ဗြိတိန်၏ ဈေးအသက်သာဆုံးအိမ်များ ဖေဖော်ဝါရီ ၁၅ ရက်တွင် လေလံတင်ရောင်းချမည်- ပေါင် ၅၀၀၀ သာ ဈေးခေါ်ထားသော အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးလည်း ပါဝင်

ဗြိတိန်၏ ဈေးအသက်သာဆုံးအိမ်များ ဖေဖော်ဝါရီ ၁၅ ရက်တွင် လေလံတင်ရောင်းချမည်- ပေါင် ၅၀၀၀ သာ ဈေးခေါ်ထားသော အိပ်ခန်း ၂ ခန်းပါ နေအိမ်တစ်လုံးလည်း ပါဝင် - Property News in Myanmar from iMyanmarHouse.com
2 Feb 2023 10:05 am တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ယခုရက်သတ္တပတ်အတွင်း ဗြိတိန်၏ ဈေးအသက်သာဆုံးအိမ်များ အရောင်းဈေးကွက်ဝင်လာရာ အနည်းဆုံးမှာ ပေါင် ၅၀၀၀ (မြန်မာငွေ ၁၂၉ သိန်း) မျှသာ ဈေးခေါ်ထားသည်။

(မှတ်ချက်။ဖေဖော်ဝါရီ ၁ ရက် သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၈၅ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်းသာဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)

အံ့အားသင့်ဖွယ်နည်းပါးလှသောဈေးနှုန်းများဖြင့် အရောင်းဈေးကွက်ဝင်လာသော နေအိမ်များမှာ အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း လန်ကက်ရှား (Lancashire) ခရိုင်တွင် တည်ရှိသောအိမ်များ ဖြစ်သည်။

(အိပ်ခန်း ၂ ခန်းပါ ဤအိမ်ကို ပေါင် ၅၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-Credit: Rightmove)

လန်ကက်ရှားခရိုင် ၊ ဘန်လေမြို့ (Burnley)၊ ကွန်း (Colne) နှင့် ဒါဝင်မြို့ (Darwen) များတွင်တည်ရှိပြီး နေအိမ်များမှာ ပြန်လည်ပြုပြင်ရန် လိုအပ်သောအိမ်များ ဖြစ်ကြသည်။ သို့သော် ပြုပြင်မွမ်းမံကာ အရောင်တောက်ပအောင် ပြုလုပ်လိုက်ပါက စံပြုဖွယ် မိသားစုနေအိမ်များ ဖြစ်လာဖွယ်ရှိသည်။

အောက်ပါတို့မှာ အင်္ဂလန်၏ ဈေးအသက်သာဆုံးအဖြစ် ဈေးကွက်ဝင်လာသော နေအိမ်များ ဖြစ်ပါသည်။

((ဘန်လေမြို့၊ Reed လမ်းနေအိမ်၊ ခေါ်ဈေး- ပေါင် ၅၀၀၀ /မြန်မာငွေအားဖြင့် ၁၂၉ သိန်း))

အိပ်ခန်း ၂ ခန်းပါ နေအိမ်ဖြစ်ပြီး ယိုယွင်းပျက်စီးနေသော အခြေအနေရှိသည်။

သို့သော် နေအိမ်ပြန်လည် ပြင်ဆင်ရန် အချိန်နှင့်ငွေ ရှိမည်ဆိုပါက ဝယ်ယူသင့်ပါသည်။

အောက်ထပ်တွင် မီးဖိုဆောင်နှင့် ဧည့်ခန်းရှိပြီး စင်္ကြန်လမ်းတစ်ခုဖြင့် ခြားနားထားသည်။ အပေါ်ထပ်တွင် အိပ်ခန်း ၂ ခန်း ၊ ရေချိုးခန်း ၁ ခန်းတို့ ပါဝင်သည်။

ပါလီမန်လမ်းအနီးတွင် တည်ရှိပြီး ဘန်လေမြို့ခန်းမ ၊ ရထားဘူတာရုံ ၂ ခုနှင့်လည်း နီးသည်။

(ဘန်လေမြို့ခန်းမ ၊ ရထားဘူတာရုံ ၂ ခုနှင့်လည်း နီးသည်။ ဓာတ်ပုံ- Credit: Rightmove)

(နေအိမ်၏ ဧည့်ခန်း။ ဓာတ်ပုံ- Credit: Rightmove)

((Laithe လမ်း ၊ Colne မြို့။ ဈေးနှုန်း- ပေါင် ၁၀၀၀၀။ မြန်မာကျပ်ငွေအားဖြင့် ၂၅၈ သိန်း ))

(အိပ်ခန်း ၃ ခန်းပါသော ဤနေအိမ်မှာ လက်ရှိအားဖြင့် ဝယ်ယူပြီး ချက်ချင်းတက်နေနိုင်သည့် အခြေအနေမရှိချေ။ ဓာတ်ပုံ- Credit: Rightmove)

နေအိမ်မှာ ပြုပြင်မွမ်းမံပြီး နေထိုင်မည်ဆိုလျှင် ကျယ်ဝန်းသည့် မိသားစု နေအိမ်တစ်လုံး ဖြစ်လာမည်ဖြစ်သည်။

မီးဖိုးဆောင်နှင့် ဧည့်ခန်းတို့မှာ အတော်အတန်ကျယ်ဝန်းပြီး အပေါ်ထပ်တွင် အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၁ ခန်းလည်း ပါဝင်သည်။

အနီးစပ်ဆုံး ရထားဘူတာရုံများမှာ Colne ဘူတာရုံသည် ၀ ဒသမ ၃ မိုင်သာ ကွာဝေးပြီး Nelson ဘူတာမှာ ၂ မိုင်အကွာတွင် ရှိသည်။

(ဂရုတစိုက် ထိန်းသိမ်းမွမ်းမံလိုက်ပါက သင့်အတွက် ပြီးပြည့်စုံသော အိမ်တစ်လုံးဖြစ်လာနိုင်သည်။ ဓာတ်ပုံ- Credit: Rightmove)

((Hawley လမ်း ၊Colne မြို့/ ဈေးနှုန်း- ပေါင် ၁၀၀၀၀))

(ဤအိမ်မှာ ယခုဈေးကွက်ဝင်လာသော အခြားအိမ်များနှင့်ယှဉ်လျှင် အခြေအနေပိုကောင်းသည်။ ဓာတ်ပုံ- Credit: Rightmove)

(နေအိမ်ဧည့်ခန်း။ ဓာတ်ပုံ- Credit: Rightmove)

အခြားအိမ်များထက် အခြေအနေပိုကောင်းသော်လည်း အချိန်နှင့်ငွေ အများအပြားသုံးကာ ပြုပြင်ရန် လိုအပ်သေးသည်။

နေအိမ်၏ အတွင်းရောအပြင်ပါ ပြုပြင်မွမ်းမံမှုများ လိုအပ်သည်။

အနီးတွင် ဈေးဝယ်ထွက်ရန် နေရာများနှင့် Colne ဘူတာရုံတို့ ရှိသည်။

((Redearth လမ်းမ ၊ Darwen မြို့/ ဈေးနှုန်း- ပေါင် ၁၀၀၀၀))

(ဤနေအိမ်တွင် ကျယ်ဝန်းသော အိမ်နောက်ဖက်ကွက်လပ်ရှိသည်။ ဓာတ်ပုံ- Credit: Rightmove)

ပရိဘောဂအချို့ဖြည့်ကာ ဆေးအနည်းငယ်သုတ်လိုက်လျှင် အိပ်ခန်း ၂ ခန်းပါ ဤနေအိမ်မှာ ချက်ချင်းတက်နေ၍ ရသည်။

(ကျယ်ဝန်းသော အိမ်နောက်ဘက်ကွက်လပ်ပါသည်။ ဓာတ်ပုံ- Credit: Rightmove)

(မီးဖိုဆောင်တွင် ကျယ်ဝန်းသော မီးဖိုခုံနေရာများ ပါဝင်သည်။ ဓာတ်ပုံ- Credit: Rightmove)

ပထမထပ်တွင် ကြီးမားသည့် အဝတ်ဗီရိုတစ်ခုပါသော master bedroom တစ်ခန်း၊ အခြားအိပ်ခန်း ၁ ခန်းနှင့် ရေချိုးခန်းတို့ရှိသည်။

အိမ်နောက်ဘက်တွင် ကွက်လပ်ကျယ်တစ်ခုရှိပြီး ဒါဝင်မြို့ခန်းမ၊ ရထားဘူတာနှင့်နီးကာ ကလေးများ ကစားရန် Ashton ပန်းခြံနှင့်လည်း နီးသည်။

((Coal Clough လမ်း၊ ဘန်လေမြို့/ ဈေးနှုန်း- ပေါင် ၁၅၀၀၀))

ဘန်လေမြို့အိမ်မှာ အိပ်ခန်း ၃ ခန်းပါပြီး ပေါင် ၁၅၀၀၀ ဈေးခေါ်ထားသည်။

မီးလင်းဖို၊ ကြီးမားသည့်ပြတင်းပေါက်များပါသော ဧည့်ခန်းကျယ်တစ်ခု ပါသည်။

ဈေးဆိုင်များ၊ ဘန်လေမြို့ခန်းမ၊ ဘန်လေ မန်ချက်စတာလမ်းဘူတာရုံတို့နှင့် နီးကပ်စွာ တည်ရှိသည်။

ပြုပြင်မွမ်းမံမှုအချို့လိုအပ်သည်။

ယခုနေအိမ်အားလုံးကို လန်ဒန်အခြေစိုက် McHugh & Co ကုမ္ပဏီက လာမည့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် အွန်လိုင်းမှတဆင့် လေလံတင်ရောင်းချသွားမည် ဖြစ်သည်။

(ဘန်လေမြို့မှ အိပ်ခန်း ၃ ခန်းပါအိမ်မှာ ပေါင် ၁၅၀၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Credit: RIGHTMOVE)

(နေအိမ်ဧည့်ခန်း။ ဓာတ်ပုံ-Credit: rightmove)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HOUSE ABOUT IT -Inside ‘UK’s cheapest homes’ including two-bed house which could be yours for just £5k (thesun)

[Zawgyi]

ျဗိတိန္၏ ေစ်းအသက္သာဆံုးအိမ္မ်ား ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ေလလံတင္ေရာင္းခ်မည္- ေပါင္ ၅၀၀၀ သာ ေစ်းေခၚထားေသာ အိပ္ခန္း ၂ ခန္းပါ ေနအိမ္တစ္လံုးလည္း ပါဝင္

ယခုရက္သတၱပတ္အတြင္း ျဗိတိန္၏ ေစ်းအသက္သာဆံုးအိမ္မ်ား အေရာင္းေစ်းကြက္ဝင္လာရာ အနည္းဆံုးမွာ ေပါင္ ၅၀၀၀ (ျမန္မာေငြ ၁၂၉ သိန္း) မွ်သာ ေစ်းေခၚထားသည္။

(မွတ္ခ်က္။ေဖေဖာ္ဝါရီ ၁ ရက္ သတ္မွတ္ေငြလဲႏႈန္း ျဗိတိန္ ၁ ေပါင္လွ်င္ ျမန္မာက်ပ္ေငြ ၂၅၈၅ က်ပ္ႏႈန္းျဖင့္ တြက္ခ်က္ထားျခင္းသာျဖစ္ျပီး ေျမျပင္တြင္ ကြာျခားမႈရွိႏိုင္ပါသည္)

အံ့အားသင့္ဖြယ္နည္းပါးလွေသာေစ်းႏႈန္းမ်ားျဖင့္ အေရာင္းေစ်းကြက္ဝင္လာေသာ ေနအိမ္မ်ားမွာ အဂၤလန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း လန္ကက္ရွား (Lancashire) ခရိုင္တြင္ တည္ရွိေသာအိမ္မ်ား ျဖစ္သည္။

(အိပ္ခန္း ၂ ခန္းပါ ဤအိမ္ကို ေပါင္ ၅၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည္ ျဖစ္သည္။ ဓာတ္ပံု-Credit: Rightmove)

လန္ကက္ရွားခရိုင္ ၊ ဘန္ေလျမိဳ႕ (Burnley)၊ ကြန္း (Colne) ႏွင့္ ဒါဝင္ျမိဳ႕ (Darwen) မ်ားတြင္တည္ရွိျပီး ေနအိမ္မ်ားမွာ ျပန္လည္ျပဳျပင္ရန္ လိုအပ္ေသာအိမ္မ်ား ျဖစ္ၾကသည္။ သို႔ေသာ္ ျပဳျပင္မြမ္းမံကာ အေရာင္ေတာက္ပေအာင္ ျပဳလုပ္လိုက္ပါက စံျပဳဖြယ္ မိသားစုေနအိမ္မ်ား ျဖစ္လာဖြယ္ရွိသည္။

ေအာက္ပါတို႔မွာ အဂၤလန္၏ ေစ်းအသက္သာဆံုးအျဖစ္ ေစ်းကြက္ဝင္လာေသာ ေနအိမ္မ်ား ျဖစ္ပါသည္။

((ဘန္ေလျမိဳ႕၊ Reed လမ္းေနအိမ္၊ ေခၚေစ်း- ေပါင္ ၅၀၀၀ /ျမန္မာေငြအားျဖင့္ ၁၂၉ သိန္း))

အိပ္ခန္း ၂ ခန္းပါ ေနအိမ္ျဖစ္ျပီး ယိုယြင္းပ်က္စီးေနေသာ အေျခအေနရွိသည္။

သို႔ေသာ္ ေနအိမ္ျပန္လည္ ျပင္ဆင္ရန္ အခ်ိန္ႏွင့္ေငြ ရွိမည္ဆိုပါက ဝယ္ယူသင့္ပါသည္။

ေအာက္ထပ္တြင္ မီးဖိုေဆာင္ႏွင့္ ဧည့္ခန္းရွိျပီး စၾကၤန္လမ္းတစ္ခုျဖင့္ ျခားနားထားသည္။ အေပၚထပ္တြင္ အိပ္ခန္း ၂ ခန္း ၊ ေရခ်ဳိးခန္း ၁ ခန္းတို႔ ပါဝင္သည္။

ပါလီမန္လမ္းအနီးတြင္ တည္ရွိျပီး ဘန္ေလျမိဳ႕ခန္းမ ၊ ရထားဘူတာရံု ၂ ခုႏွင့္လည္း နီးသည္။

(ဘန္ေလျမိဳ႕ခန္းမ ၊ ရထားဘူတာရံု ၂ ခုႏွင့္လည္း နီးသည္။ ဓာတ္ပံု- Credit: Rightmove)

(ေနအိမ္၏ ဧည့္ခန္း။ ဓာတ္ပံု- Credit: Rightmove)

((Laithe လမ္း ၊ Colne ျမိဳ႕။ ေစ်းႏႈန္း- ေပါင္ ၁၀၀၀၀။ ျမန္မာက်ပ္ေငြအားျဖင့္ ၂၅၈ သိန္း ))

(အိပ္ခန္း ၃ ခန္းပါေသာ ဤေနအိမ္မွာ လက္ရွိအားျဖင့္ ဝယ္ယူျပီး ခ်က္ခ်င္းတက္ေနႏိုင္သည့္ အေျခအေနမရွိေခ်။ ဓာတ္ပံု- Credit: Rightmove)

ေနအိမ္မွာ ျပဳျပင္မြမ္းမံျပီး ေနထိုင္မည္ဆိုလွ်င္ က်ယ္ဝန္းသည့္ မိသားစု ေနအိမ္တစ္လံုး ျဖစ္လာမည္ျဖစ္သည္။

မီးဖိုးေဆာင္ႏွင့္ ဧည့္ခန္းတို႔မွာ အေတာ္အတန္က်ယ္ဝန္းျပီး အေပၚထပ္တြင္ အိပ္ခန္း ၃ ခန္းႏွင့္ ေရခ်ဳိးခန္း ၁ ခန္းလည္း ပါဝင္သည္။

အနီးစပ္ဆံုး ရထားဘူတာရံုမ်ားမွာ Colne ဘူတာရုံသည္ ၀ ဒသမ ၃ မိုင္သာ ကြာေဝးျပီး Nelson ဘူတာမွာ ၂ မိုင္အကြာတြင္ ရွိသည္။

(ဂရုတစိုက္ ထိန္းသိမ္းမြမ္းမံလုိက္ပါက သင့္အတြက္ ျပီးျပည့္စံုေသာ အိမ္တစ္လံုးျဖစ္လာႏိုင္သည္။ ဓာတ္ပံု- Credit: Rightmove)

((Hawley လမ္း ၊Colne ျမိဳ႕/ ေစ်းႏႈန္း- ေပါင္ ၁၀၀၀၀))

(ဤအိမ္မွာ ယခုေစ်းကြက္ဝင္လာေသာ အျခားအိမ္မ်ားႏွင့္ယွဥ္လွ်င္ အေျခအေနပိုေကာင္းသည္။ ဓာတ္ပံု- Credit: Rightmove)

(ေနအိမ္ဧည့္ခန္း။ ဓာတ္ပံု- Credit: Rightmove)

အျခားအိမ္မ်ားထက္ အေျခအေနပိုေကာင္းေသာ္လည္း အခိ်န္ႏွင့္ေငြ အမ်ားအျပားသံုးကာ ျပဳျပင္ရန္ လိုအပ္ေသးသည္။

ေနအိမ္၏ အတြင္းေရာအျပင္ပါ ျပဳျပင္မြမ္းမံမႈမ်ား လုိအပ္သည္။

အနီးတြင္ ေစ်းဝယ္ထြက္ရန္ ေနရာမ်ားႏွင့္ Colne ဘူတာရံုတို႔ ရွိသည္။

((Redearth လမ္းမ ၊ Darwen ျမိဳ႕/ ေစ်းႏႈန္း- ေပါင္ ၁၀၀၀၀))

(ဤေနအိမ္တြင္ က်ယ္ဝန္းေသာ အိမ္ေနာက္ဖက္ကြက္လပ္ရွိသည္။ ဓာတ္ပံု- Credit: Rightmove)

ပရိေဘာဂအခ်ဳိ႕ျဖည့္ကာ ေဆးအနည္းငယ္သုတ္လိုက္လွ်င္ အိပ္ခန္း ၂ ခန္းပါ ဤေနအိမ္မွာ ခ်က္ခ်င္းတက္ေန၍ ရသည္။

(က်ယ္ဝန္းေသာ အိမ္ေနာက္ဘက္ကြက္လပ္ပါသည္။ ဓာတ္ပံု- Credit: Rightmove) (မီးဖိုေဆာင္တြင္ က်ယ္ဝန္းေသာ မီးဖိုခံုေနရာမ်ား ပါဝင္သည္။ ဓာတ္ပံု- Credit: Rightmove)

ပထမထပ္တြင္ ၾကီးမားသည့္ အဝတ္ဗီရိုတစ္ခုပါေသာ master bedroom တစ္ခန္း၊ အျခားအိပ္ခန္း ၁ ခန္းႏွင့္ ေရခ်ဳိးခန္းတို႔ရွိသည္။

အိမ္ေနာက္ဘက္တြင္ ကြက္လပ္က်ယ္တစ္ခုရွိျပီး ဒါဝင္ျမိဳ႕ခန္းမ၊ ရထားဘူတာႏွင့္နီးကာ ကေလးမ်ား ကစားရန္ Ashton ပန္းျခံႏွင့္လည္း နီးသည္။

((Coal Clough လမ္း၊ ဘန္ေလျမိဳ႕/ ေစ်းႏႈန္း- ေပါင္ ၁၅၀၀၀))

ဘန္ေလျမိဳ႕အိမ္မွာ အိပ္ခန္း ၃ ခန္းပါျပီး ေပါင္ ၁၅၀၀၀ ေစ်းေခၚထားသည္။

မီးလင္းဖို၊ ၾကီးမားသည့္ျပတင္းေပါက္မ်ားပါေသာ ဧည့္ခန္းက်ယ္တစ္ခု ပါသည္။

ေစ်းဆိုင္မ်ား၊ ဘန္ေလျမိဳ႕ခန္းမ၊ ဘန္ေလ မန္ခ်က္စတာလမ္းဘူတာရံုတို႔ႏွင့္ နီးကပ္စြာ တည္ရွိသည္။

ျပဳျပင္မြမ္းမံမႈအခ်ဳိ႕လိုအပ္သည္။

ယခုေနအိမ္အားလံုးကို လန္ဒန္အေျခစိုက္ McHugh & Co ကုမၸဏီက လာမည့္ ေဖေဖာ္ဝါရီလ ၁၅ ရက္တြင္ အြန္လိုင္းမွတဆင့္ ေလလံတင္ေရာင္းခ်သြားမည္ ျဖစ္သည္။

(ဘန္ေလျမိဳ႕မွ အိပ္ခန္း ၃ ခန္းပါအိမ္မွာ ေပါင္ ၁၅၀၀၀ ေစ်းေခၚထားသည္။ ဓာတ္ပံု-Credit: RIGHTMOVE)

(ေနအိမ္ဧည့္ခန္း။ ဓာတ္ပံု-Credit: rightmove)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HOUSE ABOUT IT -Inside ‘UK’s cheapest homes’ including two-bed house which could be yours for just £5k (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service