နေရေးထက် သေရေးခက်
နေရေးထက် သေရေးခက် - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2023 1:21 pm တွင် တင်ခဲ့သည်
572 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
လူရယ်လို့ ဖြစ်လာပြီဆို စား၊ ဝတ်၊ နေရေး ဆိုတဲ့ အရေးသုံးပါးအပြင် သူများတန်းတူ လူတန်းစေ့နေနိုင်အောင် ကြိုးစားကြရတယ်။
မိမိအတွက်အပြင် မိသားစုအတွက်ပါ လုံးပန်းကြရတယ်။ သူများတန်းတူ စားနိုင်၊ ဝတ်နိုင်၊ နေနိုင်အောင် ရုန်းကန်ကြရတယ်။
တချို့လူတွေကျ ကုသိုလ်ကံကောင်းကြတယ်။ မွေးတည်းက ဘာမှ ပူပင်စရာမလိုဘဲ နေနိုင်၊ စားနိုင်၊ ဝတ်နိုင်ကြတယ်။
တချို့ကျတော့လည်း တနေ့လုပ်မှ တနေ့စားကြရတယ်။ တချို့ကျတော့လည်း တနေ့လုပ်တာတောင် တနေ့စားရဖို့မလွယ်ကြဘူး။ ခက်ခဲကြတယ် ၊ ပင်ပန်းကြတယ်၊ ရုန်းကန်နေရင်းကို ထမင်းနပ်မမှန်တာတွေရှိတယ်။
ဝတ်ရေးဆိုလည်း ခုခေတ်မှာ ရေသည်ယောက်ျား၊ ရေသည်မိန်းမတို့လို အဖာတစ်ရာနဲ့ မဟုတ်ကြတော့ပေမယ့် ပေတေနေတဲ့ တစ်ထည်ကိုပဲ ထပ်တလဲလဲ ဝတ်နေရသူတွေရှိတယ်။ တချို့ကျတော့လည်း အသစ်မဝယ်နိုင်ပေမယ့် ရှိတာလေးနဲ့ လှအောင်ဝတ်ကြသူတွေရှိတယ်။
စားရေး၊ ဝတ်ရေးတွေထက် အရေးကြီးတာကတော့ နေရေးပေါ့။ စားတာတွေ ၊ ဝတ်တာတွေကို ကြုံသလို ဖြေရှင်းလို့ရပေမယ့် ကျောတခင်းစာအိပ်ဖို့အတွက်တော့ ခက်ခဲကြတယ်။ လူတိုင်း အိမ်မပိုင်ကြဘူး။ ဒီခေတ်ကာလထဲ ပိုဆိုးလာတာက အိမ်ခြေရာမဲ့ ပိုများလာတယ်။ အိမ်ငှားနေဖို့ကြတော့လည်း တစ်လ ၅ သောင်း၊ ၁သိန်းကနေ စရှိနေတော့ စားဖို့တောင် ရုန်းကန်နေကြရတဲ့လူတွေမှာ တစ်လ တစ်လ အလျှင်မီအောင် မနည်းကြိုးစားရရှာတယ်။
အဲ့ဒါတွေထက် အခက်ဆုံးကတော့ သေရေးပဲနော်။ ရန်ကုန်မှာဆို သေတာနဲ့ ဆွဲချပြီး Dead body ကို ရေဝေးမှာထား၊ အဲ့အတွက်လည်း အသုဘပြင်ဆင်စရိတ် ဘာညာလည်း ရှိကြဦးမယ်။
နယ်မှာဆိုရင်တော့ သေပြီဆိုတာနဲ့ အိမ်ပေါ်မှာ ၃ရက် (သို့) ၅ ရက်ထားပြီး အမျိုးတွေကို စောင့်ကြရတယ်။ နေစရာရှိသူတွေအတွက်တော့ ကိုယ့်အိမ်ပေါ်တင်ထားရုံဆိုပေမယ့် နေစရာမရှိသူတွေအတွက်ဆို ဒီ Dead body ဘယ်နားသွားထားကြမလဲ။ အသက်ရှင်နေတဲ့လူနေစရာမရှိရင်သာ အမျိုးအိမ် တစ်လလောက်ကပ်နေတာ၊ သူငယ်ချင်းအိမ် ခဏတဖြုတ်ကပ်နေလို့ရပေမယ့် ဒီသေလူကျ ဘယ်အိမ်ကလက်ခံမလဲနော်။ အိမ်မှာထားစရာမရှိလို့ ချက်ချင်းမြှုပ်မယ်ဆိုတော့လည်း မြေကဝယ်ရသေးတာတဲ့နော်။
ဟိုတနေ့က နေတဲ့အိမ်နားက အသိတစ်ယောက်ဆုံးလို့ အသုဘလိုက်ပို့တော့ မေးကြည့်တာ လူသေအလောင်းမြှုပ်ဖို့က မြေဝယ်ရတယ်တဲ့ လူတစ်ဦးကို ၃ သိန်းလား၊ မြေတစ်တောင်ကို ၃ သိန်းလားပဲ။ ဒါကတော့ နေတဲ့ မြို့ပေါ်မူတည်ပြီး ဈေးကွာကြမှာပေါ့။ ရန်ကုန်မှာဆိုရင် မြေဈေးကပိုကြီးမှာပေါ့။
စားဝတ်နေရေးတောင် မနည်းကြိုးစားရုန်းကန်နေကြရတာဆိုတော့ သေတဲ့အခါ Dead Body ထားဖို့၊ မြှုပ်တဲ့အခါ မြေဝယ်ဖို့တွေကလည်းရှိနေတော့ အဲ့ဒါကြောင့်ပဲ နေရေးထက် သေရေးခက်လို့ စကားလေး ရှိခဲ့ကြတာနေမှာ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နေရေးထက် သေရေးခက်
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service