ရှက်ကီရာက ပါတီပွဲများ မရပ်မနားကျင်းပနေမှု၊ ယောက္ခမဟောင်းနှင့် ပီကေးအကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် သီချင်း ကျယ်လောင်စွာ ဖွင့်နေမှုတို့ကြောင့် ဘေးအိမ်မှ ယောက္ခမဟောင်းများ အိမ်ပြောင်းပြေးရန် စီစဉ်လာရ

ရှက်ကီရာက ပါတီပွဲများ မရပ်မနားကျင်းပနေမှု၊ ယောက္ခမဟောင်းနှင့် ပီကေးအကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် သီချင်း ကျယ်လောင်စွာ ဖွင့်နေမှုတို့ကြောင့် ဘေးအိမ်မှ ယောက္ခမဟောင်းများ အိမ်ပြောင်းပြေးရန် စီစဉ်လာရ - Property News in Myanmar from iMyanmarHouse.com
9 Feb 2023 10:07 am တွင် တင်ခဲ့သည်
1089 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုလံဘီယာအဆိုတော် ရှက်ကီရာနှင့် ဘာစီလိုနာအသင်း ဘောလုံးကြယ်ပွင့်ဟောင်း ဂျရတ်ပီကေးတို့စုံတွဲ သည် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း တွင် အပြီးတိုင်လမ်းခွဲလိုက်ကြပြီးနောက် သူတို့နှစ်ဦးနှင့် ဆွေမျိုးသားချင်းများ အကြား ကတောက်ကဆဖြစ်မှု များ ရှိလာခဲ့သည်။

ပီကေး၏ မိဘများနှင့် ရှက်ကီရာတို့အကြား စကားများမှုများ များစွာရှိခဲ့ရာ ရှက်ကီရာက ပီကေးနှင့် ယောက္ခမများအကြောင်း သီချင်းရေးကာ သီဆိုထုတ်လုပ်ခဲ့သော 'BZRP Music Sessions #53' အမည်ရှိ သီချင်းကြောင့်လည်း အပါအဝင် ဖြစ်သည်။ ယခုအခါတွင်လည်း ရှက်ကီရာက သူ၏နေအိမ်တွင် ပါတီပွဲများ အဆက်မပြတ်ကျင်းပနေမှုကြောင့် ဘေးချင်းကပ်အိမ်တွင် နေထိုင်သော ပီကေး၏ မိဘများမှာ အိမ်ပြောင်းရန် စဉ်းစားနေရပြီ ဖြစ်သည်။

ရှက်ကီရာနှင့် ပီကေးတို့လမ်းမခွဲမီက ရှက်ကီရာ ယခုနေထိုင်သောအိမ်တွင် နှစ်ဦးအတူ နေထိုင်ကြကာ ကလေးငယ်များကို ပြုစုပျိုးထောင်ခဲ့ကြသည်။

(ဘာစီလိုနာမြို့ရှိ နေအိမ်တွင် ရှုက်ကီရာက ပါတီပွဲတစ်ခု ကျင်းပနေပုံ)

((ရှက်ကီရာနှင့် ပီကေး၏ မိဘများကြားမှ ပြဿနာများ))

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်အတွင်း ရှက်ကီရာနှင့် ယောက္ခမဟောင်းများကြား ပြဿနာများစွာ ရှိခဲ့သည်။

ပီကေး၏ မိခင်က သတိပြုမိလာသည်မှာ ရှက်ကီရာက သူမ၏ နေအိမ်ဝရန်တာတွင် ကြီးမားသော သရဲရုပ်ကြီးကို ၎င်းတို့အိမ်ဘက်မျက်နှာမူက ချိတ်ဆွဲထားသည်ကို တွေ့ခဲ့မှုလည်း ပါဝင်သည်။

ထို့အပြင် ရှက်ကီရာက ယောက္ခမဟောင်းနှင့် ပီကေးအကြောင်း ရေးဖွဲ့စပ်ဆိုထားသည့် သီချင်းကိုလည်း ဘေးအိမ်မှ ယောက္ခမဟောင်းများကြားစေရန် ကျယ်လောင်စွာ ဖွင့်လှစ်ခဲ့သည်။

(ရှက်ကီရာက သူ၏ 'BZRP Music Sessions #53' အမည်ရှိသီချင်းကို နေအိမ်တွင် အသံကုန်ဖွင့်လှစ်လျက် ရှိနေသည်)

((ပီကေး၏ မိဘများမှာ အိမ်ပြောင်းရန် သုံးသပ်နေရပြီ))

သတင်းထောက်တစ်ဦးဖြစ်သူ Marc Leirado က ပြောသည်မှာ ပီကေး၏ မိဘများဖြစ်သော Montserrat နှင့် Joan တို့သည် ရှက်ကီရာ၏ ပါတီပွဲများကြောင့် စိတ်ပင်ပန်းနေကြောင်း ပြောသည်။

ရှက်ကီရာသည် နေအိမ်တွင် ပွဲလမ်းများစွာကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်က ကျင်းပသော မွေးနေ့ပွဲလည်း အပါအဝင် ဖြစ်သည်။

အဆိုပါ ပွဲလမ်းများအတွင်း တေးဂီတပါဝင်ရုံမျှမက မီးရှူးမီးပန်းဖောက်ခြင်းများလည်း ပါဝင်သည်။

Telecinco ၏ ဖော်ပြချက်အရ ရှက်ကီရာနှင့် ယောက္ခမဟောင်းမိသားစုအကြား ဆက်ဆံရေးမှာ တစထက်တစ တင်းမာလာနေရာ ပီကေး၏ မိဘများမှာ အိမ်ပြောင်းရန် စဉ်းစားလာရခြင်းလည်း ဖြစ်သည်။

သို့သော် ရှက်ကီရာကလည်း လက်ရှိနေထိုင်သော စပိန်နိုင်ငံကို ကျောခိုင်းကာ အမေရိကန်ပြည်ထောင်စု၊ မိုင်အမ်မီကမ်းခြေသို့ မကြာမီ ပြောင်းရွှေ့ဖွယ်ရှိနေရာ ပီကေး၏ မိဘများ အိမ်ပြောင်းမည့်အစီအစဉ် အကောင်အထည်ဖော်ဖြစ်ခြင်း ရှိမရှိမှာ မသေချာသေးချေ။

လက်ရှိအချိန်တွင် ရှက်ကီရာ၏ ဖခင်မှာ ကျန်းမာရေးမကောင်းသေးသောကြောင့် ရှက်ကီရာအနေဖြင့် စပိန်တွင် ဆက်လက်နေထိုင်နေရခြင်း ဖြစ်သည်။

(ဝဲမှယာ- ပီကေး၏ ညီ Marc ၊ ပီကေး၊ ရှက်ကီရာ၊ ပီကေး၏ ဖခင် Joan Pique ၊ ပီကေး၏မိခင် Montserrat Bernabeu တို့ကို ၂၀၁၃ ခုနှစ်အတွင်း အတူတကွတွေ့ရပုံ။ ဓာတ်ပုံ- Credit- Alamy)

(ရှက်ကီရာက ယောက္ခမဟောင်းကို ချောက်လှန့်ရန်အတွက် နေအိမ်ဝရန်တာတွင် သရဲရုပ်ကြီးချိတ်ဆွဲခဲ့ပုံ။ ဓာတ်ပုံ Credit- Splash)

(ဂျရတ်ပီကေးနှင့် ရှက်ကီရာတို့၏ အိမ်ထောင်သက်မှာ ၁၂ နှစ်ကြာမြင့်ခဲ့သည်။ ဓာတ်ပုံ Credit-Getty)

(ပီကေးနှင့် အသက် ၂၂ နှစ်အရွယ်ရှိ Clara Chia Marti တို့ ဆုံစည်းခဲ့ပြီးနောက်ပိုင်း ရှက်ကီရာနှုင့် လမ်းခွဲမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဓာတ်ပုံ Credit-BackGrid)

(ရှက်ကီရာ၏ ပေါင် ၄ ဒသမ ၉ သန်းတန်စံအိမ်နှင့် ပီကေး၏ မိဘများအိမ်မှာ ကပ်လျက်တည်ရှိသည်။ ဓာတ်ပုံ Credit- Solarpix)

(ရှက်ကီရာ၏ ခမ်းနားလှသော စံအိမ်အတွင်း အားကစားလေ့ကျင့်ခန်းမ၊ ရုပ်ရှင်ရုံနှင့် ဂိမ်းကစားခန်းတို့ ပါဝင်သည်။ ဓာတ်ပုံ Credit –Instagram/shakira)

(ရှက်ကီရာကို သားငယ် Milan ၊ ယောက္ခမဖြစ်သူ Montserrat တို့နှင့်အတူ လာလီဂါ ဘောလုံးပွဲတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ Credit- Getty)

(ရှက်ကီရာနှင့် ပီကေးတို့ လမ်းမခွဲမီ ၎င်းတို့စုံတွဲ၏နေအိမ်အတွင်း Clara ကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ Credit- YouTube/lbai)

(ရှက်ကီရာသည် ယခင်က ယောက္ခမဖြစ်သူ Montserrat နှင့် နီးကပ်သော ဆက်ဆံရေးရှိခဲ့သည်။ ဓာတ်ပုံ Credit- Instagram)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Shakira's non-stop parties may force Pique's parents to leave next-door house (marca, thesun)

[Zawgyi]

ရွက္ကီရာက ပါတီပြဲမ်ား မရပ္မနားက်င္းပေနမႈ၊ ေယာကၡမေဟာင္းႏွင့္ ပီေကးအေၾကာင္း ေရးဖြဲ႔စပ္ဆိုထားသည့္ သီခ်င္း က်ယ္ေလာင္စြာ ဖြင့္ေနမႈတို႔ေၾကာင့္ ေဘးအိမ္မွ ေယာကၡမေဟာင္းမ်ား အိမ္ေျပာင္းေျပးရန္ စီစဥ္လာရ

ကိုလံဘီယာအဆိုေတာ္ ရွက္ကီရာႏွင့္ ဘာစီလိုနာအသင္း ေဘာလံုးၾကယ္ပြင့္ေဟာင္း ဂ်ရတ္ပီေကးတို႔စံုတြဲ သည္ ၂၀၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္း တြင္ အျပီးတိုင္လမ္းခြဲလိုက္ၾကျပီးေနာက္ သူတုိ႔ႏွစ္ဦးႏွင့္ ေဆြမ်ဳိးသားခ်င္းမ်ား အၾကား ကေတာက္ကဆျဖစ္မႈ မ်ား ရွိလာခဲ့သည္။

ပီေကး၏ မိဘမ်ားႏွင့္ ရွက္ကီရာတို႔အၾကား စကားမ်ားမႈမ်ား မ်ားစြာရွိခဲ့ရာ ရွက္ကီရာက ပီေကးႏွင့္ ေယာကၡမမ်ားအေၾကာင္း သီခ်င္းေရးကာ သီဆိုထုတ္လုပ္ခဲ့ေသာ 'BZRP Music Sessions #53' အမည္ရွိ သီခ်င္းေၾကာင့္လည္း အပါအဝင္ ျဖစ္သည္။ ယခုအခါတြင္လည္း ရွက္ကီရာက သူ၏ေနအိမ္တြင္ ပါတီပြဲမ်ား အဆက္မျပတ္က်င္းပေနမႈေၾကာင့္ ေဘးခ်င္းကပ္အိမ္တြင္ ေနထိုင္ေသာ ပီေကး၏ မိဘမ်ားမွာ အိမ္ေျပာင္းရန္ စဥ္းစားေနရျပီ ျဖစ္သည္။

ရွက္ကီရာႏွင့္ ပီေကးတို႔လမ္းမခြဲမီက ရွက္ကီရာ ယခုေနထိုင္ေသာအိမ္တြင္ ႏွစ္ဦးအတူ ေနထိုင္ၾကကာ ကေလးငယ္မ်ားကို ျပဳစုပ်ဳိးေထာင္ခဲ့ၾကသည္။

(ဘာစီလိုနာျမိဳ႕ရွိ ေနအိမ္တြင္ ရွုက္ကီရာက ပါတီပြဲတစ္ခု က်င္းပေနပံု)

((ရွက္ကီရာႏွင့္ ပီေကး၏ မိဘမ်ားၾကားမွ ျပႆနာမ်ား))

လြန္ခဲ့ေသာ ရက္သတၱပတ္အနည္းငယ္အတြင္း ရွက္ကီရာႏွင့္ ေယာကၡမေဟာင္းမ်ားၾကား ျပႆနာမ်ားစြာ ရွိခဲ့သည္။

ပီေကး၏ မိခင္က သတိျပဳမိလာသည္မွာ ရွက္ကီရာက သူမ၏ ေနအိမ္ဝရန္တာတြင္ ၾကီးမားေသာ သရဲရုပ္ၾကီးကို ၎တို႔အိမ္ဘက္မ်က္ႏွာမူက ခ်ိတ္ဆြဲထားသည္ကို ေတြ႔ခဲ့မႈလည္း ပါဝင္သည္။

ထို႔အျပင္ ရွက္ကီရာက ေယာကၡမေဟာင္းႏွင့္ ပီေကးအေၾကာင္း ေရးဖြဲ႔စပ္ဆိုထားသည့္ သီခ်င္းကိုလည္း ေဘးအိမ္မွ ေယာကၡမေဟာင္းမ်ားၾကားေစရန္ က်ယ္ေလာင္စြာ ဖြင့္လွစ္ခဲ့သည္။

(ရွက္ကီရာက သူ၏ 'BZRP Music Sessions #53' အမည္ရွိသီခ်င္းကို ေနအိမ္တြင္ အသံကုန္ဖြင့္လွစ္လ်က္ ရွိေနသည္)

((ပီေကး၏ မိဘမ်ားမွာ အိမ္ေျပာင္းရန္ သံုးသပ္ေနရျပီ))

သတင္းေထာက္တစ္ဦးျဖစ္သူ Marc Leirado က ေျပာသည္မွာ ပီေကး၏ မိဘမ်ားျဖစ္ေသာ Montserrat ႏွင့္ Joan တို႔သည္ ရွက္ကီရာ၏ ပါတီပြဲမ်ားေၾကာင့္ စိတ္ပင္ပန္းေနေၾကာင္း ေျပာသည္။

ရွက္ကီရာသည္ ေနအိမ္တြင္ ပြဲလမ္းမ်ားစြာက်င္းပခဲ့ရာ ေဖေဖာ္ဝါရီ ၂ ရက္က က်င္းပေသာ ေမြးေန႔ပြဲလည္း အပါအဝင္ ျဖစ္သည္။

အဆိုပါ ပြဲလမ္းမ်ားအတြင္း ေတးဂီတပါဝင္ရံုမွ်မက မီးရွဴးမီးပန္းေဖာက္ျခင္းမ်ားလည္း ပါဝင္သည္။

Telecinco ၏ ေဖာ္ျပခ်က္အရ ရွက္ကီရာႏွင့္ ေယာကၡမေဟာင္းမိသားစုအၾကား ဆက္ဆံေရးမွာ တစထက္တစ တင္းမာလာေနရာ ပီေကး၏ မိဘမ်ားမွာ အိမ္ေျပာင္းရန္ စဥ္းစားလာရျခင္းလည္း ျဖစ္သည္။

သို႔ေသာ္ ရွက္ကီရာကလည္း လက္ရွိေနထိုင္ေသာ စပိန္ႏိုင္ငံကို ေက်ာခိုင္းကာ အေမရိကန္ျပည္ေထာင္စု၊ မိုင္အမ္မီကမ္းေျခသို႔ မၾကာမီ ေျပာင္းေရႊ႕ဖြယ္ရွိေနရာ ပီေကး၏ မိဘမ်ား အိမ္ေျပာင္းမည့္အစီအစဥ္ အေကာင္အထည္ေဖာ္ျဖစ္ျခင္း ရွိမရွိမွာ မေသခ်ာေသးေခ်။

လက္ရွိအခ်ိန္တြင္ ရွက္ကီရာ၏ ဖခင္မွာ က်န္းမာေရးမေကာင္းေသးေသာေၾကာင့္ ရွက္ကီရာအေနျဖင့္ စပိန္တြင္ ဆက္လက္ေနထုိင္ေနရျခင္း ျဖစ္သည္။

(ဝဲမွယာ- ပီေကး၏ ညီ Marc ၊ ပီေကး၊ ရွက္ကီရာ၊ ပီေကး၏ ဖခင္ Joan Pique ၊ ပီေကး၏မိခင္ Montserrat Bernabeu တို႔ကို ၂၀၁၃ ခုႏွစ္အတြင္း အတူတကြေတြ႔ရပံု။ ဓာတ္ပံု- Credit- Alamy)

(ရွက္ကီရာက ေယာကၡမေဟာင္းကို ေခ်ာက္လွန္႔ရန္အတြက္ ေနအိမ္ဝရန္တာတြင္ သရဲရုပ္ၾကီးခ်ိတ္ဆြဲခဲ့ပံု။ ဓာတ္ပံု Credit- Splash)

(ဂ်ရတ္ပီေကးႏွင့္ ရွက္ကီရာတို႔၏ အိမ္ေထာင္သက္မွာ ၁၂ ႏွစ္ၾကာျမင့္ခဲ့သည္။ ဓာတ္ပံု Credit-Getty)

(ပီေကးႏွင့္ အသက္ ၂၂ ႏွစ္အရြယ္ရွိ Clara Chia Marti တို႔ ဆံုစည္းခဲ့ျပီးေနာက္ပိုင္း ရွက္ကီရာႏွုင့္ လမ္းခြဲမႈ ေပၚေပါက္လာျခင္း ျဖစ္သည္။ ဓာတ္ပံု Credit-BackGrid)

(ရွက္ကီရာ၏ ေပါင္ ၄ ဒသမ ၉ သန္းတန္စံအိမ္ႏွင့္ ပီေကး၏ မိဘမ်ားအိမ္မွာ ကပ္လ်က္တည္ရွိသည္။ ဓာတ္ပံု Credit- Solarpix)

(ရွက္ကီရာ၏ ခမ္းနားလွေသာ စံအိမ္အတြင္း အားကစားေလ့က်င့္ခန္းမ၊ ရုပ္ရွင္ရံုႏွင့္ ဂိမ္းကစားခန္းတို႔ ပါဝင္သည္။ ဓာတ္ပံု Credit –Instagram/shakira)

(ရွက္ကီရာကို သားငယ္ Milan ၊ ေယာကၡမျဖစ္သူ Montserrat တို႔ႏွင့္အတူ လာလီဂါ ေဘာလံုးပြဲတစ္ခုတြင္ ေတြ႔ရပံု။ ဓာတ္ပံု Credit- Getty)

(ရွက္ကီရာႏွင့္ ပီေကးတို႔ လမ္းမခြဲမီ ၎တို႔စံုတြဲ၏ေနအိမ္အတြင္း Clara ကို ေတြ႔ခဲ့ရပံု။ ဓာတ္ပံု Credit- YouTube/lbai)

(ရွက္ကီရာသည္ ယခင္က ေယာကၡမျဖစ္သူ Montserrat ႏွင့္ နီးကပ္ေသာ ဆက္ဆံေရးရွိခဲ့သည္။ ဓာတ္ပံု Credit- Instagram)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Shakira's non-stop parties may force Pique's parents to leave next-door house (marca, thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service