ပါမစ်ပျောက်မြေအား မြေငှားစာချုပ် လျှောက်လို့ရလား။

ပါမစ်ပျောက်မြေအား မြေငှားစာချုပ် လျှောက်လို့ရလား။ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2023 3:27 pm တွင် တင်ခဲ့သည်
669 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ဒီနေ့ မိတ်ဆွေတစ်ယောက်က ဖုန်းဆက်လာတယ် ပါမစ်  မြေကွက်  တစ်ကွက်ကို ဝယ်ဖို့ စဉ်းစားနေတာ။ ဒါပေမယ့် ရောင်းမယ့်သူက ဆက်စပ်စာချုပ်တွေတော့ရှိတယ် ပါမစ်ကတော့ မိတ္တူဘဲ ဖြစ်နေလို့ ဝယ်ပြီးရင် မြေငှားစာချုပ် ထုတ်ပေးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှာ လျှောက်လို့ ရပါ့မလား ဆိုတာ စိုးရိမ်ပြီး လာမေးတာနဲ့ ဒီလိုလေးရှင်းပြပေးလိုက်ပါတယ်။

ပါမစ်မြေကို မြေငှားစာချုပ်ထုတ်ပေးဖို့ ပါမစ်ရရှိထားတဲ့သူရဲ့ အမည်ပေါက်ကဖြစ်စေ၊ သူ့ဆီကနေ စာချုပ် အဆက်အစပ်နဲ့ဖြစ်စေ လွှဲပြောင်းလက်ခံသူကဖြစ်စေ ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းတဲ့ တရားရုံးဒီဂရီရရှိသူက ဖြစ်စေ ပါမစ်မူရင်းကိုမတင်ပြနိုင်ရင် ပျောက်ဆုံးကြောင်းကို တင်ပြလျှောက်ထားလို့ရပါတယ်။ ပါမစ်ပျောက် တွေ မြေငှားစာချုပ် လျှောက်ထားတာနဲ့ပတ်သတ်ပြီး အောက်မှာ ဖော်ပြထားတဲ့အချက်အလက်တွေကို တင်ပြဖို့တော့လိုပါ့မယ်။

(က) ပြည့်စုံစွာ ဖော်ပြထားသည့် လျှောက်လွှာ(သတ်မှတ်ထားသည့်)၊

(ခ) ပါမစ်မူရင်းပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာ၊ မြေချပါမစ် ချထားခြင်းခံရသည့် မြို့နယ်ရဲစခန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံချက်၊ ပါမစ်ပျောက်ဆုံးကြောင်း ကိုယ်တိုင်ရေး ခံဝန်ကတိ၊

(ဂ)နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင်ကတ်ပြား (မိတ္တူ နှင့် မူရင်း)၊

(ဃ) အမည်ပေါက်သူမဟုတ်ပါက ဥပဒေနှင့်အညီ အမွေဆက်ခံခွင့်ရှိကြောင်း ကျမ်းကျိန်လွှာ၊ ထောက်ခံ ကျမ်းကျိန်လွှာ၊ သေစာရင်းနှင့် အိမ်ထောင်စုစာရင်း၊

(င) ပိုင်ဆိုင်မှု လွှဲပြောင်းထားသော ကတိစာချုပ်များ(မိတ္တူ နှင့် မူရင်း) သို့မဟုတ် ပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တရားရုံး အမိန့် ဒီကရီ (မိတ္တူ နှင့် မူရင်း)နှင့်

(စ) မြေငှားခ ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် သို့မဟုတ် မြေငှားခ နောက်ဆုံးပေးဆောင်ထား သည့်ပြေစာ (မိတ္တူ နှင့် မူရင်း)ကို တင်ပြပြီး လျှောက်ထားလို့ ရပါတယ်။

အဲ့လို တင်ပြ လျှောက်ထားလာတဲ့ အချက်အလက်တွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကနေ မူရင်းနဲ့ မိတ္တူကို တိုက်ဆိုင် စစ်ဆေးမယ်။ စစ်ဆေးပြီး ပြည့်စုံတယ်ဆိုရင် ဖော်ပြပါ စစ်ဆေးခြင်း တွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(က) အခွန်ခွဲဝေစည်းကြပ်မှု မှတ်ပုံတင်စာရင်းမှာ မူလ ပါမစ်မြေ ချပေးသူ အမည်နဲ့ တိုက်ဆိုင် စစ်ဆေး ခြင်း၊

(ခ) မြို့မြေစာရင်းမှာ နှစ် (၆၀) မြေငှားစာချုပ်(ဂရန်) ထုတ်ပေးထားတာ ရှိ မရှိ စစ်ဆေးခြင်း၊

(ဂ) ၁၉၈၇ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေနှင့် ငြိစွန်းမှု ရှိ မရှိ စစ်ဆေးခြင်း၊

(ဃ) ကန့်ကွက်ရန် ကြော်ငြာစာကို မြေပေါ်တွင် (၁) စောင်၊ လျှောက်ထားသူ ကာယကံရှင်ကို (၁) စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ (၁)စောင်စီကို လျှောက်ထားသူမှ ပေးပို့နိုင်ရေး ထုတ်ပေးခြင်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်အုပ်ချုပ်ရေးရုံးတို့မှ လက်ခံရရှိကြောင်း အထောက် အထား(၁)စောင်အား လျှောက်ထားသူက ပြန်လည်တင်ပြလာခြင်းကို စိစစ်ခြင်း၊

(င) သက်ဆိုင်ရာမြေတိုင်းအရာရှိမှ မြေပြင်အခြေအနေကို အသေးစိတ်တိုင်းတာစစ်ဆေးပြီး လျှောက်ထား သူသည် မြေပေါ်တွင် နေထိုင်ခြင်း ရှိ မရှိ၊ မရှိပါက ဌာနမှ သတ်မှတ်ထားသည့် အတိုင်းအတာပါ အဆောက် အဦး ရှိ မရှိ၊ ဓါတ်ပုံမှတ်တမ်းတို့ဖြင့် အစီရင်ခံ ပြုစုတင်ပြခြင်း၊

(စ) အထက်ပါ အချက်များ ပြည့်စုံမှန်ကန်မှုရှိပါက မြို့တော်သတင်းစာနှင့် ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတို့တွင် ကန့်ကွက်ရန် ရှိ မရှိ သီးခြားကြော်ငြာခြင်း၊

(ဆ) သတင်းစာကြော်ငြာပြီး သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက်မရှိပါက အဆင့်ဆင့် စိစစ်ပြီး ပါမစ်ပျောက်မြေစိစစ်ရေးအဖွဲ့သို့ တင်ပြခြင်းနှင့် ခွင့်ပြုချက်ရယူခြင်း၊

(ဇ) ပါမစ်ပျောက်မြေစိစစ်ရေးအဖွဲ့မှ စနစ်တကျစိစစ်၍ လျှောက်ထားသူ ကာယကံရှင်အား ခေါ်ယူ၍ ဌာနမှ သတ်မှတ်ခံဝန်ပုံစံတွင် လက်မှတ်ရေးထိုးစေခြင်း၊

(ဈ) သတ်မှတ်ရက်အတွင်း ကန့်ကွက်ချက် မရှိသည့်အပြင် ပါမစ်ပျောက်စိစစ်ရေးအဖွဲ့၏ ခွင့်ပြုချက် ရရှိပြီးပါက အဆင့်ဆင့် စိစစ်ပြီး ဌာနမှူး၏ ခွင့်ပြုချက် ရယူခြင်းနှင့် ကော်မတီဝင်များ အစည်းအဝေးသို့ တင်ပြ ခွင့်ပြုချက် ရယူခြင်း၊

(ည) ကော်မတီဝင်များ အစည်းအဝေးခွင့်ပြုချက်ရရှိပါက သတ်မှတ်ထားသော မြို့နယ်အလိုက် ဝန်ဆောင်ခ နှုန်းထားပေးသွင်းစေခြင်းနှင့် ဝန်ဆောင်ခပေးသွင်းပြီးပါက မြေငှားစာချုပ်(ဂရန်) တောင်းခံခြင်း၊

(ဋ) သက်ဆိုင်ရာ မြေတိုင်းမှ မြေငှားစာချုပ်များပေါ်တွင် အငှားချထားမည့်မြေ၏ အတိုင်းအတာပါသော မြေပုံကို ရေးဆွဲခြင်း၊

(ဌ) မြေငှားချထားသူ၊ မြေငှားစာချုပ် ချခြင်းခံရသူနှင့် သက်သေတို့ကို မြေငှားစာချုပ်များပေါ်တွင် လက်မှတ် ရေးထိုးစေခြင်းတို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါတွေ ဆောင်ရွက်ပြီးသွားပြီဆိုရင် ဌာနမှူးက အတည်ပြုလက်မှတ်ရေးထိုးပြီး ကာယကံရှင်ကို မြေငှားစာချုပ်(ဂရန်)ကို ထုတ်ပေးသွားမှာ ဆိုတာကို အကြံပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 



























နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service