ကမ္ဘာ့အညစ်ပတ်ဆုံးလူသား နှစ်ပေါင်း ၆၀ ကြာမှ တစ်ကြိမ်ရေချိုး (Lifestyle World)
ကမ္ဘာ့အညစ်ပတ်ဆုံးလူသား နှစ်ပေါင်း ၆၀ ကြာမှ တစ်ကြိမ်ရေချိုး (Lifestyle World) - Property News in Myanmar from iMyanmarHouse.com
18 Jan 2023 11:52 am တွင် တင်ခဲ့သည်
743 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီရန်နိုင်ငံတွင် အဘိုးအိုတစ်ဦးသည် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ရေချိုးပြီးနောက် လအနည်းငယ် အကြာတွင် သေဆုံးသွားကြောင်း People သတင်းဌာနက ဖော်ပြသည်။
ကမ္ဘာ့အညစ်ပတ်ဆုံးလူသားဟု အမည်ပေးခြင်းခံရသူ အီရန် ရသေ့တစ်ပါးသည် ရာစုနှစ်ထက်ဝက်ကျော် ရေမချိုးဘဲ နေရာမှ အသက် ၉၄ နှစ်အရွယ်တွင် ပထမဆုံးအကြိမ် ရေချိုးခဲ့ပြီး ကျန်းကျန်းမာမာ အခြေအနေ ရှိရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြသည်ဟု theguardian သတင်းဌာနက ဖော်ပြသည်။
အီရန်နိုင်ငံပိုင် Irna သတင်းဌာနက ဖော်ပြသည်မှာ အိုမူ ဟာဂျီ- Amou Haji (သက်ကြီးရွယ်အိုတစ်ဦးကို ခေါ်သည့် အခေါ်အဝေါ်) သည် အီရန်နိုင်ငံတောင်ပိုင်း Fars ပြည်နယ်၊ Dejgah ကျေးရွာတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဟာဂျီသည် အိုးမဲများဖြင့် ပေလူးနေပြီး ဘိလပ်မြေ၊ သဲ၊ မီးသွေးပြားတို့ဖြင့် ပြုလုပ်ထားသော အပေါ့စားအုတ်ဖြင့် ဆောက်လုပ်ထားသည့် တဲကုပ်အတွင်း နေထိုင်ကြောင်း ဒေသတွင်း သတင်းမီဒီယာတို့က ဖော်ပြသည်။
ဟာဂျီသည် ရေချိုးခြင်း (သို့မဟုတ်) ဆပ်ပြာသုံးခြင်းမလုပ်သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ ဖြစ်သည်။
ကျေးရွာသားတို့က ပြောသည်မှာ ဟာဂျီသည် လူငယ်ဘဝတွင် စိတ်ထိခိုက်ဖွယ် ဖြစ်ရပ်ကြုံတွေ့ခဲ့ရမှုကြောင့် ရေချိုးသန့်စင်မှုများ မပြုလုပ်တော့ခြင်းဖြစ်သည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း Tehran Times သတင်းဌာန၏ ဖော်ပြချက်အရ ဟာဂျီသည် လမ်းပေါ်တွင် ကားတိုက်ခံရ ကာ သေဆုံးလေ့ရှိသော တိရ စ္ဆာန်များကို စားသောက်ခြင်း၊ တိရ စ္ဆာန်မစင်များဖြင့် ပြည့်နှက်နေ သော ဆေးတံသောက်ခြင်းတို့ ပြုလုပ်လေ့ရှိပြီး သန့်သန့်ရှင်းရှင်းနေထိုင်ခြင်းမှာ ၎င်းအား နေထိုင်မကောင်း ဖြစ်စေလိမ့်မည်ဟု ဟာဂျီက ယူဆသည်။
ဟာဂျီ၏ အကြိုက်ဆုံးအစားအစာမှာ ဖြူကောင်ဖြစ်သည်ဟု ဆိုသည်။
ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ စီးကရက်များစွာကို တပြိုင်တည်းသောက်နေပုံကိုလည်း တွေ့ရသည်။
သို့သော် လွန်ခဲ့သော လအနည်းငယ်ကမူ ရွာသားများက သူ့အား ပထမဆုံးအကြိမ် သန့်ရှင်းရေးလုပ်ရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း Irna က ဖော်ပြသည်။
ဟာဂျီကွယ်လွန်သွားပြီးနောက်ပိုင်း အညစ်ပတ်ဆုံးလူသားဘွဲ့မှာ အိန္ဒိယနိုင်ငံမှ အမျိုးသားတစ်ဦးက ဆက်ခံသွားသည်။ ထိုသူသည်လည်း သူ့ဘဝ၏ ကာလအများစု ရေမချိုးဟု ဆိုသည်။
၂၀၀၉ ခုနှစ်တွင် Hindustan Times သတင်းဌာန၏ ဖော်ပြချက်အရ ဗာရာဏသီမြို့ပြင်မှ ကျေးရွာတစ်ခုတွင် နေထိုင်သူ ကယ်လာ့ရှ် ကလော ဆင်း (Kailash “Kalau”Singh ) အမည်ရှိ အမျိုးသားသည် ရေမချိုးသည်မှာ နှစ်ပေါင်း ၃၀ ကျော်ရှိပြီဟု ဆိုသည်။
တိုင်းပြည်က ရင်ဆိုင်နေရသော ပြဿနာများအားလုံး ချုပ်ငြိမ်းသွားစေရေးအတွက် အထောက်အကူဖြစ်စေရန် ရေမချိုးဘဲ နေထိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရေချိုးခြင်းထက် သူ၏ စကားအရ “မီးချိုးခြင်း” ကိုသာ ဆင်းက ပိုမိုနှစ်သက်သည်။
“ညနေတိုင်းမှာ ရွာသားတွေ စုဝေးပြီး ဆင်းက မီးပုံဖိုတယ်။ ပြီးရင် ဆေးခြောက်ရှုတယ်။ အဲဒီနောက်မှာ ခြေထောက် တစ်ချောင်းထဲပေါ်မှာ မတ်တပ်ရပ်ပြီး သီဝနတ်ဘုရားကို ရှိခိုးပူဇော်လေ့ရှိတယ်။”ဟု Hindustan Times သတင်းဌာနက ဖော်ပြသည်။
ဆင်းက ပြောသည်မှာ “ဒါက ရေကို သုံးပြီး ရေချိုးတဲ့အတိုင်းပါပဲ။ မီးချိုးတာက ခန္ဓာကိုယ်ထဲက ရောဂါပိုးမွှားတွေ အားလုံး သေစေနိုင်ပါတယ်။” ဟုဆိုသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: World’s dirtiest man’ dies in Iran at 94 a few months after first wash (theguardian,tv47.digital)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service