လောကကြီးက အမြဲတမ်းချောမွေ့မနေပါဘူး
လောကကြီးက အမြဲတမ်းချောမွေ့မနေပါဘူး - Property Knowledge in Myanmar from iMyanmarHouse.com
3 Feb 2023 1:33 pm တွင် တင်ခဲ့သည်
588 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
လူဟာဆိုးရွားတဲ့ ကိစ္စရပ်တစ်ခုခုနဲ့ကြုံလာရင် ဘဝဟာ မချောမွေ့တဲ့အကြောင်းတွေကို အင်မတန်ကို ညည်းညူ ရင်ဖွင့်တတ်ကြတယ်။ ခံစားရသမျှ သုခတွေ ဒုက္ခတွေအကြောင်းကိုလည်း လူတွေကသာ မှတ်တမ်းတွေ ထားခဲ့ကြတယ်။
လောကကြီးရဲ့ဖြစ်စဉ်အရ ကျန်တဲ့သတ္တဝါတွေနဲ့ အရာဝတ္ထုတွေမှာလည်း ဒုက္ခသုက္ခတွေ မရှိကြတော့ဘူးလား။ သူတို့က ဘာမို့လို့ မရှိရမှာလဲ သူတို့မှာလည်း သူတို့ဘဝနဲ့သူတို့ ရှိနေကြပါတယ်။ရွေးချယ်ခွင့်တောင် နည်းကြပါတယ်။
သူတို့ကတော့ လောကကြီးက၊ဘဝတွေက အမြဲတမ်းမချောမွေ့ပါဘူးလို့ လူတွေလိုတော့ မပြောပါဘူး။ ပြောလည်း ပြောမနေအားဘူး ထင်ပါတယ်။ ရှင်သန်နိုင်ဖို့သာ ရုန်းကန်နေကြပါတယ်။
လောကမှာ ဖြစ်လာသမျှအရာတိုင်းဟာ မချောမွေ့ကြဘူးဆိုတာ မှတ်တမ်းတင်ထားကြတဲ့ ပုံရိပ်လေးတွေအရ တွေ့ကြရပါတယ်။လူရယ်မှမဟုတ်ပါဘူး တိရစ္ဆာန်တွေ၊သစ်တောသစ်ပင်တွေမှာလည်း သဘာဝတရားကြီးရဲ့ အထုအထောင်း အသတ်အပုတ်ကိုခံနေရတာပါပဲ။
လက်လျော့ အရှုံးမပေးသမျှ ရှင်သန်နိုင်ခွင့်ရှိကြတယ်ဆိုတာကလည်း သဘာဝတရားကြီးရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အတွေးတို့ ဖြစ်ရပါတယ်။
လမ်းဘေးပလက်ဖောင်း ကွန်ကရိအုတ်အဆက်ကြားမှာရှိတဲ့ မြေမှုန်နဲနဲလေးကြားထဲ သန္ဓေမျိုးစေ့လေး တစ်စေ့ကျခဲ့တယ်။ ဒီမျိုးစေ့လေးက နေရာရွေးခွင့်မရ။ပန်းအိုးလှလှလေးတွေနဲ့ သူ့ဘဝကို ရှင်သန်ခွင့်ရဖို့ မတောင်းဆိုအားပါဘူး။မညည်းညူအားဘူး။ ရွေးချယ်ခွင့်မရဘဲ ရောက်ခဲ့ ရခဲ့တဲ့ ဒီနေရာလေးမှာ သူဘယ်လို ရှင်သန်ရမလဲဘဲ သူကြိုးစားနေရတယ်။
သူရှင်သန်ရမယ့်နေရာက မြေဆီအသွေးရှိတာလေးကို ရသလောက်စစ်ထုတ်ရယူပြီး ရှင်သန်ဖို့စတင်ပါတယ်။ ရနိုင်သမျှသော မြေဆီဩဇာအတွက် သွားနိုင်သမျှသော အမြစ်တို့က ရှာဖွေပါတော့တယ်။လိုအပ်တဲ့ ရှင်သန်ခွင့်ရလာတော့ မျိုးဆက်ပွားခြင်းကိစ္စအတွက် အဖူးအငုံ၊ပွင့်လွှာထုံဖို့လုပ်ပါတယ်။
လမ်းဘေးမို့ မပွင့်ရဲစရာမရှိ။ငွားငွားစွင့်စွင့် ပွင့်နိုင်သမျှ လှလှပပကြီးကို ပွင့်ပါတောပါ့တယ်။ရှင်သန်ခွင့်ရတဲ့ အချိန်လေးအတွင်းမှာ လောကကို အလှဆင်သွားပါတယ်။လမ်းဘေးမှာမို့ အခက်အလက် အပွင့်ဝေဆာ မပွင့်လိုတော့ပါဘူးလို့ ညည်းညူမနေပါဘူး။
လောကကြီးမှာ ရှင်သန်ဖို့ရဲဝံ့ကြပုံတွေကို နမူနာယူစရာတွေ အများကြီးပါပဲ။အခုစာတမ်းလေးမှာတော့ အရိုးမမာ အကာမထူ ထိလွယ်ကျိုးလွယ်တဲ့ လမ်းဘေးမြေကပ်ပင်လေးတွေကို နမူနာယူပြီး လူဘဝတွေရလာပြီးမှတော့ ရှင်သန်ရဲဖို့ ကြိုးစားကြဖို့ဆိုတဲ့အကြောင်းလေးတွေးမိပြီး ရှင်သန်ရုံမကဘဲ လောကကို အလှဆင်သွားနိုင်ဖို့ကိုပါ ရည်ရွယ်လိုက်ရပါတယ်။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit to Photo
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Credit to Photo
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service