အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်က ဥတ္တရာယန် နိုင်ငံတကာစွန်လွှတ်ပွဲတော်

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်က ဥတ္တရာယန် နိုင်ငံတကာစွန်လွှတ်ပွဲတော် - Property News in Myanmar from iMyanmarHouse.com
25 Jan 2023 11:34 am တွင် တင်ခဲ့သည်
716 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၏ အကြီးမားဆုံးပွဲတော်ကြီးများတွင် ဥတ္တရာယန်ဟုခေါ်သော စွန်လွှတ်ပွဲတော်လည်း ပါဝင်ပြီး ဇန်နဝါရီလ ၁၄ ရက်တွင် ကျရောက်သည်။

ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန်တို့အပြင် လူနည်းစုများဖြစ်သော ဖာရ်စီ၊ ဂျူးများ အားလုံးပါဝင်ကာ တက်ကြွစွာ ကျင်းပကြသည့် ပွဲတော်တစ်ခုလည်း ဖြစ်သည်။

(ဥတ္တရာယန်သည် ဂူဂျာရတ်ပြည်နယ်၏ အကြီးမားဆုံးပွဲတော်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-PTI)

ဥတ္တရာယန်ပွဲတော်နေ့တွင် လူတိုင်းသည် အိမ်ရှေ့ဝရန်တာထွက်ကာ စွန်လွှတ်ခြင်း၊ ရစ်ဘီးကိုင်ကာ ကူညီပေး ခြင်း (သို့မဟုတ်) အော်ဟစ်အားပေးခြင်းတို့ဖြင့် ပါဝင်ဆင်နွှဲလေ့ရှိကြသည်။

မိမိတို့အုပ်စုရှိ စွန်တစ်ခုက အခြားအုပ်စုမှစွန်ကို ဖြတ်ချလိုက်နိုင်လျှင် အော်ဟစ်အောင်ပွဲခံလေ့ရှိကြသည်။

အသက်အရွယ်စုံ ယောက်ျားလေး၊ မိန်းကလေးများ၊ မိဘများ၊ ဦးလေးများ၊ အဒေါ်များနှင့် ဘိုးဘွားများသည်ပင် ဝရန်တာများပေါ်တွင် တွေ့ရမည် ဖြစ်သည်။

တေးသီချင်းများ ဖွင့်လှစ်ကာ စားသောက်ဖွယ်ရာများဖြင့် ပွဲတော်ကို ပါဝင်ဆင်နွှဲကြသည်။

အချို့သူများမှာ ကြီးမားသော ဆောင်းဘောက်ကြီးများဖြင့် ဝရံတာသို့ ယူလာကာ ခေတ်ပေါ်သီချင်းများ ဖွင့်လှစ် ပြီး ကခုန်ကြသည်။

FM ရေဒီယို အသံလွှင့်ဌာနများသည်ပင်လျှင် ပွဲတော်နှင့် လိုက်ဖက်မည့် တေးသီချင်းများ အသံလွှင့်ပေးလေ့ ရှိသည်။

အတော်ဆုံး စွန်လွှတ်နိုင်သူကို ရွေးချယ်လေ့ရှိကြပြီး အများစုမှာ အခြားသူတို့၏ စွန်များကို ဖြတ်ချ အောင်ပွဲခံ လေ့ ရှိကြသည်။

(၂၀၁၄ ခုနှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ရုပ်ရှင်မင်းသား ဆယ်လ်မန်ခန်းတို့ကို ဥတ္တရာယန် ပွဲတော်တွင် အတူတကွ စွန့်လွှတ်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ- YouTube)

ယခုပွဲတော်ကို အိန္ဒိယ၏ ဟင်ဒီစကားပြော ဒေသများတွင် Makar Sankranti ဟု ခေါ်ကြသည်။

ဂူဂျာရတ် ပြည်နယ်တွင် ပွဲတော်တိုင်း၌ သီးသန့် ဟင်းလျာများနှင့် အချိုမုန့်များ စီစဉ်စားသောက်လေ့ရှိကြသည်။

ဥတ္တရာယန်ပွဲတော်တွင်လည်း စားသောက်ဖွယ်ရာများ တွဲဖက်ပါဝင်သည်။ ဥတ္တရာယန်ပွဲတော်၏ အထင်ရှားဆုံး စားဖွယ်များမှာ Undhiyu ၊ ပူရီနှင့် ဂျလေဘီမုန့်များ စားသောက်ကြသည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဟိန္ဒူ ၊ မူစလင်နှင့် ဂူဂျာရတီ ခရစ်ယာန်များအားလုံး Undhiyu ဟင်းလျာ ချက်ပြုတ်စားသောက်ကြခြင်း ဖြစ်သည်။

ဒေသခံတစ်ဦးဖြစ်သူ ဆော်လမွန် ဘင်ဂျမင်ကလည်း ဥတ္တရာယန်ပွဲတော်ကို ချစ်မြတ်နိုးသည်။

ဆော်လမွန်က ဥတ္တရာယန်ပွဲတော်နှင့် ပတ်သက်၍ ပြောသည်မှာ “ကျွန်တော်တို့က တစ်ရက်ကြိုတင်ပြီး ပြင်ဆင်ကြတယ်။ ပွဲတော်မတိုင်မီ တစ်ညကြိုတင်ပြီး စွန့်နှင့် ကြိုးတွေ ပြင်ဆင်ထားကြသည်။ နောက်နေ့ကျရင် အချိန်မကုန်ဘဲ ချက်ချင်း တန်းပြီး စွန်လွှတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဥတ္တရာယန်ပွဲတော်နေ့မှာ မနက်အစောကြီး ဝရံတာကို ဆောင်းဘောက်တွေ ၊ စွန်တွေ အပ်ချည်ကြိုးတွေနဲ့ ထွက်ကြပါတယ်။ Undhiyu မုန့်လုပ်တယ်။ ဂျလေဘီမုန့်တွေ ၊ ber (jujubes) ၊ မာလကာသီးတွေနဲ့ chikkis တွေ စားဖို့ ဝယ်ထားကြတယ်။ စွန်လွှတ်ချိန်မှာ လူတိုင်း ဗိုက်ဆာလာကြတယ်။ အဲဒါကြောင့် တစ်နေ့လုံး စားစရာ အလုံအလောက်ရှိသင့်တယ်။ ”ဟု ပြောသည်။

“အသီးအရွက်မဟုတ်တဲ့ Undhiyu မျိုး ကျွန်တော်တို့လုပ်တယ်။ ကြက်သားထည့်ကြတယ်”

စင်စစ်ကား Undhiyu ကို အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ရသည်။ ထို့ကြောင့် ဆိုင်များမှ ဝယ်ယူခြင်းက ပိုမိုလွယ်ကူသည်။ ဆိုင်များတွင် Undhiyu ကို ကီလိုဂရမ်ရာနှင့်ချီ၍ ရောင်းချလေ့ရှိသည်။

(ဥတ္တရာယန်ပွဲတော်အတွင်း အကျော်ကြားဆုံးဟင်းလျာများအနက် တစ်ခုမှာ Undhiyu ဖြစ်သည်။ ဓာတ်ပုံ-Rushabh Purohit)

ဥတ္တရာယန်ပွဲတော်နေ့တွင် Undhiyu နှင့် ဂျလေဘီရောင်းသော ဆိုင်များရှေ့တွင် ဝယ်ယူမည့်သူများ ရှည်လျားစွာ တန်းစီစောင့်ဆိုင်း နေလေ့ ရှိသည်ကို တွေ့ရနိုင်သည်။

သို့သော် ထိုနေ့တွင် အားလုံးပြုလုပ်စားသောက်ကြသည်မှာ Chikki အမည်ရှိ မုန့်တစ်မျိုးဖြစ်ပြီး ကြံသကာ၊ မြေပဲ၊ နှမ်းစေ့များဖြင့် ပြုလုပ်ထားသည့်မုန့်ဖြစ်ကာ အချို့ဆိုလျှင် သစ်သီးခြောက်များပင် ထည့်လေ့ရှိသည်။

ရာသီဥတု အေးချိန်များတွင် Chikki မုန့်မှာ အထူးရေပန်းစားသည်။ စွန်လွှတ်ရင်း ထိုမုန့်ကို စားလေ့ရှိကြသည်။

ပွဲတော်နေ့တွင် အချိုမုန့်များအပြင် အခြားကျော်ကြားသည့် စားစရာများမှာ မာလကာသီး ၊ ဇီးသီးနှင့် ကြံတို့ကဲ့သို့ ရာသီပေါ်သစ်သီးမျိုးစုံ ဖြစ်ကြသည်။

(ဥတ္တရာယန်ပွဲတော်နေ့တွင် မုန်ချိုများအနက် chikkis နှင့် ဂျလေဘီမုန့်များနှင့် အထူးရေပန်းစားသည်။ ဓာတ်ပုံ- Wikimedia Commons)

မူစလင်တို့အကြားတွင်ကား ညဘက်တွင် လသာဆောင်နှင့် စက္ကူမီးပုံးများကို စွန်ကြိုးတွင် ချိတ်ဆွဲ မီးထွန်းကြရင်း အကင်လုပ်စားလေ့ရှိသည်။

ထိုနည်းလမ်းအားဖြင့် ကောင်ကင်တစ်ခုလုံး မီးထွန်းထားသကဲ့သို့ လင်းလက်နေစေသည်။

အကင်လုပ်စားခြင်းကို မူစလင်အသိုင်းအဝိုင်းအကြား မကြာသေးမီက ခေတ်စားလာသော လမ်းကြောင်းဖြစ်သည်။

အမီဒါ ဘတ်တွင် နေထိုင်သူ Ankit Patel အမည်ရှိ ဒေသခံတစ်ဦးက ပြောသည်မှာ “ကျွန်တော်တို့က သူငယ်ချင်းတစ်ယောက်ရဲ့အိမ် လသာဆောင်မှာ မနက်စောစော အမြဲစတယ်။ နေ့လည်စားပြီးရင် နောက်တစ်ယောက်အိမ် လသာဆောင်ကို ရွှေ့ကြတယ်။ တစ်နေ့လုံးမှာ နေရာ သုံး လေးခုလောက် ရွှေ့ကြပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ chikki နဲ့ Undhiyu မုန့်တွေကို ဆက်တိုက်စားကြတယ်။”ဟု ပြောသည်။

(စွန်များတွင် စက္ကူမီးပုံများ ချိတ်ဆွဲကာ ကောင်းကင်ကို ထွန်းလင်းစေကြသည်။ ဓာတ်ပုံ- Flickr)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Festival of kites and good food: Make Uttarayan happier with our delicious recipes! (dailyo)

 [Zawgyi]

အိႏိၵယႏိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္က ဥတၱရာယန္ ႏိုင္ငံတကာစြန္လႊတ္ပြဲေတာ္

အိႏိၵယႏိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္၏ အၾကီးမားဆံုးပြဲေတာ္ၾကီးမ်ားတြင္ ဥတၱရာယန္ဟုေခၚေသာ စြန္လႊတ္ပြဲေတာ္ လည္း ပါဝင္ျပီး ဇန္နဝါရီလ ၁၄ ရက္တြင္ က်ေရာက္သည္။

ဟိႏၵဴ၊ မြတ္စလင္၊ ခရစ္ယာန္တို႔အျပင္ လူနည္းစုမ်ားျဖစ္ေသာ ဖာရ္စီ၊ ဂ်ဴးမ်ား အားလံုးပါဝင္ကာ တက္ၾကြစြာ က်င္းပၾကသည့္ ပြဲေတာ္တစ္ခုလည္း ျဖစ္သည္။

(ဥတၱရာယန္သည္ ဂူဂ်ာရတ္ျပည္နယ္၏ အၾကီးမားဆံုးပြဲေတာ္မ်ားတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ ဓာတ္ပံု-PTI)

ဥတၱရာယန္ပြဲေတာ္ေန႔တြင္ လူတိုင္းသည္ အိမ္ေရွ႕ဝရန္တာထြက္ကာ စြန္လႊတ္ျခင္း၊ ရစ္ဘီးကိုင္ကာ ကူညီေပး ျခင္း (သို႔မဟုတ္) ေအာ္ဟစ္အားေပးျခင္းတို႔ျဖင့္ ပါဝင္ဆင္ႏႊဲေလ့ရွိၾကသည္။

မိမိတို႔အုပ္စုရွိ စြန္တစ္ခုက အျခားအုပ္စုမွစြန္ကို ျဖတ္ခ်လိုက္ႏိုင္လွ်င္ ေအာ္ဟစ္ေအာင္ပြဲခံေလ့ရွိၾကသည္။

အသက္အရြယ္စံု ေယာက်္ားေလး၊ မိန္းကေလးမ်ား၊ မိဘမ်ား၊ ဦးေလးမ်ား၊ အေဒၚမ်ားႏွင့္ ဘိုးဘြားမ်ားသည္ပင္ ဝရန္တာမ်ားေပၚတြင္ ေတြ႔ရမည္ ျဖစ္သည္။

ေတးသီခ်င္းမ်ား ဖြင့္လွစ္ကာ စားေသာက္ဖြယ္ရာမ်ားျဖင့္ ပြဲေတာ္ကုိ ပါဝင္ဆင္ႏႊဲၾကသည္။

အခ်ဳိ႕သူမ်ားမွာ ၾကီးမားေသာ ေဆာင္းေဘာက္ၾကီးမ်ားျဖင့္ ဝရံတာသို႔ ယူလာကာ ေခတ္ေပၚသီခ်င္းမ်ား ဖြင့္လွစ္ ျပီး ကခုန္ၾကသည္။

FM ေရဒီယို အသံလႊင့္ဌာနမ်ားသည္ပင္လွ်င္ ပြဲေတာ္ႏွင့္ လုိက္ဖက္မည့္ ေတးသီခ်င္းမ်ား အသံလႊင့္ေပးေလ့ ရွိသည္။

အေတာ္ဆံုး စြန္လႊတ္ႏုိင္သူကို ေရြးခ်ယ္ေလ့ရွိၾကျပီး အမ်ားစုမွာ အျခားသူတို႔၏ စြန္မ်ားကို ျဖတ္ခ် ေအာင္ပြဲခံ ေလ့ ရွိၾကသည္။

(၂၀၁၄ ခုႏွစ္အတြင္း အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီႏွင့္ ရုပ္ရွင္မင္းသား ဆယ္လ္မန္ခန္းတို႔ကို ဥတၱရာယန္ ပြဲေတာ္တြင္ အတူတကြ စြန္႔လႊတ္ေနသည္ကုိ ေတြ႔ရပံု။ ဓာတ္ပံု- YouTube)

ယခုပြဲေတာ္ကို အိႏိၵယ၏ ဟင္ဒီစကားေျပာ ေဒသမ်ားတြင္ Makar Sankranti ဟု ေခၚၾကသည္။

ဂူဂ်ာရတ္ ျပည္နယ္တြင္ ပြဲေတာ္တိုင္း၌ သီးသန္႔ ဟင္းလ်ာမ်ားႏွင့္ အခ်ဳိမုန္႔မ်ား စီစဥ္စားေသာက္ေလ့ရွိၾကသည္။

ဥတၱရာယန္ပြဲေတာ္တြင္လည္း စားေသာက္ဖြယ္ရာမ်ား တြဲဖက္ပါဝင္သည္။ ဥတၱရာယန္ပြဲေတာ္၏ အထင္ရွားဆံုး စားဖြယ္မ်ားမွာ Undhiyu ၊ ပူရီႏွင့္ ဂ်ေလဘီမုန္႔မ်ား စားေသာက္ၾကသည္။

စိတ္ဝင္စားဖြယ္ေကာင္းသည္မွာ ဟိႏၵဴ ၊ မူစလင္ႏွင့္ ဂူဂ်ာရတီ ခရစ္ယာန္မ်ားအားလံုး Undhiyu ဟင္းလ်ာ ခ်က္ျပဳတ္စားေသာက္ၾကျခင္း ျဖစ္သည္။

ေဒသခံတစ္ဦးျဖစ္သူ ေဆာ္လမြန္ ဘင္ဂ်မင္ကလည္း ဥတၱရာယန္ပြဲေတာ္ကို ခ်စ္ျမတ္ႏိုးသည္။

ေဆာ္လမြန္က ဥတၱရာယန္ပြဲေတာ္ႏွင့္ ပတ္သက္၍ ေျပာသည္မွာ “ကၽြန္ေတာ္တို႔က တစ္ရက္ၾကိဳတင္ျပီး ျပင္ဆင္ၾကတယ္။ ပြဲေတာ္မတိုင္မီ တစ္ညၾကိဳတင္ျပီး စြန္႔ႏွင့္ ၾကိဳးေတြ ျပင္ဆင္ထားၾကသည္။ ေနာက္ေန႔က်ရင္ အခ်ိန္မကုန္ဘဲ ခ်က္ခ်င္း တန္းျပီး စြန္လႊတ္ႏုိင္ၾကမွာ ျဖစ္ပါတယ္။ ဥတၱရာယန္ပြဲေတာ္ေန႔မွာ မနက္အေစာၾကီး ဝရံတာကို ေဆာင္းေဘာက္ေတြ ၊ စြန္ေတြ အပ္ခ်ည္ၾကဳိးေတြနဲ႔ ထြက္ၾကပါတယ္။ Undhiyu မုန္႔လုပ္တယ္။ ဂ်ေလဘီမုန္႔ေတြ ၊ ber (jujubes) ၊ မာလကာသီးေတြနဲ႔ chikkis ေတြ စားဖုိ႔ ဝယ္ထားၾကတယ္။ စြန္လႊတ္ခ်ိန္မွာ လူတိုင္း ဗိုက္ဆာလာၾကတယ္။ အဲဒါေၾကာင့္ တစ္ေန႔လံုး စားစရာ အလံုအေလာက္ရွိသင့္တယ္။ ”ဟု ေျပာသည္။

“အသီးအရြက္မဟုတ္တဲ့ Undhiyu မ်ဳိး ကၽြန္ေတာ္တို႔လုပ္တယ္။ ၾကက္သားထည့္ၾကတယ္”

စင္စစ္ကား Undhiyu ကို အခ်ိန္အေတာ္ၾကာ ၾကိဳတင္ျပင္ဆင္ရသည္။ ထို႔ေၾကာင့္ ဆိုင္မ်ားမွ ဝယ္ယူျခင္းက ပိုမိုလြယ္ကူသည္။ ဆိုင္မ်ားတြင္ Undhiyu ကို ကီလိုဂရမ္ရာႏွင့္ခ်ီ၍ ေရာင္းခ်ေလ့ရွိသည္။

(ဥတၱရာယန္ပြဲေတာ္အတြင္း အေက်ာ္ၾကားဆံုးဟင္းလ်ာမ်ားအနက္ တစ္ခုမွာ Undhiyu ျဖစ္သည္။ ဓာတ္ပံု-Rushabh Purohit)

ဥတၱရာယန္ပြဲေတာ္ေန႔တြင္ Undhiyu ႏွင့္ ဂ်ေလဘီေရာင္းေသာ ဆိုင္မ်ားေရွ႕တြင္ ဝယ္ယူမည့္သူမ်ား ရွည္လ်ားစြာ တန္းစီေစာင့္ဆိုင္း ေနေလ့ ရွိသည္ကုိ ေတြ႔ရႏိုင္သည္။

သို႔ေသာ္ ထိုေန႔တြင္ အားလံုးျပဳလုပ္စားေသာက္ၾကသည္မွာ Chikki အမည္ရွိ မုန္႔တစ္မ်ဳိးျဖစ္ျပီး ၾကံသကာ၊ ေျမပဲ၊ ႏွမ္းေစ့မ်ားျဖင့္ ျပဳလုပ္ထားသည့္မုန္႔ျဖစ္ကာ အခ်ဳိ႕ဆိုလွ်င္ သစ္သီးေျခာက္မ်ားပင္ ထည့္ေလ့ရွိသည္။

ရာသီဥတု ေအးခ်ိန္မ်ားတြင္ Chikki မုန္႔မွာ အထူးေရပန္းစားသည္။ စြန္လႊတ္ရင္း ထိုမုန္႔ကို စားေလ့ရွိၾကသည္။

ပြဲေတာ္ေန႔တြင္ အခ်ဳိမုန္႔မ်ားအျပင္ အျခားေက်ာ္ၾကားသည့္ စားစရာမ်ားမွာ မာလကာသီး ၊ ဇီးသီးႏွင့္ ၾကံတို႔ကဲ့သို႔ ရာသီေပၚသစ္သီးမ်ဳိးစံု ျဖစ္ၾကသည္။

(ဥတၱရာယန္ပြဲေတာ္ေန႔တြင္ မုန္ခ်ဳိမ်ားအနက္ chikkis ႏွင့္ ဂ်ေလဘီမုန္႔မ်ားႏွင့္ အထူးေရပန္းစားသည္။ ဓာတ္ပံု- Wikimedia Commons)

မူစလင္တို႔အၾကားတြင္ကား ညဘက္တြင္ လသာေဆာင္ႏွင့္ စကၠဴမီးပံုးမ်ားကို စြန္ၾကိဳးတြင္ ခ်ိတ္ဆြဲ မီးထြန္းၾကရင္း အကင္လုပ္စားေလ့ရွိသည္။

ထုိနည္းလမ္းအားျဖင့္ ေကာင္ကင္တစ္ခုလံုး မီးထြန္းထားသကဲ့သို႔ လင္းလက္ေနေစသည္။

အကင္လုပ္စားျခင္းကို မူစလင္အသိုင္းအဝိုင္းအၾကား မၾကာေသးမီက ေခတ္စားလာေသာ လမ္းေၾကာင္းျဖစ္သည္။

အမီဒါ ဘတ္တြင္ ေနထိုင္သူ Ankit Patel အမည္ရွိ ေဒသခံတစ္ဦးက ေျပာသည္မွာ “ကၽြန္ေတာ္တို႔က သူငယ္ခ်င္းတစ္ေယာက္ရဲ႕အိမ္ လသာေဆာင္မွာ မနက္ေစာေစာ အျမဲစတယ္။ ေန႔လည္စားျပီးရင္ ေနာက္တစ္ေယာက္အိမ္ လသာေဆာင္ကို ေရႊ႕ၾကတယ္။ တစ္ေန႔လံုးမွာ ေနရာ သံုး ေလးခုေလာက္ ေရႊ႕ၾကပါတယ္။ ဒီၾကားထဲမွာ ကၽြန္ေတာ္တို႔ chikki နဲ႔ Undhiyu မုန္႔ေတြကုိ ဆက္တုိက္စားၾကတယ္။”ဟု ေျပာသည္။

(စြန္မ်ားတြင္ စကၠဴမီးပံုမ်ား ခ်ိတ္ဆြဲကာ ေကာင္းကင္ကို ထြန္းလင္းေစၾကသည္။ ဓာတ္ပံု- Flickr)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Festival of kites and good food: Make Uttarayan happier with our delicious recipes! (dailyo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service