ဘန်ကောက်သို့ အလည်အပတ်ရောက်စဉ် အက်ရှင်ကြယ်ပွင့် ဗန်ဒိန်းနှင့် ချစ်ကြိုက်ခဲ့သူ ရုပ်ရှင်မင်းသမီး ကိုင်လီ မင်နော့၏ သြစတေးလျစံအိမ်

ဘန်ကောက်သို့ အလည်အပတ်ရောက်စဉ် အက်ရှင်ကြယ်ပွင့် ဗန်ဒိန်းနှင့် ချစ်ကြိုက်ခဲ့သူ ရုပ်ရှင်မင်းသမီး ကိုင်လီ မင်နော့၏ သြစတေးလျစံအိမ် - Property News in Myanmar from iMyanmarHouse.com
9 Feb 2023 12:09 pm တွင် တင်ခဲ့သည်
704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ချမ်းသာကြွယ်ဝ၊ နာမည်ကြီးကာ တချိန်က ရုပ်ဖြောင့်ခဲ့သူ အက်ရှင်ကြယ်ပွင့် ဗန်ဒိန်းသည် မိန်းမချောကလေး များစွာနှင့် ညှိခဲ့ဖူးသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။

ယနေ့အချိန်ထိ ဗန်ဒိန်းသည် ၄ ကြိမ်လက်ထပ်ခဲ့ဖူးကာ နာမည်ကြီးပြီးနောက်ပိုင်း တွဲခဲ့သည့် မိန်းကလေးများ ကား များပြားလှသည်။

၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများတွင် ဗန်ဒိန်းသည် Street Fighter ဇာတ်ကားတွဲ တွဲဖက်သရုပ်ဆောင်ခဲ့ ဖူးသူ ရုပ်ရှင်မင်းသမီး၊ ပေါ့ပ်ကြယ်ပွင့် ကိုင်လီ မင်နော့ (Kylie Minogue) နှင့် ချစ်ကြိုက်နေသည်ဟူသော သတင်းများ ပေါ်ထွက်လာသည်။

ဗန်ဒိန်းသည် သတင်းမီဒီယာများနှင့် တွေ့ဆုံတိုင်း ကိုင်လီ မင်နော့နှင့် အချစ်ရေးအကြောင်းမေးလျှင် နှစ်ပေါင်းများစွာ ရှောင်လွှဲ၊ ငြင်းပယ်ခဲ့သည်။

သို့သော် The Guardian သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်မူ မင်နော့နှင့် ချစ်ကြိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် ထိုင်းမှာရှိတုန်းက ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။”

“သူက အရမ်းလှတယ်။ ကျွန်တော်ရှေ့မှာ လှပတဲ့အပြုံးနဲ့ နေ့တိုင်းရှိခဲ့တယ်။ သူက နှစ်လိုဖွယ်ကောင်းတယ်။ ဆွဲဆောင်မှု အရမ်းရှိတယ်။ ကျွန်တော်က ထိုင်းနိုင်ငံမှာ တော်တော် လည်လည်ဝယ်ဝယ်ရှိနေပြီဆိုတော့ သူ့ကို နေရာအနှံ့လိုက်ပြခဲ့တယ်။”ဟု ဗန်ဒိန်းက ကိုင်လီ မင်နော့နှင့် အချစ်ရေးအကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

((ကိုင်လီ မင်နော့၏ သြစတေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့မှ ဒေါ်လာ ၈ သန်းတန် စံအိမ်သစ် ))

ရုပ်ရှင်ကြယ်ပွင့် ၊ အဆိုတော် ကိုင်လီ မင်နော့သည် သြစတေးလျနိုင်ငံ ၊ မဲလ်ဘုန်းမြို့ အရှေ့ပိုင်းတွင် ရှိသော စံအိမ်တစ်လုံးကို ဒေါ်လာ ၈ သန်းဖြင့် ဝယ်ယူခဲ့သည်။

Herald Sun သတင်းဌာန၏ ဖော်ပြချက်အရ ကိုင်လီ မင်နော့ ဝယ်ယူလိုက်သော အိပ်ခန်း ၄ ခန်းပါ နေအိမ်သည် ညီမဖြစ်သူ ပေါ့ပ်အဆိုတော် Dannii ၏ နေအိမ်နှင့်လည်း နီးသည်ဟု ဆိုသည်။

(ကိုင်လီ မင်နော့သည် လန်ဒန်မြို့ရှိ တန်ဖိုးကြီး နေအိမ်ခန်းကို ကျောခိုင်းကာ သြစတေးလျသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း Herald Sun သတင်းဌာနက ဖော်ပြသည်။)

စံအိမ်အတွင်း ရေချိုးခန်း ၃ ခန်း ၊ သားနားသော ဧည့်ခန်းနေရာများ ၊ ခြံဝန်းအတွင်း မီးဖိုဆောင်နှင့် လဟာပြင် ညစာစားနေရာတို့ ပါဝင်သည်။

လင်းလင်းချင်းချင်းရှိသော စံအိမ်အတွင်း ဝိုင်သိုလှောင်ခန်းတစ်ခုနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းတို့ ရှိသည်။

ကားဂိုဒေါင်မှာ ကား ၈ စီးထားနိုင်သည့် အကျယ်ရှိသည်။

(စံအိမ်အတွင်း ရေချိုးခန်း ၃ ခန်း ၊ သားနားသော ဧည့်ခန်းနေရာများ ၊ ခြံဝန်းအတွင်း မီးဖိုဆောင်နှင့် လဟာပြင် ညစာစားနေရာတို့ ပါဝင်သည်။)

ယခင်က လန်ဒန်တွင် အခြေစိုက်ခဲ့သူ ကိုင်လီ မင်နော့သည် ဇန်နဝါရီလကုန်ပိုင်းတွင် သြစတေးလျသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ကိုင်လီ မင်နော့က သူ၏ ဇာတိမြေသို့ အပြီးပြန်လည် အခြေချခြင်းဖြစ်သည်ဟူသော သတင်းများနှင့် ပတ်သက်၍ မှန်ကန်ကြောင်း BBC 2 radio သတင်းဌာနကို အတည်ပြုပြောကြားသည်။

(စံအိမ်ပြင်ပတွင် ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် မြေယာအလှ ပြုပြင်ထားသော ပန်းဥယျာဉ်များရှိသည်။)

“မှန်ပါတယ်။ ကျွန်မ သြစတေးလျမှာ အခြေချမှာပါ။ ဒီနှစ်ထဲ သြစတေးလျမှာ မိသားစုနှင့်အတူ အတော်ကြာ နေထိုင်ပြီးပါပြီ။”

ဗြိတိန်နိုင်ငံသားများကို ကိုင်လီ မင်နော့က ပြောသည်မှာ သူမအနေဖြင့် သူစိမ်းဖြစ်သွားမည် မဟုတ်ကြောင်း မကြာခဏ လာရောက်လည်ပတ်မည် ဖြစ်ကြောင်းပြောသည်။

(စံအိမ်အတွင်း ဝိုင်သိုလှောင်ခန်းတစ်ခုလည်းရှိသည်)

ကိုင်လီမင်နော့က ပြောသည်မှာ မိဘများဖြစ်သော Carol နှင့် Ron ၊ မွေးချင်းများဖြစ်သော Brendan နှင့် Dannii တို့အပြင် တူဖြစ်သူ Ethan တို့နှင့် နီးနီးနားနား နေချင်ခဲ့ကြောင်း ပြောသည်။

သူမ၏ ချစ်သူ မဂ္ဂဇင်းအမှုဆောင် Paul Solomons ကမူ ကိုင်လီမင်နော့နှင့်အတူ သြစတေးလျသို့ လိုက်ပါနေထိုင်လိမ့်မည်မဟုတ်သော်လည်း အနေဝေးအချစ်ရေး (LDRS) အဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။

“ကိုင်လီက သြစတေးလျကို ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ Paul ကတော့ မပြောင်းချင်ဘူး။ ဒါပေမယ့် သူတို့နှစ်ယောက် အချစ်တွေ ခိုင်မာနေဆဲပါ” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

(ကိုင်လီမင်နော့သည် ဗြိတိန်သို့ မကြာခဏ သွားရောက်လည်ပတ်မည်ဖြစ်ကာ Paul ကလည်း မဲလ်ဘုန်းသို့ လာရောက်လည်ပတ်လိမ့်မည် ဖြစ်သည်)

(ကိုင်လီမင်နော့၏ ချစ်သူ Paul Solomons -ယာဘက်-သည် သြစတေးလျသို့ လိုက်လာမည်မဟုတ်ဘဲ အနေဝေးအချစ်ရေးအဖြစ် ဆက်လက်နေထိုင်သွားမည် ဖြစ်သည်)

(လန်ဒန်မြို့တွင် ပြီးခဲ့သောနှစ် စက်တင်ဘာ ၂၄ ရက်က ရိုက်ကူးခဲ့သော ဓာတ်ပုံ ဖြစ်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Jean-Claude Van Damme Took Years To Admit To His Affair With This Music Superstar (thethings, dailymail)

  [Zawgyi]

ဘန္ေကာက္သို႔ အလည္အပတ္ေရာက္စဥ္ အက္ရွင္ၾကယ္ပြင့္ ဗန္ဒိန္းႏွင့္ ခ်စ္ၾကိဳက္ခဲ့သူ ရုပ္ရွင္မင္းသမီး ကိုင္လီ မင္ေနာ့၏ ၾသစေတးလ်စံအိမ္

ခ်မ္းသာႂကြယ္ဝ၊ နာမည္ႀကီးကာ တခ်ိန္က ႐ုပ္ေျဖာင့္ခဲ့သူ အက္႐ွင္ၾကယ္ပြင့္ ဗန္ဒိန္းသည္ မိန္းမေခ်ာကေလး မ်ားစြာႏွင့္ ညိွခဲ့ဖူးသည္မွာ အံ့အားသင့္ဖြယ္ မ႐ွိေခ်။ယေန႔အခ်ိန္ထိ ဗန္ဒိန္းသည္ ၄ ၾကိမ္လက္ထပ္ခဲ့ဖူးကာ နာမည္ၾကီးျပီးေနာက္ပိုင္း တြဲခဲ့သည့္ မိန္းကေလးမ်ား ကား မ်ားျပားလွသည္။

၁၉၉၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားတြင္ ဗန္ဒိန္းသည္ Street Fighter ဇာတ္ကားတြဲ တြဲဖက္သရုပ္ေဆာင္ခဲ့ ဖူးသူ ရုပ္ရွင္မင္းသမီး၊ ေပါ့ပ္ၾကယ္ပြင့္ ကိုင္လီ မင္ေနာ့ (Kylie Minogue) ႏွင့္ ခ်စ္ၾကိဳက္ေနသည္ဟူေသာ သတင္းမ်ား ေပၚထြက္လာသည္။

ဗန္ဒိန္းသည္ သတင္းမီဒီယာမ်ားႏွင့္ ေတြ႔ဆံုတိုင္း ကိုင္လီ မင္ေနာ့ႏွင့္ အခ်စ္ေရးအေၾကာင္းေမးလွ်င္ ႏွစ္ေပါင္းမ်ားစြာ ေရွာင္လႊဲ၊ ျငင္းပယ္ခဲ့သည္။

သို႔ေသာ္ The Guardian သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္မူ မင္ေနာ့ႏွင့္ ခ်စ္ၾကိဳက္ခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

“ဟုတ္ပါတယ္။ ဟုတ္ပါတယ္။ ကၽြန္ေတာ္ ထိုင္းမွာရွိတုန္းက ကၽြန္ေတာ္တို႔ ခ်စ္ခဲ့ၾကတယ္။”

“သူက အရမ္းလွတယ္။ ကၽြန္ေတာ္ေရွ႕မွာ လွပတဲ့အျပံဳးနဲ႔ ေန႔တိုင္းရွိခဲ့တယ္။ သူက ႏွစ္လိုဖြယ္ေကာင္းတယ္။ ဆြဲေဆာင္မႈ အရမ္းရွိတယ္။ ကၽြန္ေတာ္က ထိုင္းႏိုင္ငံမွာ ေတာ္ေတာ္ လည္လည္ဝယ္ဝယ္ရွိေနျပီဆိုေတာ့ သူ႔ကို ေနရာအႏွံ႔လုိက္ျပခဲ့တယ္။”ဟု ဗန္ဒိန္းက ကိုင္လီ မင္ေနာ့ႏွင့္ အခ်စ္ေရးအေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

((ကိုင္လီ မင္ေနာ့၏ ၾသစေတးလ်ႏိုင္ငံ ၊ မဲလ္ဘုန္းျမိဳ႕မွ ေဒၚလာ ၈ သန္းတန္ စံအိမ္သစ္ ))

ရုပ္ရွင္ၾကယ္ပြင့္ ၊ အဆိုေတာ္ ကိုင္လီ မင္ေနာ့သည္ ၾသစေတးလ်ႏိုင္ငံ ၊ မဲလ္ဘုန္းျမိဳ႕ အေရွ႕ပိုင္းတြင္ ရွိေသာ စံအိမ္တစ္လံုးကို ေဒၚလာ ၈ သန္းျဖင့္ ဝယ္ယူခဲ့သည္။ Herald Sun သတင္းဌာန၏ ေဖာ္ျပခ်က္အရ ကိုင္လီ မင္ေနာ့ ဝယ္ယူလုိက္ေသာ အိပ္ခန္း ၄ ခန္းပါ ေနအိမ္သည္ ညီမျဖစ္သူ ေပါ့ပ္အဆိုေတာ္ Dannii ၏ ေနအိမ္ႏွင့္လည္း နီးသည္ဟု ဆိုသည္။

(ကိုင္လီ မင္ေနာ့သည္ လန္ဒန္ျမိဳ႕ရွိ တန္ဖိုးၾကီး ေနအိမ္ခန္းကို ေက်ာခုိင္းကာ ၾသစေတးလ်သို႔ ေျပာင္းေရႊ႕လာခဲ့ျခင္း ျဖစ္ေၾကာင္း Herald Sun သတင္းဌာနက ေဖာ္ျပသည္။)

စံအိမ္အတြင္း ေရခ်ဳိးခန္း ၃ ခန္း ၊ သားနားေသာ ဧည့္ခန္းေနရာမ်ား ၊ ျခံဝန္းအတြင္း မီးဖိုေဆာင္ႏွင့္ လဟာျပင္ ညစာစားေနရာတို႔ ပါဝင္သည္။

လင္းလင္းခ်င္းခ်င္းရွိေသာ စံအိမ္အတြင္း ဝိုင္သိုေလွာင္ခန္းတစ္ခုႏွင့္ ဟင္းသီးဟင္းရြက္ စိုက္ခင္းတို႔ ရွိသည္။

ကားဂိုေဒါင္မွာ ကား ၈ စီးထားႏိုင္သည့္ အက်ယ္ရွိသည္။

(စံအိမ္အတြင္း ေရခ်ဳိးခန္း ၃ ခန္း ၊ သားနားေသာ ဧည့္ခန္းေနရာမ်ား ၊ ျခံဝန္းအတြင္း မီးဖိုေဆာင္ႏွင့္ လဟာျပင္ ညစာစားေနရာတို႔ ပါဝင္သည္။)

ယခင္က လန္ဒန္တြင္ အေျခစိုက္ခဲ့သူ ကိုင္လီ မင္ေနာ့သည္ ဇန္နဝါရီလကုန္ပိုင္းတြင္ ၾသစေတးလ်သို႔ ေျပာင္းေရႊ႕လာခဲ့ျခင္း ျဖစ္သည္ဟု ယူဆရသည္။

ကိုင္လီ မင္ေနာ့က သူ၏ ဇာတိေျမသို႔ အျပီးျပန္လည္ အေျခခ်ျခင္းျဖစ္သည္ဟူေသာ သတင္းမ်ားႏွင့္ ပတ္သက္၍ မွန္ကန္ေၾကာင္း BBC 2 radio သတင္းဌာနကို အတည္ျပဳေျပာၾကားသည္။

(စံအိမ္ျပင္ပတြင္ ဟင္းသီးဟင္းရြက္ စိုက္ခင္းႏွင့္ ေျမယာအလွ ျပဳျပင္ထားေသာ ပန္းဥယ်ာဥ္မ်ားရွိသည္။)

“မွန္ပါတယ္။ ကၽြန္မ ၾသစေတးလ်မွာ အေျခခ်မွာပါ။ ဒီႏွစ္ထဲ ၾသစေတးလ်မွာ မိသားစုႏွင့္အတူ အေတာ္ၾကာ ေနထိုင္ျပီးပါျပီ။”

ျဗိတိန္ႏိုင္ငံသားမ်ားကို ကိုင္လီ မင္ေနာ့က ေျပာသည္မွာ သူမအေနျဖင့္ သူစိမ္းျဖစ္သြားမည္ မဟုတ္ေၾကာင္း မၾကာခဏ လာေရာက္လည္ပတ္မည္ ျဖစ္ေၾကာင္းေျပာသည္။

(စံအိမ္အတြင္း ဝိုင္သိုေလွာင္ခန္းတစ္ခုလည္းရွိသည္)

ကိုင္လီမင္ေနာ့က ေျပာသည္မွာ မိဘမ်ားျဖစ္ေသာ Carol ႏွင့္ Ron ၊ ေမြးခ်င္းမ်ားျဖစ္ေသာ Brendan ႏွင့္ Dannii တို႔အျပင္ တူျဖစ္သူ Ethan တို႔ႏွင့္ နီးနီးနားနား ေနခ်င္ခဲ့ေၾကာင္း ေျပာသည္။

သူမ၏ ခ်စ္သူ မဂၢဇင္းအမႈေဆာင္ Paul Solomons ကမူ ကိုင္လီမင္ေနာ့ႏွင့္အတူ ၾသစေတးလ်သို႔ လိုက္ပါေနထိုင္လိမ့္မည္မဟုတ္ေသာ္လည္း အေနေဝးအခ်စ္ေရး (LDRS) အျဖစ္ ဆက္လက္ရွိေနမည္ ျဖစ္သည္။

“ကိုင္လီက ၾသစေတးလ်ကို ျပန္လာဖုိ႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တယ္။ Paul ကေတာ့ မေျပာင္းခ်င္ဘူး။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္ အခ်စ္ေတြ ခိုင္မာေနဆဲပါ” ဟု သတင္းရင္းျမစ္တစ္ခုက ေျပာသည္။

(ကိုင္လီမင္ေနာ့သည္ ျဗိတိန္သို႔ မၾကာခဏ သြားေရာက္လည္ပတ္မည္ျဖစ္ကာ Paul ကလည္း မဲလ္ဘုန္းသို႔ လာေရာက္လည္ပတ္လိမ့္မည္ ျဖစ္သည္)

(ကိုင္လီမင္ေနာ့၏ ခ်စ္သူ Paul Solomons -ယာဘက္-သည္ ၾသစေတးလ်သို႔ လိုက္လာမည္မဟုတ္ဘဲ အေနေဝးအခ်စ္ေရးအျဖစ္ ဆက္လက္ေနထုိင္သြားမည္ ျဖစ္သည္)

(လန္ဒန္ျမိဳ႕တြင္ ျပီးခဲ့ေသာႏွစ္ စက္တင္ဘာ ၂၄ ရက္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံု ျဖစ္သည္)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Jean-Claude Van Damme Took Years To Admit To His Affair With This Music Superstar (thethings, dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service