အမေရိကန်တွင် အိမ်ရှေ့ ပိတ်ရပ်ထားသော ကားပိုင်ရှင်များကို အိမ်ရှင်က အကြံပိုင်စွာ ပညာပြလိုက်ပုံ

အမေရိကန်တွင် အိမ်ရှေ့ ပိတ်ရပ်ထားသော ကားပိုင်ရှင်များကို အိမ်ရှင်က အကြံပိုင်စွာ ပညာပြလိုက်ပုံ - Property News in Myanmar from iMyanmarHouse.com
16 Feb 2023 11:45 am တွင် တင်ခဲ့သည်
1451 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားတစ်ဦးသည် သူ၏ နေအိမ်ရှေ့၌ ပိတ်ရပ်ထားသော ကား ၁၆ စင်းကို မည်သို့မည်ပုံ ပညာပြလိုက်သည့်အကြောင်း Reddit လူမှုကွန်ရက်တွင် မျှဝေပြောကြားခဲ့သည်။

အိမ်ရှင်အမျိုးသားသည် ချီကာဂိုမြို့ ဆင်ခြေဖုံးဒေသတွင် လူနေခန်း တိုက် ၂ လုံး ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူနှင့် သူ၏ မိသားစုက တိုက်ခန်းအနည်းငယ်တွင် နေထိုင်ပြီး အခန်းလွတ်အချို့ရှိကာ ကျန်အခန်းများကို အငှားချထားသည်။

သူ၏ လမ်းထဲတွင် ကားရပ်နားရန် နေရာများစွာမရှိ။ သို့သော် သူ၏ လူနေခန်း အဆောက်အအုံများ ရှိရာနေရာ တွင်မူ ကားရပ်နားရန် နေရာများရှိသည်။ အဆောက်အအုံရှေ့တွင် ကား ၁၆ စင်းခန့် ရပ်နားရန် နေရာရှိသည်။

သို့သော် ထိုနေရာမှာ အဆောက်အအုံပိုင်ရှင် ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင်နေရာဖြစ်ရာ ကားရပ်လိုပါက ခွင့်ပြုချက် တောင်းခံရန် လိုအပ်မည် ဖြစ်သည်။

တစ်နေ့တွင် အဆောက်အအုံပိုင်ရှင်သည် အပြင်မှ ပြန်လာရာ သူ့အိမ်ရှေ့၌ ကားတစ်စင်းရပ်ထားသည်ကို တွေ့ခဲ့ရသည်။

ကားရပ်နားမှုသာမက ထိုကားသည် အနီးရှိ အပင်များလည်း ကျိုးကြေပျက်စီးနေစေကြောင်း တွေ့ခဲ့ရသည်။

ထိုကားပိုင်ရှင်ကို သူကောင်းစွာသိသည်။ လမ်းထဲတွင် နေထိုင်သူ တစ်ဦး၏ ကားဖြစ်၏။

စိတ်ရှုပ်သွားသော အိမ်ရှင်က ကားဆွဲသည့် ကုမ္ပဏီကို ဖုန်းဆက်ကာ ထိုကားကို ဆွဲထုတ်စေခဲ့သည်။

ယင်းနောက်ပိုင်း သူ၏ အဆောက်အအုံများဘေးပတ်လည်တွင် ကားမရပ်ရဟူသော ဆိုင်းဘုတ်များ တပ်ဆင်ထားခဲ့သည်။

သူ၏ လုပ်ဆောင်ချက် အောင်မြင်ပါသည်။ တစ်နှစ်နီးပါးခန့် မည်သည့်ပြဿနာမှ ရင်မဆိုင်ရတော့။

သို့သော် နှစ်သစ်ကူးအကြိုကာလသို့ ရောက်ချိန်တွင် ပြဿနာနှင့် ရင်ဆိုင်ရတော့သည်။

ထိုနေ့က တစ်နေ့လုံး အလုပ်တွင် ရှိနေခဲ့ပြီး အိမ်ပြန်လာချိန်၌ သူ့အိမ်ရှေ့တွင် ကားပေါင်း ၁၆ စီး ရပ်ထားသည် ကို တွေ့လိုက်ရသည်။

သူလည်း ဒေါသချောင်းချောင်းထွက်ကာ ကားဆွဲသည့် ကုမ္ပဏီသို့ ဖုန်းခေါ်ခဲ့သည်။

သို့သော် နှစ်သစ်ကူးအကြိုကာလဖြစ်နေသောကြောင့် ကားဆွဲသည့် ကုမ္ပဏီကလည်း ချက်ချင်းမလာနိုင်။

သူကလည်း ကြာကြာမစောင့်နိုင်။

ထို့ကြောင့် ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရန် ဆုံးဖြတ်လိုက်ပြီး အကြံကောင်းတစ်ခုကို အကောင်အထည် ဖော်တော့သည်။

ထိုအချိန်က ချီကာဂိုမြို့၏ အပူချိန်မှာ သုညဒီဂရီအောက် များစွာကျဆင်းနေချိန်ဖြစ်သည်။

ချီကာဂိုမြို့၏ ဆင်ခြေဖုံးဒေသများတွင် ဒီဇင်ဘာလသို့ရောက်လျှင် အပူချိန်များစွာ ကျဆင်းလေ့ရှိသည်။

သူက သူ့ပန်းခြံအတွင်းရှိ ရေဖြန်းပိုက်ခေါင်းများဖြင့် ရေနွေးများ ဖြန်းရန် ဆုံးဖြတ်ခဲ့သည်။

ယင်းနောက် သူက ကားများရပ်နားထားရာ မြေနေရာနှင့် မော်တော်ကားများကို ရေနွေးများဖြင့် လောင်းတော့သည်။

ကားသော့နေရာများ ၊ ကားရှေ့ပိုင်း grill နေရာများ ၊ ပြတင်းပေါက်များနှင့် seal နေရာများကိုလည်း ရေနွေးများဖြင့် ဖြန်းပတ်ခဲ့သည်။

ယင်းနောက် သူက အိမ်ထဲသို့ ဝင်သွားပြီး တစ်ချက်ပြုံးလိုက်၏။

လိုအပ်သည်များကို သူလုပ်ဆောင်ခဲ့ပြီးပြီ။

ကျန်သည်ကို မိခင်သဘာဝတရားကြီးက ဆက်လက်လုပ်ဆောင်ပေလိမ့်မည်။

နာရီအနည်းငယ်ကြာသောအခါ အခြေအနေသိရန် ကြည့်လိုက်ရာ ကားများကို ရေခဲများ ဖုံးနေသည်ကို တွေ့လိုက်ရသည်။

ကားများ၏ အောက်တွင်လည်း ရေခဲပြင်အတိဖြစ်နေပြီ ဖြစ်သည်။

အကယ်၍ ကားပိုင်ရှင်များ အနေဖြင့် ကားပြန်ယူချင်လျှင်ပင် ကားထွက်၍ မရနိုင်တော့။

ကားများမှာ ရေခဲပြင်ကြီးအတွင်း ပိတ်မိနေပြီ ဖြစ်သည်။

နောက်နေ့ မနက် ၄ နာရီခန့်တွင်ကား အိမ်ရှေ့တံခါးကို ဒေါသတကြီး ပြင်းထန်စွာ ထုနှက်သံများကြောင့် အိမ်ရှင်လည်း နိုးလာခဲ့သည်။

ထိုအချိန်မှာ ပါတီပွဲများ ပြီးဆုံးချိန်ဖြစ်ရာ သောက်စားပျော်ရွှင်သူများ အိမ်ပြန်ချိန်လည်း ဖြစ်သည်။

အိမ်ရှင်အမျိုးသားက ပုခုံးတစ်ချက်တွန့်လိုက်ကာ ပြုံးရုံသာ ပြုံးလိုက်သည်။ အပြင်တွင်ကားများမှာ မောင်းထွက်၍ မရတော့။

အခြေအနေမှာ တင်းမာလာရာ နောက်ဆုံးတွင် ရဲအရာရှိများ ရောက်ရှိလာသည်။

ကားပိုင်ရှင်များက ရဲအရာရှိများကို ပြောသည်မှာ ဤနေရာတွင် ကားရပ်၍ ရကြောင်း ၎င်းတို့၏ သူငယ်ချင်းက ပြောသောကြောင့် ကားရပ်ခြင်းဖြစ်ကြောင်း ပြောကြသည်။

သူတို့ ပြောသော သူငယ်ချင်းဆိုသူမှာ ယခင်က ယခုအိမ်ရှေ့မှ အပင်များကို ဖျက်ဆီးခဲ့ဖူးသူ ဖြစ်နေသည်။

ရဲအရာရှိများလည်း မည်သို့မျှ မဖြေရှင်းပေးနိုင်ခဲ့။

သို့သော် အခြားသူ၏ အိမ်ရှေ့တွင် ကားရပ်တန့်မှုဖြင့် ကားပိုင်ရှင်များကို ဒဏ်ငွေဆောင်စေရန် ဖြတ်ပိုင်းများ ပေးခဲ့သည်။

ကားများထဲသို့ လူဝင်၍ မရသောကြောင့် ကားဆွဲသော မော်တော်ကားများ ရောက်ရှိလာပြီး တစ်စီးချင်း ဆွဲထုတ်ခဲ့သည်။

ယခုအဖြစ်အပျက်နှင့် စပ်လျဉ်း၍ သင်မည်သို့ ထင်ပါသနည်း။

အိမ်ရှင်ဖြစ်သူ လွန်သည်ဟု ထင်ပါသလား။

သင်၏ အိမ်ရှေ့တွင် တစ်ဦးဦးက ကားပိတ်ရပ်ထားခြင်းမျိုး ကြုံဖူးပါသလား။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He Found 16 Cars Parked on His Property so He Came Up With a Genius Plan To Teach Them All a Lesson (lovedbycurls)

[Zawgyi]

အေမရိကန္တြင္ အိမ္္ေရွ႕ ပိတ္ရပ္ထားေသာ ကားပိုင္ရွင္မ်ားကို အိမ္ရွင္က အၾကံပိုင္စြာ ပညာျပလိုက္ပံု

အေမရိကန္ျပည္ေထာင္စုတြင္ အမ်ဳိးသားတစ္ဦးသည္ သူ၏ ေနအိမ္ေရွ႕၌ ပိတ္ရပ္ထားေသာ ကား ၁၆ စင္းကို မည္သို႔မည္ပံု ပညာျပလိုက္သည့္အေၾကာင္း Reddit လူမႈကြန္ရက္္တြင္ မွ်ေဝေျပာၾကားခဲ့သည္။

အိမ္ရွင္အမ်ဳိးသားသည္ ခ်ီကာဂိုျမိဳ႕ ဆင္ေျခဖံုးေဒသတြင္ လူေနခန္း တိုက္ ၂ လံုး ပိုင္ဆိုင္ထားသူ ျဖစ္သည္။

သူႏွင့္ သူ၏ မိသားစုက တိုက္ခန္းအနည္းငယ္တြင္ ေနထိုင္ျပီး အခန္းလြတ္အခ်ဳိ႕ရွိကာ က်န္အခန္းမ်ားကို အငွားခ်ထားသည္။

သူ၏ လမ္းထဲတြင္ ကားရပ္နားရန္ ေနရာမ်ားစြာမရွိ။ သို႔ေသာ္ သူ၏ လူေနခန္း အေဆာက္အအံုမ်ား ရွိရာေနရာ တြင္မူ ကားရပ္နားရန္ ေနရာမ်ားရွိသည္။ အေဆာက္အအံုေရွ႕တြင္ ကား ၁၆ စင္းခန္႔ ရပ္နားရန္ ေနရာရွိသည္။

သို႔ေသာ္ ထိုေနရာမွာ အေဆာက္အအံုပိုင္ရွင္ ပိုင္ဆိုင္ေသာ ပုဂၢလိကပိုင္ေနရာျဖစ္ရာ ကားရပ္လိုပါက ခြင့္ျပဳခ်က္ ေတာင္းခံရန္ လိုအပ္မည္ ျဖစ္သည္။ တစ္ေန႔တြင္ အေဆာက္အအံုပိုင္ရွင္သည္ အျပင္မွ ျပန္လာရာ သူ႔အိမ္ေရွ႕၌ ကားတစ္စင္းရပ္ထားသည္ကို ေတြ႔ခဲ့ရသည္။

ကားရပ္နားမႈသာမက ထိုကားသည္ အနီးရွိ အပင္မ်ားလည္း က်ဳိးေၾကပ်က္စီးေနေစေၾကာင္း ေတြ႔ခဲ့ရသည္။

ထိုကားပိုင္ရွင္ကို သူေကာင္းစြာသိသည္။ လမ္းထဲတြင္ ေနထိုင္သူ တစ္ဦး၏ ကားျဖစ္၏။

စိတ္ရႈပ္သြားေသာ အိမ္ရွင္က ကားဆြဲသည့္ ကုမၸဏီကို ဖုန္းဆက္ကာ ထိုကားကို ဆြဲထုတ္ေစခဲ့သည္။

ယင္းေနာက္ပိုင္း သူ၏ အေဆာက္အအံုမ်ားေဘးပတ္လည္တြင္ ကားမရပ္ရဟူေသာ ဆိုင္းဘုတ္မ်ား တပ္ဆင္ထားခဲ့သည္။

သူ၏ လုပ္ေဆာင္ခ်က္ ေအာင္ျမင္ပါသည္။ တစ္ႏွစ္နီးပါးခန္႔ မည္သည့္ျပႆနာမွ ရင္မဆိုင္ရေတာ့။

သို႔ေသာ္ ႏွစ္သစ္ကူးအၾကိဳကာလသို႔ ေရာက္ခ်ိန္တြင္ ျပႆနာႏွင့္ ရင္ဆိုင္ရေတာ့သည္။

ထိုေန႔က တစ္ေန႔လံုး အလုပ္တြင္ ရွိေနခဲ့ျပီး အိမ္ျပန္လာခ်ိန္၌ သူ႔အိမ္ေရွ႕တြင္ ကားေပါင္း ၁၆ စီး ရပ္ထားသည္ ကို ေတြ႔လိုက္ရသည္။

သူလည္း ေဒါသေခ်ာင္းေခ်ာင္းထြက္ကာ ကားဆြဲသည့္ ကုမၸဏီသို႔ ဖုန္းေခၚခဲ့သည္။

သို႔ေသာ္ ႏွစ္သစ္ကူးအၾကိဳကာလျဖစ္ေနေသာေၾကာင့္ ကားဆြဲသည့္ ကုမၸဏီကလည္း ခ်က္ခ်င္းမလာႏိုင္။

သူကလည္း ၾကာၾကာမေစာင့္ႏိုင္။

ထို႔ေၾကာင့္ ျပႆနာကို ကိုယ္တုိင္ေျဖရွင္းရန္ ဆံုးျဖတ္လုိက္ျပီး အၾကံေကာင္းတစ္ခုကို အေကာင္အထည္ ေဖာ္ေတာ့သည္။

ထိုအခ်ိန္က ခ်ီကာဂိုျမိဳ႕၏ အပူခ်ိန္မွာ သုညဒီဂရီေအာက္ မ်ားစြာက်ဆင္းေနခ်ိန္ျဖစ္သည္။

ခ်ီကာဂိုျမိဳ႕၏ ဆင္ေျခဖုံးေဒသမ်ားတြင္ ဒီဇင္ဘာလသို႔ေရာက္လွ်င္ အပူခ်ိန္မ်ားစြာ က်ဆင္းေလ့ရွိသည္။

သူက သူ႔ပန္းျခံအတြင္းရွိ ေရျဖန္းပိုက္ေခါင္းမ်ားျဖင့္ ေရေႏြးမ်ား ျဖန္းရန္ ဆံုးျဖတ္ခဲ့သည္။

ယင္းေနာက္ သူက ကားမ်ားရပ္နားထားရာ ေျမေနရာႏွင့္ ေမာ္ေတာ္ကားမ်ားကို ေရေႏြးမ်ားျဖင့္ ေလာင္းေတာ့သည္။

ကားေသာ့ေနရာမ်ား ၊ ကားေရွ႕ပိုင္း grill ေနရာမ်ား ၊ ျပတင္းေပါက္မ်ားႏွင့္ seal ေနရာမ်ားကိုလည္း ေရေႏြးမ်ားျဖင့္ ျဖန္းပတ္ခဲ့သည္။

ယင္းေနာက္ သူက အိမ္ထဲသို႔ ဝင္သြားျပီး တစ္ခ်က္ျပံဳးလုိက္၏။

လိုအပ္သည္မ်ားကို သူလုပ္ေဆာင္ခဲ့ျပီးျပီ။

က်န္သည္ကို မိခင္သဘာဝတရားၾကီးက ဆက္လက္လုပ္ေဆာင္ေပလိမ့္မည္။

နာရီအနည္းငယ္ၾကာေသာအခါ အေျခအေနသိရန္ ၾကည့္လိုက္ရာ ကားမ်ားကို ေရခဲမ်ား ဖံုးေနသည္ကို ေတြ႔လုိက္ရသည္။

ကားမ်ား၏ ေအာက္တြင္လည္း ေရခဲျပင္အတိျဖစ္ေနျပီ ျဖစ္သည္။

အကယ္၍ ကားပိုင္ရွင္မ်ား အေနျဖင့္ ကားျပန္ယူခ်င္လွ်င္ပင္ ကားထြက္၍ မရႏိုင္ေတာ့။

ကားမ်ားမွာ ေရခဲျပင္ၾကီးအတြင္း ပိတ္မိေနျပီ ျဖစ္သည္။

ေနာက္ေန႔ မနက္ ၄ နာရီခန္႔တြင္ကား အိမ္ေရွ႕တံခါးကို ေဒါသတၾကီး ျပင္းထန္စြာ ထုႏွက္သံမ်ားေၾကာင့္ အိမ္ရွင္လည္း ႏိုးလာခဲ့သည္။

ထိုအခ်ိန္မွာ ပါတီပြဲမ်ား ျပီးဆံုးခ်ိန္ျဖစ္ရာ ေသာက္စားေပ်ာ္ရႊင္သူမ်ား အိမ္ျပန္ခ်ိန္လည္း ျဖစ္သည္။

အိမ္ရွင္အမ်ိဳးသားက ပုခံုးတစ္ခ်က္တြန္႔လိုက္ကာ ျပံဳးရံုသာ ျပံဳးလိုက္သည္။ အျပင္တြင္ကားမ်ားမွာ ေမာင္းထြက္၍ မရေတာ့။

အေျခအေနမွာ တင္းမာလာရာ ေနာက္ဆံုးတြင္ ရဲအရာရွိမ်ား ေရာက္ရွိလာသည္။

ကားပုိင္ရွင္မ်ားက ရဲအရာရွိမ်ားကို ေျပာသည္မွာ ဤေနရာတြင္ ကားရပ္၍ ရေၾကာင္း ၎တို႔၏ သူငယ္ခ်င္းက ေျပာေသာေၾကာင့္ ကားရပ္ျခင္းျဖစ္ေၾကာင္း ေျပာၾကသည္။

သူတို႔ ေျပာေသာ သူငယ္ခ်င္းဆိုသူမွာ ယခင္က ယခုအိမ္ေရွ႕မွ အပင္မ်ားကို ဖ်က္ဆီးခဲ့ဖူးသူ ျဖစ္ေနသည္။

ရဲအရာရွိမ်ားလည္း မည္သို႔မွ် မေျဖရွင္းေပးႏိုင္ခဲ့။

သို႔ေသာ္ အျခားသူ၏ အိမ္ေရွ႕တြင္ ကားရပ္တန႔္မႈျဖင့္ ကားပုိင္ရွင္မ်ားကို ဒဏ္ေငြေဆာင္ေစရန္ ျဖတ္ပိုင္းမ်ား ေပးခဲ့သည္။

ကားမ်ားထဲသို႔ လူဝင္၍ မရေသာေၾကာင့္ ကားဆြဲေသာ ေမာ္ေတာ္ကားမ်ား ေရာက္ရွိလာျပီး တစ္စီးခ်င္း ဆြဲထုတ္ခဲ့သည္။

ယခုအျဖစ္အပ်က္ႏွင့္ စပ္လ်ဥ္း၍ သင္မည္သို႔ ထင္ပါသနည္း။

အိမ္ရွင္ျဖစ္သူ လြန္သည္ဟု ထင္ပါသလား။

သင္၏ အိမ္ေရွ႕တြင္ တစ္ဦးဦးက ကားပိတ္ရပ္ထားျခင္းမ်ဳိး ၾကံဳဖူးပါသလား။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He Found 16 Cars Parked on His Property so He Came Up With a Genius Plan To Teach Them All a Lesson (lovedbycurls)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service