“အိမ်ထောင်ရှိသူများနှင့် မသက်ဆိုင်ပါ”

“အိမ်ထောင်ရှိသူများနှင့် မသက်ဆိုင်ပါ” - Property Knowledge in Myanmar from iMyanmarHouse.com
10 Feb 2023 12:19 pm တွင် တင်ခဲ့သည်
3328 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အသက်ကယ်တဲ့ရှည်စေလို

မယ့်ရင်အုံ ချိုချိုနို့ကို စို့ပါအကို

အင်အားရယ်ပို အလိုကျစိတ်စွဲ

မောင်နှံစုံအကုန်သိမယ်

ကြည့်တော့အမြဲ။

ဆရာကြီးမဟာဆွေက လူကြီးချိုချိုစို့နည်း ဆိုတဲ့စာအုပ်ရေးထုတ်ဖူးမှန်း စာအုပ်မြင်မှ အဟုတ်တကယ် ယုံခဲ့ရတယ်။မျက်နှာဖုံးမှာပါတဲ့ ကဗျာလေးကလည်း ကောင်းပေ့။

ဒီအရွယ်ကြီးရောက်မှ လိုတော့လို့လား ဆရာကြီးရယ်လို့မေးရင် ကျွန်တော့်ကို ပလီတယ်ပြောကြဦးတော့မယ်။ မင်းကမစို့ဘူးလားလို့ မေးရင်.. အင်း…ဟို…အို…ဟာ…ဆိုတဲ့ စကားတွေနဲ့ ကျွန်တော်ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေမိမှာ အမှန်ပါပဲ။

ဝတ်လစ်စားလစ် ဒူးထောက်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ပုံနဲ့ စာအုပ်တစ်အုပ်ကို ပန်းဆိုးတန်းလမ်းပေါ်က စာအုပ်ဆိုင်တစ်ဆိုင်မှာ ရောင်းဖို့တင်ထားတာ တွေ့လိုက်တော့ စိတ်ဝင်စားတာနဲ့ ကျွန်တော်ကြည့်မိလိုက်တယ်။

ဒီစာအုပ်နာမည် တစ်ခါဘူးမှ မသိခဲ့ပါ။ဆရာကြီးမဟာဆွေရေးတဲ့ “လူကြီးချိုချိုစို့နည်း”တဲ့လေ။ဆရာကြီးရဲ့ စာအုပ်တွေကိုဖတ်ဖူးပါရဲ့။ဒါပေမဲ့ ဒီစာအုပ်ရေးထားမှန်း မသိပါဘူး။ဘယ်သူကမှလည်း ဖတ်ကြည့်ဖို့ လက် မတို့ခဲ့ကြဘူး။

ဆရာကြီးရဲ့စာအုပ်တွေထဲက အရင်ကပြန်ထွက်လာတဲ့ စာအုပ်တွေကိုတော့သိပါတယ်။ အင်္ကျီပါး၊စောရ သက်ပြင်း၊ သူပုန်အိမ်နဲ့ ဈေးချိုသူဆိုတဲ့ စာအုပ်တွေကိုတော့ သိထားပြီးသားပါ။ကျန်တဲ့စာအုပ်တွေကိုတော့ မတွေ့ဘူးတော့ မသိဘူးဖြစ်တာပေါ့။

အဲဒီ “လူကြီးချိုချိုစို့နည်း” စာအုပ်ကိုတွေ့တော့ ဝယ်မလား၊မဝယ်ဘူးလားစိတ်ထဲမှာ ချီတုန်ချတုန် ဖြစ်နေတာပေါ့။

ပစ္စည်းဝယ်တာနဲ့ ပတ်သက်ပြီး စကားဖြတ်ပြောရရင်။တစ်ခါတစ်ရံ ကိုယ်ကပစ္စည်းတစ်ခုကို လိုချင်ခဲ့ရင်၊ ကိုယ်ကြိုက်တဲ့ အဆင်အသွေးတွေနဲ့ ပြည့်စုံနေခဲ့ရင် ဝယ်ဖြစ်အောင်ဝယ်ဖို့ ကျွန်တော့်မိတ်ဆွေ စာရေးဆရာကြီးတစ်ယောက်က ပြောခဲ့ဘူးပါတယ်။ “ကိုယ့်ရှေ့မှာ လက်ငင်းကိုယ်လိုချင်တဲ့ဟာလည်း တွေ့နေတယ်၊ ဝယ်လောက်တဲ့ပိုက်ဆံလည်း ပါနေရင်ဝယ်ဖြစ်အောင် ဝယ်လိုက်ပါ” တဲ့။

 

 

 

“မဝယ်ဘဲနဲ့ ငြင်းဆန်လိုက်ရင် နောက်တစ်ခါဝယ်ဖို့ ကြည့်တဲ့အခါ သူတစ်ပါးဝယ်သွားတာနဲ့ကြုံရပါလိမ့်မယ်”တဲ့။ “လူကငြင်းဆန်တတ်သလို ပစ္စည်းကလည်း လူကိုပြန်ပြီး ငြင်းဆန်တတ်ပါတယ်” တဲ့။ ဟုတ်တော့လည်း ဟုတ်ပါတယ်။

ကိုယ်လိုချင်တဲ့ ပစ္စည်းလေးကိုတွေ့နေပါလျက် နောက်မှဝယ်မယ်ဆိုပြီး လုပ်ထားခဲ့တာ နောက်တစ်ခေါက် ရှိလိမ့်နိုးနဲ့ သွားကြည့်တော့ အတော်များများက မရှိတော့တာ၊ရောင်းကုန်သွားတာမျိုးတွေ တွေ့ရပါတယ်။ ကျွန်တော်မိတ်ဆွေ စာရေးဆရာကြီးပြောတာ အတော်ဟုတ်ပါလားလို့လက်ခံမိလိုက်တယ်။

အခုလည်း ရှားပါးစာအုပ်လေးတစ်အုပ်ဖြစ်ပြီး တစ်ခါမှမတွေ့ဘူးတော့ စိတ်ဝင်စားမိတာပေါ့။ ဝယ်ဖတ်ရင် ကောင်းမလားပေါ့။ ဘယ်လိုနည်းစနစ်တွေကို တွေ့ရှိပြီး၊ဘယ်လိုနည်းလမ်းကောင်းတွေ ပေးထားတာလည်းပေါ့။

..ဟာကွာ…ဆိုပြီး ကိုယ်နှဖူး ကိုယ်ရိုက်ပြီး ကိုယ်ဟာကို သတိပေးလိုက်ရပါတယ်။မင်းကိုယ်မင်း ဘာအောင့်မေ့ နေလို့လဲ။မင်းက ကဗျာထဲလို အသက်ကလေးရှည်ဦးမှာ။မင်းကလူပျိုလူလွတ်မလွတ်ဘူးကွ။ အိမ်ထောင်ကျပြီးသားကောင်ကွ။

ဒီစာအုပ်က အိမ်ထောင်မကျသေးတဲ့ စုံတွဲတွေက မြန်မြန်အိမ်ထောင် ပြုကြပြီး၊အမျိုးသားတွေ အသက်ရှည်အောင် အသက်ရှည်ဆေးလေး မှီဝဲကြဖို့လမ်းညွှန်ထားတာပဲနေမှာပါလေ ဆိုပြီး စာအုပ်ဝယ်ဖို့ လက်လျော့လိုက်ရပါတော့တယ်။

အင်း…ဖုန်းနဲ့ပဲ မျက်နှာဖုံးပုံလေး တစ်ပုံလောက်တော့ မှတ်တမ်းလေး ယူခဲ့ဦးမှ…အဟီး..။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“အိမ္ေထာင္ရွိသူမ်ားႏွင့္ မသက္ဆိုင္ပါ”

 

အသက္ကယ္တဲ့ရွည္ေစလို

မယ့္ရင္အုံ ခ်ိဳခ်ိဳႏို႔ကို စို႔ပါအကို

အင္အားရယ္ပို အလိုက်စိတ္စြဲ

ေမာင္ႏွံစုံအကုန္သိမယ္

ၾကည့္ေတာ့အျမဲ။

ဆရာႀကီးမဟာေဆြက လူႀကီးခ်ိဳခ်ိဳစို႔နည္း ဆိုတဲ့စာအုပ္ေရးထုတ္ဖူးမွန္း စာအုပ္ျမင္မွ အဟုတ္တကယ္ ယုံခဲ့ရတယ္။မ်က္ႏွာဖုံးမွာပါတဲ့ ကဗ်ာေလးကလည္း ေကာင္းေပ့။

ဒီအရြယ္ႀကီးေရာက္မွ လိုေတာ့လို႔လား ဆရာႀကီးရယ္လို႔ေမးရင္ ကၽြန္ေတာ့္ကို ပလီတယ္ေျပာၾကဦးေတာ့မယ္။ မင္းကမစို႔ဘူးလားလို႔ ေမးရင္.. အင္း…ဟို…အို…ဟာ…ဆိုတဲ့ စကားေတြနဲ႔ ကၽြန္ေတာ္ထစ္ေငါ့ထစ္ေငါ့ ျဖစ္ေနမိမွာ အမွန္ပါပဲ။

ဝတ္လစ္စားလစ္ ဒူးေထာက္ထားတဲ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ပုံနဲ႔ စာအုပ္တစ္အုပ္ကို ပန္းဆိုးတန္းလမ္းေပၚက စာအုပ္ဆိုင္တစ္ဆိုင္မွာ ေရာင္းဖို႔တင္ထားတာ ေတြ႔လိုက္ေတာ့ စိတ္ဝင္စားတာနဲ႔ ကၽြန္ေတာ္ၾကည့္မိလိုက္တယ္။

ဒီစာအုပ္နာမည္ တစ္ခါဘူးမွ မသိခဲ့ပါ။ဆရာႀကီးမဟာေဆြေရးတဲ့ “လူႀကီးခ်ိဳခ်ိဳစို႔နည္း”တဲ့ေလ။ဆရာႀကီးရဲ႕ စာအုပ္ေတြကိုဖတ္ဖူးပါရဲ႕။ဒါေပမဲ့ ဒီစာအုပ္ေရးထားမွန္း မသိပါဘူး။ဘယ္သူကမွလည္း ဖတ္ၾကည့္ဖို႔ လက္ မတို႔ခဲ့ၾကဘူး။

ဆရာႀကီးရဲ႕စာအုပ္ေတြထဲက အရင္ကျပန္ထြက္လာတဲ့ စာအုပ္ေတြကိုေတာ့သိပါတယ္။ အကႌ်ပါး၊ေစာရ သက္ျပင္း၊ သူပုန္အိမ္နဲ႔ ေဈးခ်ိဳသူဆိုတဲ့ စာအုပ္ေတြကိုေတာ့ သိထားၿပီးသားပါ။က်န္တဲ့စာအုပ္ေတြကိုေတာ့ မေတြ႔ဘူးေတာ့ မသိဘူးျဖစ္တာေပါ့။

အဲဒီ “လူႀကီးခ်ိဳခ်ိဳစို႔နည္း” စာအုပ္ကိုေတြ႔ေတာ့ ဝယ္မလား၊မဝယ္ဘူးလားစိတ္ထဲမွာ ခ်ီတုန္ခ်တုန္ ျဖစ္ေနတာေပါ့။

ပစၥည္းဝယ္တာနဲ႔ ပတ္သက္ၿပီး စကားျဖတ္ေျပာရရင္။တစ္ခါတစ္ရံ ကိုယ္ကပစၥည္းတစ္ခုကို လိုခ်င္ခဲ့ရင္၊ ကိုယ္ႀကိဳက္တဲ့ အဆင္အေသြးေတြနဲ႔ ျပည့္စုံေနခဲ့ရင္ ဝယ္ျဖစ္ေအာင္ဝယ္ဖို႔ ကၽြန္ေတာ့္မိတ္ေဆြ စာေရးဆရာႀကီးတစ္ေယာက္က ေျပာခဲ့ဘူးပါတယ္။ “ကိုယ့္ေရွ႕မွာ လက္ငင္းကိုယ္လိုခ်င္တဲ့ဟာလည္း ေတြ႔ေနတယ္၊ ဝယ္ေလာက္တဲ့ပိုက္ဆံလည္း ပါေနရင္ဝယ္ျဖစ္ေအာင္ ဝယ္လိုက္ပါ” တဲ့။

“မဝယ္ဘဲနဲ႔ ျငင္းဆန္လိုက္ရင္ ေနာက္တစ္ခါဝယ္ဖို႔ ၾကည့္တဲ့အခါ သူတစ္ပါးဝယ္သြားတာနဲ႔ႀကဳံရပါလိမ့္မယ္”တဲ့။ “လူကျငင္းဆန္တတ္သလို ပစၥည္းကလည္း လူကိုျပန္ၿပီး ျငင္းဆန္တတ္ပါတယ္” တဲ့။ ဟုတ္ေတာ့လည္း ဟုတ္ပါတယ္။

ကိုယ္လိုခ်င္တဲ့ ပစၥည္းေလးကိုေတြ႔ေနပါလ်က္ ေနာက္မွဝယ္မယ္ဆိုၿပီး လုပ္ထားခဲ့တာ ေနာက္တစ္ေခါက္ ရွိလိမ့္ႏိုးနဲ႔ သြားၾကည့္ေတာ့ အေတာ္မ်ားမ်ားက မရွိေတာ့တာ၊ေရာင္းကုန္သြားတာမ်ိဳးေတြ ေတြ႔ရပါတယ္။ ကၽြန္ေတာ္မိတ္ေဆြ စာေရးဆရာႀကီးေျပာတာ အေတာ္ဟုတ္ပါလားလို႔လက္ခံမိလိုက္တယ္။

အခုလည္း ရွားပါးစာအုပ္ေလးတစ္အုပ္ျဖစ္ၿပီး တစ္ခါမွမေတြ႔ဘူးေတာ့ စိတ္ဝင္စားမိတာေပါ့။ ဝယ္ဖတ္ရင္ ေကာင္းမလားေပါ့။ ဘယ္လိုနည္းစနစ္ေတြကို ေတြ႔ရွိၿပီး၊ဘယ္လိုနည္းလမ္းေကာင္းေတြ ေပးထားတာလည္းေပါ့။

..ဟာကြာ…ဆိုၿပီး ကိုယ္ႏွဖူး ကိုယ္ရိုက္ၿပီး ကိုယ္ဟာကို သတိေပးလိုက္ရပါတယ္။မင္းကိုယ္မင္း ဘာေအာင့္ေမ့ ေနလို႔လဲ။မင္းက ကဗ်ာထဲလို အသက္ကေလးရွည္ဦးမွာ။မင္းကလူပ်ိဳလူလြတ္မလြတ္ဘူးကြ။ အိမ္ေထာင္က်ၿပီးသားေကာင္ကြ။

ဒီစာအုပ္က အိမ္ေထာင္မက်ေသးတဲ့ စုံတြဲေတြက ျမန္ျမန္အိမ္ေထာင္ ျပဳၾကၿပီး၊အမ်ိဳးသားေတြ အသက္ရွည္ေအာင္ အသက္ရွည္ေဆးေလး မွီဝဲၾကဖို႔လမ္းညႊန္ထားတာပဲေနမွာပါေလ ဆိုၿပီး စာအုပ္ဝယ္ဖို႔ လက္ေလ်ာ့လိုက္ရပါေတာ့တယ္။

အင္း…ဖုန္းနဲ႔ပဲ မ်က္ႏွာဖုံးပုံေလး တစ္ပုံေလာက္ေတာ့ မွတ္တမ္းေလး ယူခဲ့ဦးမွ…အဟီး..။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit to Photo

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service