အွန်လိုင်းတွင် ဆုံစည်းသည့် အမျိုးသမီးကို ချစ်ရေးဆိုရန် မိုင်ပေါင်း ၅၀၀ ကျော် ခရီးကို ၁ လကြာ လမ်းလျှောက်လာခဲ့သူ ထိုင်းအမျိုးသား ဗယ်လင်တိုင်းဒေးတွင် နှစ်ဦးဆုံစည်းမှု ထိုင်းလူမှုကွန်ရက်တွင် ဟိုးလေးတကြော်ဖြစ်နေ

အွန်လိုင်းတွင် ဆုံစည်းသည့် အမျိုးသမီးကို ချစ်ရေးဆိုရန် မိုင်ပေါင်း ၅၀၀ ကျော် ခရီးကို ၁ လကြာ လမ်းလျှောက်လာခဲ့သူ ထိုင်းအမျိုးသား ဗယ်လင်တိုင်းဒေးတွင် နှစ်ဦးဆုံစည်းမှု ထိုင်းလူမှုကွန်ရက်တွင် ဟိုးလေးတကြော်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
15 Feb 2023 11:28 am တွင် တင်ခဲ့သည်
1293 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦးသည် လူမှုကွန်ရက်တွင် ဆုံစည်းသည့် မိန်းကလေးကို ချစ်ရေးဆိုရန်အတွက် ကီလိုမီတာပေါင်း ၁၄၀၀ ခရီးကို လမ်းလျှောက်ထွက်ခွာလာခဲ့သည်။

အဆိုပါ အမျိုးသားသည် ဗယ်လင်းတိုင်းဒေးအမီ ချစ်ရေးဆိုရန်အတွက်  ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Nayok ပြည်နယ်ရှိ သူ၏ နေအိမ်မှ ထိုင်းနိုင်ငံတောင်ပိုင်း ဆထုံ (Satun) ပြည်နယ်မှ သူချစ်သော မိန်းကလေးနေအိမ်ရှိရာသို့ ခြေလျင်ခရီးထွက်ခွာခဲ့ခြင်း ဖြစ်သည်။

သူက ပြောသည်မှာ သူချစ်သော မိန်းကလေးနှင့် TikTok တွင် လွန်ခဲ့သော ၅ လခန့်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

သူတို့နှစ်ဦး အပြင်တွင် မတွေ့ဖူးကြ။

သို့သော် ဗွီဒီယို ခေါ်ဆိုကာ ပုံမှန်စကားပြောကြဖူးသည်။

ကာလအတန်ကြာ အွန်လိုင်းတွင် စကားပြောဆိုခဲ့ပြီးနောက် ချစ်သူမိန်းကလေးက သူရှိရာ ဆထုံပြည်နယ်သို့ လမ်းလျှောက်ခြင်း (သို့မဟုတ်) ပြေးလာခြင်းဖြင့် အချစ်ကို သက်သေပြရန် စိန်ခေါခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်း သူက ဗွီဒီယိုဖိုင်တစ်ခု လွှင့်တင်ခဲ့ရာတွင် “အချစ်စစ်ကို သက်သေပြဖို့ အပြေးသွားတော့မယ်”ဟု caption ရေးသားခဲ့သည်။

သူကပြောသည်မှာ “အချစ်စစ် တကယ်ရှိလား မရှိဘူးလား သက်သေပြဖို့ ကျွန်တော်ပြေးပါတော့မယ်။ ကျွန်တော် ၁ လလောက်ပြေးရမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်မှာ စပြေးမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်၊ ချစ်သူများနေ့မှာ ရည်မှန်းတဲ့နေရာကို ရောက်မှာ ဖြစ်ပါတယ်။ စထွက်မယ့်နေရာက Nakhon Nayok ပြည်နယ် ၊Khun Dan Prakarn Chon Dam ကနေ ထွက်မှာဖြစ်ပြီး ခရီးပန်းဆုံးက ဆထုံပြည်နယ်ဖြစ်ပါတယ်” ဟု ပြောသည်။

“ကျွန်တော်တို့ TikTok မှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ကနေ အချစ်စစ်ကို တွေ့နိုင်တယ်ဆိုတာ ကျွန်တော် သက်သေပြပါမယ်”

သူ၏ ဗွီဒီယိုများအတွင်း သူ့နာမည် (သို့မဟုတ်) သူချစ်သော မိန်းကလေး၏ နာမည်ကို ထုတ်ဖော်ပြောကြားဖူးခြင်း မရှိချေ။

အဆိုပါ အမျိုးသားသည် သူ၏ ခရီးစဉ်နှင့် စပ်လျဉ်းပြီး TikTok တွင် ပုံမှန်တင်လေ့ရှိသည်။

သူက ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုများ ကောင်းစွာ ပြုလုပ်လာခဲ့သည်။ သူ၏ ခြေလျင်ခရီးတွင် အပေါ်ဂျာကင်အင်္ကျီ ၊ bucket ဦးထုပ် ၊ နေကာမျက်မှန်နှင့် ရောင်ပြန်အင်္ကျီတို့ ဝတ်ဆင်လာခဲ့သည်။

ထို့အပြင် သူ၏ ကျောပိုးအိတ်တွင် ထိုင်းအလံလည်း တပ်ဆင်ထားသည်။ တတိယမြောက်နေ့တွင် သူကပြောသည်မှာ လမ်းလျှောက်ရသည်မှာ အလွန်ပင် ပင်ပန်းကြောင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲကြောင်း ပြောသည်။

နေ့ပိုင်းတွင် လမ်းလျှောက်ခဲ့ရာမှ ညပိုင်းတွင် ပြောင်းလဲကာ လမ်းလျှောက်ခဲ့ရကြောင်း ၊ အဘယ်ကြောင့်ဆိုလျှင် မနက်ပိုင်းတွင် လမ်းပေါ်တွင် လူသူအလွန်ရှုပ်ထွေးသောကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

အချစ်ကြောင့် မိုင်ရာချီခရီးကို လျှောက်လှမ်းခဲ့သူသည် လူမှုကွန်ရက်တွင် follower များပြားစွာ လာလျက်ရှိသည်။

ထိုင်းနိုင်ငံအတွင်း TikTok သုံးစွဲသူများစွာက သူ၏ ဗွီဒီယိုများတွင် အားပေးစကားများ ဝင်ရောက် ကွန်မန့် ရေးသားကြသည်။

အချို့ဆိုလျှင် ၎င်းအား လမ်းမှစောင့်ဆိုင်းကာ တွေ့ဆုံပြီး ဓာတ်ပုံများ တွဲရိုက်ကြသည်။

လမ်းတလျှောက်တွင် ဆူထက်အား စားဖွယ်သောက်ဖွယ်နှင့် နေရာထိုင်ခင်းပေးသူများ များစွာရှိသည်။

ချစ်သူများနေ့ မတိုင်မီတွင် ထိုအမျိုးသားသည် ဆထုံသို့ ရောက်ရှိလာခဲ့ပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာ သူ၏ အမည်နှင့် မိန်းကလေး၏အမည်တို့ကို သိလာကြရသည်။

အချစ်စစ်ရှိသေးကြောင်း သက်သေပြရန် ကီလိုမီတာ ၁၂၀၀ လမ်းလျှောက်ခဲ့သော အမျိုးသား၏ အမည်မှာ ဆူထက်မာဖရောင်းချိ (Suthep “Maew” Prompjit) ဟုခေါ်ပြီး အသက် ၅၂ အရွယ်ရှိပြီ ဖြစ်သည်။

အမျိုးသမီး၏ အမည်မှာ ထာနဖား ယူကီယို ဘွန်း (Thanapa “Yu” Khiao-on) ဟုခေါ်ပြီး အသက် ၅၆ နှစ်ဖြစ်သည်။

လူမှုကွန်ရက်တွင် ၆ လနီးပါးသိကျွမ်းခဲ့သည့် ၎င်းတို့နှစ်ဦး ယခုအခါ ချစ်သူများနေ့တွင် ဘဝခရီးကို အတူတကွလျှောက်လှမ်းကြတော့မည် ဖြစ်သည်။

ဆူထက်သည် ဆထုံသို့ ရောက်သောအခါ ဆံပင်ညှပ်ခြင်း၊ မုတ်ဆိတ်ကျင်စွယ်ရိတ်ခြင်းများပြုလုပ်ပြီး ပန်းရောင် ရှပ်အင်္ကျီဝတ်ဆင်ကာ Tung Wa ခရိုင်ရုံးတွင် လက်ထပ်ရန် ချစ်သူအား စောင့်ဆိုင်းနေခဲ့သည်။

ခရိုင်ရုံးရှေ့တွင် နှစ်ဦး ဆုံစည်းခဲ့ကြပြီး ပွေ့ဖက်နမ်းရှုံ့ခဲ့ကြရာ လူပေါင်း ၂၀၀ ကျော်က အားပေးဂုဏ်ပြုခဲ့ကြသည်။

ယူကီယိုက ဆူထက်အား ပြောသည်မှာ “ကတိတည်လို့ ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ကျွန်မတို့ တွေ့ကြပြီနော်”ဟု ဆိုသည်။

ဆူထက်က “ကိုယ့်ကို အခွင့်အရေးပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။

တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုဖြစ်သော Apa Herb ၏ ပိုင်ရှင်အမျိုးသမီး Korntika Rooncharoen က ဆူထက်တို့စုံတွဲကို အဝါရောင် MG3 SUV ကားတစ်စီး မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးခဲ့သည်။

သူမက ပြောသည်မှာ ဆူထက်၏ ကြိုးစားအားထုတ်မှုနှင့် အချစ်ကို အသိအမှတ်ပြု သဘောကျကြောင်း ၊ ဤကားဖြင့် နှစ်ဦးအတူ ခရီးသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

ဆူထက်က သတင်းမီဒီယာများနှင့် တွေ့ဆုံမှုတွင် ပြောခဲ့သည်မှာ “ကျွန်တော်ရဲ့နောက်ထပ် ခရီးတစ်ခု ဒီနေ့ပဲ စပါပြီ။ ယူကီယိုကို အခုကစပြီး ကြည့်ရှုစောင့်ရှောက်ရတော့မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ပျော်ရွှင်ဖွယ်နိဂုံးရှိသော ပုံပြင်လေးတစ်ပုဒ်သဖွယ် ဖြစ်သည်။

ဆူထက်၏ TikTok အကောင့်

https://www.tiktok.com/@kaocivid1970

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man walks over ‘500 miles’ and ‘500 more’ to marry his girlfriend on Valentine’s Day (thethaiger)

[Zawgyi]

အြန္လိုင္းတြင္ ဆုံစည္းသည့္ အမ်ိဳးသမီးကို ခ်စ္ေရးဆိုရန္ မိုင္ေပါင္း ၅၀၀ ေက်ာ္ ခရီးကို  ၁ လၾကာ လမ္းေလွ်ာက္လာခဲ့သူ ထိုင္းအမ်ိဳးသား ဗယ္လင္တိုင္းေဒးတြင္ ႏွစ္ဦးဆုံစည္းမႈ ထိုင္းလူမႈကြန္ရက္တြင္ ဟိုးေလးတေၾကာ္ျဖစ္ေန

ထိုင္းႏိုင္ငံတြင္ အမ်ဳိးသားတစ္ဦးသည္ လူမႈကြန္ရက္တြင္ ဆံုစည္းသည့္ မိန္းကေလးကို ခ်စ္ေရးဆိုရန္အတြက္ ကီလိုမီတာေပါင္း ၁၄၀၀ ခရီးကို လမ္းေလွ်ာက္ထြက္ခြာလာခဲ့သည္။

အဆိုပါ အမ်ိဳးသားသည္ ဗယ္လင္းတိုင္းေဒးအမီ ခ်စ္ေရးဆိုရန္အတြက္  ခရီးထြက္လာခဲ့ျခင္း ျဖစ္သည္။

သူသည္ ထိုင္းႏိုင္ငံအလယ္ပိုင္း Nakhon Nayok ျပည္နယ္ရွိ သူ၏ ေနအိမ္မွ ထိုင္းႏိုင္ငံေတာင္ပုိင္း ဆထံု (Satun) ျပည္နယ္မွ သူခ်စ္ေသာ မိန္းကေလးေနအိမ္ရွိရာသို႔ ေျခလ်င္ခရီးထြက္ခြာခဲ့ျခင္း ျဖစ္သည္။

သူက ေျပာသည္မွာ သူခ်စ္ေသာ မိန္းကေလးႏွင့္ TikTok တြင္ လြန္ခဲ့ေသာ ၅ လခန္႔က ေတြ႔ဆံုခဲ့ျခင္း ျဖစ္သည္ဟု ေျပာသည္။

သူတို႔ႏွစ္ဦး အျပင္တြင္ မေတြ႔ဖူးၾက။

သို႔ေသာ္ ဗြီဒီယို ေခၚဆိုကာ ပံုမွန္စကားေျပာၾကဖူးသည္။

ကာလအတန္ၾကာ အြန္လိုင္းတြင္ စကားေျပာဆိုခဲ့ျပီးေနာက္ ခ်စ္သူမိန္းကေလးက သူရွိရာ ဆထံုျပည္နယ္သို႔ လမ္းေလွ်ာက္ျခင္း (သို႔မဟုတ္) ေျပးလာျခင္းျဖင့္ အခ်စ္ကို သက္ေသျပရန္ စိန္ေခၚခဲ့သည္ဟု ဆုိသည္။

ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္း သူက ဗီြဒီယိုဖုိင္တစ္ခု လႊင့္တင္ခဲ့ရာတြင္ “အခ်စ္စစ္ကုိ သက္ေသျပဖို႔ အေျပးသြားေတာ့မယ္”ဟု caption ေရးသားခဲ့သည္။

သူကေျပာသည္မွာ “အခ်စ္စစ္ တကယ္ရွိလား မရွိဘူးလား သက္ေသျပဖို႔ ကၽြန္ေတာ္ေျပးပါေတာ့မယ္။ ကၽြန္ေတာ္ ၁ လေလာက္ေျပးရမွာ ျဖစ္ပါတယ္။

ဇန္နဝါရီလ ၁၄ ရက္မွာ စေျပးမွာ ျဖစ္ျပီး ေဖေဖာ္ဝါရီလ ၁၄ ရက္၊ ခ်စ္သူမ်ားေန႔မွာ ရည္မွန္းတဲ့ေနရာကို ေရာက္မွာ ျဖစ္ပါတယ္။ စထြက္မယ့္ေနရာက Nakhon Nayok ျပည္နယ္ ၊Khun Dan Prakarn Chon Dam ကေန ထြက္မွာျဖစ္ျပီး ခရီးပန္းဆံုးက ဆထံုျပည္နယ္ျဖစ္ပါတယ္” ဟု ေျပာသည္။

“ကၽြန္ေတာ္တို႔ TikTok မွာေတြ႔ခဲ့တာ ျဖစ္ပါတယ္။ လူမႈကြန္ရက္ကေန အခ်စ္စစ္ကုိ ေတြ႔ႏိုင္တယ္ဆိုတာ ကၽြန္ေတာ္ သက္ေသျပပါမယ္”

သူ၏ ဗြီဒီယိုမ်ားအတြင္း သူ႔နာမည္ (သို႔မဟုတ္) သူခ်စ္ေသာ မိန္းကေလး၏ နာမည္ကို ထုတ္ေဖာ္ေျပာၾကားဖူးျခင္း မရွိေခ်။

အဆိုပါ အမ်ဳိးသားသည္ သူ၏ ခရီးစဥ္ႏွင့္ စပ္လ်ဥ္းျပီး TikTok တြင္ ပံုမွန္တင္ေလ့ရွိသည္။

သူက ခရီးစဥ္အတြက္ ၾကိဳတင္ျပင္ဆင္မႈမ်ား ေကာင္းစြာ ျပဳလုပ္လာခဲ့သည္။ သူ၏ ေျခလ်င္ခရီးတြင္ အေပၚဂ်ာကင္အကၤ်ီ ၊ bucket ဦးထုပ္ ၊ ေနကာမ်က္မွန္ႏွင့္ ေရာင္ျပန္အကၤ် ီတို႔ ဝတ္ဆင္လာခဲ့သည္။

ထို႔အျပင္ သူ၏ ေက်ာပိုးအိတ္တြင္ ထိုင္းအလံလည္း တပ္ဆင္ထားသည္။ တတိယေျမာက္ေန႔တြင္ သူကေျပာသည္မွာ လမ္းေလွ်ာက္ရသည္မွာ အလြန္ပင္ ပင္ပန္းေၾကာင္း ၊ ၾကြက္သားမ်ားနာက်င္ကိုက္ခဲေၾကာင္း ေျပာသည္။

ေန႔ပိုင္းတြင္ လမ္းေလွ်ာက္ခဲ့ရာမွ ညပိုင္းတြင္ ေျပာင္းလဲကာ လမ္းေလွ်ာက္ခဲ့ရေၾကာင္း ၊ အဘယ္ေၾကာင့္ဆုိလွ်င္ မနက္ပိုင္းတြင္ လမ္းေပၚတြင္ လူသူအလြန္ရႈပ္ေထြးေသာေၾကာင့္ ျဖစ္ေၾကာင္း ၎ကေျပာသည္။

အခ်စ္ေၾကာင့္ မိုင္ရာခ်ီခရီးကို ေလွ်ာက္လွမ္းခဲ့သူသည္ လူမႈကြန္ရက္တြင္ follower မ်ားျပားစြာ လာလ်က္ရွိသည္။

ထိုင္းႏိုင္ငံအတြင္း TikTok သံုးစြဲသူမ်ားစြာက သူ၏ ဗြီဒီယိုမ်ားတြင္ အားေပးစကားမ်ား ဝင္ေရာက္ ကြန္မန္႔ ေရးသားၾကသည္။

အခ်ဳိ႕ဆိုလွ်င္ ၎အား လမ္းမွေစာင့္ဆိုင္းကာ ေတြ႔ဆုံျပီး ဓာတ္ပံုမ်ား တြဲရိုက္ၾကသည္။

လမ္းတေလွ်ာက္တြင္ ဆူထက္အား စားဖြယ္ေသာက္ဖြယ္ႏွင့္ ေနရာထုိင္ခင္းေပးသူမ်ား မ်ားစြာရွိသည္။

ခ်စ္သူမ်ားေန႔ မတိုင္မီတြင္ ထိုအမ်ဳိးသားသည္ ဆထံုသို႔ ေရာက္ရွိလာခဲ့ျပီးေနာက္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႔ဆုံခဲ့ရာ သူ၏ အမည္ႏွင့္ မိန္းကေလး၏အမည္တို႔ကို သိလာၾကရသည္။

အခ်စ္စစ္ရွိေသးေၾကာင္း သက္ေသျပရန္ ကီလိုမီတာ ၁၂၀၀ လမ္းေလွ်ာက္ခဲ့ေသာ အမ်ဳိးသား၏ အမည္မွာ ဆူထက္မာဖေရာင္းခ်ိ (Suthep “Maew” Prompjit) ဟုေခၚျပီး အသက္ ၅၂ အရြယ္ရွိျပီ ျဖစ္သည္။

အမ်ိဳးသမီး၏ အမည္မွာ ထာနဖား ယူကီယို ဘြန္း (Thanapa “Yu” Khiao-on) ဟုေခၚျပီး အသက္ ၅၆ ႏွစ္ျဖစ္သည္။

လူမႈကြန္ရက္တြင္ ၆ လနီးပါးသိကၽြမ္းခဲ့သည့္ ၎တို႔ႏွစ္ဦး ယခုအခါ ခ်စ္သူမ်ားေန႔တြင္ ဘဝခရီးကို အတူတကြေလွ်ာက္လွမ္းၾကေတာ့မည္ ျဖစ္သည္။

ဆူထက္သည္ ဆထံုသို႔ ေရာက္ေသာအခါ ဆံပင္ညွပ္ျခင္း၊ မုတ္ဆိတ္က်င္စြယ္ရိတ္ျခင္းမ်ားျပဳလုပ္ျပီး ပန္းေရာင္ ရွပ္အကၤ် ီဝတ္ဆင္ကာ Tung Wa ခရိုင္ရံုးတြင္ လက္ထပ္ရန္ ခ်စ္သူအား ေစာင့္ဆိုင္းေနခဲ့သည္။

ခရုိင္ရံုးေရွ႕တြင္ ႏွစ္ဦး ဆံုစည္းခဲ့ၾကျပီး ေပြ႔ဖက္နမ္းရံႈ႕ခဲ့ၾကရာ လူေပါင္း ၂၀၀ ေက်ာ္က အားေပးဂုဏ္ျပဳခဲ့ၾကသည္။

ယူကီယိုက ဆူထက္အား ေျပာသည္မွာ “ကတိတည္လို႔ ေက်းဇူးတင္ပါတယ္။ ေနာက္ဆံုးေတာ့ ကၽြန္မတို႔ ေတြ႔ၾကျပီေနာ္”ဟု ဆိုသည္။

ဆူထက္က “ကိုယ့္ကို အခြင့္အေရးေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္”ဟု ေျပာသည္။

တိုင္းရင္းေဆး ကုမၸဏီတစ္ခုျဖစ္ေသာ Apa Herb ၏ ပိုင္ရွင္အမ်ဳိးသမီး Korntika Rooncharoen က ဆူထက္တို႔စံုတြဲကို အဝါေရာင္ MG3 SUV ကားတစ္စီး မဂၤလာလက္ဖြဲ႔အျဖစ္ လက္ေဆာင္ေပးခဲ့သည္။

သူမက ေျပာသည္မွာ ဆူထက္၏ ၾကိဳးစားအားထုတ္မႈႏွင့္ အခ်စ္ကို အသိအမွတ္ျပဳ သေဘာက်ေၾကာင္း ၊ ဤကားျဖင့္ ႏွစ္ဦးအတူ ခရီးသြားႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ေျပာသည္။

ဆူထက္က သတင္းမီဒီယာမ်ားႏွင့္ ေတြ႔ဆံုမႈတြင္ ေျပာခဲ့သည္မွာ “ကၽြန္ေတာ္ရဲ႕ေနာက္ထပ္ ခရီးတစ္ခု ဒီေန႔ပဲ စပါျပီ။ ယူကီယိုကို အခုကစျပီး ၾကည့္ရႈေစာင့္ေရွာက္ရေတာ့မွာ ျဖစ္ပါတယ္”ဟု ေျပာသည္။

ေပ်ာ္ရြႊင္ဖြယ္နိဂံုးရွိေသာ ပံုျပင္ေလးတစ္ပုဒ္သဖြယ္ ျဖစ္သည္။

ဆူထက္၏ TikTok အေကာင့္

https://www.tiktok.com/@kaocivid1970

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man walks over ‘500 miles’ and ‘500 more’ to marry his girlfriend on Valentine’s Day (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Neighbourhood
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service