Twilight Over Burma ၏ စာရေးဆရာမ Inge Sargent (သို့မဟုတ်) ဖေဖော်ဝါရီ ၆ ရက်က နတ်ရွာစံကံတော်ကုန်သွားသော မဟာဒေဝီ စဝ်သုစန္ဒီ၏ အချစ်နှင့်ဘဝ

Twilight Over Burma ၏ စာရေးဆရာမ Inge Sargent (သို့မဟုတ်) ဖေဖော်ဝါရီ ၆ ရက်က နတ်ရွာစံကံတော်ကုန်သွားသော မဟာဒေဝီ စဝ်သုစန္ဒီ၏ အချစ်နှင့်ဘဝ - Property News in Myanmar from iMyanmarHouse.com
8 Feb 2023 11:31 am တွင် တင်ခဲ့သည်
2598 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သင်နှင့် ကောလိပ်ကျောင်းတွင် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ခဲ့ပြီး သူ၏ တိုင်းပြည်သို့ လိုက်ပါကာ အတူနေထိုင်ရန် ရည်ရွယ်ခဲ့သူတစ်ဦးသည် စိတ်သဘောထားနူးညံ့သော သာမန်သတ္တုတွင်း အင်ဂျင်နီယာကလေးတစ်ဦးမျှ မဟုတ်ဘဲ သူ့တိုင်းပြည်တွင် ပြည်နယ်တစ်ခု၏ မင်းသားတစ်ပါးဖြစ်နေသည်ကို သင်သိလာရသောအခါ မည်သို့ရှိမည်နည်း။

ထိုအခြေအနေမျိုးမှာ စိတ်ကူးယဉ်ပုံပြင်ဆန်လှသည်ဟု ဆိုနိုင်သည်မဟုတ်ပါလော။

သို့သော် Inge Sargent ၏ ဘဝမှာ အထက်ပါအတိုင်း အမှန်တကယ်ဖြစ်ပျက်ခဲ့ပါသည်။

အင် ဆားဂျန့် (Inge Sargent) ၏ ငယ်နာမည်မှာ Inge Eberhard ဖြစ်ပြီး ၁၉၃၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၃ ရက်တွင် သြစထရီးယားနိုင်ငံတွင် မွေးဖွားသည်။

၁၉၅၁ ခုနှစ်တွင် အင် ဆားဂျန့်သည် အမေရိကန်ပြည်ထောင်စု ၊ Denver မြို့ရှိ Colorado Women’s College တွင် တက်ရောက်ရန်အတွက် Fullbright Scholarship ပညာတော်သင်ဆု ရရှိခဲ့သည်။

ထိုအချိန်က သူမ၏ အသက်မှာ ၁၉ နှစ်အရွယ်သာ ရှိသေးသည်။

ကောလိပ်တွင် အင် ဆားဂျန့်သည် စဝ်ကြာဆိုင်ဟု အမည်ရသော လူငယ်တစ်ဦးနှင့် ချစ်ကြိုက်ခဲ့သည်။

စဝ်ကြာဆိုင်သည် သတ္တုတွင်း အင်ဂျင်နီယာပညာရပ် ဆည်းပူလေ့လာနေသူဖြစ်ကာ မြန်မာပြည်မှ ဖြစ်သည်။

 

၁၉၅၃ ခုနှစ်တွင် သူတို့ ၂ ဦး လက်ထပ်ခဲ့ကြပြီး ၁၉၅၄ ခုနှစ် ခရစ္စမတ်ကာလတွင်ကား အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့ မှသည် ရန်ကုန်မြို့သို့ ထွက်ခွာမည့် သင်္ဘောကြီးတစ်စင်းပေါ်သို့ ၂ ဦးသား ရောက်ရှိနေခဲ့ကြသည်။

စဝ်ကြာဆိုင်၏ ဇာတိ မြန်မာပြည်တွင် နှစ်ဦးအတူ ဘဝသစ်တစ်ခု ထူထောင်ရန် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းဆီသို့ သင်္ဘောကြီး ချဉ်းကပ်လာချိန်တွင် ဆိပ်ကမ်းဆီ၌ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော လူထုပရိသတ်များကို တွေ့ရပြီး ရေပြင်ဆီသို့ ပန်းများကြဲချနေကာ အိုးစည်ဗုံမောင်းများ တီးခတ်နေပြီး ဝှေ့ယမ်းလက်ပြနေကြသည်ကို တွေ့ရသည်။

အင် ဆားဂျန့်က ဤလူထုပရိသတ်သည် မည်သို့သော အရေးကြီး ပုဂ္ဂိုလ်ကို ကြိုဆိုနေကြခြင်း ဖြစ်သနည်းဟု သိလိုစိတ်များ ပေါ်လာသည်။

ထိုအချိန်တွင်မှ ခင်ပွန်းဖြစ်သူက ထုတ်ဖော်ပြောကြားသည်မှာ အမှန်စင်စစ်အားဖြင့် မိမိမှာ သီပေါနယ်မှ မင်းသားတစ်ပါးဖြစ်ကြောင်း ၊ မိမိနှင့်လက်ထပ်လိုက်သောကြောင့် အင် ဆားဂျန့်မှာ မင်းသမီးတစ်ပါး ဖြစ်လာပြီ ဖြစ်ကြောင်း ပြောလိုက်သည်။

ထိုအခါ အင် ဆားဂျန့်က “အစ်ကို ကျွန်မကို ကြိုပြောသင့်တယ်။ ကြိုသိထားရင် သင့်တော်တဲ့ တခြားအဝတ်အစား ဝတ်ခဲ့မှာပေါ့။”ဟု ဆိုသည်။

ခင်ပွန်းဖြစ်သူက သူမအား အမှန်မပြောဘဲ ဖုံးကွယ်ထားသည့်အပေါ် ကနဦးတွင် အင် ဆားဂျန့်က မကျေနပ် သော်လည်း နောက်ပိုင်းတွင် ခင်ပွန်းဖြစ်သူ ဖြေရှင်းသည့် အကြောင်းရင်းကြောင့် နားလည်လက်ခံခဲ့သည်။

ကောလိပ်တက်စဉ်ကာလအတွင်း စဝ်ကြာဆိုင်က အခြားကျောင်းသားများနည်းတူ တပြေးတည်းဆက်ဆံခံရ ခြင်းမျိုးသာ လိုလားခဲ့သည်။

ထို့အပြင် မိမိအားလက်ထပ်မည့် ဇနီးလောင်းက သာမန် အင်ဂျင်နီယာတစ်ဦးအဖြစ်သာ လက်ခံလက်တွဲခြင်းကို လိုလားပြီး မင်းသားတစ်ပါးဖြစ်သောကြောင့် လက်တွဲခြင်းမျိုးကို မလိုလား။

ထို့အတွက် မိမိမည်သူဖြစ်သည်ကို ကောလိပ်ကျောင်းတွင် စဝ်ကြာဆိုင်က လူသိမခံခဲ့။

(မြန်မာပြည်တွင် နေထိုင်ရမှု ဘဝ)

အင် ဆားဂျန့်သည် စဝ်ကြာဆိုင်နှင့် လက်ထပ်ကာ မြန်မာပြည်ရောက်လာပြီးနောက်ပိုင်း စဝ်သုစန္ဒီဟူသော ဘွဲ့ဖြင့် မဟာဒေဝီဖြစ်လာခဲ့သည်။

ထို့ကြောင့် အင် ဆားဂျန့်ကို စဝ်သုစန္ဒီဟုသာ ဆက်လက်သုံးနှုန်းဖော်ပြသွားပါမည်။

စဝ်သုစန္ဒီ၏ ပြောကြားချက်အရ သူမရောက်ရှိပြီး ၁၀ စုနှစ် ဝန်းကျင်တွင် မြန်မာပြည်သည် သစ်သီးဝလံ ပေါများကာ ချမ်းသာကြွယ်ဝသော နိဗ္ဗာန်ဘုံတစ်ခုဖြစ်ခဲ့ကြောင်း ပြောသည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိသျှတို့က မြန်မာပြည်ကို လွတ်လပ်ရေးပေးခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ စစ်ဘက်ကလည်း အာဏာမသိမ်းသေးသော ကာလဖြစ်သည်။

ထိုအချိန်က မြန်မာပြည်သည် ကမ္ဘာပေါ်တွင် ဆန်စပါး အကြီးမားဆုံး ထုတ်လုပ်နိုင်သည့် နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

“လိမ္မော်ကိုင်းတစ်ကိုင်းယူပြီး မြေကြီးထဲထိုးထားလိုက်ရင် သုံးနှစ်ကြာတဲ့အခါ အသီးတွေသီးလာတယ်။ အဲဒါက မယုံနိုင်စရာပါပဲ။ ဘာစိုက်စိုက်ဖြစ်ထွန်းတယ်။”

စဝ်သုစန္ဒီက ပြောသည်မှာ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်သည် ဘဝတွင် အခြားသူများကို ကူညီရန်ထက် မည်သည့်အရာကိုမှ မလိုလားကြောင်း ၊ သူပိုင်သောလယ်မြေများကို ဒေသခံတို့အား ပေးဝေခဲ့ကြောင်း၊ ဒေသခံများအတွက် လယ်ထွန်စက်များ ဝယ်ပေးခဲ့ကြောင်း ၊ ထို့အပြင် နာနတ် ၊ ကော်ဖီ ၊ ဂျင်း ၊ ပဲပုပ်နှင့် ရှောက်တို့ စမ်းသပ်စိုက်ပျိုးစေခဲ့ကြောင်း ပြောပြသည်။

စဝ်ကြာဆိုင်သည် စော်ဘွားတစ်ဦးဖြစ်လာခဲ့သော်လည်း လွတ်လပ်စွာပြောဆိုခွင့်နှင့် သာတူညီမျှခွင့်တို့ကို ယုံကြည်လက်ခံထားသူတစ်ဦး ဖြစ်သည်။ သူ၏ သြဇာနှင့်ဥစ္စာဓနတို့ကို သီပေါနယ်ရှိ ဆင်းရဲသားများ၏ ဘဝတိုးတက်ရေးအတွက် အသုံးပြုခဲ့သည်။

 

 

စဝ်သုစန္ဒီက ပြောပြသည်မှာ စဝ်ကြာဆိုင်က သတ္တုတွင်း အင်ဂျင်နီယာပညာ သင်ယူခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအတွက် အသုံးဝင်စေရန် ဖြစ်ကြောင်း၊ သီပေါသို့ ပြန်ရောက်ချိန်တွင် ဒေသရှိ သတ္တုများ တူးဖော်ထုတ်လုပ်နိုင်ရန် သတ္တုတွင်း ကုမ္ပဏီတစ်ခု ထူထောင်ခဲ့ကြောင်းပြောသည်။

စဝ်သုစန္ဒီကလည်း ဗမာစကားနှင့် ရှမ်းစကားများ သင်ယူခဲ့ပြီး ပရဟိတလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ သားဖွား ဆေးခန်းတစ်ခု တည်ထောင်ခြင်း ၊ ဘာသာစကားသင်တန်းကျောင်း တည်ထောင်ခြင်းတို့ အပါအဝင် ဖြစ်သည်။

၎င်းတို့ စုံတွဲတွင် သမီးတော် ၂ ဦးထွန်းကားရာ စဝ်မေရာရီနှင့် စဝ်ကိန္နရီတို့ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ကျိုး မငဲ့သော ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အရှေ့တောင်အာရှ၏ လူချစ်လူခင်အများဆုံး ခေါင်းဆောင်များ ဖြစ်လာသည်။

(တော်လှန်ရေးကောင်စီ)

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းလိုက်သည့်နောက်ပိုင်း စဝ်ကြာဆိုင်တို့၏ ချမ်းမြေ့သာယာသော ဘဝမှာ နိဂုံးသတ်ရမည့်အချိန်သို့ ရောက်ရှိသွားသည်။

တော်လှန်ရေးကောင်စီ အစိုးရသည် မြန်မာပြည်ရှိ စော်ဘွားများ၏ အာဏာကို ရုပ်သိမ်းခဲ့ပြီး စဝ်ကြာဆိုင်ကို လည်း ဖမ်းဆီးခဲ့သည်။

စဝ်သုစန္ဒီကိုမူ CIA ၏ သူလျှိုတစ်ဦးဖြစ်သည်ဟူသော သံသယဖြင့် ၂ နှစ်တာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထားခဲ့သည်။

ထိုအချိန်မှစပြီး စဝ်သုစန္ဒီသည် ခင်ပွန်းဖြစ်သူအကြောင်း သတင်းအစအနပင် မကြားရတော့ချေ။

သူမအသက် ၃၂ နှစ်ရောက်သောအချိန်တွင်ကား ခင်ပွန်းဖြစ်သူ သက်ရှိထင်ရှားရှိသေးသည်ဟူသော မျှော်လင့်ချက်ကို လက်လျော့လိုက်ပြီး သမီး ၂ ဦးနှင့်အတူ သြစထရီးယားနိုင်ငံသို့ ထွက်ပြေးခဲ့သည်။

သူမ၏ ဥစ္စာဓနနှင့် ပိုင်ဆိုင်မှုအရပ်ရပ်ကို ချန်ထားရစ်ကာ ထွက်ပြေးရခြင်းဖြစ်ပြီး ထိုစဉ်က သမီးများမှာ အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ်သာ ရှိကြသေးသည်။

နောင်အခါမှ သိလာရသည်မှာ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်မှာ အကျဉ်းထောင်အတွင်း သတ်ဖြတ်ခံလိုက်ရ သည်ဟု သိလိုက်ရသည်။

စဝ်သုစန္ဒီသည် အမေရိကန်ပြည်ထောင်စု ၊ ကော်လိုရာဒိုပြည်နယ် Boulder မြို့အနီးတွင် သမီးများနှင့်အတူ အခြေချနေထိုင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် Howard Tad Sargent ဆိုသူနှင့် လက်ထပ်ခဲ့သည်။

၎င်းတို့ စုံတွဲသည် Burma Lifeline Foundation ကို တည်ထောင်ကာ မြန်မာပြည်မှ ထွက်ခွာလာသူများကို အကူအညီပေးခဲ့သည်။

၂၀၀၀ ပြည့်နှစ်တွင် စဝ်သုစန္ဒီသည် ကုလသမဂ္ဂ နိုင်ငံတကာ လူ့အခွင့်အရေးဆု ရရှိခဲ့သည်။

သူမက ပြောသည်မှာ “ကျွန်မ ရှမ်းပြည်ကလူတွေနဲ့ အဆက်အသွယ်ရှိပါတယ်။ ကျွန်မနှလုံးသား အဲဒီမှာ ကျန်ခဲ့တယ်လေ။ သူတို့ကို ကျွန်မ ဘာလို့ မကူညီရမှာလဲ။ ”ဟု ပြောသည်။

စဝ်သုစန္ဒီသည် မြန်မာပြည်တွင် နေထိုင်စဉ်ကာလကတည်းက ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ခဲ့ပြီး ကော်လိုရာဒို ပြည်နယ်တွင် ကွယ်လွန်ချိန်ထိ နေထိုင်သွားခဲ့သည်။

စဝ်သုစန္ဒီ၏ ဘဝအကြောင်း ပိုမိုသိရှိလိုပါက သူကိုယ်တိုင်ရေးသားခဲ့သည့် ကိုယ်တိုင်ရေး အတ္ထပ္ပတ္တိစာအုပ် ဖြစ်သော Twilight Over Burma : My Life as a Shan Princess စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

အဆိုပါ စာအုပ်ကို ၁၉၉၄ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး မြန်မာဘာသာသို့လည်း ဘာသာပြန်ဆိုထားမှုရှိရာ ဆရာမောင်သန်းဆွေ (ထားဝယ်) က မဟာဒေဝီတစ်ပါး၏ ရှာပုံတော် ဟူသော အမည်ဖြင့် မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။

(မှတ်ချက်။ အခြား စာရေးဆရာများ၏ မြန်မာပြန်ဆိုမှုများလည်းရှိသည်)

အချစ်ရေ ….

မောင်တော်ဟာ ဒီစာကို တိတ်တိတ်ကလေးရေးလိုက်ရတာပါ။

အခုဆိုရင် ရပ်စောက်က ဗထူးမြို့ထဲမှာရှိတဲ့ စစ်တပ်အချုပ်ခန်းထဲက ရေးလိုက်ရတာပါ။

ခင်မောင်ချုံးက တဆင့် တော်မီကလစ်ကို မောင်တော် လွတ်မြောက်ရေးအတွက် သူ့အရှိန်အဝါ သုံးပေးပါလို့ ပြောပေးပါ။

ကိုလှမိုးလည်း ရှိသေးတယ်လေ။

မီလှကလည်း ကူညီနိုင်လိမ့်မယ်။

မင်းကို တမ်းတလျက်ပါ။

ဒီက အခြေအနေတွေက သိပ်မကောင်းဘူး။

မင်းတို့အားလုံးကို ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မင်းကိုယ်ကိုမင်း စိတ်တည်ငြိမ်အောင်ထားပါ။

ဒီမှာ မောင်တော်နေရတာ သိပ်အဆိုးကြီးမဟုတ်ဘူး။

ချစ်ခြင်းများစွာနဲ့ စဝ်ကြာဆိုင်

 

(ဆရာမောင်သန်းဆွေ-ထားဝယ်၏ ဘာသာပြန်ဆိုမှုမှ)

 

 

((ရုပ်ရှင်ရိုက်ကူးခြင်း))

Twilight Over Burma စာအုပ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးပြီး ၂၀၁၅ ခုနှစ်တွင် ပြသခဲ့သည်။

ဒါရိုက်တာ Sabine Derflinger က ရိုက်ကူးကာ သြစထရီးယားနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် စတင်ရုံတင်ခဲ့သည်။

ယင်းဇာတ်ကားတွင် စဝ်ကြာဆိုင်အဖြစ် ထိုင်းရုပ်ရှင်မင်းသား Daweerit Chullasapya ကလည်းကောင်း၊ စဝ်သုစန္ဒီအဖြစ် ဂျာမန်ရုပ်ရှင်မင်းသမီး Maria Ehrich ကလည်းကောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းအဖြစ် ထိုင်းသရုပ်ဆောင် Sahajak Boonthanakit ကလည်းကောင်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

 

 

((ပြသခွင့် ပိတ်ပင်ခံရခြင်းများ))

အဆိုပါရုပ်ရှင်ကို ၂၀၁၆ တွင် ရန်ကုန်မြို့၌ ကျင်းပသည့် ‘လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်’တွင် ပြသရန် ကြိုးစားခဲ့သော်လည်း တိုင်းရင်းသားများအကြား စည်းလုံးမှုထိခိုက်စေသည် ဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပင်ခံခဲ့ရသည်။

အလားတူပင် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင်လည်း မြန်မာနှင့်ထိုင်းအကြား နှစ်နိုင်ငံဆက်ဆံရေး ထိန်းသိမ်းရန်ဟုဆိုကာ ပြသခွင့်မပေးခဲ့ချေ။

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Credit to Photo

Ref: Inge sargent:Burma's Austrian princess (insideasiatours, wikipedia)

 

 

 

 

 

[Zawgyi]

 

Twilight Over Burma ၏ စာေရးဆရာမ Inge Sargent (သို႔မဟုတ္) ေဖေဖာ္ဝါရီ ၆ ရက္က နတ္ရြာစံကံေတာ္ကုန္သြားေသာ မဟာေဒဝီ စဝ္သုစႏၵီ၏ အခ်စ္ႏွင့္ဘဝ

 

သင္ႏွင့္ ေကာလိပ္ေက်ာင္းတြင္ ခ်စ္ၾကိဳက္ခဲ့ျပီး လက္ထပ္ခဲ့ျပီး သူ၏ တိုင္းျပည္သို႔ လိုက္ပါကာ အတူေနထိုင္ရန္ ရည္ရြယ္ခဲ့သူတစ္ဦးသည္ စိတ္သေဘာထားႏူးညံ့ေသာ သာမန္သတၱဳတြင္း အင္ဂ်င္နီယာကေလးတစ္ဦးမွ် မဟုတ္ဘဲ သူ႔တုိင္းျပည္တြင္ ျပည္နယ္တစ္ခု၏ မင္းသားတစ္ပါးျဖစ္ေနသည္ကို သင္သိလာရေသာအခါ မည္သို႔ရွိမည္နည္း။

ထိုအေျခအေနမ်ဳိးမွာ စိတ္ကူးယဥ္ပံုျပင္ဆန္လွသည္ဟု ဆိုႏိုင္သည္မဟုတ္ပါေလာ။

သို႔ေသာ္ Inge Sargent ၏ ဘဝမွာ အထက္ပါအတိုင္း အမွန္တကယ္ျဖစ္ပ်က္ခဲ့ပါသည္။

အင္ ဆားဂ်န္႔ (Inge Sargent) ၏ ငယ္နာမည္မွာ Inge Eberhard ျဖစ္ျပီး ၁၉၃၂ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ ၂၃ ရက္တြင္ ၾသစထရီးယားႏိုင္ငံတြင္ ေမြးဖြားသည္။

၁၉၅၁ ခုႏွစ္တြင္ အင္ ဆားဂ်န္႔သည္ အေမရိကန္ျပည္ေထာင္စု ၊ Denver ျမိဳ႕ရွိ Colorado Women’s College တြင္ တက္ေရာက္ရန္အတြက္ Fullbright Scholarship ပညာေတာ္သင္ဆု ရရွိခဲ့သည္။

ထိုအခ်ိန္က သူမ၏ အသက္မွာ ၁၉ ႏွစ္အရြယ္သာ ရွိေသးသည္။

ေကာလိပ္တြင္ အင္ ဆားဂ်န္႔သည္ စဝ္ၾကာဆိုင္ဟု အမည္ရေသာ လူငယ္တစ္ဦးႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

စဝ္ၾကာဆိုင္သည္ သတၱဳတြင္း အင္ဂ်င္နီယာပညာရပ္ ဆည္းပူေလ့လာေနသူျဖစ္ကာ ျမန္မာျပည္မွ ျဖစ္သည္။

၁၉၅၃ ခုႏွစ္တြင္ သူတို႔ ၂ ဦး လက္ထပ္ခဲ့ၾကျပီး ၁၉၅၄ ခုႏွစ္ ခရစၥမတ္ကာလတြင္ကား အဂၤလန္ႏိုင္ငံ၊ လီဗာပူးျမိဳ႕ မွသည္ ရန္ကုန္ျမိဳ႕သို႔ ထြက္ခြာမည့္ သေဘၤာၾကီးတစ္စင္းေပၚသုိ႔ ၂ ဦးသား ေရာက္ရွိေနခဲ့ၾကသည္။

စဝ္ၾကာဆိုင္၏ ဇာတိ ျမန္မာျပည္တြင္ ႏွစ္ဦးအတူ ဘဝသစ္တစ္ခု ထူေထာင္ရန္ ထြက္ခြာလာခဲ့ၾကျခင္း ျဖစ္သည္။

ရန္ကုန္ဆိပ္ကမ္းဆီသို႔ သေဘၤာၾကီး ခ်ဥ္းကပ္လာခ်ိန္တြင္ ဆိပ္ကမ္းဆီ၌ ဝတ္ေကာင္းစားလွမ်ား ဝတ္ဆင္ထားေသာ လူထုပရိသတ္မ်ားကို ေတြ႔ရျပီး ေရျပင္ဆီသို႔ ပန္းမ်ားၾကဲခ်ေနကာ အိုးစည္ဗံုေမာင္းမ်ား တီးခတ္ေနျပီး ေဝွ႔ယမ္းလက္ျပေနၾကသည္ကို ေတြ႔ရသည္။

အင္ ဆားဂ်န္႔က ဤလူထုပရိသတ္သည္ မည္သို႔ေသာ အေရးၾကီး ပုဂၢိဳလ္ကို ၾကိဳဆိုေနၾကျခင္း ျဖစ္သနည္းဟု သိလုိစိတ္မ်ား ေပၚလာသည္။

ထုိအခ်ိန္တြင္မွ ခင္ပြန္းျဖစ္သူက ထုတ္ေဖာ္ေျပာၾကားသည္မွာ အမွန္စင္စစ္အားျဖင့္ မိမိမွာ သီေပါနယ္မွ မင္းသားတစ္ပါးျဖစ္ေၾကာင္း ၊ မိမိႏွင့္လက္ထပ္လိုက္ေသာေၾကာင့္ အင္ ဆားဂ်န္႔မွာ မင္းသမီးတစ္ပါး ျဖစ္လာျပီ ျဖစ္ေၾကာင္း ေျပာလိုက္သည္။

ထိုအခါ အင္ ဆားဂ်န္႔က “အစ္ကုိ ကၽြန္မကို ၾကိဳေျပာသင့္တယ္။ ၾကိဳသိထားရင္ သင့္ေတာ္တဲ့ တျခားအဝတ္အစား ဝတ္ခဲ့မွာေပါ့။”ဟု ဆိုသည္။

ခင္ပြန္းျဖစ္သူက သူမအား အမွန္မေျပာဘဲ ဖံုးကြယ္ထားသည့္အေပၚ ကနဦးတြင္ အင္ ဆားဂ်န္႔က မေက်နပ္ ေသာ္လည္း ေနာက္ပိုင္းတြင္ ခင္ပြန္းျဖစ္သူ ေျဖရွင္းသည့္ အေၾကာင္းရင္းေၾကာင့္ နားလည္လက္ခံခဲ့သည္။

ေကာလိပ္တက္စဥ္ကာလအတြင္း စဝ္ၾကာဆိုင္က အျခားေက်ာင္းသားမ်ားနည္းတူ တေျပးတည္းဆက္ဆံခံရ ျခင္းမ်ိဳးသာ လိုလားခဲ့သည္။

ထို႔အျပင္ မိမိအားလက္ထပ္မည့္ ဇနီးေလာင္းက သာမန္ အင္ဂ်င္နီယာတစ္ဦးအျဖစ္သာ လက္ခံလက္တြဲျခင္းကို လိုလားျပီး မင္းသားတစ္ပါးျဖစ္ေသာေၾကာင့္ လက္တြဲျခင္းမ်ဳိးကို မလိုလား။

ထို႔အတြက္ မိမိမည္သူျဖစ္သည္ကို ေကာလိပ္ေက်ာင္းတြင္ စဝ္ၾကာဆိုင္က လူသိမခံခဲ့။

(ျမန္မာျပည္တြင္ ေနထုိင္ရမႈ ဘဝ)

အင္ ဆားဂ်န္႔သည္ စဝ္ၾကာဆိုင္ႏွင့္ လက္ထပ္ကာ ျမန္မာျပည္ေရာက္လာျပီးေနာက္ပိုင္း စဝ္သုစႏီၵဟူေသာ ဘြဲ႔ျဖင့္ မဟာေဒဝီျဖစ္လာခဲ့သည္။

ထို႔ေၾကာင့္ အင္ ဆားဂ်န္႔ကို စဝ္သုစႏီၵဟုသာ ဆက္လက္သံုးႏႈန္းေဖာ္ျပသြားပါမည္။

စဝ္သုစႏီၵ၏ ေျပာၾကားခ်က္အရ သူမေရာက္ရွိျပီး ၁၀ စုႏွစ္ ဝန္းက်င္တြင္ ျမန္မာျပည္သည္ သစ္သီးဝလံ ေပါမ်ားကာ ခ်မ္းသာၾကြယ္ဝေသာ နိဗၺာန္ဘံုတစ္ခုျဖစ္ခဲ့ေၾကာင္း ေျပာသည္။

၁၉၄၈ ခုႏွစ္တြင္ ျဗိတိသွ်တို႔က ျမန္မာျပည္ကို လြတ္လပ္ေရးေပးခဲ့ျပီး ၁၉၆၂ ခုႏွစ္အထိ စစ္ဘက္ကလည္း အာဏာမသိမ္းေသးေသာ ကာလျဖစ္သည္။ ထိုအခ်ိန္က ျမန္မာျပည္သည္ ကမၻာေပၚတြင္ ဆန္စပါး အၾကီးမားဆံုး ထုတ္လုပ္ႏုိင္သည့္ ႏိုင္ငံမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ခဲ့သည္။

“လိေမၼာ္ကိုင္းတစ္ကိုင္းယူျပီး ေျမၾကီးထဲထိုးထားလုိက္ရင္ သံုးႏွစ္ၾကာတဲ့အခါ အသီးေတြသီးလာတယ္။ အဲဒါက မယံုႏိုင္စရာပါပဲ။ ဘာစိုက္စုိက္ျဖစ္ထြန္းတယ္။”

စဝ္သုစႏီၵက ေျပာသည္မွာ ခင္ပြန္းျဖစ္သူ စဝ္ၾကာဆိုင္သည္ ဘဝတြင္ အျခားသူမ်ားကို ကူညီရန္ထက္ မည္သည့္အရာကိုမွ မလိုလားေၾကာင္း ၊ သူပိုင္ေသာလယ္ေျမမ်ားကို ေဒသခံတို႔အား ေပးေဝခဲ့ေၾကာင္း၊ ေဒသခံမ်ားအတြက္ လယ္ထြန္စက္မ်ား ဝယ္ေပးခဲ့ေၾကာင္း ၊ ထို႔အျပင္ နာနတ္ ၊ ေကာ္ဖီ ၊ ဂ်င္း ၊ ပဲပုပ္ႏွင့္ ေရွာက္တို႔ စမ္းသပ္စိုက္ပ်ဳိးေစခဲ့ေၾကာင္း ေျပာျပသည္။

စဝ္ၾကာဆိုင္သည္ ေစာ္ဘြားတစ္ဦးျဖစ္လာခဲ့ေသာ္လည္း လြတ္လပ္စြာေျပာဆိုခြင့္ႏွင့္ သာတူညီမွ်ခြင့္တို႔ကို ယံုၾကည္လက္ခံထားသူတစ္ဦး ျဖစ္သည္။ သူ၏ ၾသဇာႏွင့္ဥစၥာဓနတို႔ကို သီေပါနယ္ရွိ ဆင္းရဲသားမ်ား၏ ဘဝတိုးတက္ေရးအတြက္ အသံုးျပဳခဲ့သည္။

စဝ္သုစႏီၵက ေျပာျပသည္မွာ စဝ္ၾကာဆိုင္က သတၱဳတြင္း အင္ဂ်င္နီယာပညာ သင္ယူခဲ့ရျခင္း၏ ရည္ရြယ္ခ်က္မွာ ျပည္သူမ်ားအတြက္ အသံုးဝင္ေစရန္ ျဖစ္ေၾကာင္း၊ သီေပါသုိ႔ ျပန္ေရာက္ခ်ိန္တြင္ ေဒသရွိ သတၱဳမ်ား တူးေဖာ္ထုတ္လုပ္ႏုိင္ရန္ သတၱဳတြင္း ကုမၸဏီတစ္ခု ထူေထာင္ခဲ့ေၾကာင္းေျပာသည္။

စဝ္သုစႏီၵကလည္း ဗမာစကားႏွင့္ ရွမ္းစကားမ်ား သင္ယူခဲ့ျပီး ပရဟိတလုပ္ငန္းမ်ား လုပ္ေဆာင္ခဲ့ရာ သားဖြား ေဆးခန္းတစ္ခု တည္ေထာင္ျခင္း ၊ ဘာသာစကားသင္တန္းေက်ာင္း တည္ေထာင္ျခင္းတို႔ အပါအဝင္ ျဖစ္သည္။ ၎တို႔ စံုတြဲတြင္ သမီးေတာ္ ၂ ဦးထြန္းကားရာ စဝ္ေမရာရီႏွင့္ စဝ္ကိႏၷရီတို႔ ျဖစ္ၾကသည္။ ၎တို႔၏ ကိုယ္က်ိဳး မငဲ့ေသာ ၾကိဳးပမ္းေဆာင္ရြက္မႈမ်ားေၾကာင့္ အေရွ႕ေတာင္အာရွ၏ လူခ်စ္လူခင္အမ်ားဆံုး ေခါင္းေဆာင္မ်ား ျဖစ္လာသည္။

(ေတာ္လွန္ေရးေကာင္စီ)

၁၉၆၂ ခုႏွစ္တြင္ ဗိုလ္ခ်ဳပ္ၾကီးေနဝင္းက အာဏာသိမ္းလိုက္သည့္ေနာက္ပိုင္း စဝ္ၾကာဆိုင္တို႔၏ ခ်မ္းေျမ့သာယာေသာ ဘဝမွာ နိဂံုးသတ္ရမည့္အခ်ိန္သို႔ ေရာက္ရွိသြားသည္။

ေတာ္လွန္ေရးေကာင္စီ အစိုးရသည္ ျမန္မာျပည္ရွိ ေစာ္ဘြားမ်ား၏ အာဏာကို ရုပ္သိမ္းခဲ့ျပီး စဝ္ၾကာဆိုင္ကို လည္း ဖမ္းဆီးခဲ့သည္။

စဝ္သုစႏီၵကိုမူ CIA ၏ သူလွ်ိဳတစ္ဦးျဖစ္သည္ဟူေသာ သံသယျဖင့္ ၂ ႏွစ္တာ ေနအိမ္အက်ယ္ခ်ဳပ္ျဖင့္ ဖမ္းဆီး ထားခ့ဲသည္။

ထိုအခ်ိန္မွစျပီး စဝ္သုစႏီၵသည္ ခင္ပြန္းျဖစ္သူအေၾကာင္း သတင္းအစအနပင္ မၾကားရေတာ့ေခ်။

သူမအသက္ ၃၂ ႏွစ္ေရာက္ေသာအခ်ိန္တြင္ကား ခင္ပြန္းျဖစ္သူ သက္ရွိထင္ရွားရွိေသးသည္ဟူေသာ ေမွ်ာ္လင့္ခ်က္ကို လက္ေလ်ာ့လိုက္ျပီး သမီး ၂ ဦးႏွင့္အတူ ၾသစထရီးယားႏိုင္ငံသုိ႔ ထြက္ေျပးခဲ့သည္။

သူမ၏ ဥစၥာဓနႏွင့္ ပိုင္ဆိုင္မႈအရပ္ရပ္ကို ခ်န္ထားရစ္ကာ ထြက္ေျပးရျခင္းျဖစ္ျပီး ထိုစဥ္က သမီးမ်ားမွာ အသက္ ၅ ႏွစ္ႏွင့္ ၈ ႏွစ္အရြယ္သာ ရွိၾကေသးသည္။

ေနာင္အခါမွ သိလာရသည္မွာ ခင္ပြန္းျဖစ္သူ စဝ္ၾကာဆိုင္မွာ အက်ဥ္းေထာင္အတြင္း သတ္ျဖတ္ခံလိုက္ရ သည္ဟု သိလိုက္ရသည္။

စဝ္သုစႏီၵသည္ အေမရိကန္ျပည္ေထာင္စု ၊ ေကာ္လိုရာဒိုျပည္နယ္ Boulder ျမိဳ႕အနီးတြင္ သမီးမ်ားႏွင့္အတူ အေျခခ်ေနထိုင္ခဲ့ျပီး ၁၉၆၈ ခုႏွစ္တြင္ Howard Tad Sargent ဆိုသူႏွင့္ လက္ထပ္ခဲ့သည္။

၎တို႔ စံုတြဲသည္ Burma Lifeline Foundation ကုိ တည္ေထာင္ကာ ျမန္မာျပည္မွ ထြက္ခြာလာသူမ်ားကို အကူအညီေပးခဲ့သည္။

၂၀၀၀ ျပည့္ႏွစ္တြင္ စဝ္သုစႏီၵသည္ ကုလသမဂၢ ႏိုင္ငံတကာ လူ႔အခြင့္အေရးဆု ရရွိခဲ့သည္။

သူမက ေျပာသည္မွာ “ကၽြန္မ ရွမ္းျပည္ကလူေတြနဲ႔ အဆက္အသြယ္ရွိပါတယ္။ ကၽြန္မႏွလံုးသား အဲဒီမွာ က်န္ခဲ့တယ္ေလ။ သူတို႔ကို ကၽြန္မ ဘာလို႔ မကူညီရမွာလဲ။ ”ဟု ေျပာသည္။

စဝ္သုစႏီၵသည္ ျမန္မာျပည္တြင္ ေနထုိင္စဥ္ကာလကတည္းက ဗုဒၶဘာသာဝင္တစ္ဦးျဖစ္ခဲ့ျပီး ေကာ္လိုရာဒို ျပည္နယ္တြင္ ကြယ္လြန္ခ်ိန္ထိ ေနထုိင္သြားခဲ့သည္။

စဝ္သုစႏီၵ၏ ဘဝအေၾကာင္း ပိုမိုသိရွိလိုပါက သူကိုယ္တိုင္ေရးသားခဲ့သည့္ ကိုယ္တိုင္ေရး အတၳပၸတၱိစာအုပ္ ျဖစ္ေသာ Twilight Over Burma : My Life as a Shan Princess စာအုပ္တြင္ ဖတ္ရႈႏိုင္ပါသည္။

အဆိုပါ စာအုပ္ကို ၁၉၉၄ ခုႏွစ္တြင္ ထုတ္ေဝခဲ့ျခင္း ျဖစ္ျပီး ျမန္မာဘာသာသို႔လည္း ဘာသာျပန္ဆိုထားမႈရွိရာ ဆရာေမာင္သန္းေဆြ (ထားဝယ္) က မဟာေဒဝီတစ္ပါး၏ ရွာပံုေတာ္ ဟူေသာ အမည္ျဖင့္ ျမန္မာျပန္ဆို ထားျခင္း ျဖစ္သည္။

(မွတ္ခ်က္။ အျခား စာေရးဆရာမ်ား၏ ျမန္မာျပန္ဆိုမႈမ်ားလည္းရွိသည္)

အခ်စ္ေရ ….

ေမာင္ေတာ္ဟာ ဒီစာကို တိတ္တိတ္ကေလးေရးလုိက္ရတာပါ။

အခုဆိုရင္ ရပ္ေစာက္က ဗထူးျမိဳ႕ထဲမွာရွိတဲ့ စစ္တပ္အခ်ဳပ္ခန္းထဲက ေရးလိုက္ရတာပါ။

ခင္ေမာင္ခ်ံဳးက တဆင့္ ေတာ္မီကလစ္ကုိ ေမာင္ေတာ္ လြတ္ေျမာက္ေရးအတြက္ သူ႔အရွိန္အဝါ သံုးေပးပါလုိ႔ ေျပာေပးပါ။

ကိုလွမိုးလည္း ရွိေသးတယ္ေလ။

မီလွကလည္း ကူညီႏိုင္လိမ့္မယ္။

မင္းကို တမ္းတလ်က္ပါ။

ဒီက အေျခအေနေတြက သိပ္မေကာင္းဘူး။

မင္းတို႔အားလံုးကို ျပန္ေတြ႔ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

မင္းကိုယ္ကိုမင္း စိတ္တည္ျငိမ္ေအာင္ထားပါ။

ဒီမွာ ေမာင္ေတာ္ေနရတာ သိပ္အဆိုးၾကီးမဟုတ္ဘူး။

ခ်စ္ျခင္းမ်ားစြာနဲ႔ စဝ္ၾကာဆိုင္

(ဆရာေမာင္သန္းေဆြ-ထားဝယ္၏ ဘာသာျပန္ဆိုမႈမွ)

((ရုပ္ရွင္ရိုက္ကူးျခင္း))

Twilight Over Burma စာအုပ္ကို ရုပ္ရွင္အျဖစ္ရိုက္ကူးျပီး ၂၀၁၅ ခုႏွစ္တြင္ ျပသခဲ့သည္။

ဒါရိုက္တာ Sabine Derflinger က ရိုက္ကူးကာ ၾသစထရီးယားႏိုင္ငံတြင္ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္တြင္ စတင္ရံုတင္ခဲ့သည္။

ယင္းဇာတ္ကားတြင္ စဝ္ၾကာဆိုင္အျဖစ္ ထိုင္းရုပ္ရွင္မင္းသား Daweerit Chullasapya ကလည္းေကာင္း၊ စဝ္သုစႏၵီအျဖစ္ ဂ်ာမန္ရုပ္ရွင္မင္းသမီး Maria Ehrich ကလည္းေကာင္း၊ ဗိုလ္ခ်ဳပ္ၾကီးေနဝင္းအျဖစ္ ထိုင္းသရုပ္ေဆာင္ Sahajak Boonthanakit ကလည္းေကာင္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

((ျပသခြင့္ ပိတ္ပင္ခံရျခင္းမ်ား))

အဆိုပါရုပ္ရွင္ကို ၂၀၁၆ တြင္ ရန္ကုန္ျမိဳ႕၌ က်င္းပသည့္ ‘လူ႔အခြင့္အေရး၊ လူ႔ဂုဏ္သိကၡာ ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္’တြင္ ျပသရန္ ၾကိဳးစားခဲ့ေသာ္လည္း တိုင္းရင္းသားမ်ားအၾကား စည္းလံုးမႈထိခိုက္ေစသည္ ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ပိတ္ပင္ခံခဲ့ရသည္။

အလားတူပင္ ထိုင္းႏိုင္ငံတြင္ က်င္းပခဲ့ေသာ ႏိုင္ငံတကာရုပ္ရွင္ပြဲေတာ္တြင္လည္း ျမန္မာႏွင့္ထိုင္းအၾကား ႏွစ္ႏိုင္ငံဆက္ဆံေရး ထိန္းသိမ္းရန္ဟုဆိုကာ ျပသခြင့္မေပးခဲ့ေခ်။

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit to Photo

Ref: Inge sargent:Burma's Austrian princess (insideasiatours, wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service