အချစ်စွမ်းအားကြောင့် ပေါ်ပေါက်လာသည့် Valentine Day ဒဏ္ဍာရီများ

အချစ်စွမ်းအားကြောင့် ပေါ်ပေါက်လာသည့် Valentine Day ဒဏ္ဍာရီများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Feb 2023 9:36 am တွင် တင်ခဲ့သည်
1088 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

စစ်မှန်တဲ့ ချစ်ခြင်းတရား ဖော်ညွှန်းရာတစ်ခုကို ထုတ်ဖော်ရမယ်ဆိုရင် မြင်သာစေဖို့ရာအတွက် ဒဏ္ဍာရီလေးတွေနဲ့ ပြောပြပေးပါရစေ။

ဒီနေ့လို Vday နေ့ရက်မှာ ဒဏ္ဍာရီတွင်ခဲ့တဲ့ ချစ်မေတ္တာတွေအကြောင်း ဖတ်ရှုရတာက အချစ် ခံစားချက်ကို ပိုမိုတိုးပွားစေနိုင်မှာပါ။

အရင်က ရောမဘုရင်တစ်ပါး လက်ထက်မှာ စစ်သည်တော်တွေဟာ ချစ်သူ၊ ဇနီးကို ခဏခဏ လွမ်းဆွေးတာကြောင့် စစ်ရှုံးရတယ်ဆိုတဲ့ ယူဆချက်တစ်ခု ရှိခဲ့တယ်။

အဲဒါကြောင့် အိမ်ထောင်ပြုခြင်းကို တားမြစ်တဲ့ ဥပဒေတစ်ခုထုတ်ပြီး ဘုန်းတော်ကြီးတွေ လက်ထပ်ခြင်းကို ဆောင်ရွက်မပေးကြဖို့ရာ ပိတ်ပင်ခဲ့ကြတယ်တဲ့။

ဒါပေမယ့် ရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းဆီသွားပြီး လက်ထပ်ပေးဖို့ရာ တောင်းဆို ဆန္ဒပြုခဲ့တယ်။ ချစ်သူများအပေါ် စာနာနားလည်ပေးနိုင်တဲ့ စိန့်ဗယ်လင်တိုင်းက အမိန့်ကို ဖောက်ဖျက်ကာ လက်ထပ်ပေးခဲ့တာကြောင့် ကွပ်မျက်ခံခဲ့ရပါတယ်။

 

 

 

အဲဒီလိုနဲ့ ချစ်သူတွေအတွက် အသက်ပေးသွားတဲ့ ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ဂုဏ်ပြုရင်း Valentine Day ဆိုတာ ပေါ်ပေါက်လာခဲ့ခြင်းပါ။

ဒါကတော့ Valentine Day အကြောင်း ကျော်ကြားတဲ့ ရောမ ဒဏ္ဍာရီတစ်ပုဒ်ပဲဖြစ်ပါတယ်။ နောက်ထပ် ပြောပြပေးချင်တဲ့ အကြောင်းတရာတချို့လည်း ကျန်ရှိပါသေးတယ်။

Vday မှာ ချောကလက် လက်ဆောင်ပေးကြခြင်းနဲ့ သက်ဆိုင်တဲ့ စပိန်ဒဏ္ဍာရီတစ်ပုဒ်အကြောင်းပါ။

ချောကလက်ဆိုတာကတော့ Cacao အပင်ကနေ ထုတ်ထားပြီး စိတ်ကိုပျော်ရွှင်အောင် လုပ်နိုင်တဲ့ အချိုမုန့်တစ်ခုပါနော်။

 

တစ်ခါက စပိန်ဘုရင်ရဲ့ သမီးတော်တစ်ပါးက နာမကျန်းဖြစ်နေတဲ့ သူမ ခင်ပွန်းကို Cacao ဖျော်ရည်တိုက်ရာက ချက်ချင်းဝေဒနာပျောက်ကင်းသွားခဲ့ဖူးပါတယ်တဲ့။

လူတော်တော်များများ မှတ်ယူကြတာက Cacao ကြောင့် မဟုတ်ဘဲ မင်းသမီးရဲ့ စစ်မှန်တဲ့ အချစ်ကြောင့်သာ ပျောက်ကင်းသွားခဲ့ရတာပါ။ သူမ ချစ်သူကလည်း မင်းသမီးအပေါ် ထားရှိတဲ့ သူ့ရဲ့ ချစ်ခြင်းကို ပြသဖို့ နှင်းဆီပန်းတစ်စည်းကို လက်ဆောင်ပြန်ပေးခဲ့ပါတယ်။

အဲလိုမျိုး အသက်အန္တရာယ်ရှိတဲ့ ဖျားနာခြင်းကိုတောင် ပြန်ကောင်းအောင် လုပ်ဆောင်နိုင်တဲ့ အချစ်စွမ်းအားကို ဂုဏ်ပြုရင်း နှင်းဆီပန်းနဲ့ ချောကလက်လက်ဆောင်ပေးခြင်းက romance အမှတ်အသား တစ်ခုလို ဖြစ်တည်လာတာပါ။

Vday မှာ ro နေကြ ချစ်သူ စုံတွဲတွေအတွက် ဒါလေးကိုလည်း သိထားသင့်တယ်နော်။

 

 

ချောကလက်က ချစ်သူကိုပဲ ပေးလို့ရတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်းကြား၊ မိသားစုအချင်းချင်းကြားမှာလည်း ချစ်ခြင်းသင်္ကေတအနေနဲ့ ချောကလက်ကို လက်ဆောင်ပေးလို့ရပါသေးတယ်။

ဒါက ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းတစ်ခုပါပဲ။ ချောကလက်ပေးခြင်းကဆိုရင် ချစ်ခြင်းမေတ္တာကို ပိုမို တိုးတက်လာစေနိုင်တာမို့ ချစ်ရသူတွေကို vday မှာချောကလက် လက်ဆောင်ပေးရင်း ပျော်ရွှင်မှုတွေကို ကိုယ်တိုင်ဖန်တီးနိုင်ကြပါစေ။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အခ်စ္စြမ္းအားေၾကာင့္ ေပၚေပါက္လာသည့္ Valentine Day ဒ႑ာရီမ်ား

 

စစ္မွန္တဲ့ ခ်စ္ျခင္းတရား ေဖာ္ၫႊန္းရာတစ္ခုကို ထုတ္ေဖာ္ရမယ္ဆိုရင္ ျမင္သာေစဖို႔ရာအတြက္ ဒ႑ာရီေလးေတြနဲ႔ ေျပာျပေပးပါရေစ။

ဒီေန႔လို Vday ေန႔ရက္မွာ ဒ႑ာရီတြင္ခဲ့တဲ့ ခ်စ္ေမတၱာေတြအေၾကာင္း ဖတ္႐ႈရတာက အခ်စ္ ခံစားခ်က္ကို ပိုမိုတိုးပြားေစႏိုင္မွာပါ။

အရင္က ေရာမဘုရင္တစ္ပါး လက္ထက္မွာ စစ္သည္ေတာ္ေတြဟာ ခ်စ္သူ၊ ဇနီးကို ခဏခဏ လြမ္းေဆြးတာေၾကာင့္ စစ္႐ႈံးရတယ္ဆိုတဲ့ ယူဆခ်က္တစ္ခု ႐ွိခဲ့တယ္။

အဲဒါေၾကာင့္ အိမ္ေထာင္ျပဳျခင္းကို တားျမစ္တဲ့ ဥပေဒတစ္ခုထုတ္ၿပီး ဘုန္းေတာ္ႀကီးေတြ လက္ထပ္ျခင္းကို ေဆာင္႐ြက္မေပးၾကဖို႔ရာ ပိတ္ပင္ခဲ့ၾကတယ္တဲ့။

ဒါေပမယ့္ ရဲရင့္တဲ့ခ်စ္သူႏွစ္ဦးကေတာ့ ဘုန္းေတာ္ႀကီး စိန္႔ဗယ္လင္တိုင္းဆီသြားၿပီး လက္ထပ္ေပးဖို႔ရာ ေတာင္းဆို ဆႏၵျပဳခဲ့တယ္။ ခ်စ္သူမ်ားအေပၚ စာနာနားလည္ေပးႏိုင္တဲ့ စိန္႔ဗယ္လင္တိုင္းက အမိန္႔ကို ေဖာက္ဖ်က္ကာ လက္ထပ္ေပးခဲ့တာေၾကာင့္ ကြပ္မ်က္ခံခဲ့ရပါတယ္။

အဲဒီလိုနဲ႔ ခ်စ္သူေတြအတြက္ အသက္ေပးသြားတဲ့ ဘုန္းေတာ္ႀကီး စိန္႔ဗယ္လင္တိုင္းကို ဂုဏ္ျပဳရင္း Valentine Day ဆိုတာ ေပၚေပါက္လာခဲ့ျခင္းပါ။

ဒါကေတာ့ Valentine Day အေၾကာင္း ေက်ာ္ၾကားတဲ့ ေရာမ ဒ႑ာရီတစ္ပုဒ္ပဲျဖစ္ပါတယ္။ ေနာက္ထပ္ ေျပာျပေပးခ်င္တဲ့ အေၾကာင္းတရာတခ်ိဳ႕လည္း က်န္႐ွိပါေသးတယ္။

Vday မွာ ေခ်ာကလက္ လက္ေဆာင္ေပးၾကျခင္းနဲ႔ သက္ဆိုင္တဲ့ စပိန္ဒ႑ာရီတစ္ပုဒ္အေၾကာင္းပါ။

ေခ်ာကလက္ဆိုတာကေတာ့ Cacao အပင္ကေန ထုတ္ထားၿပီး စိတ္ကိုေပ်ာ္႐ႊင္ေအာင္ လုပ္ႏိုင္တဲ့ အခ်ိဳမုန္႔တစ္ခုပါေနာ္။

တစ္ခါက စပိန္ဘုရင္ရဲ႕ သမီးေတာ္တစ္ပါးက နာမက်န္းျဖစ္ေနတဲ့ သူမ ခင္ပြန္းကို Cacao ေဖ်ာ္ရည္တိုက္ရာက ခ်က္ခ်င္းေဝဒနာေပ်ာက္ကင္းသြားခဲ့ဖူးပါတယ္တဲ့။

လူေတာ္ေတာ္မ်ားမ်ား မွတ္ယူၾကတာက Cacao ေၾကာင့္ မဟုတ္ဘဲ မင္းသမီးရဲ႕ စစ္မွန္တဲ့ အခ်စ္ေၾကာင့္သာ ေပ်ာက္ကင္းသြားခဲ့ရတာပါ။ သူမ ခ်စ္သူကလည္း မင္းသမီးအေပၚ ထား႐ွိတဲ့ သူ႕ရဲ႕ ခ်စ္ျခင္းကို ျပသဖို႔ ႏွင္းဆီပန္းတစ္စည္းကို လက္ေဆာင္ျပန္ေပးခဲ့ပါတယ္။

အဲလိုမ်ိဳး အသက္အႏၲရာယ္႐ွိတဲ့ ဖ်ားနာျခင္းကိုေတာင္ ျပန္ေကာင္းေအာင္ လုပ္ေဆာင္ႏိုင္တဲ့ အခ်စ္စြမ္းအားကို ဂုဏ္ျပဳရင္း ႏွင္းဆီပန္းနဲ႔ ေခ်ာကလက္လက္ေဆာင္ေပးျခင္းက romance အမွတ္အသား တစ္ခုလို ျဖစ္တည္လာတာပါ။

Vday မွာ ro ေနၾက ခ်စ္သူ စုံတြဲေတြအတြက္ ဒါေလးကိုလည္း သိထားသင့္တယ္ေနာ္။

ေခ်ာကလက္က ခ်စ္သူကိုပဲ ေပးလို႔ရတာေတာ့ မဟုတ္ပါဘူး။ သူငယ္ခ်င္းၾကား၊ မိသားစုအခ်င္းခ်င္းၾကားမွာလည္း ခ်စ္ျခင္းသေကၤတအေနနဲ႔ ေခ်ာကလက္ကို လက္ေဆာင္ေပးလို႔ရပါေသးတယ္။

ဒါက ခ်စ္ျခင္းေမတၱာကို ေဖာ္ျပျခင္းတစ္ခုပါပဲ။ ေခ်ာကလက္ေပးျခင္းကဆိုရင္ ခ်စ္ျခင္းေမတၱာကို ပိုမို တိုးတက္လာေစႏိုင္တာမို႔ ခ်စ္ရသူေတြကို vday မွာေခ်ာကလက္ လက္ေဆာင္ေပးရင္း ေပ်ာ္႐ႊင္မႈေတြကို ကိုယ္တိုင္ဖန္တီးႏိုင္ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service