ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
တောင်ကိုရီးယား ရုပ်ရှင်နှင့်ဂီတကြယ်ပွင့် Lee Seung-gi သည် ၃ နှစ်ကြာတွဲလာခဲ့သော ချစ်သူမိန်းကလေး ရုပ်ရှင်မင်းသမီး Lee Da In နှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်တွင် ပရိသတ်များကို လူမှုကွန်ရက်မှတဆင့် ကြေညာလိုက်ရာ သူ၏ ပရိသတ်များအကြား ဂယက်ရိုက်သွားခဲ့သည်။
သူတို့နှစ်ဦး၏ မင်္ဂလာပွဲကို ဆိုးလ်မြို့တော်ရှိ Grand Intercontinental Seoul Parnas Hotel တွင် ခမ်းနားစွာ ကျင်းပသွားမည်ဟု ဆိုသည်။
၎င်းတို့နှစ်ဦး စတင်ဆုံစည်းပုံမှာ ရုပ်ရှင်မင်းသမီး Lee Da In က Lee Seung Gi ကို အလွန်နှစ်သက် သဘောကျ သောကြောင့် မိတ်ဆက်ခဲ့ရာမှတဆင့် မကြာခဏ ဂေါက်ရိုက်ဖြစ်ကာ ရင်းနှီးခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
((Lee Da In နဲ့ လက်ထပ်တော့မယ်လို့ လူမှုကွန်ရက်ကနေ ပရိသတ်တွေကို ကြေညာခဲ့တဲ့စာ))
မင်္ဂလာပါ။ ကျွန်တော် Lee Seung Gi ပါ။ ဒီနေ့မှာ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံး ဆုံးဖြတ်ချက်တစ်ခု အကြောင်း ပရိသတ်တွေကို ပြောပြချင်ပါတယ်။ ချစ်တဲ့သူနဲ့အတူ ချစ်သူအဖြစ်နဲ့တင်မက ဇနီးမောင်နှံအဖြစ်နဲ့ပါ ဘဝရဲ့ နောက်ဆုံးအချိန်ထိ အတူတကွ ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။
ကျွန်တော် လက်ထပ်ခွင့်တောင်းခဲ့တယ်။ သူက လက်ခံခဲ့တယ်။
ဒါကြောင့် ကျွန်တော်တို့ ဧပြီလ ၇ ရက်မှာ လက်ထပ်ပါတော့မယ်။
အခု ကျွန်တော့်မှာ ဘဝရဲ့ နောက်ဆုံးအချိန်အထိ စောင့်ရှောက်ကာကွယ်ပေးပြီး တာဝန်ယူသွားရမယ့် သူတစ်ယောက် ရှိနေပါပြီ။
ဒီသတင်းကို ပျော်ရွှင်မှုတွေ ပြည့်နေတဲ့ နှလုံးသားနဲ့အတူ ပရိသတ်တွေကို ပြောပြချင်လို့ပါ။
သူက ကြင်နာနွေးထွေးတဲ့ နှလုံးသားရှိပြီး အရမ်းလည်း ချစ်တတ်တယ်။
ဒါကြောင့် ကျွန်တော့်ဘဝ တစ်သက်တာလုံး သူ့ကို အနားမှာ အမြဲရှိနေစေချင်ပါတယ်။ ပျော်ရွှင်မှုတွေကို အတူတူမျှဝေကြရအောင်။
ဘဝကခက်ခဲပင်ပန်းနေရင်တောင် ဆုပ်ကိုင်ထားတဲ့လက်တွေကို ဘယ်တော့မှ လွှတ်မချဘဲ ကြုံလာသမျှ ဒုက္ခတွေကို အတူတူရင်ဆိုင်ဖြတ်သန်း သွားချင်တယ်။
ပရိသတ်တွေအနေနဲ့ အနာဂတ်မှာ ကျွန်တော်တို့ နှစ်ယောက်လုံးကို ချစ်ခင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အနာဂတ်မှာ အများကြီးမျှဝေသွားရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေထိုင်သွားမှာပါ။ အားလုံးကို ကျေးဇူတင်ပါတယ်။
((ဆိုးလ်မြို့တော် Seongbuk-dong အရပ်ရှိ ဝမ်ငွေ ၅ ဒသမ ၆ ဘီလီယံတန် စံအိမ်ဝယ်ယူလိုက်ခြင်း အကြောင်းရင်း ))
Lee Seung Gi သည် ဆိုးလ်မြို့တော် Seongbuk-dong အရပ်တွင် ဝမ်ငွေ ၅ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၅ သန်း) တန် စံအိမ်တစ်လုံး ဝယ်ယူလိုက်ကြောင်း အချို့သော သတင်းမီဒီယာများတွင် ဖော်ပြသည်။
Lee Seung Gi သည် ရုပ်ရှင်မင်းသမီး Lee Da In နှင့်စတင်ချစ်ကြိုက်နေချိန်တွင် ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ထို နှစ်ထပ်အိမ်ကို ဝယ်ယူလိုက်ခြင်းကြောင့် သူတို့ နှစ်ဦး လက်ထပ်ကြလိမ့်မယ်ဟု ထိုအချိန်ကတည်းက သတင်းများ ထွက်ခဲ့သည်။
Lee Seung Gi က သူ၏ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော one-man agency ၏ လိပ်စာကို ဝယ်ယူလိုက်သော နေအိမ်လိပ်စာဖြင့် မှတ်ပုံတင်ထားသည်။
Lee Seung Gi သည် ဂီတလောကအတွင်း စတင်ဝင်ရောက်ချိန်ကတည်းက လက်တွဲခဲ့သော Hook Entertainment နှင့် ရုတ်တရက်လမ်းခွဲလိုက်ပြီးနောက်ပိုင်း ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီကို တည်ထောင်လိုက်ခြင်းလည်း ဖြစ်သည်။
Lee Seung Gi ၏ ထုတ်ဖော်ပြောဆိုချက်အရ Hook Entertainment သည် မိမိဂီတလောကအတွင်း စတင်ဝင်ရောက်ခဲ့ချိန်မှစပြီး သီဆိုခဲ့သော သီချင်းအားလုံးအတွက် တစ်ပြားတစ်ချပ်မှ မပေးခဲ့ကြောင်း ပြောသည်။
ရုပ်ရှင်မင်းသမီး Lee Da-in သည် သူမ၏ ချစ်သူ Lee Seung-gi ၏ one-man agency တွင် ဒါရိုက်တာအဖြစ် မှတ်ပုံတင်ထားခြင်း ခံရသည်ဟု ဆိုသည်။
သတင်းထောက်တစ်ဦးဖြစ်သူ Lee Jin-ho က သူ၏ YouTube ချန်နယ်တွင် ဗွီဒီယိုတစ်ခု လွှင့်တင်ခဲ့ရာ Lee Seung-gi နှင့် Lee Da-in တို့သည် ချစ်သူများသာမကပဲ စီးပွားဖက်များလည်း ဖြစ်ကြောင်း ပြောပြသည်။
“Lee Seung-gi ဟာ ဝမ်ငွေ ၅ ဒသမ ၆၃ ဘီလီယံတန်တဲ့ စံအိမ်တစ်လုံးကို ၂၀၂၀ နှစ်ကုန်မှာ ဝယ်ခဲ့ပါတယ်။ သူ့ကုမ္ပဏီ Human Made ကို ဒီအဆောက်အအုံရဲ့လိပ်စာနဲ့ မှတ်ပုံတင်ထားပါတယ်။”
Lee Seung-gi နှင့် Lee Da-in တို့နှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Gangwon-do ပြည်နယ် ၊ Sokcho မြို့တွင် နေထိုင်သော Lee Seung-gi ၏ အဖွားထံ အလည်အပတ်သွားခဲ့စဉ် သူတို့ ၂ ဦး၏ အချစ်ရေးကို တရားဝင်အတည်ပြုခဲ့ခြင်း ဖြစ်သည်။
Lee Da-in သည် ရုပ်ရှင်မင်းသမီး Kyeon Mi-ri ၏ သမီးဖြစ်ပြီး ရုပ်ရှင်မင်းသမီး Lee Yoo-bi ၏ ညီမလည်း ဖြစ်သည်။
Lee Da-in ၏ ပထွေးသည် ၂၀၁၈ ခုနှစ်အတွင်း စတော့ရှယ်ယာ ဈေးကစားမှုများကြောင့် ထောင်ဒဏ် ၄ နှစ်နှင့် ဒဏ်ငွေ ဝမ် ၂ ဒသမ ၅ ဘီလီယံ ပေးဆောင်စေရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။
ထိုသို့သော အကြောင်းရင်းကြောင့် Lee Seung-gi ၏ နေအိမ်သို့ သူ၏ ပရိသတ်များ လာခဲ့ကြကာ ရုပ်ရှင်မင်းသမီး Lee Da-in နှင့် ချစ်ကြိုက်နေမှုကို ကန့်ကွက်ခဲ့ကြဖူးသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The real reason behind Lee Seung Gi purchasing a 5.6 billion KRW (5 million USD) house in Seongbuk-dong (allkpop,kbizoom)
[Zawgyi]
ခ်စ္သူမိန္းကေလးျဖစ္ေသာ ႐ုပ္႐ွင္မင္းသမီး Lee Da In နဲ႔ လက္ထပ္ေတာ့မယ္လို႔ ပရိသတ္ေတြကို အံ့အားသင့္ေအာင္ ခ်ျပလိုက္ၿပီျဖစ္တဲ့ ကိုရီးယားအဆိုေတာ္၊ သ႐ုပ္ေဆာင္ Lee Seung Gi က လက္ထပ္ၿပီး ေနထိုင္ရန္ ဝမ္ေငြ ၅ ဒသမ ၆ ဘီလီယံ တန္ေၾကး႐ွိ စံအိမ္ဝယ္ယူထား
ေတာင္ကိုရီးယား ႐ုပ္႐ွင္ႏွင့္ဂီတၾကယ္ပြင့္ Lee Seung-gi သည္ ၃ ႏွစ္ၾကာတြဲလာခဲ့ေသာ ခ်စ္သူမိန္းကေလး ႐ုပ္႐ွင္မင္းသမီး Lee Da In ႏွင့္ လက္ထပ္ေတာ့မည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလ ၇ ရက္တြင္ ပရိသတ္မ်ားကို လူမႈကြန္ရက္မွတဆင့္ ေၾကညာလိုက္ရာ သူ၏ ပရိသတ္မ်ားအၾကား ဂယက္႐ိုက္သြားခဲ့သည္။
သူတို႔ႏွစ္ဦး၏ မဂၤလာပြဲကို ဆိုးလ္ျမိဳ႕ေတာ္ရွိ Grand Intercontinental Seoul Parnas Hotel တြင္ ခမ္းနားစြာ က်င္းပသြားမည္ဟု ဆိုသည္။
၎တို႔ႏွစ္ဦး စတင္ဆံုစည္းပံုမွာ ရုပ္ရွင္မင္းသမီး Lee Da In က Lee Seung Gi ကို အလြန္ႏွစ္သက္ သေဘာက် ေသာေၾကာင့္ မိတ္ဆက္ခဲ့ရာမွတဆင့္ မၾကာခဏ ေဂါက္ရိုက္ျဖစ္ကာ ရင္းႏွီးခဲ့ၾကျခင္း ျဖစ္သည္ဟု ဆိုသည္။
((Lee Da In နဲ႔ လက္ထပ္ေတာ့မယ္လို႔ လူမႈကြန္ရက္ကေန ပရိသတ္ေတြကို ေၾကညာခဲ့တဲ့စာ))
မဂၤလာပါ။ ကၽြန္ေတာ္ Lee Seung Gi ပါ။ ဒီေန႔မွာ ကၽြန္ေတာ့္ဘဝရဲ႕ အေရးအၾကီးဆံုး ဆံုးျဖတ္ခ်က္တစ္ခု အေၾကာင္း ပရိသတ္ေတြကို ေျပာျပခ်င္ပါတယ္။ ခ်စ္တဲ့သူနဲ႔အတူ ခ်စ္သူအျဖစ္နဲ႔တင္မက ဇနီးေမာင္ႏွံအျဖစ္နဲ႔ပါ ဘဝရဲ႕ ေနာက္ဆံုးအခ်ိန္ထိ အတူတကြ ျဖတ္သန္းသြားဖုိ႔ ဆံုးျဖတ္ခ်က္ ခ်ထားပါတယ္။
ကၽြန္ေတာ္ လက္ထပ္ခြင့္ေတာင္းခဲ့တယ္။ သူက လက္ခံခဲ့တယ္။
ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ဧျပီလ ၇ ရက္မွာ လက္ထပ္ပါေတာ့မယ္။
အခု ကၽြန္ေတာ့္မွာ ဘဝရဲ႕ ေနာက္ဆံုးအခ်ိန္အထိ ေစာင့္ေရွာက္ကာကြယ္ေပးျပီး တာဝန္ယူသြားရမယ့္ သူတစ္ေယာက္ ရွိေနပါျပီ။
ဒီသတင္းကို ေပ်ာ္ရႊင္မႈေတြ ျပည့္ေနတဲ့ ႏွလံုးသားနဲ႔အတူ ပရိသတ္ေတြကို ေျပာျပခ်င္လို႔ပါ။
သူက ၾကင္နာေႏြးေထြးတဲ႔ ႏွလံုးသားရွိျပီး အရမ္းလည္း ခ်စ္တတ္တယ္။
ဒါေၾကာင့္ ကၽြန္ေတာ့္ဘဝ တစ္သက္တာလံုး သူ႔ကို အနားမွာ အျမဲရွိေနေစခ်င္ပါတယ္။ ေပ်ာ္ရႊင္မႈေတြကို အတူတူမွ်ေဝၾကရေအာင္။
ဘဝကခက္ခဲပင္ပန္းေနရင္ေတာင္ ဆုပ္ကိုင္ထားတဲ့လက္ေတြကို ဘယ္ေတာ့မွ လႊတ္မခ်ဘဲ ၾကံဳလာသမွ် ဒုကၡေတြကို အတူတူရင္ဆုိင္ျဖတ္သန္း သြားခ်င္တယ္။
ပရိသတ္ေတြအေနနဲ႔ အနာဂတ္မွာ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္လံုးကို ခ်စ္ခင္ေပးၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။
အနာဂတ္မွာ အမ်ားၾကီးမွ်ေဝသြားရင္း ဘဝကို ေပ်ာ္ရႊင္စြာ ျဖတ္သန္းေနထိုင္သြားမွာပါ။ အားလံုးကို ေက်းဇူတင္ပါတယ္။
((ဆိုးလ္ျမိဳ႕ေတာ္ Seongbuk-dong အရပ္ရွိ ဝမ္ေငြ ၅ ဒသမ ၆ ဘီလီယံတန္ စံအိမ္ဝယ္ယူလိုက္ျခင္း အေၾကာင္းရင္း ))
Lee Seung Gi သည္ ဆိုးလ္ျမိဳ႕ေတာ္ Seongbuk-dong အရပ္တြင္ ဝမ္ေငြ ၅ ဒသမ ၆ ဘီလီယံ (ကန္ေဒၚလာ ၅ သန္း) တန္ စံအိမ္တစ္လံုး ဝယ္ယူလိုက္ေၾကာင္း အခ်ဳိ႕ေသာ သတင္းမီဒီယာမ်ားတြင္ ေဖာ္ျပသည္။
Lee Seung Gi သည္ ရုပ္ရွင္မင္းသမီး Lee Da In ႏွင့္စတင္ခ်စ္ၾကိဳက္ေနခ်ိန္တြင္ ယခုစံအိမ္ကုိ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
ထို ႏွစ္ထပ္အိမ္ကို ဝယ္ယူလိုက္ျခင္းေၾကာင့္ သူတို႔ ႏွစ္ဦး လက္ထပ္ၾကလိမ့္မယ္ဟု ထိုအခ်ိန္ကတည္းက သတင္းမ်ား ထြက္ခဲ့သည္။
Lee Seung Gi က သူ၏ ထုတ္လုပ္ေရး ကုမၸဏီျဖစ္ေသာ one-man agency ၏ လိပ္စာကို ဝယ္ယူလိုက္ေသာ ေနအိမ္လိပ္စာျဖင့္ မွတ္ပံုတင္ထားသည္။
Lee Seung Gi သည္ ဂီတေလာကအတြင္း စတင္ဝင္ေရာက္ခ်ိန္ကတည္းက လက္တြဲခဲ့ေသာ Hook Entertainment ႏွင့္ ရုတ္တရက္လမ္းခြဲလုိက္ျပီးေနာက္ပိုင္း ကိုယ္ပုိင္ထုတ္လုပ္ေရးကုမၸဏီကို တည္ေထာင္လိုက္ျခင္းလည္း ျဖစ္သည္။
Lee Seung Gi ၏ ထုတ္ေဖာ္ေျပာဆိုခ်က္အရ Hook Entertainment သည္ မိမိဂီတေလာကအတြင္း စတင္ဝင္ေရာက္ခဲ့ခ်ိန္မွစျပီး သီဆိုခဲ့ေသာ သီခ်င္းအားလံုးအတြက္ တစ္ျပားတစ္ခ်ပ္မွ မေပးခဲ့ေၾကာင္း ေျပာသည္။
ရုပ္ရွင္မင္းသမီး Lee Da-in သည္ သူမ၏ ခ်စ္သူ Lee Seung-gi ၏ one-man agency တြင္ ဒါရုိက္တာအျဖစ္ မွတ္ပံုတင္ထားျခင္း ခံရသည္ဟု ဆိုသည္။
သတင္းေထာက္တစ္ဦးျဖစ္သူ Lee Jin-ho က သူ၏ YouTube ခ်န္နယ္တြင္ ဗီြဒီယိုတစ္ခု လႊင့္တင္ခဲ့ရာ Lee Seung-gi ႏွင့္ Lee Da-in တို႔သည္ ခ်စ္သူမ်ားသာမကပဲ စီးပြားဖက္မ်ားလည္း ျဖစ္ေၾကာင္း ေျပာျပသည္။
“Lee Seung-gi ဟာ ဝမ္ေငြ ၅ ဒသမ ၆၃ ဘီလီယံတန္တဲ့ စံအိမ္တစ္လံုးကို ၂၀၂၀ ႏွစ္ကုန္မွာ ဝယ္ခဲ့ပါတယ္။ သူ႔ကုမၸဏီ Human Made ကို ဒီအေဆာက္အအံုရဲ႕လိပ္စာနဲ႔ မွတ္ပံုတင္ထားပါတယ္။”
Lee Seung-gi ႏွင့္ Lee Da-in တို႔ႏွစ္ဦးသည္ ေတာင္ကိုရီးယားႏိုင္ငံ အေရွ႕ေျမာက္ပုိင္း Gangwon-do ျပည္နယ္ ၊ Sokcho ျမိဳ႕တြင္ ေနထုိင္ေသာ Lee Seung-gi ၏ အဖြားထံ အလည္အပတ္သြားခဲ့စဥ္ သူတို႔ ၂ ဦး၏ အခ်စ္ေရးကို တရားဝင္အတည္ျပဳခဲ့ျခင္း ျဖစ္သည္။
Lee Da-in သည္ ရုပ္ရွင္မင္းသမီး Kyeon Mi-ri ၏ သမီးျဖစ္ျပီး ရုပ္ရွင္မင္းသမီး Lee Yoo-bi ၏ ညီမလည္း ျဖစ္သည္။
Lee Da-in ၏ ပေထြးသည္ ၂၀၁၈ ခုႏွစ္အတြင္း စေတာ့ရွယ္ယာ ေစ်းကစားမႈမ်ားေၾကာင့္ ေထာင္ဒဏ္ ၄ ႏွစ္ႏွင့္ ဒဏ္ေငြ ဝမ္ ၂ ဒသမ ၅ ဘီလီယံ ေပးေဆာင္ေစရန္ အမိန္႔ခ်မွတ္ျခင္း ခံခဲ့ရသည္။
ထိုသုိ႔ေသာ အေၾကာင္းရင္းေၾကာင့္ Lee Seung-gi ၏ ေနအိမ္သို႔ သူ၏ ပရိသတ္မ်ား လာခဲ့ၾကကာ ရုပ္ရွင္မင္းသမီး Lee Da-in ႏွင့္ ခ်စ္ၾကိဳက္ေနမႈကို ကန္႔ကြက္ခဲ့ၾကဖူးသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The real reason behind Lee Seung Gi purchasing a 5.6 billion KRW (5 million USD) house in Seongbuk-dong (allkpop,kbizoom)