီအစီအစဉ်က လူတွေ နေအိမ်ပိုင်ဆိုင်စေဖို့ ပိုမိုလွယ်ကူလာစေပါတယ်။ ဒေသတွင်းက လူတွေ၊ ဒီကို ရွှေ့ပြောင်းနေထိုင်မယ့် အဓိကလုပ်ငန်းနယ်ပယ်က ဝန်ထမ်းတွေဟာ သတ်မှတ် အချိန်ကာလရောက်ရင် ပိုင်ဆိုင်ခွင့်ရကြမယ့် အစီအစဉ်ပါ။ ဒါမျိုးအစီအစဉ်တွေ အများကြီး လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောသည်။

အိမ်ခြံမြေပိုင်ဆိုင်ရေးကြိုးစားရသည်မှာ အမှန်တကယ်ပင် ခက်ခဲကြောင်းနှင့် အိမ်ခြံမြေဈေးနှုန်းများ အမြဲတက်နေခြင်းမှာ ပိုမိုခက်ခဲမှုကို ဖြစ်စေကြောင်းလည်း ၎င်းက ပြောသည်။

(ဝူဗာဟမ်ပ်တန်ရှိ နေအိမ် ၁၀၀ စီမံကိန်းမှ နေအိမ်တစ်လုံး၏ မီးဖိုဆောင်။ ဓာတ်ပုံ- Credit: SnapperSK)

(ယခုအိမ်ရာတွင် ငှားရမ်းနေထိုင်ပြီး ၂၅ နှစ်ပြည့်လျှင် ၁ ပေါင်ဖြင့် ဝယ်ယူခွင့်ရမည် ဖြစ်သည်။ ဓာတ်ပုံ-Credit: SnapperSK)

(ယခုကဲ့သို့ အစီအစဉ်မျိုး တစ်နိုင်ငံလုံးတွင် ရှိသင့်ကြောင်း မြို့တော်ဝန် Andy Street က ပြောသည်။ ဓာတ်ပုံ-Credit: SnapperSK)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HOUSE ABOUT IT We’re flogging 100 homes for just £1 – here’s how you can cash in (thesun)

[Zawgyi]

ျဗိတိန္တြင္ ေနအိမ္ အလံုး ၁၀၀ ကို ၁ ေပါင္မွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္း

ျဗိတိန္တြင္ အိမ္ျခံေျမ Developer တစ္ဦးက ေနအိမ္ဝယ္ဖို႔ ကူညီစို႔ အစီအစဥ္ျဖင့္ ေနအိမ္ေပါင္း အလံုး ၁၀၀ ကို ၁ ေပါင္မွ်ျဖင့္ ေရာင္းခ်ေပးမည့္ အစီအစဥ္တစ္ခု အေကာင္အထည္ေဖာ္လာသည္။

အဂၤလန္ႏိုင္ငံ၊ ဝူဗာဟမ္ပ္တန္ျမိဳ႕ရွိ ေနအိမ္သစ္ေပါင္း ၁၀၀ ကို ေနအိမ္ပိုင္ဖို႔ ကူညီစို႔ (Help to Own) အစီအစဥ္မွတဆင့္ စတာလင္ ၁ ေပါင္မွ်ျဖင့္ ေရာင္းခ်ေပးမည့္ အစီအစဥ္လည္း ျဖစ္သည္။

Help to Own အစီအစဥ္မွတဆင့္ ရရွိႏိုင္မည့္ ေနအိမ္မ်ားမွာ အိပ္ခန္း ၃ ခန္းမွ ၄ ခန္းပါသည့္ အေဆာက္အအံုမ်ားျဖစ္ျပီး ဝူဗာဟမ္ပ္တန္ ျမိဳ႕ေကာင္စီမွ တည္ေထာင္ထားေသာ အိမ္ျခံေျမကုမၸဏီ WV Living က အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္သည္။

(Help to Own အစီအစဥ္မွတဆင့္ ေနအိမ္သစ္မ်ားကို ၁ ေပါင္မွ်ျဖင့္ ပိုင္ဆိုင္ႏိုင္မည္။ ဓာတ္ပံု Credit: SnapperSK)

Help to Own အစီအစဥ္မွာ အဆိုပါ အိမ္ခန္းေပါင္း ၁၀၀ ကို အငွားခ်ထားမည္ျဖစ္ကာ အငွားေနထိုင္သူတို႔၏ လစဥ္ငွားရမ္းခမ်ားကို Loyalty Premium အစီအစဥ္သို႔ ထည့္သြင္းထားမည္ ျဖစ္သည္။

ယင္းေနာက္ ငွားရမ္းေနထုိင္မႈ ၂၅ ႏွစ္ျပည့္လွ်င္ အဆိုပါအိမ္မ်ားကို ၁ ေပါင္ျဖင့္ ဝယ္ယူခြင့္ေပးမည္ ျဖစ္သည္။

အကယ္၍ ႏွစ္ေပါင္း ၂၀ အတြင္း ေျပာင္းေရႊ႕သြားပါက ၎တို႔၏ Loyalty Premium မွ ေငြသားမ်ား ထုတ္ေပး သြားမည္ ျဖစ္သည္။

ေပါင္ ၃၄ သန္း အကုန္အက်ခံကာ ေဆာက္လုပ္ထားသည့္ လူေနအိမ္ရာသစ္ကို The Marches Estate ဟု အမည္ေပးထားျပီး ေနအိမ္ေပါင္း ၁၀၀ ကို loyalty-premium စနစ္မွတဆင့္ အငွားခ်၊ ေရာင္းခ်ေပးသြားမည္ ျဖစ္သည္။

ထို႔အျပင္ ေနအိမ္ဝယ္ဖို႔ ကူညီစို႔ အစီအစဥ္ျဖင့္ ေနအိမ္ေပါင္း ၂၅၀ ကိုလည္း ေရာင္းခ်ရန္ ရွိေနသည္။

My Generation Ltd က ထုတ္ျပန္သည္မွာ “Help to Own အစီအစဥ္ကေန အရည္အေသြးေကာင္းတဲ့ အိမ္သစ္ေတြကို ကာလရွည္ ငွားရမ္းႏိုင္မွာ ျဖစ္ပါတယ္။ လစဥ္ေပးအပ္မယ့္ အိမ္လခေတြနဲ႔ ကိုယ့္ရဲ႕ Loyalty Premium ကို စုစည္းထားႏိုင္မွာျဖစ္ပါတယ္။ တကယ္လို႔ ႏွစ္ ၂၀ အတြင္း ေျပာင္းေရႊ႕ခဲ့မယ္ဆိုရင္ ဒီေငြကို ျပန္ထုတ္သြားႏိုင္မွာ ျဖစ္ပါတယ္”

“ေနထိုင္မႈ ၂၅ ႏွစ္ျပည့္တဲ့ေန႔ကို ေရာက္ခ်ိန္မွာ ကိုယ္ေနထိုင္ေနတဲ့အိမ္ကို ၁ ေပါင္နဲ႔ ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္”

ယခုအစီအစဥ္မွာ ကိုယ္ပိုင္ေနအိမ္ပိုင္ဆိုင္ရန္ အိပ္မက္မက္ေနေသာ္လည္း လက္ငင္းေပးသြင္းရမည့္ေငြ အတြက္ ခက္ခဲေနေသာ မိသားစုမ်ားအတြက္ အထူးရည္ရြယ္ျခင္းျဖစ္သည္။

ထို႔အျပင္ လူ႔အသိုက္အဝန္းအတြက္ အေရးပါေသာ အဓိကလုပ္ငန္းနယ္ပယ္မွ ဝန္ထမ္းမ်ား (ဥပမာ- ပညာေရး၊ က်န္းမာေရး၊ အေျခခံအေဆာက္အအံု၊ လံုျခံဳေရး အစရွိသျဖင့္) ကို ကူညီမႈေပးရန္လည္း ရည္ရြယ္ျပီး ရရွိႏိုင္ေသာ ေနအိမ္မ်ား၏ ၄၀ ရာခိုင္ႏႈန္းကို အဆိုပါဝန္ထမ္းမ်ားအတြက္ သတ္မွတ္ထားသည္။

ျမိဳ႕ေတာ္ဝန္ Andy Street က “ဒီအစီအစဥ္က လူေတြ ေနအိမ္ပိုင္ဆိုင္ေစဖို႔ ပိုမိုလြယ္ကူလာေစပါတယ္။ ေဒသတြင္းက လူေတြ၊ ဒီကို ေရႊ႕ေျပာင္းေနထိုင္မယ့္ အဓိကလုပ္ငန္းနယ္ပယ္က ဝန္ထမ္းေတြဟာ သတ္မွတ္ အခ်ိန္ကာလေရာက္ရင္ ပိုင္ဆိုင္ခြင့္ရၾကမယ့္ အစီအစဥ္ပါ။ ဒါမ်ဳိးအစီအစဥ္ေတြ အမ်ားၾကီး လိုအပ္တယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္” ဟု ေျပာသည္။

အိမ္ျခံေျမပိုင္ဆိုင္ေရးၾကိဳးစားရသည္မွာ အမွန္တကယ္ပင္ ခက္ခဲေၾကာင္းႏွင့္ အိမ္ျခံေျမေစ်းႏႈန္းမ်ား အျမဲတက္ေနျခင္းမွာ ပိုမိုခက္ခဲမႈကို ျဖစ္ေစေၾကာင္းလည္း ၎က ေျပာသည္။

(ဝူဗာဟမ္ပ္တန္ရွိ ေနအိမ္ ၁၀၀ စီမံကိန္းမွ ေနအိမ္တစ္လံုး၏ မီးဖိုေဆာင္။ ဓာတ္ပံု- Credit: SnapperSK)

(ယခုအိမ္ရာတြင္ ငွားရမ္းေနထုိင္ျပီး ၂၅ ႏွစ္ျပည့္လွ်င္ ၁ ေပါင္ျဖင့္ ဝယ္ယူခြင့္ရမည္ ျဖစ္သည္။ ဓာတ္ပံု-Credit: SnapperSK)

(ယခုကဲ့သို႔ အစီအစဥ္မ်ဳိး တစ္ႏိုင္ငံလံုးတြင္ ရွိသင့္ေၾကာင္း ျမိဳ႕ေတာ္ဝန္ Andy Street က ေျပာသည္။ ဓာတ္ပံု-Credit: SnapperSK)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HOUSE ABOUT IT We’re flogging 100 homes for just £1 – here’s how you can cash in (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service