ရုရှားနိုင်ငံမှ ယာကွတ်မြို့တွင် အပူချိန် အနှုတ် ၅၀ ဒီဂရီအထိ ကျဆင်းနေပြီး ကမ္ဘာပေါ်တွင် အအေးဆုံး နေရာဖြစ်နေ
ရုရှားနိုင်ငံမှ ယာကွတ်မြို့တွင် အပူချိန် အနှုတ် ၅၀ ဒီဂရီအထိ ကျဆင်းနေပြီး ကမ္ဘာပေါ်တွင် အအေးဆုံး နေရာဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
18 Jan 2023 10:36 am တွင် တင်ခဲ့သည်
811 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သင်၏ ဒေသမှ ဆောင်းရာသီမှာ အေးလှသည်ဟု ထင်နေပါသလား။
ကမ္ဘာ့အအေးဆုံးမြို့တွင် အပူချိန်မှာ အနှုတ် ၅၀ ဒီဂရီ ဆဲစီးယပ် (အနှုတ် ၅၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းလျက် ရှိသည်။
(ယာကွတ်မြို့တွင် အအေးဆုံးကာလအဖြစ် စံချိန်တင်ခဲ့သည်မှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလကဖြစ်ပြီး ထိုစဉ်က အနှုတ် ၈၃ ဒသမ ၉ ဖာရင်ဟိုက်အထိ အေးခဲခဲ့သည်)
ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားအရှေ့ပိုင်းမှာ ယာကွတ်မြို့- Yakutsk သည် ကမ္ဘာပေါ်တွင် အအေးဆုံးဒေသများမှ တစ်ခုအဖြစ် ယခင်ကပင် လူသိများခဲ့သည်။
ယခုအခါ ယာကွတ်မြို့တွင် သမားရိုးကျမဟုတ်သော အပူချိန်ကို ရင်ဆိုင်ရလျက်ရှိသည်။ ဇန်နဝါရီလသည် ယာကွတ်၏ အအေးဆုံးလဖြစ်သည်။
ဒေသခံတို့သည် အေးခဲနေသည့်ကာလများနှင့် ကျင့်သားရနေပြီဖြစ်သော်လည်း ခန္ဓာကို ယ်အနွေးဓာတ် ထိန်းသိမ်းရန်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရလျက်ရှိသည်။
“ဒီအအေးဒဏ်ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အအေးဒဏ်ကို ရင်ဆိုင်နိုင်အောင် ဝတ်စားထားဖို့ လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် ခံစားသွားရပါလိမ့်မယ်” ဟု လည်စီး ၂ ထည်၊ လက်အိတ်အထပ်ထပ်၊ ဦးထုပ်များနှင့် ခေါင်းခြုံများ ဝတ်ဆင်ထားသော ဒေသခံတစ်ဦးက ပြောသည်။
အဝတ်အစားများကို အထပ်ထပ်ဝတ်ဆင်ထားရန်မှာ အဓိက အချက်ဖြစ်ကြောင်း ဒေသဈေးတွင် ရေခဲနေသော ငါးများ ရောင်းချသည့် အခြားဒေသခံတစ်ဦးက ပြောသည်။ “နွေးနွေးထွေးထွေးရှိအောင် ဝတ်ဆင်ပါ။ ဂေါ်ဖီထုပ်လိုပဲ အထပ်ထပ်သာ ဝတ်ထားပါ”ဟု သူမက ဆိုသည်။
အချို့ဒေသခံများက ပြောသည်မှာ ၂၀၁၈ ခုနှစ်အတွင်းကလည်း အလွန်အေးခဲလှပြီး မျက်တောင်မွေးများပင် ရေခဲနေကြောင်း ပြောသည်။
(ငါးရောင်းသူများဖြစ်သော Marina Krivolutskaya နှင့် Marianna Ugai တို့ကို ယာကွတ်ရှိ အေးခဲသော နေ့တစ်နေ့တွင် လဟာပြင်ဈေးတစ်ခု၌ တွေ့ရပုံ။ ဇန်နဝါရီ ၁၅ ၊ ၂၀၂၃ ခုနှစ်။ ဓာတ်ပုံ- Roman Kutukov/ Reuters)
ဒေသခံ ၂၅၀၀၀၀ ကျော် အခြေချနေထိုင်သော ယာကွတ်မြို့၏ ဆောင်းတွင်းသည် ရုရှားစံနှုန်းဖြင့်ပင်လျှင် ရာသီဥတု ဆိုးရွားသည့်ဒေသ ဖြစ်သည်။
ယာကွတ်မြို့သားတို့က အလွန်တရာအေးခဲလှသော အအေးဒဏ်ကို ရပ်စကီချိုင်း (ဗော့ဒ်ကာကို ခေါ်ဝေါ်သည့် ရုရှားစကား) ဖြင့် အံတုကြသည်။
၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း မြို့အနီးရှိ တောအုပ်များအား တောမီးလောင်ကျွမ်းမှုကြောင့် ဒေသတစ်ခုလုံး မီးခိုးများ ထူထဲစွာ ဖုံးလွှမ်းနေမှုဖြင့် ယာကွတ်မြို့မှာ နိုင်ငံတကာတွင် ကျော်ကြားခဲ့သည်။
သိပ္ပံပညာရှင်တို့သည် ဆိုက်ဘေးရီးယားတွင် ရာသီဥတုပြောင်းလဲမှုကြောင့် တောမီးလောင်ကျွမ်းမှုအကြိမ်ရေ မြင့်မားလာနေခြင်းအပေါ် ရတက်မအေးဖြစ်လျက် ရှိကြသည်။
(ဓာတ်ပုံ-archeohistories/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(ဓာတ်ပုံ-mid_yakutsk/Twitter)
(တွစ်တာတွင် မျှဝေခဲ့ကြသော ဤဓာတ်ပုံတွင် ယာကွတ်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးက ရေနွေးပုလင်းတစ်ခုကို စက်ဝိုင်းပုံ လေထဲသို့ ပက်လိုက်စဉ် ရေခဲသွားပုံ တွေ့ရမည် ဖြစ်သည်။ ဓာတ်ပုံ- okba_lo/Twitter)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: It’s now minus 50 in the world’s coldest city (cnn, republicworld)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service