အလုပ်ရှာမရသော ထိုင်းမိန်းကလေး လက်ကျန်ငွေ ဘတ် ၂၀၀ ဖြင့် ထီထိုးလိုက်ရာ ဘတ်ငွေ ၁၂ သန်းဆု ပေါက်သော်လည်း ထိုင်းထီရုံးက ဆုထုတ်မပေးသည့်ပြဿနာ

အလုပ်ရှာမရသော ထိုင်းမိန်းကလေး လက်ကျန်ငွေ ဘတ် ၂၀၀ ဖြင့် ထီထိုးလိုက်ရာ ဘတ်ငွေ ၁၂ သန်းဆု ပေါက်သော်လည်း ထိုင်းထီရုံးက ဆုထုတ်မပေးသည့်ပြဿနာ - Property News in Myanmar from iMyanmarHouse.com
8 Feb 2023 10:04 am တွင် တင်ခဲ့သည်
2369 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံတွင် ထိုင်းထီ အထူးဆု ဘတ်ငွေ ၁၂ သန်း ထီပေါက်သည့် မိန်းကလေးသည် အစိုးရထီရုံး (GLO) ထံမှ ထီဆုထုတ်ယူ၍ မရသောကြောင့် ကြေကွဲဝမ်းနည်းလျက်ရှိသည်။

ထိုမိန်းကလေးသည် မတန်တဆ ဈေးတင်ရောင်းသော အွန်လိုင်းထီရောင်းသူထံမှ ထီလက်မှတ်ဝယ်ယူခဲ့ခြင်း ဖြစ်သောကြောင့်ဟုဆိုကာ ထီဆု ထုတ်မပေးခြင်းလည်း ဖြစ်သည်။

အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က Kong Salak Plus အမည်ရှိ အွန်လိုင်းထီရောင်းဝယ်ရေးသည် မတန်တဆဈေးတင်ရောင်းသည့်အပြင် ခွင့်ပြုချက်မရှိဘဲ လောင်းကစားမှု ပြုလုပ်သောကြောင့် ကုမ္ပဏီ၏ CEO Phanthawat “North” Narkwisut အား သူ၏ ထီရောင်းချမှုကို ပိတ်သိမ်းရန် အမိန့်ပေးခဲ့သည်။

Narkwisut ကိုလည်း ငွေကြေးခဝါချမှုဖြင့် စွဲချက်တင်ခဲ့သည်။ Narkwisut ၏ ရင်းနှီးမြှုပ်နှံမှု ငွေကြေးအချို့သည် တရားမဝင်လုပ်ငန်းများမှ ရရှိလာသောငွေများဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

Narkwisut က အပြစ်မရှိကြောင်း ခုခံချေပလျက်ရှိသည်။

Narkwisut က ပြောသည်မှာ ထီထိုးသူများကို ထီလက်မှတ်ဖိုးအပြင် အပိုတောင်းခံသော ဘတ် ၂၀ မှာ ဝန်ဆောင်ခဖြစ်ကြောင်း၊ ထိုအချက်ကိုလည်း ရောင်းချစဉ်ကတည်းက ရှင်းလင်းစွာ ရေးသားဖော်ပြထားပြီး ဖြစ်ကာ ဝယ်ယူသူများမှာလည်း ကျေကျေနပ်နပ်ပေးကြခြင်းဖြစ်ကြောင်း ပြောသည်။

Kong Salak Plus ထီရောင်းဝယ်ရေးမှတဆင့် ထီထိုးခဲ့သူများမှာ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁ ရက်က ထီပေါက်ခဲ့သူများမှာ ၎င်းတို့၏ ထီဆုများ ထုတ်မရတော့မည်ကို စိုးရိမ်လျက် ရှိကြသည်။

Narkwisut က ပြောသည်မှာ စိုးရိမ်ပူပန်မှုများကို ဂရုပြုမိကြောင်း၊ သို့သော် ထီဆုပေါက်သည့် ဖောက်သည် တိုင်း အနေဖြင့် မိမိတို့ဆုများကို တောင်းခံနိုင်ကြောင်း၊ သို့သော် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ၏ ရုံးသို့ သွားကာ စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီးလျှင် ထီရုံးမှ ဆုငွေ ထုတ်ယူရမည်ဖြစ်ကြောင်း ပြောထားသည်။

Narkwisut ထံတွင် ထီထိုးခဲ့သူတစ်ဦးက ပထမဆုကြီးကို ထုတ်မရတော့သည့်နောက်ပိုင်း မကျေနပ်ချက်များ စတင်ပေါ်ပေါက်လာခဲ့ခြင်းလည်း ဖြစ်သည်။

Narkwisut က ပြီးခဲ့သောစနေနေ့တွင် ဖေ့စ်ဘုတ်မှတဆင့် ပြောကြားခဲ့သည်မှာ မိမိထံမှ ဘတ်ငွေ ၁၂ သန်း ဆုပေါက်သူ မိန်းကလေးကို ဆက်သွယ်ခဲ့ကြောင်း၊ ထိုမိန်းကလေးမှာ ထိုင်းနိုင်ငံအနောက်ပိုင်း Prachup Khiri Khan ပြည်နယ်တွင် နေထိုင်သူဖြစ်ရာ ဆုငွေထုတ်ရေးအတွက် ဘန်ကောက်သို့ လာရောက်ရန် ပြောကြားခဲ့ကြောင်း ရေးသားထားသည်။

Narkwisut က ရှင်းပြသည်မှာ ၎င်းအနေဖြင့် အထူးစုံစမ်းရေးဌာန (DSI) ထံ စာရွက်စာတမ်းများ စီစဉ်ပေးမည်ဖြစ်ပြီး ထီပေါက်သူမိန်းကလေးမှ ထီရုံးသို့ ကိုယ်တိုင်သွားကာ ဆုငွေထုတ်ရန် ပြောကြားခဲ့သည်။

သို့သော် အစိုးရထီရုံးက သူမအား ဆုငွေထုတ်ပေးရန် ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

Narkwisut က ပြောသည်မှာ မိမိထံမှ ထီပေါက်သူမိန်းကလေးသည် အစိုးရထီရုံးရှေ့တွင် ငိုကြွေးနေခဲ့ကြောင်း၊ သူမအား စောင့်ရှောက်ကူညီပေးရန် မိမိ၏ရှေ့နေကို စေလွှတ်ပေးခဲ့ကြောင်း ပြောသည်။

“အဲဒီမိန်းကလေးက အလုပ်လက်မဲ့ဖြစ်သွားသူတစ်ဦးပါ။ အလုပ်ရှာနေတာလည်း လနဲ့ချီ ကြာနေပါပြီ။ သူ့မှာ လက်ကျန်ငွေ ဘတ် ၂၀၀ ပဲရှိတော့တဲ့အချိန်မှာ ဒီငွေကို ကျွန်တော့်ဆီကတဆင့် အွန်လိုင်းကနေ ထီထိုးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ပထမဆုကြီး ပေါက်ခဲ့ပေမယ့် ဆုငွေထုတ်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။”

“ကျွန်တော့်ကို အပြစ်ဖို့တာတွေကို ကျွန်တော်ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ဆီက ထီဝယ်ယူသူအပေါ် အပြစ်တင်တာတော့ လက်မခံပါဘူး။ တရားရုံးက ဆုံးဖြတ်ချက် မပေးသေးဘဲနဲ့ အစိုးရက ကျွန်တော့်ရဲ့ ထီရောင်းချရေးလုပ်ငန်းကို ပိတ်ပင်ခဲ့ပါတယ်”

အစိုးရထီရုံးမှ ညွှန်ကြားရေးမှူး Nun Sansanakhom က ယခုကိစ္စကို သတင်းမီဒီယာများအား ရှင်းလင်း ပြောကြားမှု ယမန်နေ့က ပြုလုပ်ခဲ့သည်။ သူက ပြောသည်မှာ အစိုးရထီရုံးအနေဖြင့် အဆင်မပြေဖြစ်ရမှုနှင့် နှောင့်နှေးမှုများအတွက် တောင်းပန်လို ကြောင်း ပြောသည်။

ညွှန်ကြားရေးမှူး Sansanakhom က ရှင်းပြသည်မှာ Klong Salak Plus ထီရောင်းချရေးမှတဆင့် ထီပေါက်လာသူများကို ဆုငွေထုတ်ပေးခြင်း ရပ်တန့်ထားရေးတွင် ပူးပေါင်းဆောင်ရွက်ပေးပါရန် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က မိမိတို့အား တောင်းဆိုထားကြောင်း၊ သို့အတွက် ထီရုံးအနေဖြင့် ထီပေါက်သူကို ဆုငွေချက်ချင်းထုတ်ပေးနိုင်မည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။

ညွှန်ကြားရေးမှူးက ဆက်လက်ပြောသည်မှာ အစိုးရထီရုံးအနေဖြင့် DSI နှင့် စစ်ဆေးကြည့်ရှုပြီးနောက် ဥပဒေနှင့် ညီညွှတ်ကြောင်း တွေ့ရှိသောကြောင့် ကံထူးရှင်ကို ဆုငွေလျင်မြန်စွာ ထုတ်ပေးခဲ့ကြောင်း၊ ကံထူးရှင်အနေဖြင့် ဆုငွေအားလုံးကို ဥပဒေနှင့်အညီ လက်ခံရရှိကြကြောင်း ပြောသည်။

Narkwisut က သူ့ထံမှ ထီပေါက်သည့်မိန်းကလေးကို ဂုဏ်ယူကြောင်းပြောခဲ့ပြီး အွန်လိုင်းသုံးစွဲသူများအနေဖြင့် မိမိထံမှ ထီဝယ်သွားသည့်မိန်းကလေး အစိုးရထီရုံးရှေ့တွင် ငိုကြွေးနေသည့်ဗွီဒီယိုကိုကြည့်ရှုရန်နှင့် အစိုးရ ထီရုံး၏ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ယုံသင့်၊ မယုံသင့်ကို မိမိတို့ဘာသာဆုံးဖြတ်ရန် တိုက်တွန်းပြောကြား ခဲ့သည်။

ထိုင်းတွင် Kong Salak Plus အပြင် အခြားသော အွန်လိုင်းထီရောင်းချရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နေကြသည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။

Kong Salak Plus သည် အစိုးရထီရုံးမှ ခွဲတမ်းရသော ထီလက်မှတ်များအပြင် အခြားပြည်တွင်း ထီရောင်းချသူ များထံမှလည်း ဝယ်ယူကာ ၎င်းတို့၏ အွန်လိုင်း Platform မှတဆင့် ပြန်လည်ရောင်းချမှုများ ရှိသည်။

အွန်လိုင်းရောင်းချသူများသည် ဖောက်သည်များထံမှ ကောင်းမွန်သောထောက်ခံချက်များ ရရှိထားသည်။ အဘယ်ကြောင့်ဆိုလျှင် ပိုမိုလွယ်ကူချောမွေ့မှုရှိသည့်အပြင် တခါတရံတွင် လမ်းဘေးတွင် ရောင်းချသူများထက် ပိုမိုဈေးသက်သာသောကြောင့် ဖြစ်သည်။

အွန်လိုင်းရောင်းချသူတိုင်းကို အစိုးရက စောင့်ကြည့်သည်။ အွန်လိုင်းရောင်းသူ အများစုမှာ ထီတစ်စောင်လျှင် ဘတ် ၈၀ ခန့် (မြန်မာငွေ ၅၀၀၀ ကျပ်ဝန်းကျင်) ဈေးနှုန်းဖြင့် ရောင်းချခြင်းမရှိချေ။

သင်သည် ထိုင်းနိုင်ငံတွင် ထီလက်မှတ်ဝယ်ဖူးသူဆိုပါက လမ်းဘေးတွင် ရောင်းသူများမှ ထီဝယ်လျှင် ဘတ် ၈၀ ထက်များပြားသော ဈေးနှုန်းဖြင့် ရောင်းချကြသည်ကို တွေ့ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: GLO under fire after refusing to pay jackpot winner 12 million baht (thethaiger)

[Zawgyi]

အလုပ္ရွာမရေသာ ထိုင္းမိန္းကေလး လက္က်န္ေငြ ဘတ္ ၂၀၀ ျဖင့္ ထီထိုးလိုက္ရာ ဘတ္ေငြ ၁၂ သန္းဆု ေပါက္ေသာ္လည္း ထိုင္းထီရံုးက ဆုထုတ္မေပးသည့္ျပႆနာ

ထိုင္းႏိုင္ငံတြင္ ထိုင္းထီ အထူးဆု ဘတ္ေငြ ၁၂ သန္း ထီေပါက္သည့္ မိန္းကေလးသည္ အစိုးရထီရံုး (GLO) ထံမွ ထီဆုထုတ္ယူ၍ မရေသာေၾကာင့္ ေၾကကြဲဝမ္းနည္းလ်က္ရွိသည္။

ထိုမိန္းကေလးသည္ မတန္တဆ ေစ်းတင္ေရာင္းေသာ အြန္လိုင္းထီေရာင္းသူထံမွ ထီလက္မွတ္ဝယ္ယူခဲ့ျခင္း ျဖစ္ေသာေၾကာင့္ဟုဆိုကာ ထီဆု ထုတ္မေပးျခင္းလည္း ျဖစ္သည္။

အထူးစံုစမ္းစစ္ေဆးေရးဌာန (DSI) က Kong Salak Plus အမည္ရွိ အြန္လိုင္းထီေရာင္းဝယ္ေရးသည္ မတန္တဆေစ်းတင္ေရာင္းသည့္အျပင္ ခြင့္ျပဳခ်က္မရွိဘဲ ေလာင္းကစားမႈ ျပဳလုပ္ေသာေၾကာင့္ ကုမၸဏီ၏ CEO Phanthawat “North” Narkwisut အား သူ၏ ထီေရာင္းခ်မႈကို ပိတ္သိမ္းရန္ အမိန္႔ေပးခဲ့သည္။

Narkwisut ကိုလည္း ေငြေၾကးခဝါခ်မႈျဖင့္ စြဲခ်က္တင္ခဲ့သည္။ Narkwisut ၏ ရင္းႏွီးျမွဳပ္ႏွံမႈ ေငြေၾကးအခ်ဳိ႕သည္ တရားမဝင္လုပ္ငန္းမ်ားမွ ရရွိလာေသာေငြမ်ားျဖစ္သည္ဟု စြပ္စြဲခံထားရသည္။

Narkwisut က အျပစ္မရွိေၾကာင္း ခုခံေခ်ပလ်က္ရွိသည္။

Narkwisut က ေျပာသည္မွာ ထီထုိးသူမ်ားကို ထီလက္မွတ္ဖိုးအျပင္ အပိုေတာင္းခံေသာ ဘတ္ ၂၀ မွာ ဝန္ေဆာင္ချဖစ္ေၾကာင္း၊ ထိုအခ်က္ကိုလည္း ေရာင္းခ်စဥ္ကတည္းက ရွင္းလင္းစြာ ေရးသားေဖာ္ျပထားျပီး ျဖစ္ကာ ဝယ္ယူသူမ်ားမွာလည္း ေက်ေက်နပ္နပ္ေပးၾကျခင္းျဖစ္ေၾကာင္း ေျပာသည္။

Kong Salak Plus ထီေရာင္းဝယ္ေရးမွတဆင့္ ထီထိုးခဲ့သူမ်ားမွာ ျပီးခဲ့ေသာ ေဖေဖာ္ဝါရီလ ၁ ရက္က ထီေပါက္ခဲ့သူမ်ားမွာ ၎တို႔၏ ထီဆုမ်ား ထုတ္မရေတာ့မည္ကို စိုးရိမ္လ်က္ ရွိၾကသည္။

Narkwisut က ေျပာသည္မွာ စိုးရိမ္ပူပန္မႈမ်ားကို ဂရုျပဳမိေၾကာင္း၊ သို႔ေသာ္ ထီဆုေပါက္သည့္ ေဖာက္သည္ တိုင္း အေနျဖင့္ မိမိတုိ႔ဆုမ်ားကို ေတာင္းခံႏိုင္ေၾကာင္း၊ သို႔ေသာ္ အထူးစံုစမ္းစစ္ေဆးေရးဌာန (DSI) ၏ ရံုးသို႔ သြားကာ စာရြက္စာတမ္းကိစၥမ်ားေဆာင္ရြက္ျပီးလွ်င္ ထီရံုးမွ ဆုေငြ ထုတ္ယူရမည္ျဖစ္ေၾကာင္း ေျပာထားသည္။

Narkwisut ထံတြင္ ထီထိုးခဲ့သူတစ္ဦးက ပထမဆုၾကီးကို ထုတ္မရေတာ့သည့္ေနာက္ပိုင္း မေက်နပ္ခ်က္မ်ား စတင္ေပၚေပါက္လာခဲ့ျခင္းလည္း ျဖစ္သည္။

Narkwisut က ျပီးခဲ့ေသာစေနေန႔တြင္ ေဖ့စ္ဘုတ္မွတဆင့္ ေျပာၾကားခဲ့သည္မွာ မိမိထံမွ ဘတ္ေငြ ၁၂ သန္း ဆုေပါက္သူ မိန္းကေလးကို ဆက္သြယ္ခဲ့ေၾကာင္း၊ ထိုမိန္းကေလးမွာ ထိုင္းႏိုင္ငံအေနာက္ပိုင္း Prachup Khiri Khan ျပည္နယ္တြင္ ေနထုိင္သူျဖစ္ရာ ဆုေငြထုတ္ေရးအတြက္ ဘန္ေကာက္သို႔ လာေရာက္ရန္ ေျပာၾကားခဲ့ေၾကာင္း ေရးသားထားသည္။

Narkwisut က ရွင္းျပသည္မွာ ၎အေနျဖင့္ အထူးစံုစမ္းေရးဌာန (DSI) ထံ စာရြက္စာတမ္းမ်ား စီစဥ္ေပးမည္ျဖစ္ျပီး ထီေပါက္သူမိန္းကေလးမွ ထီရံုးသို႔ ကိုယ္တိုင္သြားကာ ဆုေငြထုတ္ရန္ ေျပာၾကားခဲ့သည္။

သို႔ေသာ္ အစိုးရထီရံုးက သူမအား ဆုေငြထုတ္ေပးရန္ ျငင္းပယ္ခဲ့သည္ဟု ဆိုသည္။

Narkwisut က ေျပာသည္မွာ မိမိထံမွ ထီေပါက္္သူမိန္းကေလးသည္ အစိုးရထီရံုးေရွ႕တြင္ ငိုေၾကြးေနခဲ့ေၾကာင္း၊ သူမအား ေစာင့္ေရွာက္ကူညီေပးရန္ မိမိ၏ေရွ႕ေနကို ေစလႊတ္ေပးခဲ့ေၾကာင္း ေျပာသည္။

“အဲဒီမိန္းကေလးက အလုပ္လက္မဲ့ျဖစ္သြားသူတစ္ဦးပါ။ အလုပ္ရွာေနတာလည္း လနဲ႔ခ်ီ ၾကာေနပါျပီ။ သူ႔မွာ လက္က်န္ေငြ ဘတ္ ၂၀၀ ပဲရွိေတာ့တဲ့အခ်ိန္မွာ ဒီေငြကို ကၽြန္ေတာ့္ဆီကတဆင့္ အြန္လုိင္းကေန ထီထိုးဖို႔ ဆံုးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ သူက ပထမဆုၾကီး ေပါက္ခဲ့ေပမယ့္ ဆုေငြထုတ္ဖို႔ အခက္အခဲေတြ ရင္ဆိုင္ေနရပါတယ္။”

“ကၽြန္ေတာ့္ကို အျပစ္ဖို႔တာေတြကို ကၽြန္ေတာ္ဂရုမစိုက္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္ဆီက ထီဝယ္ယူသူအေပၚ အျပစ္တင္တာေတာ့ လက္မခံပါဘူး။ တရားရံုးက ဆံုးျဖတ္ခ်က္ မေပးေသးဘဲနဲ႔ အစိုးရက ကၽြန္ေတာ့္ရဲ႕ ထီေရာင္းခ်ေရးလုပ္ငန္းကို ပိတ္ပင္ခဲ့ပါတယ္”

အစိုးရထီရံုးမွ ညႊန္ၾကားေရးမွဴး Nun Sansanakhom က ယခုကိစၥကို သတင္းမီဒီယာမ်ားအား ရွင္းလင္း ေျပာၾကားမႈ ယမန္ေန႔က ျပဳလုပ္ခဲ့သည္။ သူက ေျပာသည္မွာ အစိုးရထီရံုးအေနျဖင့္ အဆင္မေျပျဖစ္ရမႈႏွင့္ ေႏွာင့္ေႏွးမႈမ်ားအတြက္ ေတာင္းပန္လို ေၾကာင္း ေျပာသည္။

ညႊန္ၾကားေရးမွဴး Sansanakhom က ရွင္းျပသည္မွာ Klong Salak Plus ထီေရာင္းခ်ေရးမွတဆင့္ ထီေပါက္လာသူမ်ားကို ဆုေငြထုတ္ေပးျခင္း ရပ္တန္႔ထားေရးတြင္ ပူးေပါင္းေဆာင္ရြက္ေပးပါရန္ အထူးစံုစမ္းစစ္ေဆးေရးဌာန (DSI) က မိမိတို႔အား ေတာင္းဆိုထားေၾကာင္း၊ သို႔အတြက္ ထီရံုးအေနျဖင့္ ထီေပါက္သူကို ဆုေငြခ်က္ခ်င္းထုတ္ေပးႏိုင္မည္မဟုတ္ေၾကာင္း ရွင္းလင္းေျပာၾကားသည္။

ညႊန္ၾကားေရးမွဴးက ဆက္လက္ေျပာသည္မွာ အစိုးရထီရံုးအေနျဖင့္ DSI ႏွင့္ စစ္ေဆးၾကည့္ရႈျပီးေနာက္ ဥပေဒႏွင့္ ညီညႊတ္ေၾကာင္း ေတြ႔ရွိေသာေၾကာင့္ ကံထူးရွင္ကို ဆုေငြလ်င္ျမန္စြာ ထုတ္ေပးခဲ့ေၾကာင္း၊ ကံထူးရွင္အေနျဖင့္ ဆုေငြအားလံုးကို ဥပေဒႏွင့္အညီ လက္ခံရရွိၾကေၾကာင္း ေျပာသည္။

Narkwisut က သူ႔ထံမွ ထီေပါက္သည့္မိန္းကေလးကို ဂုဏ္ယူေၾကာင္းေျပာခဲ့ျပီး အြန္လိုင္းသံုးစြဲသူမ်ားအေနျဖင့္ မိမိထံမွ ထီဝယ္သြားသည့္မိန္းကေလး အစိုးရထီရံုးေရွ႕တြင္ ငိုေၾကြးေနသည့္ဗြီဒီယိုကိုၾကည့္ရႈရန္ႏွင့္ အစိုးရ ထီရံုး၏ စြပ္စြဲခ်က္မ်ားႏွင့္ ပတ္သက္ျပီး ယံုသင့္၊ မယံုသင့္ကို မိမိတို႔ဘာသာဆံုးျဖတ္ရန္ တိုက္တြန္းေျပာၾကား ခဲ့သည္။

ထိုင္းတြင္ Kong Salak Plus အျပင္ အျခားေသာ အြန္လိုင္းထီေရာင္းခ်ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေဆာင္ရြက္ ေနၾကသည္မွာ ႏွစ္အတန္ၾကာခဲ့ျပီျဖစ္သည္။

Kong Salak Plus သည္ အစိုးရထီရံုးမွ ခြဲတမ္းရေသာ ထီလက္မွတ္မ်ားအျပင္ အျခားျပည္တြင္း ထီေရာင္းခ်သူ မ်ားထံမွလည္း ဝယ္ယူကာ ၎တို႔၏ အြန္လိုင္း Platform မွတဆင့္ ျပန္လည္ေရာင္းခ်မႈမ်ား ရွိသည္။

အြန္လိုင္းေရာင္းခ်သူမ်ားသည္ ေဖာက္သည္မ်ားထံမွ ေကာင္းမြန္ေသာေထာက္ခံခ်က္မ်ား ရရွိထားသည္။ အဘယ္ေၾကာင့္ဆိုလွ်င္ ပိုမိုလြယ္ကူေခ်ာေမြ႔မႈရွိသည့္အျပင္ တခါတရံတြင္ လမ္းေဘးတြင္ ေရာင္းခ်သူမ်ားထက္ ပိုမိုေစ်းသက္သာေသာေၾကာင့္ ျဖစ္သည္။

အြန္လိုင္းေရာင္းခ်သူတိုင္းကို အစိုးရက ေစာင့္ၾကည့္သည္။ အြန္လိုင္းေရာင္းသူ အမ်ားစုမွာ ထီတစ္ေစာင္လွ်င္ ဘတ္ ၈၀ ခန္႔ (ျမန္မာေငြ ၅၀၀၀ က်ပ္ဝန္းက်င္) ေစ်းႏႈန္းျဖင့္ ေရာင္းခ်ျခင္းမရွိေခ်။

သင္သည္ ထိုင္းႏိုင္ငံတြင္ ထီလက္မွတ္ဝယ္ဖူးသူဆိုပါက လမ္းေဘးတြင္ ေရာင္းသူမ်ားမွ ထီဝယ္လွ်င္ ဘတ္ ၈၀ ထက္မ်ားျပားေသာ ေစ်းႏႈန္းျဖင့္ ေရာင္းခ်ၾကသည္ကို ေတြ႔ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: GLO under fire after refusing to pay jackpot winner 12 million baht (thethaiger)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service