အလိုအလျောက် လှုပ်ရမ်းနေသော ပုဏ္ဍကတိုက်နေသည့် မီးအိမ်၊ တံခါးဆောင့်ပိတ်သံများနှင့် စုံတွဲတစ်တွဲ ထွက်ပြေးခဲ့ရသည့် ခြောက်ခြားဖွယ်စံအိမ် ၊ ရုပ်ရှင်မင်းသမီး ကက်သရင်း ဟက်ဘန်းလည်း ထွက်ပြေးခဲ့ဖူး

အလိုအလျောက် လှုပ်ရမ်းနေသော ပုဏ္ဍကတိုက်နေသည့် မီးအိမ်၊ တံခါးဆောင့်ပိတ်သံများနှင့် စုံတွဲတစ်တွဲ ထွက်ပြေးခဲ့ရသည့် ခြောက်ခြားဖွယ်စံအိမ် ၊ ရုပ်ရှင်မင်းသမီး ကက်သရင်း ဟက်ဘန်းလည်း ထွက်ပြေးခဲ့ဖူး - Property News in Myanmar from iMyanmarHouse.com
30 Jan 2023 10:55 am တွင် တင်ခဲ့သည်
737 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိမြို့တွင် ကြမ်းပြင်တွင် ထားရှိသော မတ်တပ်မီးအိမ်ကြီးမှာ ပုဏ္ဍကတိုက်ကာ ပြင်းထန်စွာ လှုပ်ရမ်းလာသောကြောင့် စုံတွဲတစ်တွဲ ထွက်ပြေးခဲ့ရသည့် ခြောက်ခြားဖွယ် စံအိမ်ကြီးတစ်လုံးရှိသည်။

ရုပ်ရှင်မင်းသမီး ကက်သရင်း ဟက်ဘန်းလည်း တချိန်က သရဲခြောက်သော ဤနေအိမ်ကြီးမှ ထွက်ပြေးခဲ့ဖူးသည်။

The Sun သတင်းဌာနမှ ရရှိခဲ့သော ဗွီဒီယိုဖိုင်တစ်ခုအရ ထိုအိမ်တွင် နေထိုင်သူ အသက် ၄၆ နှစ်အရွယ်ရှိ အာမန်ဒါ မိုက်ကယ် (Amanda Michaels)သည် ကြမ်းပြင်မီးအိမ်ကို မီးဖွင့်ရန် ထလာချိန်တွင် မီးအိမ်မှာ အနီးတွင် လူတစ်ဦးမှ မရှိဘဲ ပြင်းထန်စွာ လှုပ်ရမ်းလာခဲ့သောကြောင့် အာမန်ဒါမှာ ခြောက်ခြားနေပုံကို တွေ့ရသည်။

အဆိုပါ ဗွီဒီယိုဖိုင်ကို Ring camera ဟုခေါ်သော လျှို့ဝှက်ကင်မရာတစ်မျိုးဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။

(မှတ်ချက်။ Ring camera ဟူသည်မှာ စေ့စပ်လက်စွပ်ဘူးထဲတွင် လျှို့ဝှက်ထည့်သွင်းသည့် ကင်မရာတစ်မျိုးဖြစ်ပြီး စေ့စပ်လက်စွပ်ပေးကာ ကမ်းလှမ်းချိန်မျိုးတွင် ခလုပ်နှိပ်ကာ မှတ်တမ်းတင်သည့် ကင်မရာဖြစ်သည်။)

(ကြမ်းပြင်မတ်တပ်မီးအိမ်ရှိရာသို့ အာမန်ဒါ ထသွားပုံကို လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးထားပုံ။ ဓာတ်ပုံ-Credit: Craig Michaels)

(လော့စ်အိန်ဂျလိမြို့ ၊ Coldwater Canyon အရပ်တွင် တည်ရှိသည့် သရဲခြောက်သော စံအိမ်ရှေ့တွင် Craig Michaels ကိုတွေ့ရပုံ။ ဓာတ်ပုံ- Credit: Mike Charles)

အာမန်ဒါသည် သူ၏ လက်ကိုင်ဖုန်းနှင့် ခွေးကို ကောက်ချီပြီး ချက်ချင်းထွက်သွားကာ ခင်ပွန်းဖြစ်သူ Craig ကို ခေါ်ခဲ့သည်။

အဆိုပါ နေအိမ်အတွင်း ဆန်းကြယ်သော ထုနှက်သံများနှင့် ကျောချမ်းခြောက်ခြားဖွယ်ရာ ဖြစ်ရပ်များ ကြုံတွေ့ရပြီးနောက် Craig က နေအိမ်အတွင်း လျှို့ဝှက်ကင်မရာများ တပ်ဆင်ပေးခြင်း ဖြစ်သည်။

Craig တို့ဇနီးမောင်နှံ နေထိုင်လျှက်ရှိသော အဆိုပါစံအိမ်ကို တချိန်က ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးကြီး ကက်သရင်း ဟက်ဘန်းလည်း သရဲခြောက်သောကြောင့် ထွက်ပြေးခဲ့ဖူးပြီး ထိုအိမ်မှာ သရဲခြောက်ကြောင်း ဟက်ဘန်းက အတည်ပြုထားသည်။

အာမန်ဒါ၏ ခင်ပွန်း အသက် ၅၈ နှစ်အရွယ်ရှိ Craigက The Sun သတင်းဌာနသို့ ပြောသည်မှာ “အာမန်ဒါက ကျွန်တော်ကို ဖုန်းဆက်ပြောတယ်။ ကို…အိမ်ကို မြန်မြန် ပြန်လာခဲ့ပါဦး။ ဒီမှာ ထူးဆန်းတာတွေ ဖြစ်နေပြီ။”ဟု ပြောသည်။

“ကျွန်တော်တို့ ဟိုတယ်မှာ ၂ ရက်သွားနေခဲ့ကြတယ်။ အခုတော့ အိမ်ကိုပြန်နေနေပြီ။ သူ့ထက် ကျွန်တော်က ပိုကြောက်တယ်လို့ ထင်ပါတယ်။ ဒါက တကယ်ခြောက်ခြားစရာပါပဲ။ ”

(ဧည့်ခန်းအတွင်းရှိ မီးအိမ် ပြင်းထန်စွာ လှုပ်ရမ်းလာသောကြောင့် အာမန်ဒါမှာ တုန်လှုပ်ခြောက်ခြားကာ ပြေးထွက်သွားခဲ့သည်။ ဓာတ်ပုံ- Credit: Craig Michaels)

(ရုပ်ရှင်မင်းသမီး ကက်သရင်း ဟက်ဘန်းက ပြောသည်မှာ ထိုအိမ်မှာ သရဲခြောက်သောကြောင့် ထိုအိမ်ဘေးရှိ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း ပြောသည်။ ဓာတ်ပုံ- Credit: Getty Images - Getty)

“ကျွန်တော်တို့ တစ်ခြားနေရာတစ်ခုမှာ သွားနေနေတုန်း ကျွန်တော့်သူငယ်ချင်းက ဒီအိမ်မှာ လာနေတယ်။ သူပြောတာက တစ်အိမ်လုံး အသံမျိုးစုံဆူညံနေတာ ငရဲပြည်လိုပါပဲ…လို့ ပြောပါတယ်။”ဟု Craigက ပြောသည်။

“ကျွန်တော်တို့ ဒီအိမ်ကြီးမှာ စနေတဲ့ ပထမဆုံးနေ့ကတည်းက အသံတွေ ကြားရတယ်။ တစ်ယောက်ယောက် က ဘူးတွေကို ထုနေသလိုမျိုး ၊ တံခါးကို ဒိုင်းကနဲ ဆောင့်ပိတ်လိုက်သံမျိုး ကြားရပါတယ်။”

“အိမ်ထဲမှာ ခြေသံလို အသံတွေလဲ ကြားရတယ်။ တချို့နေရာကို ရောက်သွားရင် ချက်ချင်းအေးစိမ့်လာတယ်။ ပစ္စည်းတွေ အထားမှားရာကနေ ပြန်တွေ့တာမျိုးတွေ ဖြစ်လေ့ရှိတယ်။”

“ညဘက်တွေမှာဆိုရင် ကိုယ့်ကို တစ်ယောက်ယောက်က ကြည့်နေသလိုမျိုး ခံစားရတယ်။ ဒါက တကယ်ခြောက်ခြားဖို့ကောင်းပါတယ်။ အသံတွေကလည်း တချိန်လုံးကြားနေရတော့ ကျွန်တော် အိပ်လို့မရပါဘူး။”

(အာမန်ဒါတို့၏ သရဲခြောက်သော နေအိမ်ဘေးတွင် ရုပ်ရှင်မင်းသား Boris Karloff နေထိုင်ခဲ့ဖူးသော စံအိမ်တည်ရှိသည်။ ဓာတ်ပုံ- Credit: Mike Charles)

(ဟောလိဝုဒ်ရုပ်ရှင်မင်းသား Boris Karloff သည် သွေးစုတ်ဖုတ်ကောင် ဇာတ်ကား Frankenstein ဖြင့် လူသိများပြီး ကပ်လျှက်ချိန်တွင် တချိန်က နေထိုင်ခဲ့ဖူးသည်။ ဓာတ်ပုံ- Credit: Getty Images - Getty)

“မီးအိမ်ကြီး စပြီး လှုပ်ရမ်းလာတဲ့အချိန် ကျွန်မလည်း ထွက်ပြေးခဲ့ပါတယ်။ ကျွန်မ တုန်လှုပ်ခြောက်ခြား နေခဲ့တယ်။ ဒီအိမ်က သရဲခြောက်တယ်ဆိုတာ ကျွန်မသိပါတယ်။”ဟု အာမန်ဒါက ပြောသည်။

ကက်သရင်း ဟက်ဘန်းသည် Hacienda ဗိသုကာဟန်ဖြင့် ၁၉၂၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော သရဲခြောက်သည့် ဤစံအိမ်ကြီးတွင် ၅ နှစ်တာ နေထိုင်ခဲ့ကာ ဘေးခြံတွင် နေသော ရုပ်ရှင်မင်းသား Karloff အား ရောင်းချခဲ့ခြင်း ဖြစ်သည်။

ကက်သရင်း ဟက်ဘန်းမှာ သရဲခြောက်သောကြောင့် ပြောင်းရွှေ့သွားခြင်းလည်း ဖြစ်သည်။

(ရုပ်ရှင်မင်းသား Karloff နေအိမ်အတွင်း ခွေးများနှင့် ဆော့ကစားနေပုံ။ ဓာတ်ပုံ- Credit: Getty Images - Getty)

ယခုခြံဝန်းကို စိတ်ပိုင်းရောင်းချပြီးနောက် အာမန်ဒါတို့ ဇနီးမောင်နှံမှာ ထိုဝန်းအတွင်းတွင်ရှိသော နေအိမ်သစ်သို့ ယခုနှစ်အစောပိုင်းတွင် ပြောင်းရွှေ့ခဲ့သည်။

သရဲခြောက်သော နေအိမ်ဟောင်းမှာ တည်ရှိနေဆဲဖြစ်ပြီး နောက်ဆုံးနေထိုင်သွားသော ပိုင်ရှင်များမှာလည်း တစ်လခန့်သာ နေထိုင်ကာ ရွှေ့ပြောင်းသွားကြသည်။

အာမန်ဒါတို့ ဇနီးမောင်နှံမွေးမြူထားသော ဆိုက်ဘေးရီးယား ခွေးကြီး Luna မှာ အကြောင်းတစုံတရာမရှိဘဲ မီးအိမ်ကြီးကို ထိုးဟောင်နေခဲ့သည်ဟု ဆိုသည်။

Craig က တစ်အိမ်လုံးတွင် လျှို့ဝှက်ကင်မရာများတပ်ဆင်ခဲ့သည်။

“ဧည့်ခန်းမှာ နှစ်ဖက်လုံးကနေ ကင်မရာ ၂ လုံး ၊ အရက်ဘားမှာ ၂ လုံး ၊ မီးဖိုဆောင်မှာ ၁ လုံးနဲ့ အိမ်အပြင်ဘက်မှာ ၈ လုံး တပ်ဆင်ထားပါတယ်။ ”

“ဧည့်ဂေဟာအိမ်နဲ့ အိမ်နောက်ဖက်မှာလည်း ၂ လုံးတပ်ထားပါတယ်။”

“ဒီကင်မရာတွေအားလုံးကို ကျွန်တော့်ဖုန်းနဲ့ ချိတ်ထားတယ်။ ကင်မရာတွေက အမြဲတမ်း အပိတ်ခံရတယ်။ သွားကြည့်ရင် ဘယ်သူမှ မရှိပါဘူး။”

Craig ကပြောသည်မှာ အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်သော ၎င်းတို့၏ အိမ်သို့ ပရလောကသုတေသီများ ဖိတ်ခေါ်ရန် စီစဉ်ထားကြောင်း ၊ ယင်းနောက်တွင် ဘုန်းတော်ကြီးများ ပင့်ဖိတ်မည် ဖြစ်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: HOUSE OF HORRORS Terrifying moment ‘poltergeist shakes lamp’ as couple flee home where Katharine Hepburn once escaped ‘haunted’ house (the-sun)

[Zawgyi]

အလိုအေလ်ာက္ လႈပ္ရမ္းေနေသာ ပု႑ကတုိက္ေနသည့္ မီးအိမ္၊ တံခါးေဆာင့္ပိတ္သံမ်ားႏွင့္ စံုတြဲတစ္တြဲ ထြက္ေျပးခဲ့ရသည့္ ေျခာက္ျခားဖြယ္စံအိမ္ ၊ ရုပ္ရွင္မင္းသမီး ကက္သရင္း ဟက္ဘန္းလည္း ထြက္ေျပးခဲ့ဖူး

အေမရိကန္ျပည္ေထာင္စု ၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ၾကမ္းျပင္တြင္ ထားရွိေသာ မတ္တပ္မီးအိမ္ၾကီးမွာ ပု႑ကတိုက္ကာ ျပင္းထန္စြာ လႈပ္ရမ္းလာေသာေၾကာင့္ စံုတြဲတစ္တြဲ ထြက္ေျပးခဲ့ရသည့္ ေျခာက္ျခားဖြယ္ စံအိမ္ၾကီးတစ္လံုးရွိသည္။

ရုပ္ရွင္မင္းသမီး ကက္သရင္း ဟက္ဘန္းလည္း တခ်ိန္က သရဲေျခာက္ေသာ ဤေနအိမ္ၾကီးမွ ထြက္ေျပးခဲ့ဖူးသည္။

The Sun သတင္းဌာနမွ ရရွိခဲ့ေသာ ဗီြဒီယိုဖုိင္တစ္ခုအရ ထိုအိမ္တြင္ ေနထိုင္သူ အသက္ ၄၆ ႏွစ္အရြယ္ရွိ အာမန္ဒါ မိုက္ကယ္ (Amanda Michaels)သည္ ၾကမ္းျပင္မီးအိမ္ကို မီးဖြင့္ရန္ ထလာခ်ိန္တြင္ မီးအိမ္မွာ အနီးတြင္ လူတစ္ဦးမွ မရွိဘဲ ျပင္းထန္စြာ လႈပ္ရမ္းလာခဲ့ေသာေၾကာင့္ အာမန္ဒါမွာ ေျခာက္ျခားေနပံုကို ေတြ႔ရသည္။

အဆိုပါ ဗြီဒီယိုဖုိင္ကို Ring camera ဟုေခၚေသာ လွ်ိဳ႕ဝွက္ကင္မရာတစ္မ်ဳိးျဖင့္ ရုိက္ကူးထားျခင္း ျဖစ္သည္။

(မွတ္ခ်က္။ Ring camera ဟူသည္မွာ ေစ့စပ္လက္စြပ္ဘူးထဲတြင္ လွ်ိဳ႕ဝွက္ထည့္သြင္းသည့္ ကင္မရာတစ္မ်ဳိးျဖစ္ျပီး ေစ့စပ္လက္စြပ္ေပးကာ ကမ္းလွမ္းခ်ိန္မ်ိဳးတြင္ ခလုပ္ႏွိပ္ကာ မွတ္တမ္းတင္သည့္ ကင္မရာျဖစ္သည္။)

(ၾကမ္းျပင္မတ္တပ္မီးအိမ္ရွိရာသို႔ အာမန္ဒါ ထသြားပံုကို လွ်ိဳ႕ဝွက္ကင္မရာျဖင့္ ရုိက္ကူးထားပံု။ ဓာတ္ပံု-Credit: Craig Michaels)

(ေလာ့စ္အိန္ဂ်လိျမိဳ႕ ၊ Coldwater Canyon အရပ္တြင္ တည္ရွိသည့္ သရဲေျခာက္ေသာ စံအိမ္ေရွ႕တြင္ Craig Michaels ကိုေတြ႔ရပံု။ ဓာတ္ပံု- Credit: Mike Charles)

အာမန္ဒါသည္ သူ၏ လက္ကိုင္ဖုန္းႏွင့္ ေခြးကို ေကာက္ခ်ီျပီး ခ်က္ခ်င္းထြက္သြားကာ ခင္ပြန္းျဖစ္သူ Craig ကို ေခၚခဲ့သည္။

အဆိုပါ ေနအိမ္အတြင္း ဆန္းၾကယ္ေသာ ထုႏွက္သံမ်ားႏွင့္ ေက်ာခ်မ္းေျခာက္ျခားဖြယ္ရာ ျဖစ္ရပ္မ်ား ၾကံဳေတြ႔ရျပီးေနာက္ Craig က ေနအိမ္အတြင္း လွ်ိဳ႕ဝွက္ကင္မရာမ်ား တပ္ဆင္ေပးျခင္း ျဖစ္သည္။

Craig တို႔ဇနီးေမာင္ႏွံ ေနထိုင္လွ်က္ရွိေသာ အဆိုပါစံအိမ္ကို တခ်ိန္က ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီးၾကီး ကက္သရင္း ဟက္ဘန္းလည္း သရဲေျခာက္ေသာေၾကာင့္ ထြက္ေျပးခဲ့ဖူးျပီး ထုိအိမ္မွာ သရဲေျခာက္ေၾကာင္း ဟက္ဘန္းက အတည္ျပဳထားသည္။

အာမန္ဒါ၏ ခင္ပြန္း အသက္ ၅၈ ႏွစ္အရြယ္ရွိ Craigက The Sun သတင္းဌာနသို႔ ေျပာသည္မွာ “အာမန္ဒါက ကၽြန္ေတာ္ကို ဖုန္းဆက္ေျပာတယ္။ ကုိ…အိမ္ကုိ ျမန္ျမန္ ျပန္လာခဲ့ပါဦး။ ဒီမွာ ထူးဆန္းတာေတြ ျဖစ္ေနျပီ။”ဟု ေျပာသည္။

“ကၽြန္ေတာ္တို႔ ဟိုတယ္မွာ ၂ ရက္သြားေနခဲ့ၾကတယ္။ အခုေတာ့ အိမ္ကိုျပန္ေနေနျပီ။ သူ႔ထက္ ကၽြန္ေတာ္က ပိုေၾကာက္တယ္လို႔ ထင္ပါတယ္။ ဒါက တကယ္ေျခာက္ျခားစရာပါပဲ။ ”

(ဧည့္ခန္းအတြင္းရွိ မီးအိမ္ ျပင္းထန္စြာ လႈပ္ရမ္းလာေသာေၾကာင့္ အာမန္ဒါမွာ တုန္လႈပ္ေျခာက္ျခားကာ ေျပးထြက္သြားခဲ့သည္။ ဓာတ္ပံု- Credit: Craig Michaels)

(ရုပ္ရွင္မင္းသမီး ကက္သရင္း ဟက္ဘန္းက ေျပာသည္မွာ ထုိအိမ္မွာ သရဲေျခာက္ေသာေၾကာင့္ ထိုအိမ္ေဘးရွိ ေနအိမ္သို႔ ေျပာင္းေရႊ႕ေနထိုင္ခဲ့ေၾကာင္း ေျပာသည္။ ဓာတ္ပံု- Credit: Getty Images - Getty)

“ကၽြန္ေတာ္တို႔ တစ္ျခားေနရာတစ္ခုမွာ သြားေနေနတုန္း ကၽြန္ေတာ့္သူငယ္ခ်င္းက ဒီအိမ္မွာ လာေနတယ္။ သူေျပာတာက တစ္အိမ္လံုး အသံမ်ဳိးစံုဆူညံေနတာ ငရဲျပည္လုိပါပဲ…လို႔ ေျပာပါတယ္။”ဟု Craigက ေျပာသည္။

“ကၽြန္ေတာ္တို႔ ဒီအိမ္ၾကီးမွာ စေနတဲ့ ပထမဆံုးေန႔ကတည္းက အသံေတြ ၾကားရတယ္။ တစ္ေယာက္ေယာက္ က ဘူးေတြကို ထုေနသလိုမ်ိဳး ၊ တံခါးကို ဒိုင္းကနဲ ေဆာင့္ပိတ္လိုက္သံမ်ဳိး ၾကားရပါတယ္။”

“အိမ္ထဲမွာ ေျခသံလို အသံေတြလဲ ၾကားရတယ္။ တခ်ိဳ႕ေနရာကို ေရာက္သြားရင္ ခ်က္ခ်င္းေအးစိမ့္လာတယ္။ ပစၥည္းေတြ အထားမွားရာကေန ျပန္ေတြ႔တာမ်ိဳးေတြ ျဖစ္ေလ့ရွိတယ္။”

“ညဘက္ေတြမွာဆိုရင္ ကိုယ့္ကို တစ္ေယာက္ေယာက္က ၾကည့္ေနသလိုမ်ဳိး ခံစားရတယ္။ ဒါက တကယ္ေျခာက္ျခားဖို႔ေကာင္းပါတယ္။ အသံေတြကလည္း တခ်ိန္လံုးၾကားေနရေတာ့ ကၽြန္ေတာ္ အိပ္လို႔မရပါဘူး။”

(အာမန္ဒါတို႔၏ သရဲေျခာက္ေသာ ေနအိမ္ေဘးတြင္ ရုပ္ရွင္မင္းသား Boris Karloff ေနထိုင္ခဲ့ဖူးေသာ စံအိမ္တည္ရွိသည္။ ဓာတ္ပံု- Credit: Mike Charles)

(ေဟာလိဝုဒ္ရုပ္ရွင္မင္းသား Boris Karloff သည္ ေသြးစုတ္ဖုတ္ေကာင္ ဇာတ္ကား Frankensteinျဖင့္ လူသိမ်ားျပီး ကပ္လွ်က္ခ်ိန္တြင္ တခ်ိန္က ေနထုိင္ခဲ့ဖူးသည္။ ဓာတ္ပံု- Credit: Getty Images - Getty)

“မီးအိမ္ၾကီး စျပီး လႈပ္ရမ္းလာတဲ့အခ်ိန္ ကၽြန္မလည္း ထြက္ေျပးခဲ့ပါတယ္။ ကၽြန္မ တုန္လႈပ္ေျခာက္ျခား ေနခဲ့တယ္။ ဒီအိမ္က သရဲေျခာက္တယ္ဆိုတာ ကၽြန္မသိပါတယ္။”ဟု အာမန္ဒါက ေျပာသည္။

ကက္သရင္း ဟက္ဘန္းသည္ Hacienda ဗိသုကာဟန္ျဖင့္ ၁၉၂၇ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ သရဲေျခာက္သည့္ ဤစံအိမ္ၾကီးတြင္ ၅ ႏွစ္တာ ေနထိုင္ခဲ့ကာ ေဘးျခံတြင္ ေနေသာ ရုပ္ရွင္မင္းသား Karloff အား ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ကက္သရင္း ဟက္ဘန္းမွာ သရဲေျခာက္ေသာေၾကာင့္ ေျပာင္းေရႊ႕သြားျခင္းလည္း ျဖစ္သည္။

(ရုပ္ရွင္မင္းသား Karloff ေနအိမ္အတြင္း ေခြးမ်ားႏွင့္ ေဆာ့ကစားေနပံု။ ဓာတ္ပံု- Credit: Getty Images - Getty)

ယခုျခံဝန္းကို စိတ္ပိုင္းေရာင္းခ်ျပီးေနာက္ အာမန္ဒါတို႔ ဇနီးေမာင္ႏွံမွာ ထိုဝန္းအတြင္းတြင္ရွိေသာ ေနအိမ္သစ္သို႔ ယခုႏွစ္အေစာပုိင္းတြင္ ေျပာင္းေရႊ႕ခဲ့သည္။

သရဲေျခာက္ေသာ ေနအိမ္ေဟာင္းမွာ တည္ရွိေနဆဲျဖစ္ျပီး ေနာက္ဆံုးေနထုိင္သြားေသာ ပိုင္ရွင္မ်ားမွာလည္း တစ္လခန္႔သာ ေနထုိင္ကာ ေရႊ႔ေျပာင္းသြားၾကသည္။

အာမန္ဒါတို႔ ဇနီးေမာင္ႏွံေမြးျမဴထားေသာ ဆိုက္ေဘးရီးယား ေခြးၾကီး Luna မွာ အေၾကာင္းတစံုတရာမရွိဘဲ မီးအိမ္ၾကီးကို ထိုးေဟာင္ေနခဲ့သည္ဟု ဆိုသည္။

Craig က တစ္အိမ္လံုးတြင္ လွ်ိဳ႕ဝွက္ကင္မရာမ်ားတပ္ဆင္ခဲ့သည္။

“ဧည့္ခန္းမွာ ႏွစ္ဖက္လံုးကေန ကင္မရာ ၂ လံုး ၊ အရက္ဘားမွာ ၂ လံုး ၊ မီးဖိုေဆာင္မွာ ၁ လံုးနဲ႔ အိမ္အျပင္ဘက္မွာ ၈ လံုး တပ္ဆင္ထားပါတယ္။ ”

“ဧည့္ေဂဟာအိမ္နဲ႔ အိမ္ေနာက္ဖက္မွာလည္း ၂ လံုးတပ္ထားပါတယ္။”

“ဒီကင္မရာေတြအားလံုးကို ကၽြန္ေတာ့္ဖုန္းနဲ႔ ခ်ိတ္ထားတယ္။ ကင္မရာေတြက အျမဲတမ္း အပိတ္ခံရတယ္။ သြားၾကည့္ရင္ ဘယ္သူမွ မရွိပါဘူး။”

Craig ကေျပာသည္မွာ အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ိဳးခန္း ၅ ခန္းပါဝင္ေသာ ၎တို႔၏ အိမ္သို႔ ပရေလာကသုေတသီမ်ား ဖိတ္ေခၚရန္ စီစဥ္ထားေၾကာင္း ၊ ယင္းေနာက္တြင္ ဘုန္းေတာ္ၾကီးမ်ား ပင့္ဖိတ္မည္ ျဖစ္ေၾကာင္း ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: HOUSE OF HORRORS Terrifying moment ‘poltergeist shakes lamp’ as couple flee home where Katharine Hepburn once escaped ‘haunted’ house (the-sun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service