မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2023 3:40 pm တွင် တင်ခဲ့သည်
1462 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်လား။

မက်မွန်သီး ဆိုတာ

မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွေးပွပွလေးတွေပါတဲ့ ပန်းရောင်၊ အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲ ပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်း ရှိပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ အာဟာရကြွယ်ဝတဲ့ မက်မွန်သီး မက်မွန်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်

ကယ်လ်လိုရီ

ပရိုတင်း

အဆီ

ကာဗိုဟိုက်ဒရိတ်

အမျှင်ဓာတ်

ဗီတာမင် C

ဗီတာမင် A

ပိုတက်ဆီယမ်

နီကာဆင်

ဗီတာမင် E

ဗီတာမင် K

ကော့ပါး

မဂ္ဂနိစ်

ကယ်လ်ဆီယမ်

သံဓာတ် တို့ပါဝင်နေပါတယ်။

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး မက်မွန်သီးက ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ်။

 

အစာခြေစနစ်ကျန်းမာစေနိုင်တယ်

မက်မွန်သီးမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာတွေကို ကြေညက်စေနိုင်သလို အူနံရံကို အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဝမ်းမမှန်တာနဲ့ အစာခြေစနစ် ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အူမကြီးကို ကျန်းမာစေနိုင်တဲ့ သစ်သီးလေးတစ်မျိုးပေါ့။

နှလုံးကျန်းမာစေနိုင်တယ်

တစ်နေ့ကို မက်မွန်သီးတစ်လုံးစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်နေတာပါပဲ။ မက်မွန်သီးမှာ နှလုံးကျန်းမာစေတဲ့ ဓာတ်တွေများစွာပါဝင်နေပါတယ်။

မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုတင် နည်းစေတာမဟုတ်ပါဘူး။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ မက်မွန်သီးလေးက အဆင်ပြေစေမှာပါ။

 

 

အသားအရေကို ကျန်းမာစေနိုင်တယ်

မက်မွန်သီးက အရေပြားကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မက်မွန်သီးမှာပါတဲ့ ဒြပ်ပေါင်းက အရေပြားကို အစိုဓာတ်ထိန်းပေးပြိး အသားအရေကို တင်းရင်းစေနိုင်သလို အရေပြားပြဿနာကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အသားအရေကို ခရမ်းလွန်ရောင်ခြည် ကြောင့် ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

မက်မွန်သီးကလည်း အခြားအသီးတွေလိုပဲ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဒြပ်ပေါင်းများစွာပါဝင်နေသလို ကင်ဆာတိုက်ဖျက်နိုင် တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။

မက်မွန်သီးရဲ့ အသားလွှာမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကာရိုတီးနွိုက် နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ လေဒီလေးတွေအနေနဲ့ တစ်နေ့ကို မက်မွန်သီး ၂ လုံးပုံမှန်စားပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်တဲ့။

ဓာတ်မတည့်မှုကို သက်သာလျော့ပါးစေနိုင်တယ်

ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က histamines လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုထုတ်လွှတ်ခုခံတဲ့အခါ ခန္ဓာကိုယ်က နှာချေတာ၊ ယားယံတာနဲ့ ချောင်းဆိုးတာလိုမျိုး ဓာတ်မတည့်မှုလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

လေ့လာမှုတွေအရကတော့ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဓာတ်မတည့်ဖြစ်တတ်သူလေးတွေအနေနဲ့ မက်မွန်သီးက စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

အနာကျက်စေနိုင်တယ်

နူးညံ့ပြီး စားကောင်းတဲ့ မက်မွန်သီးမှာ ဗီတာမင် C က ၁၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို အနာတွေကိုလည်း မြန်မြန်ကျက်စေနိုင်ပါတယ်။ ဆဲလ်တွေထိခိုက် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ပါတယ်။

အမြင်အာရုံ ကောင်းစေနိုင်တယ်

မက်မွန်သီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ မက်မွန်သီးကို စားလိုက်တဲ့အခါ ဒီဓာတ်က ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ မက်မွန်သီးက အမြင်အာရုံတင်မဟုတ်ဘဲ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓာကိုယ်ကို အများကြီး အထောက်အပံ့ပေးပါတယ်။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပြောချင်တာကတော့ မက်မွန်သီးစားတာက အမျိုးအစား ၁ ဆီးချိုသမားတွေမှာရော အမျိုးအစား ၂ ဆီးချိုသမာတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ

မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

 

Credit: hellosayarwon

 

 

[Zawgyi]

မက္မြန္သီးေလးစားရင္း ရ႐ွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူး

 

အနံ႔ေလးေမႊးၿပီး အေရာင္အေသြးက ေျပာစရာမ႐ွိေအာင္ ခ်စ္ဖို႔ေကာင္းတဲ့ မက္မြန္သီးေလးက အဆင္းလွ႐ုံတင္မဟုတ္ဘဲ အခ်င္းနဲ႔ပါျပည့္စုံတာပါ။ သဘာဝတရားကေပးစြမ္းတဲ့အရာေတြတိုင္းက လူေတြကို တစ္ဖက္တစ္လမ္းကေတာ့ အက်ိဳးျပဳ စၿမဲပါ။ ဒီတစ္ေခါက္ေတာ့ ငယ္ငယ္က ဝူခုန္းကားထဲကေနတဆင့္ ရင္းႏွီးခဲ့တဲ့ မက္မြန္သီးေလးစားရင္း ရ႐ွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူး ေတြက ဘာေတြလဲဆိုတာ ၾကည့္လိုက္ရေအာင္လား။

မက္မြန္သီး ဆိုတာ

မက္မြန္သီးဆိုတာက အေပၚခြံမွာ အေမြးပြပြေလးေတြပါတဲ့ ပန္းေရာင္၊ အနီေရာင္နဲ႔ အဝါေရာင္ေရာစပ္ထားတဲ့ အခြံ႐ွိတဲ့အသီးပါ။ အသားက အဝါေရာင္႐ွိၿပီး အသီးရဲ႕ အလယ္မွာ အေစ့ခပ္႐ြယ္႐ြယ္တစ္ေစ့ပဲ ပါတတ္ပါတယ္။ တ႐ုတ္ႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ေပါက္ေရာက္တဲ့ အပင္တစ္မ်ိဳးပါ။ အနံ႔ေမႊးၿပီး စားရတဲ့ အရသာကလည္း ခ်ိဳပါတယ္။ အဖန္အရသာအနည္းငယ္ပါတာမ်ိဳးလည္း ႐ွိပါတယ္။

ဓာတ္တိုးဆန္႔က်င္အာနိသင္နဲ႔ အာဟာရႂကြယ္ဝတဲ့ မက္မြန္သီး မက္မြန္သီးမွာ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ ဗီတာမင္၊ သတၱဳဓာတ္နဲ႔ အျခားအက်ိဳးျပဳျဒပ္ေပါင္းေတြ ပါဝင္ေနပါတယ္။ မက္မြန္သီး စားသုံးေပးမယ္ဆိုရင္ ခႏၶာကိုယ္အတြက္

ကယ္လ္လိုရီ

ပ႐ိုတင္း

အဆီ

ကာဗိုဟိုက္ဒရိတ္

အမွ်င္ဓာတ္

ဗီတာမင္ C

ဗီတာမင္ A

ပိုတက္ဆီယမ္

နီကာဆင္

ဗီတာမင္ E

ဗီတာမင္ K

ေကာ့ပါး

မဂၢနိစ္

ကယ္လ္ဆီယမ္

သံဓာတ္ တို႔ပါဝင္ေနပါတယ္။

မက္မြန္သီးေလးစားရင္း ရ႐ွိမယ့္ က်န္းမာေရးအက်ိဳးေက်းဇူး မက္မြန္သီးက ခႏၶာကိုယ္အတြက္ ဒီလိုအက်ိဳးျပဳပါတယ္။

 

အစာေျခစနစ္က်န္းမာေစႏိုင္တယ္

မက္မြန္သီးမွာ အမွ်င္ဓာတ္ပါဝင္ေနတာေၾကာင့္ အစာေျခစနစ္ကို အေကာင္းဆုံးေထာက္ပံ့ေပးႏိုင္ၿပီး အစာေတြကို ေၾကညက္ေစႏိုင္သလို အူနံရံကို အာဟာရဓာတ္ေတြ စုပ္ယူႏိုင္ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။ ဝမ္းမမွန္တာနဲ႔ အစာေျခစနစ္ ျပႆနာေတြ မျဖစ္ေအာင္ တားဆီးေပးႏိုင္ပါတယ္။ အူမႀကီးကို က်န္းမာေစႏိုင္တဲ့ သစ္သီးေလးတစ္မ်ိဳးေပါ့။

ႏွလုံးက်န္းမာေစႏိုင္တယ္

တစ္ေန႔ကို မက္မြန္သီးတစ္လုံးစားေပးတာက ႏွလုံးက်န္းမာေရးကို ေစာင့္ေ႐ွာက္ေနတာပါပဲ။ မက္မြန္သီးမွာ ႏွလုံးက်န္းမာေစတဲ့ ဓာတ္ေတြမ်ားစြာပါဝင္ေနပါတယ္။

မက္မြန္သီးက ႏွလုံးေရာဂါခံစားရႏိုင္ေျခကိုတင္ နည္းေစတာမဟုတ္ပါဘူး။ ေသြးတိုးနဲ႔ ေသြးတြင္းကိုလက္စထေရာ ျမင့္တက္မႈ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ေသြးတိုးနဲ႔ ေသြးတြင္းကိုလက္စထေရာက်ၿပီး ႏွလုံးက်န္းမာခ်င္တယ္ဆိုရင္ေတာ့ မက္မြန္သီးေလးက အဆင္ေျပေစမွာပါ။

အသားအေရကို က်န္းမာေစႏိုင္တယ္

မက္မြန္သီးက အေရျပားကို က်န္းမာေစႏိုင္တဲ့ အာနိသင္႐ွိပါတယ္။ မက္မြန္သီးမွာပါတဲ့ ျဒပ္ေပါင္းက အေရျပားကို အစိုဓာတ္ထိန္းေပးၿပိး အသားအေရကို တင္းရင္းေစႏိုင္သလို အေရျပားျပႆနာကင္းၿပီး က်န္းမာတဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ေစပါတယ္။ အသားအေရကို ခရမ္းလြန္ေရာင္ျခည္ ေၾကာင့္ ပ်က္စီးမႈကေနလည္း ကာကြယ္ေပးႏိုင္ပါတယ္။

ကင္ဆာကာကြယ္ေပးတယ္

မက္မြန္သီးကလည္း အျခားအသီးေတြလိုပဲ ခႏၶာကိုယ္ကို အက်ိဳးျပဳတဲ့ ျဒပ္ေပါင္းမ်ားစြာပါဝင္ေနသလို ကင္ဆာတိုက္ဖ်က္ႏိုင္ တဲ့ ပ႐ိုတင္းလည္း ပါဝင္ေနပါတယ္။

မက္မြန္သီးရဲ႕ အသားလႊာမွာ ကင္ဆာတိုက္ဖ်က္ေပးႏိုင္တဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြျဖစ္ၾကတဲ့ ကာ႐ိုတီးႏြိဳက္ နဲ႔ caffeic အက္ဆစ္တို႔ပါဝင္ေနပါတယ္။ ေလ့လာမႈတစ္ရပ္အရ ေလဒီေလးေတြအေနနဲ႔ တစ္ေန႔ကို မက္မြန္သီး ၂ လုံးပုံမွန္စားေပးတာက ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ၄၁ ရာခိုင္ႏႈန္းအထိေလ်ာ့က်ေစႏိုင္ပါတယ္တဲ့။

ဓာတ္မတည့္မႈကို သက္သာေလ်ာ့ပါးေစႏိုင္တယ္

ခႏၶာကိုယ္က ဓာတ္မတည့္တဲ့အရာတစ္ခုခုနဲ႔ ထိေတြ႕တဲ့အခါ ဓာတ္မတည့္မႈကို တုံ႔ျပန္ဖို႔ ခႏၶာကိုယ္ရဲ႕ ကိုယ္ခံအားစနစ္က histamines လို႔ေခၚတဲ့ ဓာတုပစၥည္းကို ထုတ္လႊတ္ပါတယ္။ ဒီလိုထုတ္လႊတ္ခုခံတဲ့အခါ ခႏၶာကိုယ္က ႏွာေခ်တာ၊ ယားယံတာနဲ႔ ေခ်ာင္းဆိုးတာလိုမ်ိဳး ဓာတ္မတည့္မႈလကၡဏာေတြ ျဖစ္ေပၚလာပါတယ္။

ေလ့လာမႈေတြအရကေတာ့ မက္မြန္သီးက ဓာတ္မတည့္မႈေၾကာင့္ျဖစ္တဲ့ ေရာင္ရမ္းမႈေတြကို ေလ်ာ့ပါးသက္သာေစႏိုင္တယ္လို႔ ေတြ႕႐ွိခဲ့ရပါတယ္။ ဒါေၾကာင့္ ဓာတ္မတည့္ျဖစ္တတ္သူေလးေတြအေနနဲ႔ မက္မြန္သီးက စားေပးသင့္တဲ့ အသီးတစ္မ်ိဳးေပါ့။

အနာက်က္ေစႏိုင္တယ္

ႏူးညံ့ၿပီး စားေကာင္းတဲ့ မက္မြန္သီးမွာ ဗီတာမင္ C က ၁၅ ရာခိုင္ႏႈန္းပါဝင္ေနတာေၾကာင့္ ကိုယ္ခံအားကို ေကာင္းမြန္ေစႏိုင္သလို အနာေတြကိုလည္း ျမန္ျမန္က်က္ေစႏိုင္ပါတယ္။ ဆဲလ္ေတြထိခိုက္ ပ်က္စီးမႈမ႐ွိေအာင္ ကာကြယ္ေပး ပါတယ္။

အျမင္အာ႐ုံ ေကာင္းေစႏိုင္တယ္

မက္မြန္သီးမွာ ဘီတာကယ္႐ိုတင္းလို႔ေခၚတဲ့ ဓာတ္တိုးဆန္႔က်င္ ပစၥည္းတစ္မ်ိဳးပါဝင္ေနပါတယ္။ မက္မြန္သီးကို စားလိုက္တဲ့အခါ ဒီဓာတ္က ခႏၶာကိုယ္အတြင္းမွာ ဗီတာမင္ A အျဖစ္ေျပာင္းလဲၿပီး အျမင္အာ႐ုံက်န္းမာေစဖို႔ အေထာက္အပံ့ေပးပါတယ္။ မက္မြန္သီးက အျမင္အာ႐ုံတင္မဟုတ္ဘဲ ကိုယ္ခံအားစနစ္အပါအဝင္ ခႏၶာကိုယ္ကို အမ်ားႀကီး အေထာက္အပံ့ေပးပါတယ္။

ဆီးခ်ိဳသမားေတြနဲ႔ သင့္ေတာ္တယ္

ေလ့လာမႈေတြအရ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြက ေသြးတြင္းသၾကားဓာတ္ကို က်ဆင္းေစႏိုင္တယ္လို႔ ေတြ႕႐ွိခဲ့ရပါတယ္။ ေျပာခ်င္တာကေတာ့ မက္မြန္သီးစားတာက အမ်ိဳးအစား ၁ ဆီးခ်ိဳသမားေတြမွာေရာ အမ်ိဳးအစား ၂ ဆီးခ်ိဳသမာေတြမွာပါ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညႇိေပးႏိုင္ၿပီး အင္ဆူလင္ပမာဏကို တိုးေစႏိုင္ပါတယ္။

ဘာေတြ သတိထားရမလဲ

မက္မြန္သီးက က်န္းမာေရးအတြက္ ေကာင္းတာမွန္ေပမယ့္ အလြန္အကြၽံ မစားဖို႔ေတာ့ လိုပါမယ္။

ဘယ္သူေတြ မစားသင့္ဘူးလဲ

ေရာဂါအခံ႐ွိသူေတြ၊ က်န္းမာေရး အေျခအေန တစ္ရပ္ရပ္ေၾကာင့္ ေဆးပုံမွန္ ေသာက္ေနရသူေတြအေနနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္ၿပီးမွ စားေပးသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
“တခြားသူတွေမှာ ငွေရှိပြီး ကျွန်တော့်မှာ ငွေမရှိတာ မတရားဘူးလို့ တွေးခဲ့မိတယ်” (သို့) သြစတေးလျတွင် တန်ဖိုးနည်းအငှားအိမ်ရာတ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
စင်္ကာပူတွင် ကျင်းပခဲ့သော ရွှေဒင်္ဂါး ပံ့သကူပစ်ပွဲ (သို့မဟုတ်) စင်္ကာပူတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ကျင်းပနေသော ရတနာရှာ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Grand Aung Thar Yar
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service