ဒီလိုနေရာမျိုး လောကမှာ တကယ်ရှိရဲ့လား။ ပန်းချီကားတစ်ချပ်များလား? တရုတ်ပြည်က စိမ့်မြေတောအုပ်ကြီး
ဒီလိုနေရာမျိုး လောကမှာ တကယ်ရှိရဲ့လား။ ပန်းချီကားတစ်ချပ်များလား? တရုတ်ပြည်က စိမ့်မြေတောအုပ်ကြီး - Property News in Myanmar from iMyanmarHouse.com
26 Jan 2023 12:05 pm တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်အရှေ့ပိုင်း ကျန်းဆုပြည်နယ်၊ ယန်ကျိုးခရိုင်၊ ကျန်းဒူးကျေးရွာတွင် ယန်ဟု လုယန် အမည်ရှိ စိမ့်မြေဥယျာဉ်ကြီးတစ်ခု တည်ရှိသည်။
နွေကာလသို့ ရောက်ပြီဆိုလျှင် အလွန်အေးချမ်းသာယာလှပသော ရေပေါ်ဥယျာဉ်သို့ ကမ္ဘာလှည့်ခရီးသည်များစွာ ရောက်ရှိလာကာ လှေများဖြင့် လည်ပတ်ကြသည်။
ရေအနက် ၁ မီတာရှိသော ရေကန်ကြီးအတွင်း တမူထူးစွာ တောအုပ်ကြီးပေါက်ရောက်နေခြင်းလည်း ဖြစ်သည်။
(Metasequoia သို့မဟုတ် dawn redwood ဟုခေါ်သော သစ်ပင်ကြီးများကို သက်ရှိရုပ်ကြွင်းများဟုလည်း ခေါ်ကြသည်)
(ရေကန်ကြီးအတွင်း တစိတ်တပိုင်းမြုပ်နေသော သစ်ပင်ကြီးများမှာ ဆိတ်ငြိမ်အေးချမ်းသော အငွေ့အသက်များ ရရှိစေပြီး လာရောက်လည်ပတ်သူ ကမ္ဘာလှည့်ခရီးသည်များမှာ ရေပေါ်မျောနေသည့်သစ်ပင်ကြီးများသဖွယ် ခံစားကြရသည်)
(ကောင်းကင်ဓာတ်ပုံများတွင် တွေ့မြင်ရချက်အရ သစ်ပင်များကို အတန်းလိုက် စီရရီ စနစ်တကျ စိုက်ပျိုးထားသည်ကို တွေ့ရသည်)
(ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် တောအုပ်အတွင်း လှေဖြင့်လည်ပတ်နိုင်သကဲ့သို့ ခြေလျင်လည်း သွားလာကြည့်နိုင်သည်။ ရေမျောဆိပ်ခံများလည်းရှိရာ ထိုဆိပ်ခံများပေါ်မှလည်း ရေကန်အတွင်းလှည့်လည် ကြည့်ရှုနိုင်သည်)
(နွေကာလတွင် တမျှော်တခေါ် စိမ်းနေသော မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သော်လည်း ဆောင်းဦးနှင့် ဆောင်းကာလများတွင် အနီရောင်နှင့် ပန်းရောင် သစ်ပင် ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရမည် ဖြစ်သည်)
(တရုတ်ပြည်တစ်ဝန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုများစွာ ပြုလုပ်လျက်ရှိရာ တမူထူးသော ယခုတောအုပ်လည်း ပါဝင်သည်)
လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကာလအတွင်း ဒေသအာဏာပိုင်တို့က ကျေးလက်ဒေသစီးပွားရေးကို ပြန်လည်ရှင်သန်လာစေရန် ကြိုးပမ်းခဲ့ကြရာတွင် ဤရွာကလေးသည် စိုက်ပျိုးရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ခဲ့ရာ ကြီးမားသည့် တိုးတက်မှုများ ရရှိခဲ့သည်။
ကျေးရွာ ကွန်မြူနစ်ပါတီကော်မတီ အတွင်းရေးမှူး ကျန်းဖုလုံသည် လုယန်ရေကန်ကြီးကို တောရိုင်းနေရာ၊ စိမ့်မြေဥယျာဉ်နှင့် ကမ္ဘာလှည့်ခရီးသည်များ ဆွဲဆောင်နိုင်မည့်နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ရန် ယွမ်ငွေ သန်း ၂၀ (ကန်ဒေါ်လာ ၃ ဒသမ ၁၃ သန်း) သုံးစွဲကာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
ရင်ကောက်လုံအမည်ရှိ အသက် ၆၅ နှစ်အရွယ် ရွာသားကြီးတစ်ဦးက ပြောသည်မှာ ယခင်က လယ်စိုက်ခြင်းနှင့် အခြားအလုပ်ကြမ်းများလုပ်ကိုင်ခြင်းဖြင့် တစ်နှစ်လျှင် ယွမ်ငွေ ၂၀၀၀၀ ခန့်သာ အများဆုံးရခဲ့ကြောင်း ပြောသည်။
သို့သော် ကျေးရွာရှိ အပန်းဖြေစခန်းတစ်ခုတွင် အလုပ်ရခဲ့ပြီးနောက်ပိုင်း သူ၏ ဘဝမှာ ပြောင်းလဲသွားခဲ့သည်။ ထိုအလုပ်တွင် သူ၏ဝင်ငွေမှာ တစ်နှစ်လျှင် ယွမ်ငွေ ၆၀၀၀၀ နီးပါး ရရှိလာခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ကျေးရွာ၏ လူတစ်ဦးချင်းဝင်ငွေမှာ ယွမ်ငွေ ၅၀၀၀၀ ခန့် ရှိလာခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Did You Know There’s A Forest In China That Resembles A Floating Forest? (almostmag, chinadaily)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service