“လွဲသော်လည်း မဆဲခဲ့ပါ”

“လွဲသော်လည်း မဆဲခဲ့ပါ” - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2023 4:55 pm တွင် တင်ခဲ့သည်
404 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

လူတိုင်းအလွဲလေးတွေ ရှိပါတယ်။အချို့ အလွဲမျာက ဆဲသလိုဖြစ်သွားသော်လည်း မရည်ရွယ်သော အလွဲများမို့ လုပ်ဖော်ကိုင်ဖက်ချင်း ချစ်ခင်စိတ်နဲ့ အားလုံးကလည်း ခွင့်လွှတ်တတ်ကြပါတယ်။

အဲဒီလို အလွဲလေးတွေကို ရယ်စရာတစ်ခုအနေနဲ့ သဘောထားပေးခဲ့ကြပါတယ်။ကိုယ်လည်း ဒါမျိုးကြုံရင် ဗွေမယူဘဲ ခွင့်လွှတ်မြဲပါပဲ။ဒါမှလည်း ဘဝအမောတွေထဲက ပျော်စရာ ဟာသနှောမှုလေးတစ်ခုအဖြစ် ခံယူရင်း ရင်ထဲက လေးလံမှုတွေ တစ်ခဏတော့ပေါ့သွားစေတာပေါ့။

ဒီလိုပါပဲ စာရေးသူကျွန်တော်လည်း အဲဒီလို အလွဲလေးတွေ ကြုံခဲ့ရတယ်။ကျွန်တော့်ရဲ့ အလောတကြီးလုပ်မှု အမှားပေါ့။ကိုယ့်ရဲ့တစ်ခါတစ်ချက် ရှော်မိတဲ့အကွက်လေးတွေပေါ့။အဲဒီဖြစ်ရပ်လေးတွေ ဖြစ်ခဲ့တဲ့အပေါ် ကျွန်တော်ကတော့ မရှက်ပါဘူး။ဘဝမှာ အမှတ်တရ ပျော်စရာလို့ကို ကျေကျေနပ်နပ်ကို လက်ခံမှတ်ယူထားမိ ပါတယ်။

ကျွန်တော်တို့ အလုပ်မှာ ရုံးဆင်းရုံးတက်ကို လက်ဗွေဖက်တဲ့စက်မှာ မနက်ရုံးစရောက်တာနဲ့ အဝင်ကို တစ်ချက်နှိပ်ပြီး အဝင်ပြရပါတယ်။ အပြန်မှာလည်း တစ်ခါနှိပ်ရတာပေါ့။တစ်နေ့ကို အဝင်အထွက် မှတ်တမ်းကို လက်ဗွေဖက်စက်က မှတ်တမ်းယူထားတယ်။

လက်ရှိကာလ မီးပျက်တော့ မီးမလာရင် လက်ဗွေဖက်စက်က အလုပ်မလုပ်တော့ပါဘူး။မီးလာတဲ့အချိန် လက်ဗွေဖက်တဲ့စက်မှာ မှတ်တမ်းယူနိုင်ပြီး မီးပျက်နေရင် စက်ရပ်နေတာမို့ စာအုပ်မှာ အဝင်၊အထွက် အချိန်တွေကို လက်မှတ်ထိုးပြီး မှတ်တမ်းရေးသွင်းရပါတယ်။

အဲဒီလိုအချိန်တွေဆိုရင် ကျွန်တော်က ဘယ်တော့မှ စာကို လှလှပပ မရေးဖြစ်။အသော့ရေးပြီး လက်မှတ်ထိုးကာ ထားခဲ့တတ်တယ်။နံမယ်(နာမည်)မှန်ယုံနဲ့ အချိန်မှန်ဖို့လောက်သာ ရေးသွင်းထားခဲ့တာပေါ့။

ဒီလိုပါပဲ အသုံးအဆောင် တစ်ခုခုလိုရင်လည်း ကိုယ်လိုတဲ့ဟာကို ထုတ်ယူဖို့ လက်မှတ်ထိုးပြီး ထုတ်ရပါတယ်။ အလုပ်ကထုတ်ဝေတဲ့စာအုပ်တွေကို စာအုပ်တိုက်တွေကမှာလို့ သွားပို့ချင်ရင် စာအုပ်တွေထည့်ဖို့ လက်စွဲအိတ် အကြီးတွေကို လက်မှတ်ထိုး ထုတ်ယူရပါတယ်။

 

ကျွန်တော်က စားရေးနေရသူဆိုတော့ ကွန်ပျူတာနဲ့လည်းရေးတယ်။ ဘောပင်နဲ့လည်းရေးတယ်။ များသောအားဖြင့်တော့ စာရေးတဲ့အခါမှာ ကိုယ့်ဘောပင်နဲ့ကိုယ် စာရေးတာများပါတယ်။ တစ်နေ့တော့ စာရေးနေရင်း ကျွန်တော့ဘောပင်က မင်ကုန်သွားပါတယ်။

မင်နီဘောပင်တွေပါပေမယ့် အဲဒါတွေနဲ့လည်း မရေးချင်ဘူး။ ရုံးအောက်ဆင်းပြီးလည်း သွားမဝယ်ချင်တာနဲ့ ရုံးကနေ ဘောပင်တစ်ချောင်းလောက် ထုတ်ဦးမယ်ပေါ့ဆိုပြီး ဘောပင်တစ်ချောင်း သွားထုတ်တယ်။

အစ်ကိုကြီးလက်မှတ်ထိုးပေးပါဆိုတော့ ကျွန်တော်လည်း အသော့နှင်ပြီး ထိုးပေးခဲ့တယ်။ ပြန်လည်း မကြည့်ခဲ့ပါဘူး။ပစ္စည်းထုတ်တဲ့ အခါမှာ ဘာပစ္စည်းလဲ၊ဘယ်အတွက်သုံးမှာလဲ၊ဘယ်နှစ်ခုလဲဆိုပြီး ရေးရပါတယ်။ဖြည့်ရမယ့် အချက်တွေကို ဖြည့်သွင်းထားခဲ့ပြီး ဘောပင်ကိုယူခဲ့လိုက်တယ်။

တစ်ရက်နှစ်ရက်နေတော့ အခြားဝန်ထမ်းတစ်ဦးက သူထုတ်ချင်တဲ့ ပစ္စည်းထုတ်တော့ သူလည်း ပစ္စည်းထုတ်တဲ့ မှတ်တမ်းစာအုပ်မှာ စာရင်းဖြည့်သွင်းဖို့ ကြည့်ပါတယ်။ သူရေးသွင်းမယ့် စာမျက်နှာရဲ့ အပေါ်ဆုံးမှာ အရင်လူ ထုတ်ယူထားတဲ့ ပစ္စည်းနာမည်ကိုဖတ်ပြီး သူဟာ အားရပါးရရယ်ပါတော့တယ်။ဒါအပြင် အဲဒီစာအုပ်ထိန်းသိမ်းရတဲ့ အဖွဲ့ကိုပြတော့လည်း ရယ်ကြပါလေရောလား။

အစ်ကိုကြီးကတော့ လုပ်ချလိုက်ပြီဆိုတဲ့ အသံကြားတော့ ကျွန်တော်လည်း ခေါင်းထောင်ကြည့်မိတာပေါ့။ မသိတော့ ကျွန်တော်လည်း ဘာလဲဟဆိုပြီးပြောလိုက်မိတယ်။အဲဒီမိန်းကလေးက စိတ်မဆိုးဘဲ ပြုံးစစနဲ့ “အစ်ကိုကြီးက ကျွန်မတို့ကိုဆဲထားတာပေါ့..ဟုတ်လား…” ဆိုတော့။ ကျွန်တော်လည်း စာအုပ်ကို ကြည့်လိုက်မိတယ်။ကျွန်တော့်ပါးစပ်က ဟိုက်ရှာလပတ်လို့ အော်ရမလိုတောင်ဖြစ်သွားပါတယ်။

ကျွန်တော် စာရင်းရေးသွင်းမိတာက ဘောပင်ကို “ဘောပဲ” ဆိုပြီး ရေးသွင်းထားခဲ့မိတာပဲ ဖြစ်ပါတယ်ဗျာ။ ခွင့်လွှတ်ခြင်းနဲ့ ရယ်နိုင်ကြပါစေ…။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

“လြဲေသာ္လည္း မဆဲခဲ့ပါ”

 

လူတိုင္းအလြဲေလးေတြ ရွိပါတယ္။အခ်ိဳ႕ အလြဲမ်ာက ဆဲသလိုျဖစ္သြားေသာ္လည္း မရည္ရြယ္ေသာ အလဲြမ်ားမို႔ လုပ္ေဖာ္ကိုင္ဖက္ခ်င္း ခ်စ္ခင္စိတ္နဲ႔ အားလုံးကလည္း ခြင့္လႊတ္တတ္ၾကပါတယ္။

အဲဒီလို အလြဲေလးေတြကို ရယ္စရာတစ္ခုအေနနဲ႕ သေဘာထားေပးခဲ့ၾကပါတယ္။ကိုယ္လည္း ဒါမ်ိဳးႀကဳံရင္ ေဗြမယူဘဲ ခြင့္လႊတ္ျမဲပါပဲ။ဒါမွလည္း ဘဝအေမာေတြထဲက ေပ်ာ္စရာ ဟာသေႏွာမႈေလးတစ္ခုအျဖစ္ ခံယူရင္း ရင္ထဲက ေလးလံမႈေတြ တစ္ခဏေတာ့ေပါ့သြားေစတာေပါ့။

ဒီလိုပါပဲ စာေရးသူကၽြန္ေတာ္လည္း အဲဒီလို အလြဲေလးေတြ ႀကဳံခဲ့ရတယ္။ကၽြန္ေတာ့္ရဲ႕ အေလာတႀကီးလုပ္မႈ အမွားေပါ့။ကိုယ့္ရဲ႕တစ္ခါတစ္ခ်က္ ေရွာ္မိတဲ့အကြက္ေလးေတြေပါ့။အဲဒီျဖစ္ရပ္ေလးေတြ ျဖစ္ခဲ့တဲ့အေပၚ ကၽြန္ေတာ္ကေတာ့ မရွက္ပါဘူး။ဘဝမွာ အမွတ္တရ ေပ်ာ္စရာလို႔ကို ေက်ေက်နပ္နပ္ကို လက္ခံမွတ္ယူထားမိ ပါတယ္။

ကၽြန္ေတာ္တို႔ အလုပ္မွာ ရုံးဆင္းရုံးတက္ကို လက္ေဗြဖက္တဲ့စက္မွာ မနက္ရုံးစေရာက္တာနဲ႔ အဝင္ကို တစ္ခ်က္ႏွိပ္ၿပီး အဝင္ျပရပါတယ္။ အျပန္မွာလည္း တစ္ခါႏွိပ္ရတာေပါ့။တစ္ေန႔ကို အဝင္အထြက္ မွတ္တမ္းကို လက္ေဗြဖက္စက္က မွတ္တမ္းယူထားတယ္။

လက္ရွိကာလ မီးပ်က္ေတာ့ မီးမလာရင္ လက္ေဗြဖက္စက္က အလုပ္မလုပ္ေတာ့ပါဘူး။မီးလာတဲ့အခ်ိန္ လက္ေဗြဖက္တဲ့စက္မွာ မွတ္တမ္းယူႏိုင္ၿပီး မီးပ်က္ေနရင္ စက္ရပ္ေနတာမို႔ စာအုပ္မွာ အဝင္၊အထြက္ အခ်ိန္ေတြကို လက္မွတ္ထိုးၿပီး မွတ္တမ္းေရးသြင္းရပါတယ္။

အဲဒီလိုအခ်ိန္ေတြဆိုရင္ ကၽြန္ေတာ္က ဘယ္ေတာ့မွ စာကို လွလွပပ မေရးျဖစ္။အေသာ့ေရးၿပီး လက္မွတ္ထိုးကာ ထားခဲ့တတ္တယ္။နံမယ္(နာမည္)မွန္ယုံနဲ႔ အခ်ိန္မွန္ဖို႔ေလာက္သာ ေရးသြင္းထားခဲ့တာေပါ့။

ဒီလိုပါပဲ အသုံးအေဆာင္ တစ္ခုခုလိုရင္လည္း ကိုယ္လိုတဲ့ဟာကို ထုတ္ယူဖို႔ လက္မွတ္ထိုးၿပီး ထုတ္ရပါတယ္။ အလုပ္ကထုတ္ေဝတဲ့စာအုပ္ေတြကို စာအုပ္တိုက္ေတြကမွာလို႔ သြားပို႔ခ်င္ရင္ စာအုပ္ေတြထည့္ဖို႔ လက္စြဲအိတ္ အႀကီးေတြကို လက္မွတ္ထိုး ထုတ္ယူရပါတယ္။

ကၽြန္ေတာ္က စားေရးေနရသူဆိုေတာ့ ကြန္ပ်ဴတာနဲ႔လည္းေရးတယ္။ ေဘာပင္နဲ႔လည္းေရးတယ္။ မ်ားေသာအားျဖင့္ေတာ့ စာေရးတဲ့အခါမွာ ကိုယ့္ေဘာပင္နဲ႔ကိုယ္ စာေရးတာမ်ားပါတယ္။ တစ္ေန႔ေတာ့ စာေရးေနရင္း ကၽြန္ေတာ့ေဘာပင္က မင္ကုန္သြားပါတယ္။

မင္နီေဘာပင္ေတြပါေပမယ့္ အဲဒါေတြနဲ႔လည္း မေရးခ်င္ဘူး။ ရုံးေအာက္ဆင္းၿပီးလည္း သြားမဝယ္ခ်င္တာနဲ႔ ရုံးကေန ေဘာပင္တစ္ေခ်ာင္းေလာက္ ထုတ္ဦးမယ္ေပါ့ဆိုၿပီး ေဘာပင္တစ္ေခ်ာင္း သြားထုတ္တယ္။

အစ္ကိုႀကီးလက္မွတ္ထိုးေပးပါဆိုေတာ့ ကၽြန္ေတာ္လည္း အေသာ့ႏွင္ၿပီး ထိုးေပးခဲ့တယ္။ ျပန္လည္း မၾကည့္ခဲ့ပါဘူး။ပစၥည္းထုတ္တဲ့ အခါမွာ ဘာပစၥည္းလဲ၊ဘယ္အတြက္သုံးမွာလဲ၊ဘယ္ႏွစ္ခုလဲဆိုၿပီး ေရးရပါတယ္။ျဖည့္ရမယ့္ အခ်က္ေတြကို ျဖည့္သြင္းထားခဲ့ၿပီး ေဘာပင္ကိုယူခဲ့လုိက္တယ္။

တစ္ရက္ႏွစ္ရက္ေနေတာ့ အျခားဝန္ထမ္းတစ္ဦးက သူထုတ္ခ်င္တဲ့ ပစၥည္းထုတ္ေတာ့ သူလည္း ပစၥည္းထုတ္တဲ့ မွတ္တမ္းစာအုပ္မွာ စာရင္းျဖည့္သြင္းဖို႔ ၾကည့္ပါတယ္။ သူေရးသြင္းမယ့္ စာမ်က္ႏွာရဲ႕ အေပၚဆုံးမွာ အရင္လူ ထုတ္ယူထားတဲ့ ပစၥည္းနာမည္ကိုဖတ္ၿပီး သူဟာ အားရပါးရရယ္ပါေတာ့တယ္။ဒါအျပင္ အဲဒီစာအုပ္ထိန္းသိမ္းရတဲ့ အဖြဲ႔ကိုျပေတာ့လည္း ရယ္ၾကပါေလေရာလား။

အစ္ကိုႀကီးကေတာ့ လုပ္ခ်လိုက္ၿပီဆိုတဲ့ အသံၾကားေတာ့ ကၽြန္ေတာ္လည္း ေခါင္းေထာင္ၾကည့္မိတာေပါ့။ မသိေတာ့ ကၽြန္ေတာ္လည္း ဘာလဲဟဆိုၿပီးေျပာလိုက္မိတယ္။အဲဒီမိန္းကေလးက စိတ္မဆိုးဘဲ ၿပဳံးစစနဲ႔ “အစ္ကိုႀကီးက ကၽြန္မတို႔ကိုဆဲထားတာေပါ့..ဟုတ္လား…” ဆိုေတာ့။ ကၽြန္ေတာ္လည္း စာအုပ္ကို ၾကည့္လိုက္မိတယ္။ကၽြန္ေတာ့္ပါးစပ္က ဟိုက္ရွာလပတ္လို႔ ေအာ္ရမလိုေတာင္ျဖစ္သြားပါတယ္။

ကၽြန္ေတာ္ စာရင္းေရးသြင္းမိတာက ေဘာပင္ကို “ေဘာပဲ” ဆိုၿပီး ေရးသြင္းထားခဲ့မိတာပဲ ျဖစ္ပါတယ္ဗ်ာ။ ခြင့္လႊတ္ျခင္းနဲ႔ ရယ္ႏိုင္ၾကပါေစ…။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service