Al Nasra က စီရော်နယ်ဒိုကို ခေါ်ယူခဲ့မှုအပေါ် ပြိုင်ဘက်အသင်း Al Hilal က အားကျမခံ မက်ဆီကို လစာ ဒေါ်လာ သန်း ၃၅၀ ဖြင့် ခေါ်ယူရန်စီစဉ်သော ဆော်ဒီမင်းသား (သို့မဟုတ်) နယူးယောက်မှ နေအိမ်ကော်ဇောလဲရေး ကိစ္စအတွက် ဇနီးဟောင်း မင်းသမီးနှင့် အမှုဖြစ်နေသူ ဖိုင်ဆယ်
Al Nasra က စီရော်နယ်ဒိုကို ခေါ်ယူခဲ့မှုအပေါ် ပြိုင်ဘက်အသင်း Al Hilal က အားကျမခံ မက်ဆီကို လစာ ဒေါ်လာ သန်း ၃၅၀ ဖြင့် ခေါ်ယူရန်စီစဉ်သော ဆော်ဒီမင်းသား (သို့မဟုတ်) နယူးယောက်မှ နေအိမ်ကော်ဇောလဲရေး ကိစ္စအတွက် ဇနီးဟောင်း မင်းသမီးနှင့် အမှုဖြစ်နေသူ ဖိုင်ဆယ် - Property News in Myanmar from iMyanmarHouse.com
20 Jan 2023 9:57 am တွင် တင်ခဲ့သည်
578 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကွာရှင်းထားသော ဆော်ဒီတော်ဝင်စုံတွဲတစ်တွဲသည် အမေရိကန်ပြည်ထောင်စု ၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးအရပ်ရှိ စံအိမ်တစ်လုံးကို ပြန်လည်ရောင်းချရေးအတွက် အိမ်ထဲမှ ပျက်စီးနေသော ကော်ဇောများကို မည်သူတာဝန်ယူ လဲလှယ်ပေးမည် ဆိုသောအချက်နှင့် ပက်သက်ပြီး ထိပ်တိုက်တွေ့ကာ တရားရုံးသို့ ရောက်လျှက်ရှိသည်။
(Beverly Park အရပ် ၊ ဘီဗာလီဟေးလမ်း ၊ အမှတ် ၇၆ ရှိစံအိမ်။ ဓာတ်ပုံ- Getty, Hilton & Hyland)
ဆော်ဒီမင်းသား ဖိုင်ဆယ် (Faisal Bin Abdullah Bin Abdulaziz Al Saud) နှင့် ကြင်ယာတော်ဟောင်း မင်းသမီး ဖာဒါ (Fahdah Husain Abdulrahman Al-Athel) တို့အကြား ကော်ဇော ပြန်လည် လဲလှယ်ရေး စရိတ်နှင့်ပတ်သက်ပြီး ကိုးလကြာအခြေအတင်ဖြစ်နေခဲ့ရာမှ နောက်ဆုံးတွင် တရားရုံး၌ ဖြေရှင်းရန် သဘောတူခဲ့ကြကြောင်း Bloomberg သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ဆော်ဒီမင်းသား ဖိုင်ဆယ်သည် ဒေါ်လာ သန်း ၄၀၀ တန်သော ရွက်လှေကြီးနှင့် ဒေါ်လာ သန်း၄၅၀ ဖြင့် ဝယ်ယူထားသော လီယိုနာဒို ဒါဗင်ချီ၏ ပန်းချီကားတို့ အပါအဝင် ခမ်းနားကြီးကျယ်လှသော နေထိုင်မှုမျိုးဖြင့် အလွန်ကြွယ်ဝချမ်းသာသူ တစ်ဦးဖြစ်သည်။
သို့သော် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သူများသည်ပင်လျှင် ကော်ဇောတစ်ချပ်လဲရန် ကိစ္စအတွက်မျှဖြင့် ပြဿနာတက်နိုင်ကြသေးသည်။
အထူးသဖြင့် ကွာရှင်းပြတ်စဲပြီးချိန်မျိုးတွင် ဖြစ်သည်။
မင်းသမီး ဖာဒါ၏ ရှေ့နေတစ်ဦးက ခြံဝန်းအကျယ် ၂ ဒသမ ၃ ဧက ရှိသော Beverly Park အရပ် ၊ ဘီဗာလီဟေးလမ်း ၊ အမှတ် ၇၆ ရှိ စံအိမ် ၂ လုံး ပြုပြင်မွမ်းမံရေးကိစ္စကို မင်းသားက ကြန့်ကြာအောင် အနှောင့်အယှက်ပေးနေကြောင်း စွပ်စွဲထားသည်ဟု တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
နေအိမ်ပြုပြင်မှု လုပ်ဆောင်နိုင်ရန် မင်းသားက ကန်ထရိုက်တာတစ်ဦးအား ခွင့်ပြုချက် လက်မှတ်ထိုးပေးစေရန် တရားသူကြီးက အမိန့်ချမှုကို မင်းသမီးက လိုလားနေသည်။
“နေအိမ်ပြုပြင်ဖို့ နှောင့်နှေးရတဲ့ အကြောင်းရင်းက မင်းသားဖိုင်ဆယ်ကြောင့်ဆိုတာ ရှင်းပါတယ်။ သူကလိုအပ်တဲ့ ပြုပြင်မှုတွေ လုပ်ဖို့အတွက် ခွင့်ပြုချက်ပေးဖို့ ၊ ငွေထုတ်ပေးဖို့ ငြင်းဆိုနေပါတယ်။”ဟု Delaware Chancery တရားရုံး၏ အောက်တိုဘာ ၂၄ ရက်နေ့ အချက်အလက်များတွင် ဖော်ပြသည်။
မင်းသား၏ ရှေ့နေ Jason Jowers က ပြောသည်မှာ ဇနီးဟောင်း၏ စွပ်စွဲချက်များကို မိမိ၏ အမှုသည်က ပယ်ချကြောင်း ပြောကြားသည်။
မင်းသားဖိုင်ဆယ်တို့ စုံတွဲသည် ၂၀၀၁ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
လက်ထပ်ပြီး ဆယ်စုနှစ်တစ်ခုအကြာတွင် ယခုစံအိမ်ကို ကန်ဒေါ်လာ ၁၆ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
စံအိမ်ဝန်းမှာ စတုရန်းပေ ၂၉၀၀၀ ကျယ်ဝန်းပြီး အီတလီ ဗိသုကာဟန် စံအိမ် ၂ လုံး ၊ အိပ်ခန်း ၁၈ ခန်းနှင့် ရေချိုးခန်း၂၈ ခန်း ပါဝင်သည်။
အိမ်နီးချင်းများတွင် ရုပ်ရှင်မင်းသား Mark Wahlberg၊ Platinum Equity fund ၏ CEO တွမ်ဂိုးစ်နှင့် အနားယူသွားပြီဖြစ်သော ဘေ့စ်ဘောကစားသမား Barry Bonds တို့ ပါဝင်သည်။
စံအိမ် ၂ ခုလုံးမှာ ခမ်းနားသော ၂ ထပ် အဝင်ခန်းမများရှိပြီး ထိုမှတဆင့် အမိုးခုံး စင်္ကြန်လမ်းများကို ဖြတ်သန်းကာ ဧည့်ခန်းနေရာများသို့ ရောက်ရှိသည်။ မင်းသားဖိုင်ဆယ်တို့ စုံတွဲသည် ၂၀၁၆ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။
မင်းသားက စွပ်စွဲသည်မှာ ဇနီးဟောင်းသည် နေအိမ်ပြုပြင်ထိန်းသိမ်းမှုနှင့် အခွန်အခများပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲထားသည်။
နေအိမ်ပြင်ဆင်ရမှုများအတွက် လျာထားငွေ ဒေါ်လာ ၄၁ သန်းပြန်ပေးရန်လည်း မင်းသားက တောင်းဆိုထား သည်။
မည်သူ့တွင် နေအိမ်ရောင်းချခွင့်ရှိသည် ဆိုသောအချက်နှင့် ပက်သက်၍လည်း ၎င်းတို့နှစ်ဦးအကြား အငြင်းပွားလျက်ရှိသည်။
နေအိမ်များမှာ ပျက်စီးယိုယွင်းနေသောကြောင့် ရောင်းချ၍မရနိုင်ကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
“မြေယာအခင်းအကျင်းက အများစု ပျက်စီးနေပါပြီ။ ရေကန်မှာဘာမှမရှိတော့သလို ရေပိုက်လိုင်းတွေလည်း မရှိတော့ပါဘူး။”ဟု မင်းသမီး၏ ရှေ့နေက ပြောသည်။
“နေအိမ်တစ်ခုလုံးမှာ ရှိတဲ့ ကော်ဇောတွေက စွန်းထင်းပျက်စီးနေပြီး သုံးလို့မရတော့ပါဘူး။ ”
မင်းသမီးက နေအိမ်ရောင်းချနိုင်ရန် နေအိမ်ပြင်ဆင်ရေး တွန်းအားပေးနေသော်လည်း မင်းသားကမူ နေအိမ်ပြင်ဆင်စရိတ် သဘောတူထားသည့် ပမာဏထက် များပြားမည်ကို စိုးရိမ်နေသည်။
မင်းသမီး၏ ရှေ့နေများက ပြောသည်မှာ မင်းသမီးထံမှ ငွေထွက်လာစေရန် မင်းသားက နေအိမ်ပြင်ဆင်မှု ကြန့်ကြာအောင် ပြုလုပ်နေခြင်း ဖြစ်ကြောင်း ပြောသည်။
(( မက်ဆီကို ခေါ်မည်))
ဆော်ဒီတွင် မင်းသားဖိုင်ဆယ်ပိုင် Al Hilal နှင့် ပြိုင်ဘက် Al Nassr ဘောလုံးအသင်းတို့မှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်သော အသင်းများ ဖြစ်ကြသည်။
စီရော်နယ်ဒိုသည် ၂၀၂၃ ခုနှစ် အပြောင်းအရွှေ့တွင် Al Hilal ၏ ပြိုင်ဘက် Al Nassr သို့ ရောက်ရှိလာခဲ့ပြီး တစ်နှစ်လျှင် ဒေါ်လာ သန်း ၂၁၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မင်းသားဖိုင်ဆယ်၏ Al Hilal ကလည်း အားကျမခံ Ballon d’or ၇ ကြိမ်ဆုရှင် စီရော်နယ်ဒိုကို ကျော်တက်နိုင်စေမည့် ငွေကြေးပမာဏဖြင့် မက်ဆီကို ကမ်းလှမ်းရန် အသင့်ဖြစ်နေသည်။
ဆော်ဒီအာရေးဗီးယားကလပ် Al Hilal သည် လီယွန်နယ်မက်ဆီအား တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၅၀ အထိ ကမ်းလှမ်းမည်ဟု ဆိုသည်။
မက်ဆီသည် လက်ရှိအားဖြင့် ပီအက်စ်ဂျီအသင်းတွင် ကစားနေပြီး လာမည့်နွေတွင် စာချုပ်သက်တမ်း ကုန်ဆုံး မည်ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Two Saudi royals are holding up the sale of their Beverly Hills mansion by fighting over stained carpets and home repairs (therealdeal, finance.yahoo, forbes)
[Zawgyi]
(( မက်ဆီကို ခေါ်မည်))
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service