သံယောဇဉ်ကြိုး
သံယောဇဉ်ကြိုး - Property Knowledge in Myanmar from iMyanmarHouse.com
19 Jan 2023 12:27 pm တွင် တင်ခဲ့သည်
1164 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ကျွန်တော်တို့ အညာဒေသမှာ ယခင်က မြင်းလှည်းတွေရှိခဲ့ကြသည်။နယ်ကလာသူတွေ အနေနှင့် ကျွန်တော်တို့ မြို့ပေါ်လာလျှင် မြင်းလှည်းတွေစီးပြီး လာကြရသည်။မြို့ပေါ်တွင်နေများသည်လည်း ဈေးသွားလျှင် မြင်လှည်းကိုပင် တစ်ခါတစ်ရံအသုံးပြုကြသည်ကို တွေ့ရ၏။
လှည်းမပါဘဲ မြင်းကြီးထဲစီးမည်ဆိုလျှင် မြင်းတစ်ကောင်ကို လူတစ်ယောက် စီးနိုင်ပါသည်။ အများဆုံ နှစ်ယောက်တော့ စီးနိုင်သည်။ မြင်းလှည်းနှင့်ဆိုလျှင် ငါးယောက် ခြောက်ယောက်လောက် စီးနိုင်ပေသည်။
ခေတ်အခြေအနေက ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ယခုတော့ ဆိုင်ကယ်တွေက ပလူပျံလောက်အောင် ပေါလာပြီး၊ မြင်းလှည်းတို့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။မြင်းလှည်းနေရာအစား ဆိုင်ကယ်တို့ဖြင့် အစားထိုးခဲ့ပြီဖြစ်သည်။
မြင်းတို့ကို အသုံးပြုပြီး ခရီးသွားကြစဉ်က မြင်းတို့ကို မိမိလိုရာ သွားပေးစေနိုင်ဖို့ ဘာတွေနှင့်ထိန်းချုပ်စေခိုင်းခဲ့သလဲဆိုတာပဲဖြစ်သည်။မသိလို့မေးကြည့်မိသည်။မြင်းကိုထိန်းချုပ်စေခိုင်းဖို့ဆိုရင် သူတို့ရဲ့ ပါးစပ်ထဲကို သတ္တုချောင်းတစ်ခုကို ကန့်လန့်ဖြတ်ထည့်ပြီး ထိုသတ္တုချောင်းထိပ်နှစ်ဖက်ကို ထိန်းကြိုးတပ်ကာ လိုရာသွားနိုင်စေဖို့ စေခိုင်းရသည်။ “မြင်းဆိုလျှင် အာကောင်းမှ” ဟုပင်စာရှိပေသည်။
ထိုထိန်းကြိုးလေးဖြင့် အဖိအဖော့၊အပျော့အမာကိုပြုစေပြီး လိုသည့်ဘက် ခေါင်းတည့်စေကာ သွားလိုရာ လမ်းညွှန်နိုင်ခဲ့ကြသည်။
နွားတွေကိုလည်း လှည်းဆွဲရာတွင်သုံးနိုင်ဖို့ ဒီအတိုင်းအသုံးပြု၍ မရပေ။ထိန်းကြိုးထိုး၍ အသုံးချနိုင်ရန် နွား၏နှာခေါင်းကို ထိန်းကြိုးထိုးနိုင်ဖို့အတွက် ကန့်လန့်အပေါက် အရင်ဆုံးအဖောက်ရပါသည်။ ထိုနှာခေါင်းပေါက်တွင်ကြိုးထိုးပြီး အနာကျက်ကာ နေ့သားကျပြီဆိုပါမှ ထမ်းပိုးတုံးတင်ပြီး ကျင့်သားရအောင် လုပ်ရပါသည်။ ထိုသို့ လေ့ကျင့်ရာတွင်လည်း လှည်းဆွဲရာတွင် ယဉ်ပါးပြီးသားနွားဖြင့် တစ်ဖက်ကထား၍ ကျင့်ရပါသည်။သို့မဟုတ်ဘဲ အရိုင်းနှစ်ကောင်ကို တွဲသုံးပါက အားကြီးသည့်အကောင်က ဆွဲသဖြင့် ခရီးမဖြောင့်ဘဲ လမ်းဘေးဆွဲချသွားတတ်ပါသည်။
ထိုသို့သတ္တဝါများအား စေရာသွားနိုင်ဖို့ ကြိုးတို့ဖြင့်ထိန်းကျောင်း နိုင်ကြပါသည်။ထို့အတူ နှင်တံတို့ဖြင့်လည်း လိုရာသွားနိုင်စေရန် တွဲဖက်အသုံးပြုကြရပါသည်။
ကျွန်တော်တို့လူသားတွေအနေနှင့် မသွားချင်လည်း သွားနေရသည့် စေခိုင်းနိုင်သည့်ကြိုးတို့ မရှိပြီလော။ ရှိပါပေသည်။ရှိသမှ အလွန်ခိုင်မြဲ သော ကြိုးဟုပင် ဆိုရမည်ထင်သည်။မြင်းတို့၊နွားတို့၊ဆင်တို့အား လိုရာခိုင်းနိုင်သည့် ချွန်းတွေ၊နှင်တံတွေ၊ ကြိုးထက်ပင် အလွန်ခိုင်မြဲလှသည့် ကြိုးဟုပြောရမည်ထင်သည်။
ထိုကြိုးကား သံသရာ အဆက်ဆက်ကပင် ရစ်နှောင်လာခဲ့သည်ထင်၏။ဖြတ်ထုတ်ရန် အလွန်ပင် ခက်လှပေသည်။စွဲလန်းတွယ်တာ သမုဒယတဏှာကြောင့် ပေပဲလား။ရုန်းထွက်ရခက်ပါ၏။
သံယောဇဉ်ကြိုးဟုပင် ကျွန်တော်ခေါ်ပါမည်။အကောင်အထည်အဖြစ် မမြင်တွေ့ရသော်လည်း သံယောဇဉ်ကြိုးတို့၏ အထိန်းအကွပ်ဖြင့် ကျွန်တော်တို့သွားနေကြရပါသည်။
ကျွန်တော်လည်း ထိုသံယောဇဉ်ကြိုး၏ အထိန်းအကျောင်းနှင့် ဆက်ပြီးသွားနေရပါဦးမည်။ ဘယ်လောက်ရှည်ကြာအောင် သွားနေဦးမည်ကိုတော့ မခန့်မှန်းတတ်သေးပေ။
တရားတွေ့ပြီး တရားမွေ့သည့်တစ်နေ့တော့ ဒီအကောင်အထည်မရှိသည့် သံယောဇဉ်ကြိုးတွေ ကျွန်တော့်စိတ်သဏ္ဍာန်ကနေ ပျောက်ပျက်အောင် ဖြတ်ထုတ်နိုင်ကောင်းပါရဲ့…..။ ။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
သံယောဇဉ်ကြိုး
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service