ကင်မ်ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက် ကင်ညေးဝက်စ်နှင့် ဇနီးသစ် ဘီယန်းကာ ဆန်ဆိုရီ ဟန်းနီးမွန်းခရီး ထွက်ခဲ့သည့် ခမ်းနားထည်ဝါသော အပန်းဖြေစခန်း
ကင်မ်ကာဒါရှီယန်နှင့် ကွာရှင်းပြီးနောက် ကင်ညေးဝက်စ်နှင့် ဇနီးသစ် ဘီယန်းကာ ဆန်ဆိုရီ ဟန်းနီးမွန်းခရီး ထွက်ခဲ့သည့် ခမ်းနားထည်ဝါသော အပန်းဖြေစခန်း - Property News in Myanmar from iMyanmarHouse.com
18 Jan 2023 10:02 am တွင် တင်ခဲ့သည်
534 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကင်ညေးဝက်စ်သည် သူ၏ Yeezy ဖက်ရှင်ကုမ္ပဏီမှ ဒီဇိုင်နာ မိန်းကလေး ဘီယန်းကာ ဆန်ဆိုရီ (Bianca Censori ) (အီတလီ အသံထွက်အားဖြင့် ဘီယန်းက ချန်းဆိုရီ) နှင့် ပြီးခဲ့သော ကြာသပတေးနေ့က လျှို့ဝှက် လက်ထပ်ခဲ့ကြကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
ကင်ညေးဝက်စ်တို့ ကြင်စဦးစုံတွဲသည် အမေရိကန်ပြည်ထောင်စု ၊ ယူတားပြည်နယ်ရှိ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းတစ်ခုတွင် အချိန်ကုန်လွန် ဖြတ်သန်းလျက်ရှိကြောင်း သိရသည်။
ယူတားပြည်နယ် ၊ Canyon Point အရပ်ရှိ အယ်မင်ဂျီရီ (Amangiri) အမည်ရှိ အပန်းဖြေစခန်းတွင် ဟန်းနီးမွန်းထွက်လျက်ရှိခြင်း ဖြစ်သည်။
အဆိုပါ အပန်းဖြေစခန်းတွင် Suite အခန်းပေါင်း ၃၄ ခန်းနှင့် အိပ်ခန်း ၄ ခန်းပါ စံအိမ်တစ်လုံးလည်း ရှိသည်။
အပန်းဖြေစခန်းသည် ဧက ၆၀၀ ကျယ်သော Grand Circle အမျိုးသားဥယျာဉ်တွင် တည်ရှိခြင်း ဖြစ်သည်။
အခန်းခမှာ ဒေါ်လာ ၃၃၀၀ မှ ဒေါ်လာ ၆၄၀၀ ကြားရှိပြီး Suite အခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၅၀၀၀ ခန့်ရှိသည်။
စတုရန်းပေ ၅၈၅၃ ကျယ်ဝန်းသော စံအိမ်၏ ငှားရမ်းခကိုမူ အများပြည်သူသို့ ထုတ်ပြန်ထားခြင်း မရှိပေ။
ကင်ညေးဝက်စ်တို့ စုံတွဲအနေဖြင့် ဒေသခံ Navajo တိုင်းရင်းသားတို့၏ ကုထုံးနည်းလမ်းကို အခြေခံသည့် Aman Spa သို့လည်း သွားရောက်နိုင်မည် ဖြစ်သည်။
Aman Spa သည် အကျယ်အဝန်း စတုရန်းပေ ၂၅၀၀၀ ရှိပြီး အပန်းဖြေစခန်းဝန်းအတွင်း တည်ရှိကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။
(ကင်ညေးဝက်စ်နှင့် ဘီယန်းကာ ဆန်ဆိုရီတို့ ဟန်းနီးမွန်း ထွက်ခဲ့သော အယ်မင်ဂျီရီ အပန်းဖြေစခန်း။ ဓာတ်ပုံ- အယ်မင်ဂျီရီ )
(အယ်မင်ဂျီရီ အပန်းဖြေစခန်းဝန်းမှာ ဧက ၆၀၀ ရှိသော အမျိုးသားဥယျာဉ်အတွင်း တည်ရှိသည်။ ဓာတ်ပုံ- အယ်မင်ဂျီရီ)
(စတုရန်းပေ ၅၈၅၃ ကျယ်ဝန်းသော စံအိမ်၏ ငှားရမ်းခကိုမူ အများပြည်သူသို့ ထုတ်ပြန်ထားခြင်း မရှိပေ။ ဓာတ်ပုံ- အယ်မင်ဂျီရီ)
(အခန်းခမှာ ဒေါ်လာ ၃၃၀၀ မှ ဒေါ်လာ ၆၄၀၀ ကြားရှိပြီး Suite အခန်းများ၏ ပျမ်းမျှဈေးနှုန်းမှာ ဒေါ်လာ ၅၀၀၀ ခန့်ရှိသည်။ ဓာတ်ပုံ -အယ်မင်ဂျီရီ )
(ဒေသခံ Navajo တိုင်းရင်းသားတို့၏ ကုထုံးကို အခြေခံသည့် Aman Spa မှာ စတုရန်းပေ ၂၅၀၀၀ ကျယ်ဝန်းသည်။ ဓာတ်ပုံ - အယ်မင်ဂျီရီ )
ကင်ညေးဝက်စ်တို့ စုံတွဲသည် တရားဝင် လက်ထပ်စာချုပ် ရရှိရန် တင်ပြရသေးခြင်းမရှိရာ ၎င်းတို့၏ လက်ထပ်မှုမှာ တရားမဝင်သေးဟု ဆိုနိုင်ကြောင်း TMZ သတင်းဌာနက ဖော်ပြသည်။
ကင်ညေးဝက်စ်တို့ စုံတွဲ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးအရပ်ရှိ Waldorf Astoria ဟိုတယ်သို့ ရောက်ရှိလာချိန်တွင် လက်ထပ်လက်စွပ်သစ်များ ဝတ်ဆင်ထားသည်ကို တွေ့ခဲ့ကြရသည်။
ဆန်ဆိုရီသည် ကင်ညေးဝက်စ်၏ Yeezy ကုမ္ပဏီမှ ဗိသုကာဒီဇိုင်နာတစ်ဦး ဖြစ်သည်။ သူ၏ LinkedIn profile တွင် ဖော်ပြထားချက်အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် အဆိုပါ ရာထူးဖြင့် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ရာ ရာထူးသက်တမ်း ၂ နှစ်ကျော်သာ ရှိသေးသည်။
ID မဂ္ဂဇင်းနှင့် ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သော အင်တာဗျူးတွင် ဖြေကြားခဲ့မှုအရ ဆန်ဆိုရီ၏ အသက်မှာ ၂၇ နှစ်ခန့် ရှိသည်ဟု ခန့်မှန်းရရာ ကင်ညေးဝက်စ်အောက် အသက် ၁၅ နှစ်ခန့် ငယ်ရွယ်သူလည်း ဖြစ်သည်။
(ကင်ညေးဝက်စ်က ဆန်ဆိုရီနှင့် လျှို့ဝှက် မင်္ဂလာဆောင်ခဲ့သည်။ ဓာတ်ပုံ - TMZ/Backgrid)
(ကင်ညေးဝက်စ်၏ လက်သူကြွယ်တွင် လက်ထပ်လက်စွပ် ဝတ်ထားသည်ကို တွေ့ရသည်။ ဓာတ်ပုံ- The Image Direct / BACKGRID)
(ဆန်ဆိုရီသည် ကင်ညေးဝက်စ်၏ ကုမ္ပဏီတွင် ဗိသုကာဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ၂ နှစ်ခန့် ရှိပြီ ဖြစ်သည်။ ဓာတ်ပုံ - The Image Direct / BACKGRID)
(ကင်ညေးဝက်စ်တို့ စုံတွဲ၏ လက်ထပ်မှုမှာ တရားဝင် ဖြစ်သေးပုံ မပေါ်ချေ။ ဓာတ်ပုံ - The Image Direct / BACKGRID)
၎င်းတို့နှစ်ဦး မည်သည့် အချိန်တွင် တွေ့ဆုံခဲ့သည် ၊ မည်သည့် အချိန်တွင် စတွဲခဲ့ကြသည်ကိုမူ အတိအကျ မသိရချေ။
သို့သော် ကင်ညေးဝက်စ်၏ Yeezy ကုမ္ပဏီတွင် ဆန်ဆိုရီ အလုပ်စဝင်သည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဝန်းကျင်တွင် စတင်ဆုံစည်းခဲ့ခြင်းဖြစ်သည်ဟု ယူဆနိုင်သည်။
အသက် ၄၅ နှစ်ရှိပြီဖြစ်သော ကင်ညေးဝက်စ်သည် ပြီးခဲ့သော ဒီဇင်ဘာက “Censori Overload” ဟူသော အမည်ဖြင့် သီချင်းတစ်ပုဒ်သီဆိုထုတ်လုပ်ခဲ့ရာ သူ၏ဇနီးလောင်း ဆန်ဆိုရီကို ရည်ညွှန်းခဲ့ဟန်ပေါ်သည်။
(ဘီယန်းကာ ဆန်ဆိုရီ။ ဓာတ်ပုံ-ဖေ့စ်ဘုတ်)
(ဘီယန်းက ဆန်ဆိုရီ)
(ဘီယန်းကာ ဆန်ဆိုရီ)
ကင်ညေးဝက်စ်နှင့် ကင်မ်ကာဒါရှီယန်တို့ အိမ်ထောင်သက် ၇ နှစ်ခန့်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ပြီးနောက်ပိုင်း မကြာမီတွင်ပင် ကင်ညေးဝက်စ်က ဆန်ဆိုရီနှင့် လက်ထပ်လိုက်ခြင်းလည်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Ref: Kanye West and new ‘wife’ Bianca Censori honeymoon at lavish Utah resort (nypost)
[Zawgyi]
(ဘီယန်းကာ ဆန်ဆိုရီ။ ဓာတ်ပုံ-ဖေ့စ်ဘုတ်)
(ဘီယန်းက ဆန်ဆိုရီ)
(ဘီိယန်းကာ ဆန်ဆိုရီ)
(ဘီယန်းကာ ဆန်ဆိုရီ။ ဓာတ်ပုံ- Christopher Peterson / SplashNews.com)
(ဘီယန်းကာ ဆန်ဆိုရီ။ ဓာတ်ပုံ- Linkedin)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Innwa Pyae Sone
Ponnami Estate
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service