“ဘေးဖယ်ထားလိုက်ကြသည့် ရိုးသားခြင်းတွေ”

“ဘေးဖယ်ထားလိုက်ကြသည့် ရိုးသားခြင်းတွေ” - Property Knowledge in Myanmar from iMyanmarHouse.com
16 Feb 2023 12:50 pm တွင် တင်ခဲ့သည်
445 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အရေးလိုကာမှ အရာတွေကပေါ်လာသည်။

ကလေးကျောင်းသွားအပ်ကာမှ ကိုယ့်ရဲ့လိုအပ်ချက်တွေလည်း တွေ့လာရသည်။သမီးလေးမွေးတော့ သူမွေးခဲ့သည့် ပုဂ္ဂလိကဆေးရုံက ကျွန်တော်တို့အား အရှင်မွေးစာရင်းပေးလိုက်ပါသည်။

ထိုမွေးစာရင်းကိုယူပြီး ဘာမှဆက်မလုပ်ဘဲ ဒီအတိုင်းနေခဲ့သည်။သက်ဆိုင်ရာ ဒေသန္တရရုံးကိုသွားပြီး မွေးစာရင်းပြန်လုပ်ရမည်ကို မသိခဲ့ပေ။ဆေးရုံကလည်း ဆက်လုပ်ရမည့် ကိစ္စတို့ကို သိအောင်ကြိုမပြောခဲ့ ကြပေ။ဒီလိုနှင့်။

သမီးလေးငါးနှစ်ပြည့်၍ ကြိုတင်ကျောင်းအပ်နှံဖို့ သွားရောက်ဆောင်ရွက်သည့်အခါမှ ပုဂ္ဂလိကဆေးရုံက ပေးလိုက်သည့် အရှင်မွေးစာရင်းနှင့် မရကြောင်းသိရတော့သည်။ထို့ကြောင့် သမီးမွေးခဲ့သည့် ဆေးရုံသို့ တစ်ခါပြေးရပြန်သည်။ထိုပုဂ္ဂလိက ဆေးရုံကလည်း သူတို့အနေနှင့် အရှင်မွေးသည့်စာရင်းသာ ထုတ်ပေးခွင့် ရှိကြောင်း၊ထိုပေးလိုက်သည့်စာရွက်နှင့် မိမိတို့နေထိုင်သည့် မြို့နယ်ရှိ ဒေသန္တရဌာနသို့သွားပြီး မွေးစားရင်း သွင်းရမည်ဖြစ်ကြောင်း လမ်းညွှန်ပါသည်။

ထို့ကြောင့် ကိုယ်နေထိုင်ရာ ဒေသန္တရဌာနသို့ ထိုနေ့က စနေနေ့ဖြစ်သည့်အပြင် ညနေ ၅ နာရီလည်း ကျော်သွားသဖြင့် မသွားခဲ့တော့ပေ။တနင်္လာနေ့မှ သွားဖို့ဆုံးဖြတ်ခဲ့သည်။

တနင်္ဂနွေနေ့တွင် ဘုရားသို့ ပန်းကပ်လှူရန်သွားရင်း ရုံးပိတ်ရက်ဖြစ်သော်လည်း ဒေသန္တရရုံးဖွင့်လိုဖွင့်ငြား ဝင်ကြည့်၏။ ရုံးမှာ မဖွင့်သော်လည်း အထဲတွင် လူတစ်ယောက် ရှိနေသဖြင့် ထိုသူ့ကို မေးကြည့်ရာ မွေးစာရင်းကို သူပင်လုပ်ပေးကြောင်းပြောပြီး တံခါးဖွင့်ပေး၏။

ကျွန်တော်တို့လည်း အထဲဝင်ထိုင်ရင်း ဖြစ်ကြောင်းတို့ကိုပြောပြ၏။ထိုအကြောင်းတို့ကို မပြောမိရင် အကောင်းသား။ပြောမိတော့မှ ကိုယ့်စကားကိုနင်းပြီး တိုက်စစ်ဆင်ပါတော့သည်။

ငါးနှစ်တောင်လွန်သွားပြီဖြစ်၍ ဒဏ်ကြေးဆောင်ရမှာဖြစ်ကြောင်း၊တစ်နှစ်ကိုတစ်သောင်းနှင့် ငါးနှစ်အတွက် ငါးသောင်းဖြစ်ကြောင်း စတောင်းပါတော့သည်။တိုင်းရုံးကို သွားရမှာဖြစ်၍ သွားစရိတ် လာစရိတ်က တစ်သောင်းအရင်ပေးခဲ့ရန်နှင့် မွေးစာရင်းစာရွက်ရတော့မှ ဒဏ်ကြေးနှင့် စေတနာရှိသလောက် လဖက်ရည်ဖိုးလေး ထပ်ပေးပေါ့ဗျာဆိုပြီး ပြောပါသည်။

အမှန်စကားဆိုကြောင်း စီစီတီဗီများလည်းသက်သေရှိကြောင်း၊မရိုးမသားမလုပ်ကြောင်း၊ဒီလောက်နှင့်လည်း မချမ်းသာကြောင်းတို့ကို ရေပက်မဝင်အောင်ကိုပြောပါသည်။ကျွန်တော်ကတော့ ပေးမယ်မပေးမယ်မပြောခဲ့။ အင်း..အဲ ..လောက်သာ စကားလိုက်ခဲ့ပြီး မေးလိုသည်တို့ကိုသာ မေးခဲ့သည်။

ရပ်ကွက်ထောက်ခံစာမိတ္တူ၊ မိဖနှစ်ဦးစလုံး၏ နှစ်ဖက်အိမ်ထောင်စုစာရင်းမိတ္တုတို့ အပါအဝင် ပေးစရာရှိသည့် စာရွက်စာတမ်းများကို သူ့အားပေးထားခဲ့ပြီးထွက်လာခဲ့သည်။စိတ်ထဲမှာတော့ အစိုင်အခဲနှင့်။ ဘဝင်မကျမှု တွေနှင့်။

မိမိက ကုမ္ပဏီဝန်ထမ်း။ဘေးပေါက်ဝင်ငွေမရှိ။ရသည့်လခနှင့် အဆင်ပြေအောင်နေထိုင်နေရသည်။ ဘေးပေါက်တွေ၊အောက်ဆိုက်တွေ၊တစ်မန်းနီးတွေ ရသည်မဟုတ်။

ဒီအခြေအနေမှာ ဒီလိုပေးရမည်ဆိုခြင်းကို ကျွန်တော်ဘဝင်မကျနိုင်။ဇနီးဖြစ်သူက ရှင့်အစ်ကိုကြီးထံ ဖုန်းဆက်မေးကြည့်ပါလား သူ့မှာလည်း မြို့နယ် ဒေသန္တရရုံးတစ်ရုံးတွင် လုပ်နေသည့် သူငယ်ချင်းရှိကြောင်း အသိပေးသဖြင့် ဖုန်းဆက်ကြည့်သည်။အစ်ကိုကြီးကလည်း သူ့သူငယ်ချင်းကိုမေးပေးပါသည်။ ဒီလိုဒဏ်ကြေးပေးရတာ မရှိကြောင်းလည်း ပြောသဖြင့် မိမိတို့မြို့နယ်ရှိရုံးက ထိုသူကတော့ ရေနစ်သူ ဝါးကူထိုးလိုက်ခြင်းပင်ဟု သိလိုက်ရသည်။

နောက်ရက်ရုံးဖွင့်ချိန်တွင် ဇနီးဖြစ်သူက သူ့သူငယ်ချင်းတစ်ယောက်ကို ခေါ်သွား ထိုရုံးသို့သွား၏။ သူကအပြင်မှာနေခဲ့ပြီး သူ့သူငယ်ချင်းအား ထိုရုံးမှ အသက်ကြီးကြီး ဆရာမကြီးအား နှစ်လွန်သွားသည့် ကလေးအတွက် မွေးစာရင်းလုပ်ချင်သည့်အကြောင်း၊ဒဏ်ကြေးပေးရ မပေးရအကြောင်းမေးရာ ဆရာမကြီးက မပေးရကြောင်းစေ၏။ 

ဆရာမကြီးက မပေးရကြောင်း၊မိဘကိုယ်တိုင် လာရန်လိုကြောင်းတို့ကို ပြန်ရှင်းပြသည်။ထိုအခြေအနေကို ရုံးပိတ်ရက်က ကျွန်တော်တို့ သွားတွေ့ခဲ့သည် ထိုပုဂ္ဂိုလ်လည်းကြားသည်။

ထိုအခြေအနေကို ဇနီးဖြစ်သူက ကျွန်တော်ကိုဖုန်းဆက်ပြောသည်။ဇနီးနှင့်ဖုန်းပြောနေတုန်း အခြားဖုန်းတစ်ခုမှ ကျွန်တော်ထံ ဖုန်းခေါ်နေသည့်အသံကိုလည်း ကြားနေရ၏။ဇနီးနှင့်ဖုန်းပြောပြီးနောက် ထိုဖုန်းကထပ်ခေါ်သည်။ မွေးစာရင်းလုပ်ပေးမည်ပြောသည့် ပုဂ္ဂိုလ်ထံမှဖုန်းဖြစ်နေသည်။

ကျွန်တော်က ဟယ်လိုပဲ ပြောရသေးသည် သူက အစ်ကိုရေမွေးစာရင်း လာယူလိုရပါပြီ။ ဒဏ်ကြေးလည်း ပေးစရာ မလိုတော့ဘူးသိရကြောင်း၊ဒါကြောင့်စေတနာရှိရင် လက်ဖက်ရည်ဖိုးလေးသာ ပေးပါရန်လုပ်နေသည်။ ကျွန်တော်လည်း အခြေအနေကို မသိသလိုလုပ်ပြီးနေလိုက်သည်။သူဖုန်းချသွားပြီးနောက် ဇနီးထံဖုန်းလှမ်း ဆက်လိုက်၏။မွေးစာရင်း လာထုတ်လို့ ရပြီဖြစ်ကြောင်းနှင့် ထိုပုဂ္ဂိုလ် ဖုန်းဆက်ကြောင်း၊ ဒဏ်ကြေးပေးစရာ မလိုတော့ကြောင်း၊လက်ဖက်ရည်ဖိုးလောက်သာရပေးပါရန်တို့ကိုပြန်ပြောပြလိုက်၏။ဇနီးဖြစ်သူက မပေးချင်။ ပေးမယ်ပြောထား၍ တစ်သောင်းတော့ပေးခဲ့လိုက်ဖို့ ပြောလိုက်ရသည်။ဒါပေမဲ့ စေတနာအလျောက်တော့ မဟုတ်တော့ပေ။ကျိန်စာမဖြစ်သည်ကိုသာ သူ့အတွက် သက်သာပေရော့မည်။

စေတနာနှစ်ပြီး လုပ်ကြည့်လိုက်စမ်းပါလို့ တိုက်တွန်းပါရစေ။ဓားပြတိုက်သလို တောင်းစရာမလိုဘဲ တုံ့ပြန်စေတနာတွေက မြန်မာလူမျိုးတွေမှာ မရှားပါဘူးလို့ တင်ပါသည်။တရားလွန်တော့ မတောင်းဆိုကြရန် လိုပါသည်။အားလုံးဟာ ရုန်းကန်နေကြရပါသည်။

ခေတ်ဆိုးကြီးကြောင့်ပေလား စေတနာနှင့် ရိုးသားခြင်းတို့ကို ဘေးဖယ်ထားလိုက်ကြပုံရပါသည်။ အကျင့်ဆိုးတို့ ပြင်တန်ကောင်းပါရဲ့လေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

“ေဘးဖယ္ထားလိုက္ၾကသည့္ ရိုးသားျခင္းေတြ”

အေရးလိုကာမွ အရာေတြကေပၚလာသည္။

ကေလးေက်ာင္းသြားအပ္ကာမွ ကိုယ့္ရဲ႕လိုအပ္ခ်က္ေတြလည္း ေတြ႔လာရသည္။သမီးေလးေမြးေတာ့ သူေမြးခဲ့သည့္ ပုဂၢလိကေဆးရုံက ကၽြန္ေတာ္တုိ႔အား အရွင္ေမြးစာရင္းေပးလိုက္ပါသည္။

ထိုေမြးစာရင္းကိုယူၿပီး ဘာမွဆက္မလုပ္ဘဲ ဒီအတိုင္းေနခဲ့သည္။သက္ဆိုင္ရာ ေဒသႏၲရ ရုံးကိုသြားၿပီး ေမြးစာရင္းျပန္လုပ္ရမည္ကို မသိခဲ့ေပ။ေဆး႐ုံကလည္း ဆက္လုပ္ရမည့္ ကိစၥတို႔ကို သိေအာင္ႀကိဳမေျပာခဲ့ ၾကေပ။ဒီလိုႏွင့္။

သမီးေလးငါးႏွစ္ျပည့္၍ ႀကိဳတင္ေက်ာင္းအပ္ႏွံဖို႔ သြားေရာက္ေဆာင္ရြက္သည့္အခါမွ ပုဂၢလိကေဆးရုံက ေပးလိုက္သည့္ အရွင္ေမြးစာရင္းႏွင့္ မရေၾကာင္းသိရေတာ့သည္။ထို႔ေၾကာင့္ သမီးေမြးခဲ့သည့္ ေဆးရုံသို႔ တစ္ခါေျပးရျပန္သည္။ထိုပုဂၢလိက ေဆးရုံကလည္း သူတို႔အေနႏွင့္ အရွင္ေမြးသည့္စာရင္းသာ ထုတ္ေပးခြင့္ ရွိေၾကာင္း၊ထိုေပးလိုက္သည့္စာရြက္ႏွင့္ မိမိတို႔ေနထိုင္သည့္ ၿမိဳ႔နယ္ရွိ ေဒသႏၱရဌာနသို႔သြားၿပီး ေမြးစားရင္း သြင္းရမည္ျဖစ္ေၾကာင္း လမ္းညႊန္ပါသည္။

ထို႔ေၾကာင့္ ကိုယ္ေနထိုင္ရာ ေဒသႏၱရဌာနသို႔ ထိုေန႔က စေနေန႔ျဖစ္သည့္အျပင္ ညေန ၅ နာရီလည္း ေက်ာ္သြားသျဖင့္ မသြားခဲ့ေတာ့ေပ။တနလၤာေန႔မွ သြားဖို႔ဆုံးျဖတ္ခဲ့သည္။

တနဂၤေႏြေန႔တြင္ ဘုရားသို႔ ပန္းကပ္လွဴရန္သြားရင္း ရုံးပိတ္ရက္ျဖစ္ေသာ္လည္း ေဒသႏၱရုံးဖြင့္လိုဖြင့္ျငား ဝင္ၾကည့္၏။ ရုံးမွာ မဖြင့္ေသာ္လည္း အထဲတြင္ လူတစ္ေယာက္ ရွိေနသျဖင့္ ထိုသူ႔ကို ေမးၾကည့္ရာ ေမြးစာရင္းကို သူပင္လုပ္ေပးေၾကာင္းေျပာၿပီး တံခါးဖြင့္ေပး၏။

ကၽြန္ေတာ္တို႔လည္း အထဲဝင္ထိုင္ရင္း ျဖစ္ေၾကာင္းတို႔ကိုေျပာၿပ၏။ထိုအေၾကာင္းတို႔ကို မေျပာမိရင္ အေကာင္းသား။ေျပာမိေတာ့မွ ကိုယ့္စကားကိုနင္းၿပီး တိုက္စစ္ဆင္ပါေတာ့သည္။

ငါးႏွစ္ေတာင္လြန္သြားၿပီျဖစ္၍ ဒဏ္ေၾကးေဆာင္ရမွာျဖစ္ေၾကာင္း၊တစ္ႏွစ္ကိုတစ္ေသာင္းႏွင့္ ငါးႏွစ္အတြက္ ငါးေသာင္းျဖစ္ေၾကာင္း စေတာင္းပါေတာ့သည္။တိုင္းရုံးကို သြားရမွာျဖစ္၍ သြားစရိတ္ လာစရိတ္က တစ္ေသာင္းအရင္ေပးခဲ့ရန္ႏွင့္ ေမြးစာရင္းစာရြက္ရေတာ့မွ ဒဏ္ေၾကးႏွင့္ ေစတနာရွိသေလာက္ လဖက္ရည္ဖိုးေလး ထပ္ေပးေပါ့ဗ်ာဆိုၿပီး ေျပာပါသည္။

အမွန္စကားဆိုေၾကာင္း စီစီတီဗီမ်ားလည္းသက္ေသရွိေၾကာင္း၊မရိုးမသားမလုပ္ေၾကာင္း၊ဒီေလာက္ႏွင့္လည္း မခ်မ္းသာေၾကာင္းတို႔ကို ေရပက္မဝင္ေအာင္ကိုေျပာပါသည္။ကၽြန္ေတာ္ကေတာ့ ေပးမယ္မေပးမယ္မေျပာခဲ့။ အင္း..အဲ ..ေလာက္သာ စကားလိုက္ခဲ့ၿပီး ေမးလိုသည္တို႔ကိုသာ ေမးခဲ့သည္။

ရပ္ကြက္ေထာက္ခံစာမိတၱဴ၊ မိဖႏွစ္ဦးစလုံး၏ ႏွစ္ဖက္အိမ္ေထာင္စုစာရင္းမိတၱဳတို႔ အပါအဝင္ ေပးစရာရွိသည့္ စာရြက္စာတမ္းမ်ားကို သူ႔အားေပးထားခဲ့ၿပီးထြက္လာခဲ့သည္။စိတ္ထဲမွာေတာ့ အစိုင္အခဲႏွင့္။ ဘဝင္မက်မႈ ေတြႏွင့္။

မိမိက ကုမၸဏီဝန္ထမ္း။ေဘးေပါက္ဝင္ေငြမရွိ။ရသည့္လခႏွင့္ အဆင္ေျပေအာင္ေနထိုင္ေနရသည္။ ေဘးေပါက္ေတြ၊ေအာက္ဆိုက္ေတြ၊တစ္မန္းနီးေတြ ရသည္မဟုတ္။

ဒီအေျခအေနမွာ ဒီလိုေပးရမည္ဆိုျခင္းကို ကြၽန္ေတာ္ဘဝင္မက်ႏိုင္။ဇနီးျဖစ္သူက ႐ွင့္အစ္ကိုႀကီးထံ ဖုန္းဆက္ေမးၾကည့္ပါလား သူ႕မွာလည္း ၿမိဳ႕နယ္ ေဒသႏၲရ႐ုံးတစ္႐ုံးတြင္ လုပ္ေနသည့္ သူငယ္ခ်င္း႐ွိေၾကာင္း အသိေပးသျဖင့္ ဖုန္းဆက္ၾကည့္သည္။အစ္ကိုႀကီးကလည္း သူ႕သူငယ္ခ်င္းကိုေမးေပးပါသည္။ ဒီလိုဒဏ္ေၾကးေပးရတာ မ႐ွိေၾကာင္းလည္း ေျပာသျဖင့္ မိမိတို႔ၿမိဳ႕နယ္႐ွိ႐ုံးက ထိုသူကေတာ့ ေရနစ္သူ ဝါးကူထိုးလိုက္ျခင္းပင္ဟု သိလိုက္ရသည္။

ေနာက္ရက္႐ုံးဖြင့္ခ်ိန္တြင္ ဇနီးျဖစ္သူက သူ႕သူငယ္ခ်င္းတစ္ေယာက္ကို ေခၚသြား ထို႐ုံးသို႔သြား၏။ သူကအျပင္မွာေနခဲ့ၿပီး သူ႕သူငယ္ခ်င္းအား ထို႐ုံးမွ အသက္ႀကီးႀကီး ဆရာမႀကီးအား ႏွစ္လြန္သြားသည့္ ကေလးအတြက္ ေမြးစာရင္းလုပ္ခ်င္သည့္အေၾကာင္း၊ဒဏ္ေၾကးေပးရ မေပးရအေၾကာင္းေမးရာ ဆရာမႀကီးက မေပးရေၾကာင္းေစ၏။ 

ဆရာမႀကီးက မေပးရေၾကာင္း၊မိဘကိုယ္တိုင္ လာရန္လိုေၾကာင္းတို႔ကို ျပန္ရွင္းျပသည္။ထိုအေျခအေနကို ရုံးပိတ္ရက္က ကၽြန္ေတာ္တို႔ သြားေတြ႔ခဲ့သည္ ထိုပုဂၢိဳလ္လည္းၾကားသည္။

ထိုအေျခအေနကို ဇနီးျဖစ္သူက ကၽြန္ေတာ္ကိုဖုန္းဆက္ေျပာသည္။ဇနီးႏွင့္ဖုန္းေျပာေနတုန္း အျခားဖုန္းတစ္ခုမွ ကၽြန္ေတာ္ထံ ဖုန္းေခၚေနသည့္အသံကိုလည္း ၾကားေနရ၏။ဇနီးႏွင့္ဖုန္းေျပာၿပီးေနာက္ ထိုဖုန္းကထပ္ေခၚသည္။ ေမြးစာရင္းလုပ္ေပးမည္ေျပာသည့္ ပုဂၢိဳလ္ထံမွဖုန္းျဖစ္ေနသည္။

ကၽြန္ေတာ္က ဟယ္လိုပဲ ေျပာရေသးသည္ သူက အစ္ကိုေရေမြးစာရင္း လာယူလိုရပါၿပီ။ ဒဏ္ေၾကးလည္း ေပးစရာ မလိုေတာ့ဘူးသိရေၾကာင္း၊ဒါေၾကာင့္ေစတနာရွိရင္ လက္ဖက္ရည္ဖိုးေလးသာ ေပးပါရန္လုပ္ေနသည္။ ကၽြန္ေတာ္လည္း အေျခအေနကို မသိသလိုလုပ္ၿပီးေနလိုက္သည္။သူဖုန္းခ်သြားၿပီးေနာက္ ဇနီးထံဖုန္းလွမ္း ဆက္လိုက္၏။ေမြးစာရင္း လာထုတ္လို႔ ရၿပီျဖစ္ေၾကာင္းႏွင့္ ထိုပုဂၢိဳလ္ ဖုန္းဆက္ေၾကာင္း၊ ဒဏ္ေၾကးေပးစရာ မလိုေတာ့ေၾကာင္း၊လက္ဖက္ရည္ဖိုးေလာက္သာရေပးပါရန္တို႔ကိုျပန္ေျပာျပလိုက္၏။ဇနီးျဖစ္သူက မေပးခ်င္။ ေပးမယ္ေျပာထား၍ တစ္ေသာင္းေတာ့ေပးခဲ့လိုက္ဖို႔ ေျပာလိုက္ရသည္။ဒါေပမဲ့ ေစတနာအေလ်ာက္ေတာ့ မဟုတ္ေတာ့ေပ။က်ိန္စာမျဖစ္သည္ကိုသာ သူ႔အတြက္ သက္သာေပေရာ့မည္။

ေစတနာႏွစ္ၿပီး လုပ္ၾကည့္လိုက္စမ္းပါလို႔ တိုက္တြန္းပါရေစ။ဓားျပတိုက္သလို ေတာင္းစရာမလိုဘဲ တုံ႔ျပန္ေစတနာေတြက ျမန္မာလူမ်ိဳးေတြမွာ မရွားပါဘူးလို႔ တင္ပါသည္။တရားလြန္ေတာ့ မေတာင္းဆိုၾကရန္ လိုပါသည္။အားလုံးဟာ ရုန္းကန္ေနၾကရပါသည္။

ေခတ္ဆိုးႀကီးေၾကာင့္ေပလား ေစတနာႏွင့္ ရိုးသားျခင္းတို႔ကို ေဘးဖယ္ထားလိုက္ၾကပုံရပါသည္။ အက်င့္ဆိုးတို႔ ျပင္တန္ေကာင္းပါရဲ႕ေလ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ အာဖရိကတိုက်အနောက်ပိုင်း ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင...

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service