“အတိုင်းအဆ”
“အတိုင်းအဆ” - Property Knowledge in Myanmar from iMyanmarHouse.com
8 Feb 2023 4:16 pm တွင် တင်ခဲ့သည်
425 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
အတိုင်းအဆဆိုသည်က စည်းကမ်းကလနားရဲ့ တစ်စိတ်တစ်ဒေသလို့ထင်သည်။အတိုင်းအဆထက်လွန်လျှင် ဖြစ်တတ်သည့် ဆိုးကျိုးတို့ကိုလည်း ကြုံဖူးကြလိမ့်မည်ထင်ပါသည်။
ငှက်ပျောသီးတစ်လုံးလောက်စားလျှင် အရသာနှင့်အတူ နှစ်သက်မှုကိုဖြစ်စေသည်။နှစ်လုံး သုံးလုံးစားသည် အထိ အရသာကောင်းသေးသည်။ထို့ထက်ပိုလာသည့်အခါ အော်ဂလီဆန်လာသည်။
ကျွန်တော်လည်းစားခဲ့ဘူးသည် ငယ်စဉ်က ငှက်ပျောသီး တစ်ဖီးထက်ကျော်အောင် စားခဲ့ဘူးသည်။ အတိုင်းအဆထက် လွန်သွားသည့်နောက် ဖျားပြီး ဆေးရုံတက်ခဲ့ရပါတော့သည်။
မဖြစ်မနေ နေ့စဉ်စားနေရသည့် အစားအစာအသောက်ပင်လျှင် ခန္ဒာကိုယ်နှင့်ချင့်ပြီးစားသုံးရသည်။ ချင့်ချိန်ခြင်းသည် အတိုင်းအဆကို နားလည်းခြင်းပင်ဖြစ်သည်။စိတ်ရှိတိုင်းစားလို့မရ။သွေးတိုးရှိသူ တစ်ဦးအစစအရာ သတိထားစားသောက်ရသလိုပင်ဖြစ်ပါသည်။
သာမန်ကျန်းမာနေသူပင်လျှင် အစားအသောက်ကို ချင့်တွက်စားသောက်ရပါသည်။ စားကောင်းလွန်း၍ မိမိပုံမှန်စားနေကျထက် ပိုလွန်စားမိပြီးသည့်နောက် မအီမသာစတင်ခံစားရပါသည်။ထိုအခါစားထားသမျှ အစားတို့အပေါ် အရသာခံစားရသည်က မနှစ်သက်မှုကိုဖြစ်စေသည်။အတိုင်းအဆထက်လွန်ခြင်းပင်ဖြစ်သည်။
ကိုယ်နှင့်သင့်သည့် အစားအသောက်တို့ကိုလည်း ရွေးချယ်စားသောက်တတ်ဖို့လည်းလိုပါသည်။သာမန်ကျန်းမာ သူတိုင်း မိမိတို့ဝမ်းမီးနှင့်သင့်သည်ကိုသာစားသင့်သည်။ ဝမ်းမီးမချက်နိုင်သော အစားအစားတို့ကိုလည်း သိထားကြရလိမ့်ပါမည်။သတိထားရပါလိမ့်မည်။ဒီအစားအစာစားလျှင် ဝမ်းကိုပျက်စေသည်လား၊ ချုပ်စေသည်လား သိထားရပါလိမ့်မည်။ဒီအစာစားတိုင်း ဒီလိုဖြစ်နေပြီး ဒီလိုဝေဒနာကို ခံစားနေရလျှင် ဒီအစားအစာကို ရှောင်မှကိုဖြစ်ပါလိမ့်မည်။
ဒါနဲ့ဆက်စပ်ပြီး လွန်ခဲ့တဲ့ တစ်ပတ်ခန့်က လူတွေစိတ်ဝင်စားတဲ့ သတင်းလေးတစ်ခုကလည်း ချင့်ပြီးလုပ်နိုင်မှ ဖြစ်ပါလိမ့်မည်။အတိုင်းအဆရှိမှ။ဒီသတင်းက အမျိုးသားတွေ အဖြစ်များသည့် ဆီးကျိတ်ကင်ဆာအကြောင်း ဖြစ်သည်။
ဒီသတင်းမှာသုတ်လွှတ်မှုနဲ့ပတ်သက်တဲ့ သတင်းဖြစ်သည်။အမျိုးသားများ တစ်လ ၂၁ ကြိမ်အောက် သုတ်လွှတ် ပေးခြင်းအားဖြင့် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု ၃၃ ရာခိုင်နှုန်းကျော်လျော့ကျစေကြောင်း ဟားဗတ်တက္ကသိုလ်၏ လေ့လာမှုက ဆိုထားခြင်းကို သိခဲ့ရခြင်းဖြစ်သည်။
သုတ်လွှတ်သည့် ကိစ္စက လိင်ပိုင်းဆိုင်ရာ ဝါသနာအရလုပ်သည်ပဲဖြစ်ဖြစ်၊ကျန်းမာရေးအရလုပ်သည်ပဲဖြစ်ဖြစ် စဉ်းစားစရာတော့ ကောင်းသည်။တစ်လထဲမဟုတ် လစဉ်လိုပြုကျင့်ရမည့် ကိစ္စကြီးကဲ့သို့ဖြစ်နေသည်။
အင်မတန် လိင်ပိုင်းဆိုင်ရာ စိတ်ပြင်းထန်သည့်သူများပင် နေ့စဉ်ရက်ဆက်နီးပါး ထိုအမှုကိစ္စလုပ်ဖို့ဆိုက ဖြစ်နိုင်မဖြစ်နိုင်ပေ စဉ်းစားစရာဖြစ်သည်။ ဒီလိုသုတ်လွှတ်မှု လစဉ်အကြိမ်ရေများစွာ လုပ်မိပါက ဖြစ်လာနိုင်တဲ့ ဆိုးကျိုးကိုလည်း စဉ်းစားရပေလိမ့်မည်။
ဒီသတင်းမှာခြွင်းချက်လည်း ပါရှိနေသေးသည်။ အဝမလွန်ရန်၊ ဆေးလိပ်မသောက်ရန်၊ အဆီလျှော့စားရန်နှင့် မျိုးရိုးဗီဇမရှိရန်ဆိုတဲ့ ခြွင်းချက်ပါပဲ။ခြွင်းချက်တွေထဲက အချက်တွေ ပါရှိနေသူတွေအတွက် သုတ်လွှတ်မှုတွေ အကြိမ်များကြီး လုပ်နေလို့လည်း တစ်ပူကနေ နှစ်ပူဆင့်သလိုဖြစ်နေမယ်ဆိုရင် မခက်ပါရောလား။ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လျော့မလျော့တော့မသိ တခြားသော ကျန်းမာရေးကိစ္စကတွေအပြင် အထပ်မြင့်နေတိုင်းတက်နေရသည့် သူများဖို့ ဓာတ်လှေကားမရှိရင် ဘယ်ကိုယ်ရွှေကိုယ်မျိုးကမှ အပေါ်ရောက်အောင် ထမ်းတင်ပေးမှာမဟုတ်ပါဘူး။ အတိုင်းအဆလေးတော့ ရှိကြမှဖြစ်ပါလိမ့်မည် ဆိုတဲ့အကြောင်း သတိပေးရင်း။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
“အတိုင်းအဆ”
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
ဗီယက်နမ်တွင် အုန်းပင်ပေါင်း ၄၀၀၀ ဖြင့် ဆောက်လုပ်ထားသောအိမ်ကို ကမ္ဘာလှည့်ခရီးသည်များ နေ့စဉ်ရာနှင့်ချီကာ လာရောက်လေ့လာကြရာ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
Shwe Moe Kaung
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service