လော့စ်အိန်ဂျလိမြို့လယ်မှ ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူထားသော အဆောက်အအုံကြီး ဒေါ်လာ သန်း ၁၀၀ အရှုံးခံကာ ရောင်းချမည်

လော့စ်အိန်ဂျလိမြို့လယ်မှ ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူထားသော အဆောက်အအုံကြီး ဒေါ်လာ သန်း ၁၀၀ အရှုံးခံကာ ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
14 Feb 2023 10:50 am တွင် တင်ခဲ့သည်
328 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့လယ်တွင် တည်ရှိသော သမိုင်းဝင် PacMutual အမည်ရှိ အဆောက်အအုံကြီးကို ပိုင်ရှင်ဖြစ်သူ အိုင်ဗန်ဟို ကိန်းဘရစ်ချ်က ဒေါ်လာ သန်း ၁၀၀ အရှုံးခံကာ အရောင်းဈေးကွက်တင်လာသည်။

အိမ်ခြံမြေမှတ်တမ်းများအရ ကနေဒါအိမ်ခြံမြေကုမ္ပဏီက အဆိုပါအဆောက်အအုံကြီးကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ သန်း ၂၀၀ ပေးခဲ့ရကြောင်း ဖော်ပြသည်။

“ဒီလိုစီစဉ်ရတာဟာ ထောက်ပံ့ပို့ဆောင်ရေးနဲ့ လူနေအိမ်ခြံမြေတွေဘက်ကို ပဓာနထားမှုအရ ဖြစ်ပါတယ်”ဟု အိုင်ဗန်ဟို၏ ကိုယ်စားလှယ်တစ်ဦးက Commercial Observer သတင်းဌာနသို့ ပြောသည်။

ကိုဗစ် ၁၉ ကပ်ဘေးကြောင့် အဝေးမှအလုပ်လုပ်ကိုင်မှုများ မြင့်တက်လာမှု၊ ရုံးခန်းနေရာငှားရမ်းလိုအား မကြုံဖူးအောင် ကျဆင်းမှုများအကြား ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ယခုအဆောက်အအုံကြီးနှင့် တစ်ဘလောက်ခွဲခန့်အကွာတွင်သာရှိသော ၆၂ ထပ်မြင့်မားသည့် Aon Center အမည်ရှိ အဆောက်အအုံကြီး၏ ပိုင်ရှင်များကလည်း ကန်ဒေါ်လာ ၄၈ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာရာ ၂၀၁၄ ခုနှစ်က ၎င်းတို့ ဝယ်ယူခဲ့သည့်ဈေးနှုန်းအောက် နည်းပါးသည့်ပမာဏလည်း ဖြစ်သည်။

(နယူးယောက်မြို့၊ အနောက် ၆ လမ်း၊ အမှတ် ၅၂၃ ရှိ စတုရန်းပေ ၄၆၄၀၀၀ ကျယ်ဝန်းသော The Pacmutual အဆောက်အအုံကြီး။ ဓာတ်ပုံ-Wikimedia)

ယခု အရှုံးခံရောင်းချလာသော The PacMutual အဆောက်အအုံကြီးသည် စတုရန်းပေ ၄၆၄၀၀၀ ကျယ်ဝန်းပြီး အနောက် ၆ လမ်း၊ အမှတ် ၅၂၃ တွင် တည်ရှိသည်။

အဆောက်အအုံများမှာ ၁၉၀၈ ခုနှစ်မှ ၁၉၂၈ ကြား ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံများအကြား အချင်းချင်းဆက်သွယ်ပေါင်းစပ်ဆောက်လုပ်ထားသည်။

အဆောက်အအုံ Complex အတွင်းပါဝင်သည်မှာ စတုရန်းပေ ၃၀၀၀၀၀ ကျယ်ဝန်းပြီး ၁၂ ထပ်မြင့်မားသော Sentry အဆောက်အအုံ၊ စတုရန်းပေ ၁၀၀၀၀၀ ကျယ်ဝန်းကာ ၆ ထပ်မြင့်မားသော Clock အမည်ရှိ အဆောက်အအုံနှင့် စတုရန်းပေ ၆၀၀၀၀ ကျယ်ဝန်းကာ ၄ ထပ်မြင့်မားသော Carriage House အမည်ရှိ အဆောက်အအုံတို့ ပါဝင်သည်။

ယခုအဆောက်အအုံကြီး ၂၀၁၅ ခုနှစ်အတွင်း လက်လွှဲလက်ပြောင်းဖြစ်ခဲ့စဉ်က ၁ စတုရန်းပေလျှင် ဒေါ်လာ ၄၃၀ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိတိုင်းမ်သတင်းစာကြီးက ဖော်ပြခဲ့ဖူးသည်။

လော့စ်အိန်ဂျလိမြို့လယ် စီးပွားရေးအချက်အခြာနေရာသည် ကပ်ဘေးမတိုင်မီကတည်းက ရုံးခန်းလွတ်များ များပြားခဲ့ပြီး ယခုအခါတွင် ရုံးခန်းလွတ် ၂၅ ရာခိုင်နှုန်းဝန်းကျင်ရှိကြောင်း Cushman & Wakefield ၏ စတုတ္ထ ၃ လပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

ချေးငွေဖိစီးမှုများကြောင့် အလွန်များပြားစွာ ဈေးလျှော့ကာ ရောင်းချရန် ဆုံးဖြတ်ရခြင်းဖြစ်နိုင်ပြီး ၂၀၂၃ ခုနှစ်အတွင်း မယုံနိုင်ဖွယ်ဈေးလျှော့ကာ ရောင်းချလာသည့် ရုံးခန်းအဆောက်အအုံများစွာ ရှိလာကြောင်း Cushman & Wakefield က ဖော်ပြသည်။

The PacMutual အဆောက်အအုံကြီးကို သမိုင်းနှင့်ယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခုအဖြစ် ၁၉၈၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

အရောင်းဈေးကွက်တင်ပေးသည်မှာ Cushman & Wakefield ကုမ္ပဏီမှ ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: PacMutual Building in Downtown LA Hits the Market at Half Its Previous Price (commercialobserver)

[Zawgyi]

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္မွ ေဒၚလာ သန္း ၂၀၀ ျဖင့္ဝယ္ယူထားေသာ အေဆာက္အအံုၾကီး ေဒၚလာ သန္း ၁၀၀ အရံႈးခံကာ ေရာင္းခ်မည္

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္တြင္ တည္ရွိေသာ သမိုင္းဝင္ PacMutual အမည္ရွိ အေဆာက္အအံုၾကီးကို ပိုင္ရွင္ျဖစ္သူ အိုင္ဗန္ဟို ကိန္းဘရစ္ခ်္က ေဒၚလာ သန္း ၁၀၀ အရံႈးခံကာ အေရာင္းေစ်းကြက္တင္လာသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ကေနဒါအိမ္ျခံေျမကုမၸဏီက အဆိုပါအေဆာက္အအံုၾကီးကို ၂၀၁၅ ခုႏွစ္အတြင္း ဝယ္ယူခဲ့ရာတြင္ ကန္ေဒၚလာ သန္း ၂၀၀ ေပးခဲ့ရေၾကာင္း ေဖာ္ျပသည္။

“ဒီလိုစီစဥ္ရတာဟာ ေထာက္ပံ့ပို႔ေဆာင္ေရးနဲ႔ လူေနအိမ္ျခံေျမေတြဘက္ကို ပဓာနထားမႈအရ ျဖစ္ပါတယ္”ဟု အိုင္ဗန္ဟို၏ ကိုယ္စားလွယ္တစ္ဦးက Commercial Observer သတင္းဌာနသို႔ ေျပာသည္။

ကိုဗစ္ ၁၉ ကပ္ေဘးေၾကာင့္ အေဝးမွအလုပ္လုပ္ကိုင္မႈမ်ား ျမင့္တက္လာမႈ၊ ရံုးခန္းေနရာငွားရမ္းလိုအား မၾကံဳဖူးေအာင္ က်ဆင္းမႈမ်ားအၾကား ယခုျဖစ္ရပ္ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

ယခုအေဆာက္အအံုၾကီးႏွင့္ တစ္ဘေလာက္ခြဲခန္႔အကြာတြင္သာရွိေသာ ၆၂ ထပ္ျမင့္မားသည့္ Aon Center အမည္ရွိ အေဆာက္အအံုၾကီး၏ ပိုင္ရွင္မ်ားကလည္း ကန္ေဒၚလာ ၄၈ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်ရန္ စီစဥ္လာရာ ၂၀၁၄ ခုႏွစ္က ၎တို႔ ဝယ္ယူခဲ့သည့္ေစ်းႏႈန္းေအာက္ နည္းပါးသည့္ပမာဏလည္း ျဖစ္သည္။

(နယူးေယာက္ျမိဳ႕၊ အေနာက္ ၆ လမ္း၊ အမွတ္ ၅၂၃ ရွိ စတုရန္းေပ ၄၆၄၀၀၀ က်ယ္ဝန္းေသာ The Pacmutual အေဆာက္အအံုၾကီး။ ဓာတ္ပံု-Wikimedia)

ယခု အရံႈးခံေရာင္းခ်လာေသာ The PacMutual အေဆာက္အအံုၾကီးသည္ စတုရန္းေပ ၄၆၄၀၀၀ က်ယ္ဝန္းျပီး အေနာက္ ၆ လမ္း၊ အမွတ္ ၅၂၃ တြင္ တည္ရွိသည္။

အေဆာက္အအံုမ်ားမွာ ၁၉၀၈ ခုႏွစ္မွ ၁၉၂၈ ၾကား ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အေဆာက္အအံုမ်ားအၾကား အခ်င္းခ်င္းဆက္သြယ္ေပါင္းစပ္ေဆာက္လုပ္ထားသည္။

အေဆာက္အအံု Complex အတြင္းပါဝင္သည္မွာ စတုရန္းေပ ၃၀၀၀၀၀ က်ယ္ဝန္းျပီး ၁၂ ထပ္ျမင့္မားေသာ Sentry အေဆာက္အအံု၊ စတုရန္းေပ ၁၀၀၀၀၀ က်ယ္ဝန္းကာ ၆ ထပ္ျမင့္မားေသာ Clock အမည္ရွိ အေဆာက္အအံုႏွင့္ စတုရန္းေပ ၆၀၀၀၀ က်ယ္ဝန္းကာ ၄ ထပ္ျမင့္မားေသာ Carriage House အမည္ရွိ အေဆာက္အအံုတို႔ ပါဝင္သည္။

ယခုအေဆာက္အအုံႀကီး ၂၀၁၅ ခုႏွစ္အတြင္း လက္လႊဲလက္ေျပာင္းျဖစ္ခဲ့စဥ္က ၁ စတုရန္းေပလွ်င္ ေဒၚလာ ၄၃၀ ေက်ာ္ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိတိုင္းမ္သတင္းစာႀကီးက ေဖာ္ျပခဲ့ဖူးသည္။

ေလာ့စ္အိန္ဂ်လိျမိဳ႕လယ္ စီးပြားေရးအခ်က္အျခာေနရာသည္ ကပ္ေဘးမတိုင္မီကတည္းက ရံုးခန္းလြတ္မ်ား မ်ားျပားခဲ့ျပီး ယခုအခါတြင္ ရံုးခန္းလြတ္ ၂၅ ရာခိုင္ႏႈန္းဝန္းက်င္ရွိေၾကာင္း Cushman & Wakefield ၏ စတုတၳ ၃ လပတ္အစီရင္ခံစာတြင္ ေဖာ္ျပသည္။

ေခ်းေငြဖိစီးမႈမ်ားေၾကာင့္ အလြန္မ်ားျပားစြာ ေစ်းေလွ်ာ့ကာ ေရာင္းခ်ရန္ ဆံုးျဖတ္ရျခင္းျဖစ္ႏိုင္ျပီး ၂၀၂၃ ခုႏွစ္အတြင္း မယံုႏိုင္ဖြယ္ေစ်းေလွ်ာ့ကာ ေရာင္းခ်လာသည့္ ရံုးခန္းအေဆာက္အအံုမ်ားစြာ ရွိလာေၾကာင္း Cushman & Wakefield က ေဖာ္ျပသည္။

The PacMutual အေဆာက္အအံုၾကီးကို သမိုင္းႏွင့္ယဥ္ေက်းမႈ အထိမ္းအမွတ္တစ္ခုအျဖစ္ ၁၉၈၂ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Cushman & Wakefield ကုမၸဏီမွ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: PacMutual Building in Downtown LA Hits the Market at Half Its Previous Price (commercialobserver)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...

ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...

လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
သြစတေးလျမှ လုပ်ငန်းရှင်တစ်ဦးက ကမ္ဘောဒီးယားရှိ ကျွန်းတစ်ကျွန်းကို ဒေါ်လာ ၁၅,၀၀၀ မျှဖြင့် ဝယ်ယူကာ အပန်းဖြေစခန်းအဖြစ် ပြောင
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Grand Aung Thar Yar
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service