ဒေါ်လာ ၂၃၂ သန်း ထီပေါက်သော နွားကျောင်းသား ဝယ်ယူထားသော ဧက ၅၀၀၀၀ မွေးမြူရေးခြံကြီးကို ဒေါ်လာ ၃၇ သန်းဖြင့် ပြန်လည်ရောင်းချ

ဒေါ်လာ ၂၃၂ သန်း ထီပေါက်သော နွားကျောင်းသား ဝယ်ယူထားသော ဧက ၅၀၀၀၀ မွေးမြူရေးခြံကြီးကို ဒေါ်လာ ၃၇ သန်းဖြင့် ပြန်လည်ရောင်းချ - Property News in Myanmar from iMyanmarHouse.com
26 Jan 2023 11:15 am တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ တောင်ဒါကိုတာပြည်နယ်တွင် နီးလ်ဝမ်းလက်စ် အမည်ရှိ အသက် ၂၃ နှစ်အရွယ် နွားကျောင်းသားတစ်ဦးသည် Powerball jackpot ထီဆု ဒေါ်လာ ၂၃၂ ဒသမ ၁ သန်း ထီပေါက်ခဲ့ပြီးနောက် ဧက ၄၅၀၀၀ ကျော်ကျယ်သော မွေးမြူရေးခြံကြီးတစ်ခြံကို ဝယ်ယူခဲ့ကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြခဲ့သည်။

(မှတ်ချက်။ အဆိုပါ သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။)

(Bismarck Trail မွေးမြူရေးခြံကြီး၏ အဝင်ဝ။ ဓာတ်ပုံ- Hall and Hall)

Bismarck Trail မွေးမြူရေးခြံကြီးတွင် သားသတ်ရုံ ၊ အမိုးပါသော ပြိုင်ကွင်းနေရာ နှင့် သိုလှောင် အဆောက်အအုံများစွာ ပါဝင်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

(မွေးမြူရေးခြံကြီးတွင် ပင်မစံအိမ်အပြင် အခြားအဆောက်အအုံ ၃ လုံးလည်း ပါဝင်ရာ သားသတ်ရုံနှင့် မွေးမြူရေး တိရိ စာ္ဆန်များ ထားရှိသည့်နေရာတို့ အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ - Hall and Hall)

တည်နေရာမှာ တောင်ဒါကိုတာပြည်နယ် ၊ Vale မြို့တွင် တည်ရှိပြီး Rapid City ၏ မြောက်ဘက် ၅၁ မိုင်အကွာတွင် တည်ရှိကာ လူဦးရေ ၁၃၆ ဦးသာရှိသော မြို့ကလေးဖြစ်သည်။

ဈေးကွက်တင်ပေးသော အိမ်ခြံမြေကုမ္ပဏီ Hall and Hall ၏ အရောင်းမှတ်တမ်းတွင် ဖော်ပြချက်အရ ပင်မစံအိမ်တွင် အေးစက်သော ဆောင်းညများအတွက် အပူပေးစနစ်ပါသည့် ကြမ်းခင်း ၊ ရာသီဥတုဆိုးဝါးစဉ်ကာလများအတွင်း လျှပ်စစ်မီးရရှိစေရန် မီးစက်တို့ ပါဝင်ကြောင်း ဖော်ပြသည်။

ထီပေါက်သဖြင့် ဝယ်ယူထားသူ ဝမ်းလက်စ်က ကန်ဆတ်အခြေစိုက် J-Six South Dakota Land Holdings အမည်ရှိ ကုမ္ပဏီထံ ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် မကြာသေးမီက ပြန်လည် ရောင်းချခဲ့သည်။

အဆိုပါ ဈေးနှုန်းမှာ သူဝယ်ယူခဲ့စဉ်က ပေးခဲ့ရသော ဈေးနှုန်းထက် ၂ ဆကျော် များပြားကြောင်း Hall and Hall ကုမ္ပဏီမှ အိမ်ခြံမြေ အကျိုးဆောင် Robb Nelson က ဝေါစထရိ ဂျာနယ်သို့ ပြောသည်။

(မွေးမြူရေးခြံကြီးအတွင်း ဈေးဆိုင်များ ၊ သိုလှောင်ရုံများ များစွာ ပါဝင်သည်။ ဓာတ်ပုံ - Hall and Hall)

ဝမ်းလက်စ်က စတုရန်းပေ ၆၅၀၀ ကျယ်ဝန်းကာ အိပ်ခန်း ၅ ခန်းပါသော နေအိမ်တစ်လုံး ဖြည့်သွင်းဆောက်လုပ်ခဲ့သည်။

(ပင်မစံအိမ်တွင် ကား ၄စင်းဆန့် ကားဂိုဒေါင်တစ်လုံး ရှိသည်။ ဓာတ်ပုံ - Hall and Hall)

ယခု မွေးမြူရေးခြံကြီး၏ အမည်ပေါ်ပေါက်လာပုံမှာ ၁၈၇၀ ဝန်းကျင်က Black Hills တောင်တန်းကြီးတွင် ရွှေရှာခြင်း ခေတ်စားခဲ့စဉ်ကာလများက မြောက်ဒါကိုတာပြည်နယ် ၊ Bismarck မြို့မှ ရွှေတူးမည့်သူများ Deadwood မြို့သို့ သွားရာ လူသွားလမ်းကလေးကို အစွဲပြုကာ မွေးမြူရေးခြံကြီးကို Bismarck Trail ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

(မွေးမြူရေးခြံကြီးထဲမှ ပင်မခန်းမတွင် ရုပ်လုံးသွင်းတိရ စ္ဆာန်ရုပ်များ ပြသထားသည်။ ဓာတ်ပုံ- Hall and Hall)

ဝမ်းလက်စ်က ဝေါစထရိ ဂျာနယ်သို့ ပြောသည်မှာ ကနေဒါနိုင်ငံ ၊ British Columbia ပြည်နယ်ရှိ ဇနီးဖြစ်သူ မိသားစုပိုင် မွေးမြူရေးခြံတွင် နေထိုင်ရန်အတွက် ဤခြံကြီးကို ရောင်းချခြင်း ဖြစ်ကြောင်း ပြောသည်။

(မွေးမြူရေးခြံကြီးမှ မီးဖိုဆောင် ။ ဓာတ်ပုံ- Hall and Hall)

ယခုအရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်း ဒေါ်လာ ၃၇ ဒသမ ၅ သန်းမှာ တောင်ဒါကိုတာပြည်နယ်တွင် ဈေးအမြင့်မားဆုံး အိမ်ခြံမြေအဖြစ် စံချိန်တင်ခဲ့သည်။

(ပင်မညစာစားခန်း ။ ဓာတ်ပုံ - Hall and Hall)

ဝမ်းလက်စ်က မွေးမြူရေးခြံကို ကနဦး

ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၄၁ ဒသမ ၁၅ သန်းဖြစ်သည်။

(ဧည့်ခန်းမှ မီးဖိုဆောင် ၊ နံနက်စာ နေရာတို့နှင့့် ဆက်သွယ်ထားသည်။ ဓာတ်ပုံ- Hall and Hall)

(မွေးမြူရေးခြံကြီးရှိ အိပ်ခန်း ၅ ခန်းအနက်မှ တစ်ခန်း။ ဓာတ်ပုံ - Hall and Hall)

နေအိမ်ကို ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်ကြောင်း ဝမ်းလက်စ်က ပြောသည်။

(စာအုပ်စင်များ၊ ရုပ်ရှင်ပိတ်ကားတစ်ခုနှင့် မီးလင်းဖိုတို့ပါဝင်သော အခန်းတစ်ခန်း။ ဓာတ်ပုံ- Hall and Hall)

မွေးမြူရေးခြံကြီးတွင် စားကျက်ပေါင်း ၃၈ ခု ရှိသည်။

တစ်ဧကလျှင် ပြောင်း တင်း ၁၅၀ နှင့် alfalfa အပင် ၆ တန် ထွက်ရှိသည်။

(မှတ်ချက်။ မြန်မာနိုင်ငံတွင် Fame ဆေးဝါးကုမ္ပဏီက အယ်လ်ဖာဖာပင်များ စိုက်ပျိုးကာ အဆိုပါအပင်မှ အရွက်ဖြင့် ဆေးဝါးများထုတ်လုပ် ရောင်းချလျက်ရှိသည်။ အယ်လ်ဖာဖာရွက်သည် ကမ္ဘာပေါ်တွင် အာဟာရဓာတ် အပြည့်ဝဆုံး အရွက်တစ်မျိုး ဖြစ်၏။)

(မွေးမြူရေးခြံကြီး၏ အကျယ်အဝန်းမှာ ဧကပေါင်း ၄၆၀၀၀ ကျော်ကျယ်ဝန်းသည်။ ဓာတ်ပုံ-Hall and Hall)

(မွေးမြူရေးခြံကြီးအတွင်း ကျယ်ပြန့်သော ရေပိုက်လိုင်းစနစ်ဖြင့် ရေပေးထားကာ များပြားလှသော စားကျက်များ၊ ရေတွင်းများရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။ ဓာတ်ပုံ-Hall and Hall)

(ဓာတ်ပုံ- Hall and Hall)

(ဝမ်းလက်စ်က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ မြေအများစုကို အခြားမွေးမြူရေးသမားများနှင့် မြေယာစီမံခန့်ခွဲရေးအဖွဲ့ထံ အငှားချထားထားကြောင်း ပြောသည်။ ဓာတ်ပုံ- Hall and Hall)

((ဆက်စပ်သတင်း))

ဒေါ်လာ ၂၃၂ သန်းထီပေါက်သော နွားကျောင်းသား ၄၇၈၈၃ ဧက ကျယ်သည့် မွေးမြူရေးခြံကြီးကို ဝယ်ယူ

https://www.imyanmarhouse.com/news/read/1035988

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A cowboy who won the lottery just sold a sprawling 50,000-acre South Dakota ranch for over $37 million (businessinsider)

[Zawgyi]

ေဒၚလာ ၂၃၂ သန္း ထီေပါက္ေသာ ႏြားေက်ာင္းသား ဝယ္ယူထားေသာ ဧက ၅၀၀၀၀ ေမြးျမဴေရးျခံၾကီးကို ေဒၚလာ ၃၇ သန္းျဖင့္ ျပန္လည္ေရာင္းခ်

အေမရိကန္ျပည္ေထာင္စု ၊ ေတာင္ဒါကိုတာျပည္နယ္တြင္ နီးလ္ဝမ္းလက္စ္ အမည္ရွိ အသက္ ၂၃ ႏွစ္အရြယ္ ႏြားေက်ာင္းသားတစ္ဦးသည္ Powerball jackpot ထီဆု ေဒၚလာ ၂၃၂ ဒသမ ၁ သန္း ထီေပါက္ခဲ့ျပီးေနာက္ ဧက ၄၅၀၀၀ ေက်ာ္က်ယ္ေသာ ေမြးျမဴေရးျခံၾကီးတစ္ျခံကို ဝယ္ယူခဲ့ေၾကာင္း ေဝါစထရိဂ်ာနယ္က ေဖာ္ျပခဲ့သည္။

(မွတ္ခ်က္။ အဆိုပါ သတင္းကို iMyanmarHouse.com ဝက္ဘ္ဆိုက္ၾကီးတြင္ ေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္။)

(Bismarck Trail ေမြးျမဴေရးျခံၾကီး၏ အဝင္ဝ။ ဓာတ္ပံု- Hall and Hall)

Bismarck Trail ေမြးျမဴေရးျခံၾကီးတြင္ သားသတ္ရံု ၊ အမိုးပါေသာ ျပိဳင္ကြင္းေနရာ ႏွင့္ သိုေလွာင္ အေဆာက္အအံုမ်ားစြာ ပါဝင္ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

(ေမြးျမဴေရးျခံၾကီးတြင္ ပင္မစံအိမ္အျပင္ အျခားအေဆာက္အအံု ၃ လံုးလည္း ပါဝင္ရာ သားသတ္ရံုႏွင့္ ေမြးျမဴေရး တိရိ စာၦန္မ်ား ထားရွိသည့္ေနရာတို႔ အပါအဝင္ ျဖစ္သည္။ ဓာတ္ပံု - Hall and Hall)

တည္ေနရာမွာ ေတာင္ဒါကိုတာျပည္နယ္ ၊ Vale ျမိဳ႕တြင္ တည္ရွိျပီး Rapid City ၏ ေျမာက္ဘက္ ၅၁ မိုင္အကြာတြင္ တည္ရွိကာ လူဦးေရ ၁၃၆ ဦးသာရွိေသာ ျမိဳ႕ကေလးျဖစ္သည္။

ေစ်းကြက္တင္ေပးေသာ အိမ္ျခံေျမကုမၸဏီ Hall and Hall ၏ အေရာင္းမွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ပင္မစံအိမ္တြင္ ေအးစက္ေသာ ေဆာင္းညမ်ားအတြက္ အပူေပးစနစ္ပါသည့္ ၾကမ္းခင္း ၊ ရာသီဥတုဆိုးဝါးစဥ္ကာလမ်ားအတြင္း လွ်ပ္စစ္မီးရရွိေစရန္ မီးစက္တို႔ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ထီေပါက္သျဖင့္ ဝယ္ယူထားသူ ဝမ္းလက္စ္က ကန္ဆတ္အေျခစိုက္ J-Six South Dakota Land Holdings အမည္ရွိ ကုမၸဏီထံ ကန္ေဒၚလာ ၃၇ ဒသမ ၅ သန္းျဖင့္ မၾကာေသးမီက ျပန္လည္ ေရာင္းခ်ခဲ့သည္။

အဆိုပါ ေစ်းႏႈန္းမွာ သူဝယ္ယူခဲ့စဥ္က ေပးခဲ့ရေသာ ေစ်းႏႈန္းထက္ ၂ ဆေက်ာ္ မ်ားျပားေၾကာင္း Hall and Hall ကုမၸဏီမွ အိမ္ျခံေျမ အက်ဳိးေဆာင္ Robb Nelson က ေဝါစထရိ ဂ်ာနယ္သို႔ ေျပာသည္။

(ေမြးျမဴေရးျခံၾကီးအတြင္း ေစ်းဆိုင္မ်ား ၊ သိုေလွာင္ရံုမ်ား မ်ားစြာ ပါဝင္သည္။ ဓာတ္ပံု - Hall and Hall)

ဝမ္းလက္စ္က စတုရန္းေပ ၆၅၀၀ က်ယ္ဝန္းကာ အိပ္ခန္း ၅ ခန္းပါေသာ ေနအိမ္တစ္လံုး ျဖည့္သြင္းေဆာက္လုပ္ခဲ့သည္။

(ပင္မစံအိမ္တြင္ ကား ၄စင္းဆန္႔ ကားဂိုေဒါင္တစ္လံုး ရွိသည္။ ဓာတ္ပံု - Hall and Hall)

ယခု ေမြးျမဴေရးျခံၾကီး၏ အမည္ေပၚေပါက္လာပံုမွာ ၁၈၇၀ ဝန္းက်င္က Black Hills ေတာင္တန္းၾကီးတြင္ ေရႊရွာျခင္း ေခတ္စားခဲ့စဥ္ကာလမ်ားက ေျမာက္ဒါကိုတာျပည္နယ္ ၊ Bismarck ျမိဳ႕မွ ေရႊတူးမည့္သူမ်ား Deadwood ျမိဳ႕သို႔ သြားရာ လူသြားလမ္းကေလးကို အစြဲျပဳကာ ေမြးျမဴေရးျခံၾကီးကို Bismarck Trail ဟု အမည္ေပးခဲ့ျခင္း ျဖစ္သည္။

(ေမြးျမဴေရးျခံၾကီးထဲမွ ပင္မခန္းမတြင္ ရုပ္လံုးသြင္းတိရ စၦာန္ရုပ္မ်ား ျပသထားသည္။ ဓာတ္ပံု- Hall and Hall)

ဝမ္းလက္စ္က ေဝါစထရိ ဂ်ာနယ္သို႔ ေျပာသည္မွာ ကေနဒါႏိုင္ငံ ၊ British Columbia ျပည္နယ္ရွိ ဇနီးျဖစ္သူ မိသားစုပိုင္ ေမြးျမဴေရးျခံတြင္ ေနထိုင္ရန္အတြက္ ဤျခံၾကီးကို ေရာင္းခ်ျခင္း ျဖစ္ေၾကာင္း ေျပာသည္။

(ေမြးျမဴေရးျခံၾကီးမွ မီးဖုိေဆာင္ ။ ဓာတ္ပံု- Hall and Hall)

ယခုအေရာင္းအဝယ္ျဖစ္သည့္ ေစ်းႏႈန္း ေဒၚလာ ၃၇ ဒသမ ၅ သန္းမွာ ေတာင္ဒါကိုတာျပည္နယ္တြင္ ေစ်းအျမင့္မားဆံုး အိမ္ျခံေျမအျဖစ္ စံခ်ိန္တင္ခဲ့သည္။

(ပင္မညစာစားခန္း ။ ဓာတ္ပံု - Hall and Hall)

ဝမ္းလက္စ္က ေမြးျမဴေရးျခံကို ကနဦး ေစ်းေခၚခဲ့သည္မွာ ကန္ေဒၚလာ ၄၁ ဒသမ ၁၅ သန္းျဖစ္သည္။

(ဧည့္ခန္းမွ မီးဖိုေဆာင္ ၊ နံနက္စာ ေနရာတို႔ႏွင့့္ ဆက္သြယ္ထားသည္။ ဓာတ္ပံု- Hall and Hall)

(ေမြးျမဴေရးျခံၾကီးရွိ အိပ္ခန္း ၅ ခန္းအနက္မွ တစ္ခန္း။ ဓာတ္ပံု - Hall and Hall)

ေနအိမ္ကုိ ကိုယ္တုိင္ ဒီဇိုင္းဆြဲခဲ့ျခင္း ျဖစ္ေၾကာင္း ဝမ္းလက္စ္က ေျပာသည္။

(စာအုပ္စင္မ်ား၊ ရုပ္ရွင္ပိတ္ကားတစ္ခုႏွင့္ မီးလင္းဖိုတုိ႔ပါဝင္ေသာ အခန္းတစ္ခန္း။ ဓာတ္ပံု- Hall and Hall)

ေမြးျမဴေရးျခံၾကီးတြင္ စားက်က္ေပါင္း ၃၈ ခု ရွိသည္။

တစ္ဧကလွ်င္ ေျပာင္း တင္း ၁၅၀ ႏွင့္ alfalfa အပင္ ၆ တန္ ထြက္ရွိသည္။

(မွတ္ခ်က္။ ျမန္မာႏိုင္ငံတြင္ Fame ေဆးဝါးကုမၸဏီက အယ္လ္ဖာဖာပင္မ်ား စုိက္ပ်ဳိးကာ အဆိုပါအပင္မွ အရြက္ျဖင့္ ေဆးဝါးမ်ားထုတ္လုပ္ ေရာင္းခ်လ်က္ရွိသည္။ အယ္လ္ဖာဖာရြက္သည္ ကမၻာေပၚတြင္ အာဟာရဓာတ္ အျပည့္ဝဆံုး အရြက္တစ္မ်ဳိး ျဖစ္၏။)

(ေမြးျမဴေရးျခံၾကီး၏ အက်ယ္အဝန္းမွာ ဧကေပါင္း ၄၆၀၀၀ ေက်ာ္က်ယ္ဝန္းသည္။ ဓာတ္ပံု-Hall and Hall)

(ေမြးျမဴေရးျခံၾကီးအတြင္း က်ယ္ျပန္႔ေသာ ေရပိုက္လိုင္းစနစ္ျဖင့္ ေရေပးထားကာ မ်ားျပားလွေသာ စားက်က္မ်ား၊ ေရတြင္းမ်ားရွိေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။ ဓာတ္ပံု-Hall and Hall)

(ဓာတ္ပံု- Hall and Hall)

(ဝမ္းလက္စ္က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္မွာ ေျမအမ်ားစုကို အျခားေမြးျမဴေရးသမားမ်ားႏွင့္ ေျမယာစီမံခန္႔ခြဲေရးအဖြဲ႔ထံ အငွားခ်ထားထားေၾကာင္း ေျပာသည္။ ဓာတ္ပံု- Hall and Hall)

((ဆက္စပ္သတင္း))

ေဒၚလာ ၂၃၂ သန္းထီေပါက္ေသာ ႏြားေက်ာင္းသား ၄၇၈၈၃ ဧက က်ယ္သည့္ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူ

https://www.imyanmarhouse.com/news/read/1035988

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A cowboy who won the lottery just sold a sprawling 50,000-acre South Dakota ranch for over $37 million (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service