သေအံ့မူးမူး အဘိုးအိုက ကြေကွဲဝမ်းနည်းနေသော ဇနီးအား အားပေးနှစ်သိမ့်ခဲ့သည့် နောက်ဆုံးနှုတ်ဆက် စကား သန်းပေါင်းများစွာသော အွန်လိုင်းသုံးစွဲသူများကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့

သေအံ့မူးမူး အဘိုးအိုက ကြေကွဲဝမ်းနည်းနေသော ဇနီးအား အားပေးနှစ်သိမ့်ခဲ့သည့် နောက်ဆုံးနှုတ်ဆက် စကား သန်းပေါင်းများစွာသော အွန်လိုင်းသုံးစွဲသူများကို မျက်ရည်ဖြိုင်ဖြိုင်ကျစေခဲ့ - Property News in Myanmar from iMyanmarHouse.com
6 Feb 2023 10:41 am တွင် တင်ခဲ့သည်
2518 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်မြောက်ပိုင်းတွင် ၆၄ နှစ်တာ အတူတကွနေထိုင်ခဲ့ကြပြီးနောက် ကွယ်လွန်ခါနီး နောက်ဆုံးအချိန်တွင် အတူတကွရှိနေခဲ့ပုံများကို မှတ်တမ်းဗွီဒီယို ရိုက်ကူးထားခဲ့သည်။

ကမ္ဘာမြေမှ ထွက်ခွာသွားတော့မည့် အဘိုးအိုက သူ၏ ဇနီးကို ပြောကြားခဲ့သော နောက်ဆုံးစကားများမှာ တရုတ်ပြည်မကြီးမှ သန်းပေါင်းများစွာသော အွန်လိုင်းသုံးစွဲသူများ၏ နှလုံးသားများကို ကိုင်လှုပ်ခဲ့သည်။

အဆိုပါ ဗွီဒီယိုမှာ ပြီးခဲ့သော ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလအတွင်း အသက် ၈၈ နှစ်အရွယ်ရှိ အဘိုးအို မဆုံးပါးမီ တစ်ရက်အလိုတွင် ရိုက်ကူးထားသည့် ဗွီဒီယို ဖြစ်သည်။

အဘိုးအို မည်သည့်ရောဂါဖြင့် ကွယ်လွန်သည်ကိုမူ မသိရချေ။ ယင်းဗွီဒီယိုကို အဘိုးအို၏ ဆွေမျိုးတစ်ဦးက တရုတ်လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Douyin တွင် Xin Jing Jia You အမည်ရှိ အကောင့်ဖြင့် လွှင့်တင်ခဲ့ခြင်း ဖြစ်သည်။

“နောက်ဆုံးတော့ အဘိုး နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။ ဘွားဘွားကတော့ အဲဒီအချိန်ကတည်းက ခုထိ ကလေးတစ်ယောက်လို ငိုနေဆဲပဲ”ဟု ဗွီဒီယိုတင်သူက caption ရေးသားထားသည်။

ယင်းဗွီဒီယိုကို ကြည့်ရှုမှု အကြိမ်ရေမှာ ၃၂ သန်းကျော် ရှိနေပြီ ဖြစ်သည်။

“သူတို့ရဲ့ ၆၄ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့အပြီး နောက်တစ်ရက်မှာ အဘိုးက ဘွားဘွားကို စိတ်တထင့်ထင့်နဲ့ပဲ ထားသွားခဲ့ပါပြီ။ သူမြတ်နိုးခဲ့တဲ့…သူ့တစ်ဘဝလုံး စောင့်ရှောက်ပေးခဲ့တဲ့ မိန်းကလေးကို သူထားသွားပါပြီ”

(၎င်းတို့စုံတွဲ၏ အိမ်ထောင်သက်မှာ ဆယ်စုနှစ် ၆ ခုကျော်ရှိပြီဖြစ်ပြီး ၆၄ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အပြီး နောက်တစ်ရက်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-Douyin)

ဗွီဒီယိုတွင် တွေ့ရသည်မှာ အမည်နာမ မရှိရသော အဘိုးအဘွား ၂ ဦးက တရုတ်ပြည်၏ အတွင်းပိုင်း မွန်ဂိုလီးယား ဒေသစကားဖြင့် ပြောဆိုနေကြပုံတွေ့ရသည်။

နောက်ဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သော အဘိုးအိုက ဇနီးဖြစ်သူအား အားတင်းထားရန်၊ လုပ်စရာ ရှိသည်များ မလုပ်နိုင်လောက်အောင် ပူဆွေးမနေရန် အားပေးနေပုံကို တွေ့ရသည်။

ထွက်ခွာသွားရတော့မည့်သူက ရှင်သန်ကျန်ရစ်မည့်သူကို ပြန်လည်အားပေးနေခြင်းဖြစ်သောကြောင့် ဗွီဒီယိုဖိုင်ကြည့်ရှုရသူအပေါင်း မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ရသည်။

အသက် ၈၀ ကျော်အဘိုးအိုက အိပ်ယာထဲတွင် လဲလျောင်းနေကာ သားဖြစ်သူမှာ သူ၏ဘေးတွင် ထိုင်လျက်ရှိနေချိန်တွင် ဇနီးဖြစ်သူအား နောက်ဆုံးနှုတ်ဆက်စကားများ ပြောနေခြင်း ဖြစ်သည်။ “မြေးတွေ ..ဒါမှမဟုတ် ချွေးမက မင်းကို စိတ်ဆင်းရဲအောင်လုပ်ရင် အလျှော့မပေးနဲ့”ဟု အဘိုးအိုက ဆိုသည်။

ထိုအခါ ဗွီဒီယိုရိုက်ကူးသူ အမျိုးသမီးက “ကတိပေးလိုက်…ဘွားဘွား”ဟု ဝင်ပြောလိုက်သံကိုလည်း ကြားရသည်။

အသက် ၈၃ နှစ်အရွယ် အဘွားမှာ တိတ်တဆိတ်ပင် မျက်ရည်သွင်သွင်ကျနေကာ မျက်ရည်များကို သုတ်လိုက်ပြီး ခင်ပွန်းအားပြောသည်မှာ “ရှင့်ကို မုန်းတယ်။ ဘာလို့ ဒီလောက်မြန်မြန်ကြီး ကျွန်မကို ထားခဲ့မှာလဲ”….

(အဘိုး၏ နောက်ဆုံးစကားဗွီဒီယိုမှာ ကြည့်ရှုရသူပေါင်း ၃၂ သန်းကျော်ကို ထိခိုက်ကြေကွဲစေခဲ့သည်။ နှစ်ပေါင်းများစွာ ဘဝခရီးအတူဖြတ်သန်းခဲ့သော နှစ်ဦးကြားမှ ခိုင်မာသောချစ်ခြင်းကို ခံစားကြရသည်။ ဓာတ်ပုံ-Douyin)

ဇနီး၏ မျက်နှာနှင့် လက်မောင်းတို့ကို အသာအယာကိုင်တွယ်လိုက်ပြီး အဘိုးက ပြန်ပြောသည်မှာ “မငိုပါနဲ့ကွယ်..မင်းကိုခွဲမသွားချင်ပါဘူး..ဒါပေမယ့် ဒါက ကိုယ်ရွေးချယ်တာမှ မဟုတ်တာ”

“တို့တတွေ နှစ်တွေအများကြီး အကြင်လင်မယားအဖြစ်နဲ့နေခဲ့ကြတာ အံ့သြစရာပဲလေ။ မင်းရဲ့ ညီမ ၂ ယောက်ကိုပဲကြည့်ဦး…သူတို့ အသက် ၅၀၊ ၆၀ လောက်ကတည်းက ယောက်ျားတွေ သေသွားကြတယ်လေ ” ဟု အဘိုးက ပြောသည်။

စိတ်ထိခိုက်ဖွယ် ထိုဗွီဒီယိုမှာ တရုတ်ပြည်မကြီးရှိ လူမှုကွန်ရက်တွင် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း အလွန်ပျံ့နှံ့ခဲ့သည်။

((အွန်လိုင်းသုံးစွဲသူတို့၏ မှတ်ချက်များ))

“ဒီဗွီဒီယိုလေးကြည့်တိုင်း ငိုမိတယ်”ဟု အွန်လိုင်းသုံးစွဲသူတစ်ဦးက ဆိုသည်။

“အဘိုးက အချစ်ဆိုတဲ့စကား တစ်ကြိမ်မှတောင် ထည့်ပြောမသွားဘူး။ ဒါပေမယ့် သူ့စကားမှာ ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ အဘိုးက သူမရှိဘဲ ကျန်ရစ်ခဲ့ရတော့မယ့် အဘွားအတွက် စိတ်ပူတယ်။ အဘွားကလည်း အဘိုးထွက်ခွာသွားရတော့မှာကို မမြင်ရက်နိုင်ဘူး”

“ဒီဗွီဒီယိုကို ၃ ကြိမ် ကြည့်ပြီးပါပြီ။ သူတို့အချစ်ကို အားကျမိတယ်။ အရင်ခေတ်ကလူတွေရဲ့ ဖြူစင်တဲ့ချစ်ခြင်းပါပဲ”

“(ဒီဗွီဒီယိုကိုကြည့်ရင်း) အဘွားက….ရှင့်ကို ကျွန်မမုန်းတယ်…လို့ ပြောလိုက်တဲ့နေရာမှာ ငိုချလိုက်မိပါတယ်”

“သူဟာ ငြိမ်းချမ်းစွာ၊ သိက္ခာရှိစွာနဲ့ ကမ္ဘာမြေကို ခွဲခွာသွားပါပြီ။ အခြားသက်ကြီးရွယ်အိုတွေလို ပိုက်တွေအများကြီး သူ့ခန္ဓာကိုယ်ထဲကို ချိတ်မသွားခဲ့ဘူး။ ဒါတောင်မှ သူ့စိတ်တွေ ကြည်လင်နေတုန်း၊ သူ့ဇနီးကိုတောင် ပြန်ပြီး နှစ်သိမ့်ပေးနေတုန်းပါ။ ဒီအဘိုးက ကိုယ့်အတွက် ကောင်းချီးမင်္ဂလာတစ်ပါးပါပဲ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: ‘I’m going now, don’t cry’: dying man in China tells wife in last words to be happy and not compromise in life, awe millions with their deep love (scmp)

[Zawgyi]

ေသအံ့မူးမူး အဘိုးအိုက ေၾကကြဲဝမ္းနည္းေနေသာ ဇနီးအား အားေပးႏွစ္သိမ့္ခဲ့သည့္ ေနာက္ဆံုးႏႈတ္ဆက္ စကား သန္းေပါင္းမ်ားစြာေသာ အြန္လိုင္းသံုးစြဲသူမ်ားကို မ်က္ရည္ျဖိဳင္ျဖိဳင္က်ေစခဲ့

တရုတ္ျပည္ေျမာက္ပိုင္းတြင္ ၆၄ ႏွစ္တာ အတူတကြေနထိုင္ခဲ့ၾကျပီးေနာက္ ကြယ္လြန္ခါနီး ေနာက္ဆံုးအခ်ိန္တြင္ အတူတကြရွိေနခဲ့ပံုမ်ားကို မွတ္တမ္းဗြီဒီယို ရိုက္ကူးထားခဲ့သည္။

ကမၻာေျမမွ ထြက္ခြာသြားေတာ့မည့္ အဘိုးအိုက သူ၏ ဇနီးကို ေျပာၾကားခဲ့ေသာ ေနာက္ဆံုးစကားမ်ားမွာ တရုတ္ျပည္မၾကီးမွ သန္းေပါင္းမ်ားစြာေသာ အြန္လိုင္းသံုးစြဲသူမ်ား၏ ႏွလံုးသားမ်ားကို ကိုင္လႈပ္ခဲ့သည္။

အဆိုပါ ဗြီဒီယိုမွာ ျပီးခဲ့ေသာ ၂၀၂၂ ခုႏွစ္ ၊ ဒီဇင္ဘာလအတြင္း အသက္ ၈၈ ႏွစ္အရြယ္ရွိ အဘိုးအို မဆံုးပါးမီ တစ္ရက္အလိုတြင္ ရိုက္ကူးထားသည့္ ဗြီဒီယို ျဖစ္သည္။

အဘိုးအို မည္သည့္ေရာဂါျဖင့္ ကြယ္လြန္သည္ကိုမူ မသိရေခ်။ ယင္းဗြီဒီယိုကို အဘိုးအို၏ ေဆြမ်ဳိးတစ္ဦးက တရုတ္လူမႈကြန္ရက္ဝက္ဘ္ဆိုက္တစ္ခုျဖစ္ေသာ Douyin တြင္ Xin Jing Jia You အမည္ရွိ အေကာင့္ျဖင့္ လႊင့္တင္ခဲ့ျခင္း ျဖစ္သည္။

“ေနာက္ဆံုးေတာ့ အဘိုး ႏႈတ္ဆက္ထြက္ခြာသြားခဲ့ျပီ။ ဘြားဘြားကေတာ့ အဲဒီအခ်ိန္ကတည္းက ခုထိ ကေလးတစ္ေယာက္လို ငိုေနဆဲပဲ”ဟု ဗြီဒီယိုတင္သူက caption ေရးသားထားသည္။

ယင္းဗြီဒီယိုကို ၾကည့္ရႈမႈ အၾကိမ္ေရမွာ ၃၂ သန္းေက်ာ္ ရွိေနျပီ ျဖစ္သည္။

“သူတို႔ရဲ႕ ၆၄ ႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔အျပီး ေနာက္တစ္ရက္မွာ အဘိုးက ဘြားဘြားကို စိတ္တထင့္ထင့္နဲ႔ပဲ ထားသြားခဲ့ပါျပီ။ သူျမတ္ႏိုးခဲ့တဲ့…သူ႔တစ္ဘဝလံုး ေစာင့္ေရွာက္ေပးခဲ့တဲ့ မိန္းကေလးကို သူထားသြားပါျပီ”

(၎တို႔စံုတြဲ၏ အိမ္ေထာင္သက္မွာ ဆယ္စုႏွစ္ ၆ ခုေက်ာ္ရွိျပီျဖစ္ျပီး ၆၄ ႏွစ္ေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔ အျပီး ေနာက္တစ္ရက္တြင္ ခင္ပြန္းျဖစ္သူ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု-Douyin)

ဗြီဒီယိုတြင္ ေတြ႔ရသည္မွာ အမည္နာမ မရွိရေသာ အဘိုးအဘြား ၂ ဦးက တရုတ္ျပည္၏ အတြင္းပိုင္း မြန္ဂိုလီးယား ေဒသစကားျဖင့္ ေျပာဆိုေနၾကပံုေတြ႔ရသည္။

ေနာက္ဆံုးအခ်ိန္သို႔ ေရာက္ရွိေနျပီျဖစ္ေသာ အဘိုးအိုက ဇနီးျဖစ္သူအား အားတင္းထားရန္၊ လုပ္စရာ ရွိသည္မ်ား မလုပ္ႏိုင္ေလာက္ေအာင္ ပူေဆြးမေနရန္ အားေပးေနပံုကို ေတြ႔ရသည္။

ထြက္ခြာသြားရေတာ့မည့္သူက ရွင္သန္က်န္ရစ္မည့္သူကို ျပန္လည္အားေပးေနျခင္းျဖစ္ေသာေၾကာင့္ ဗြီဒီယိုဖိုင္ၾကည့္ရႈရသူအေပါင္း မ်က္ရည္ျဖိဳင္ျဖိဳင္က်ခဲ့ရသည္။

အသက္ ၈၀ ေက်ာ္အဘိုးအိုက အိပ္ယာထဲတြင္ လဲေလ်ာင္းေနကာ သားျဖစ္သူမွာ သူ၏ေဘးတြင္ ထိုင္လ်က္ရွိေနခ်ိန္တြင္ ဇနီးျဖစ္သူအား ေနာက္ဆံုးႏႈတ္ဆက္စကားမ်ား ေျပာေနျခင္း ျဖစ္သည္။ “ေျမးေတြ ..ဒါမွမဟုတ္ ေခၽြးမက မင္းကို စိတ္ဆင္းရဲေအာင္လုပ္ရင္ အေလွ်ာ့မေပးနဲ႔”ဟု အဘိုးအိုက ဆိုသည္။

ထိုအခါ ဗြီဒီယိုရိုက္ကူးသူ အမ်ဳိးသမီးက “ကတိေပးလိုက္…ဘြားဘြား”ဟု ဝင္ေျပာလိုက္သံကိုလည္း ၾကားရသည္။

အသက္ ၈၃ ႏွစ္အရြယ္ အဘြားမွာ တိတ္တဆိတ္ပင္ မ်က္ရည္သြင္သြင္က်ေနကာ မ်က္ရည္မ်ားကို သုတ္လိုက္ျပီး ခင္ပြန္းအားေျပာသည္မွာ “ရွင့္ကို မုန္းတယ္။ ဘာလို႔ ဒီေလာက္ျမန္ျမန္ၾကီး ကၽြန္မကို ထားခဲ့မွာလဲ”….

(အဘိုး၏ ေနာက္ဆံုးစကားဗြီဒီယိုမွာ ၾကည့္ရႈရသူေပါင္း ၃၂ သန္းေက်ာ္ကို ထိခိုက္ေၾကကြဲေစခဲ့သည္။ ႏွစ္ေပါင္းမ်ားစြာ ဘဝခရီးအတူျဖတ္သန္းခဲ့ေသာ ႏွစ္ဦးၾကားမွ ခိုင္မာေသာခ်စ္ျခင္းကို ခံစားၾကရသည္။ ဓာတ္ပံု-Douyin)

ဇနီး၏ မ်က္ႏွာႏွင့္ လက္ေမာင္းတို႔ကို အသာအယာကိုင္တြယ္လိုက္ျပီး အဘိုးက ျပန္ေျပာသည္မွာ “မငိုပါနဲ႔ကြယ္..မင္းကိုခြဲမသြားခ်င္ပါဘူး..ဒါေပမယ့္ ဒါက ကိုယ္ေရြးခ်ယ္တာမွ မဟုတ္တာ”

“တို႔တေတြ ႏွစ္ေတြအမ်ားၾကီး အၾကင္လင္မယားအျဖစ္နဲ႔ေနခဲ့ၾကတာ အံ့ၾသစရာပဲေလ။ မင္းရဲ႕ ညီမ ၂ ေယာက္ကိုပဲၾကည့္ဦး…သူတုိ႔ အသက္ ၅၀၊ ၆၀ ေလာက္ကတည္းက ေယာက်္ားေတြ ေသသြားၾကတယ္ေလ ” ဟု အဘိုးက ေျပာသည္။

စိတ္ထိခိုက္ဖြယ္ ထိုဗြီဒီယိုမွာ တရုတ္ျပည္မၾကီးရွိ လူမႈကြန္ရက္တြင္ ျပီးခဲ့ေသာ ရက္အနည္းငယ္အတြင္း အလြန္ပ်ံ႕ႏွံ႔ခဲ့သည္။

((အြန္လိုင္းသံုးစြဲသူတို႔၏ မွတ္ခ်က္မ်ား))

“ဒီဗြီဒီယိုေလးၾကည့္တိုင္း ငိုမိတယ္”ဟု အြန္လိုင္းသံုးစြဲသူတစ္ဦးက ဆိုသည္။

“အဘိုးက အခ်စ္ဆိုတဲ့စကား တစ္ၾကိမ္မွေတာင္ ထည့္ေျပာမသြားဘူး။ ဒါေပမယ့္ သူ႔စကားမွာ ခ်စ္ျခင္းေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အဘိုးက သူမရွိဘဲ က်န္ရစ္ခဲ့ရေတာ့မယ့္ အဘြားအတြက္ စိတ္ပူတယ္။ အဘြားကလည္း အဘိုးထြက္ခြာသြားရေတာ့မွာကို မျမင္ရက္ႏိုင္ဘူး”

“ဒီဗြီဒီယိုကို ၃ ၾကိမ္ ၾကည့္ျပီးပါျပီ။ သူတို႔အခ်စ္ကို အားက်မိတယ္။ အရင္ေခတ္ကလူေတြရဲ႕ ျဖဴစင္တဲ့ခ်စ္ျခင္းပါပဲ”

“(ဒီဗြီဒီယိုကိုၾကည့္ရင္း) အဘြားက….ရွင့္ကို ကၽြန္မမုန္းတယ္…လို႔ ေျပာလိုက္တဲ့ေနရာမွာ ငိုခ်လိုက္မိပါတယ္”

“သူဟာ ျငိမ္းခ်မ္းစြာ၊ သိကၡာရွိစြာနဲ႔ ကမၻာေျမကို ခြဲခြာသြားပါျပီ။ အျခားသက္ၾကီးရြယ္အိုေတြလို ပိုက္ေတြအမ်ားၾကီး သူ႔ခႏၶာကိုယ္ထဲကို ခ်ိတ္မသြားခဲ့ဘူး။ ဒါေတာင္မွ သူ႔စိတ္ေတြ ၾကည္လင္ေနတုန္း၊ သူ႔ဇနီးကိုေတာင္ ျပန္ျပီး ႏွစ္သိမ့္ေပးေနတုန္းပါ။ ဒီအဘိုးက ကိုယ့္အတြက္ ေကာင္းခ်ီးမဂၤလာတစ္ပါးပါပဲ”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘I’m going now, don’t cry’: dying man in China tells wife in last words to be happy and not compromise in life, awe millions with their deep love (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service