ရောင်းသူနဲ့ဝယ်သူ (ဂျင်းမထည့်ချင်ပါနဲ့တော့)

ရောင်းသူနဲ့ဝယ်သူ (ဂျင်းမထည့်ချင်ပါနဲ့တော့) - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2023 1:32 pm တွင် တင်ခဲ့သည်
815 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကျွန်တော်ကဈေးမဝယ်သော်လည်း ဇနီးဖြစ်သူဈေးမှ ဝယ်လာသည့် ဟင်းစားများကို ကျွန်တော်ကိုင်ရသည်။

ကျွန်တော့်ဇနီးသည်မှာ ဈေးကနေ အလေးချိန်နှင့်ဝယ်လာသော ပစ္စည်းများကို အိမ်ရောက်လျှင် အလေးချိန် ပြည့် မပြည့် ပြန်ချိန်ကြည့်တတ်သည်။ မပြည့်လျှင်နောက်တစ်ကြိမ်တွင် ထိုဆိုင်တွင်မဝယ်တော့ပေ။

ထို့အပြင် ဈေးသည်ကို ယုံကြည်ပြီး အချို့သောပစ္စည်းများကို ရွေးချယ်မနေဘဲ ဈေးသည်ထည့်ပေးသည့်အတိုင်း ယူခဲ့တတ်သည်။

အိမ်ရောက်လို့ ကိုင်တွယ်ဆေးကြောဖို့လုပ်မှ အနာအစာပါသော ပစ္စည်းများဖြစ်နေလျှင် ဗျစ်တောက် ဗျစ်တောက်နှင့် ပြောနေပါတော့သည်။ထိုဆိုင်များအနေနှင့် နောက်များဘယ်လိုပင် ခေါ်ရောင်းရောင်း မဝယ်တော့ပေ။

 

တချို့သောဆိုင်တို့သည် တန်ဖိုးလည်းအပြည့်တောင်းပြီး အလေးချိန်ကလည်းခိုးလိုက်ကြသေးသည်။ အချို့သောဆိုင်များမှာ အလေးမှန် ဈေးမှန်။အချို့မှာ ဈေးသက်သာသော်လည်း အလေးမပြည့်တတ်။

အချို့သောဆိုင်တို့က ဈေးသက်သာသည့်အပြင် လက်သာအောင်ထည့်ပေးတတ်ကြသည်။အပြောအဆို ဆက်ဆံရေးကောင်းပြီး လက်သာသည့်ဆိုင်တို့တွင် ဈေးဝယ်သူတို့မပြတ်ဘဲ စည်ကားနေမြဲဖြစ်သည်။

လူတို့သည် ပစ္စည်းတူ ဈေးတူလျှင်တောင်မှ အပြောအဆိုနှင့်လက်သာသူထံတွင်သာ အားပေးဝယ်ယူကြသည်။

မလှူတတ် ဈေးရောင်းဆိုသည့်စကားရှိသည်။အမြတ်ရဖို့ကိုသာ တွေးနေသည့် ဈေးသည်ထံသို့ လာဝယ်သူ နည်းပါးပါလိမ့်မည်။ ပါးစပ်ကလည်း စေတနာပါရမည်။လက်ကလည်းစေတနာပါ ပါမှ အလှူကဲ့သို့သော ဈေးရောင်းခြင်းဖြစ်ပါလိမ့်မည်။

ရွေးချယ်စရာများသည့်ခေတ်တွင် ဂျင်းထည့်သည့်အပေါက်မျိုးကို မဖြစ်မနေရှောင်ကြဉ်သင့်ပါသည်။ ယခုခေတ်သည် ယခင်ကကဲ့သို့မျက်စိပိတ် နားပိတ်ခေတ်မဟုတ်တော့ပေ။ခရီးအတိုင်းအတာ ဝေးသောခေတ်လည်း မဟုတ်တော့ပေ။စားချင်ဝယ်ချင်လျှင် အချိန်မရွေး၊နေရာမရွေး သွားရောက်ဝယ်ယူ စားသောက်ကြသည်။

 

 

တစ်ကြိမ်ဂျင်းထည့်လို့ရကောင်းသော်လည်း စေတနာဆိုးဖြင့်လုပ်သော အလုပ်ဖြစ်ပါက ခံရသူတို့၏ ပါစပ်ကြော်ငြာကတစ်ဆင့် သင့်၏ယုတ်မာသောလုပ်ရပ်တို့ကို သိသွားပြီး လုပ်ငန်းတို့ကျရှုံးသွားပါလိမ့်မည်။

တီဗီကြော်ငြာတွေ၊ဘေဘုတ်ကြော်ငြာတွေ ဘယ်လောက်ပဲ ကြော်ငြာနေနေ သုံးစွဲသူအပေါ် မှန်ကန်သည့် ပစ္စည်းမပေးနိုင်သမျှ လုပ်ငန်းတို့ အောင်မြင်ပါ့မလား တွေးဆကြရပါလိမ့်မည်။

ပစ္စည်းမှန်ပေးတတ်ပြီး ဈေးဝယ်သူရဲ့ လိုအပ်ချက်လေးကို စေတနာစကားလေးများနှင့် ဖြည့်ဆည်းပေးတတ် သည့် ဈေးရောင်းသူနှင့်ဈေးဆိုင်တို့အား ဆက်ဆံဖူးသူတိုင်းက တစ်ဆင့်စကားဖြင့် အခမဲ့ ကျေကျေနပ်နပ် ကြော်ငြာပေးကြပါလိမ့်မည်။

လက်ကိုင်ဖုန်းတွေက သင့်တို့ရဲ့အပြုအမူဆက်ဆံရေးတို့၏ ဆိုးခြင်းကောင်းခြင်းကို မှတ်တမ်းတင်ပြီးလည်း မျှဝေခြင်းခံရပါလိမ့်မည်။ဂျင်းကောင်ကို ဂျင်းကောင်အလျောက် ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်သော ခေတ်ကြီးတွင် ဂျင်းထည့်ဖို့မကြိုးစားရန် ကြိုးစားကြဖို့သာရှိတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

ေရာင္းသူနဲ႔ဝယ္သူ  (ဂ်င္းမထည့္ခ်င္ပါနဲ႔ေတာ့)

 

ကၽြန္ေတာ္ကေဈးမဝယ္ေသာ္လည္း ဇနီးျဖစ္သူေဈးမွ ဝယ္လာသည့္ ဟင္းစားမ်ားကို ကၽြန္ေတာ္ကိုင္ရသည္။

ကၽြန္ေတာ့္ဇနီးသည္မွာ ေဈးကေန အေလးခ်ိန္ႏွင့္ဝယ္လာေသာ ပစၥည္းမ်ားကို အိမ္ေရာက္လွ်င္ အေလးခ်ိန္ ျပည့္ မျပည့္ ျပန္ခ်ိန္ၾကည့္တတ္သည္။ မျပည့္လွ်င္ေနာက္တစ္ႀကိမ္တြင္ ထိုဆိုင္တြင္မဝယ္ေတာ့ေပ။

ထို႔အျပင္ ေဈးသည္ကို ယုံၾကည္ၿပီး အခ်ိဳ႕ေသာပစၥည္းမ်ားကို ေရြးခ်ယ္မေနဘဲ ေဈးသည္ထည့္ေပးသည့္အတိုင္း ယူခဲ့တတ္သည္။

အိမ္ေရာက္လို႔ ကိုင္တြယ္ေဆးေၾကာဖို႔လုပ္မွ အနာအစာပါေသာ ပစၥည္းမ်ားျဖစ္ေနလွ်င္ ဗ်စ္ေတာက္ ဗ်စ္ေတာက္ႏွင့္ ေျပာေနပါေတာ့သည္။ထိုဆိုင္မ်ားအေနႏွင့္ ေနာက္မ်ားဘယ္လိုပင္ ေခၚေရာင္းေရာင္း မဝယ္ေတာ့ေပ။

တခ်ိဳ႕ေသာဆိုင္တို႔သည္ တန္ဖိုးလည္းအျပည့္ေတာင္းၿပီး အေလးခ်ိန္ကလည္းခိုးလိုက္ၾကေသးသည္။ အခ်ိဳ႕ေသာဆိုင္မ်ားမွာ အေလးမွန္ ေဈးမွန္။အခ်ိဳ႕မွာ ေဈးသက္သာေသာ္လည္း အေလးမျပည့္တတ္။

အခ်ိဳ႕ေသာဆိုင္တို႔က ေဈးသက္သာသည့္အျပင္ လက္သာေအာင္ထည့္ေပးတတ္ၾကသည္။အေျပာအဆို ဆက္ဆံေရးေကာင္းၿပီး လက္သာသည့္ဆိုင္တို႔တြင္ ေဈးဝယ္သူတို႔မျပတ္ဘဲ စည္ကားေနၿမဲျဖစ္သည္။

လူတို႔သည္ ပစၥည္းတူ ေဈးတူလွ်င္ေတာင္မွ အေျပာအဆိုႏွင့္လက္သာသူထံတြင္သာ အားေပးဝယ္ယူၾကသည္။

မလွဴတတ္ ေဈးေရာင္းဆိုသည့္စကားရွိသည္။အျမတ္ရဖို႔ကိုသာ ေတြးေနသည့္ ေဈးသည္ထံသို႔ လာဝယ္သူ နည္းပါးပါလိမ့္မည္။ ပါးစပ္ကလည္း ေစတနာပါရမည္။လက္ကလည္းေစတနာပါ ပါမွ အလွဴကဲ့သို႔ေသာ ေဈးေရာင္းျခင္းျဖစ္ပါလိမ့္မည္။

ေရြးခ်ယ္စရာမ်ားသည့္ေခတ္တြင္ ဂ်င္းထည့္သည့္အေပါက္မ်ိဳးကို မျဖစ္မေနေရွာင္ၾကဥ္သင့္ပါသည္။ ယခုေခတ္သည္ ယခင္ကကဲ့သို႔မ်က္စိပိတ္ နားပိတ္ေခတ္မဟုတ္ေတာ့ေပ။ခရီးအတိုင္းအတာ ေဝးေသာေခတ္လည္း မဟုတ္ေတာ့ေပ။စားခ်င္ဝယ္ခ်င္လွ်င္ အခ်ိန္မေရြး၊ေနရာမေရြး သြားေရာက္ဝယ္ယူ စားေသာက္ၾကသည္။

တစ္ႀကိမ္ဂ်င္းထည့္လို႔ရေကာင္းေသာ္လည္း ေစတနာဆိုးျဖင့္လုပ္ေသာ အလုပ္ျဖစ္ပါက ခံရသူတို႔၏ ပါစပ္ေၾကာ္ျငာကတစ္ဆင့္ သင့္၏ယုတ္မာေသာလုပ္ရပ္တို႔ကို သိသြားၿပီး လုပ္ငန္းတို႔က်ရႈံးသြားပါလိမ့္မည္။

တီဗီေၾကာ္ျငာေတြ၊ေဘဘုတ္ေၾကာ္ျငာေတြ ဘယ္ေလာက္ပဲ ေၾကာ္ျငာေနေန သုံးစြဲသူအေပၚ မွန္ကန္သည့္ ပစၥည္းမေပးႏိုင္သမွ် လုပ္ငန္းတို႔ ေအာင္ျမင္ပါ့မလား ေတြးဆၾကရပါလိမ့္မည္။

ပစၥည္းမွန္ေပးတတ္ၿပီး ေဈးဝယ္သူရဲ႕ လိုအပ္ခ်က္ေလးကို ေစတနာစကားေလးမ်ားႏွင့္ ျဖည့္ဆည္းေပးတတ္ သည့္ ေဈးေရာင္းသူႏွင့္ေဈးဆိုင္တို႔အား ဆက္ဆံဖူးသူတိုင္းက တစ္ဆင့္စကားျဖင့္ အခမဲ့ ေက်ေက်နပ္နပ္ ေၾကာ္ျငာေပးၾကပါလိမ့္မည္။

လက္ကိုင္ဖုန္းေတြက သင့္တို႔ရဲ႕အျပဳအမူဆက္ဆံေရးတို႔၏ ဆိုးျခင္းေကာင္းျခင္းကို မွတ္တမ္းတင္ၿပီးလည္း မွ်ေဝျခင္းခံရပါလိမ့္မည္။ဂ်င္းေကာင္ကို ဂ်င္းေကာင္အေလ်ာက္ ကြက္ကြက္ကြင္းကြင္း ေဖာ္ျပႏိုင္ေသာ ေခတ္ႀကီးတြင္ ဂ်င္းထည့္ဖို႔မႀကိဳးစားရန္ ႀကိဳးစားၾကဖို႔သာရွိေတာ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service