ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အဆောက်အအုံတစ်ခုရဲ့ အတွင်း၊အပြင်နံရံတွေကို ပတ်တီးကိုင်ခြင်းဟာ ဆေးသုတ်လုပ်ငန်းများမှာ မရှိမဖြစ် လိုအပ်တဲ့ အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ဗိသုကာနယ်ပယ် ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပတ်တီးအသုံးပြုမှုဟာ ကျယ်ပြန့်လာပါတယ်။ ဒီလိုပတ်တီးကိုင်တဲ့အဆင့်မှာ ပတ်တီးဆွဲရခက်ခြင်း၊ မျက်နှာပြင်အလွှာကွဲအက်ခြင်းနှင့် ကွာကျခြင်းစတဲ့ အရည်အသွေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိကြပါတယ်။ ဒါကြောင့် ပတ်တီးကိုင်တဲ့အခါ အဖြစ်များလေ့ရှိတဲ့ ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ
? ခြောက်သွေ့လွန်းသော (သို့) စိုစွတ်လွန်းသော အောက်ခံမျက်နှာပြင် တည်ဆောက်မှုကြောင့် ပတ်တီးကို အမှုန်များ ထစေခြင်း (သို့) ပတ်တီးပွစေခြင်း
အတွင်းနံရံပတ်တီး အများစုကို Ca(OH)2 ဖြင့် တည်ဆောက်ထားပြီး ၎င်းအတွက် နံရံရဲ့ အခြေခံမျက်နှာပြင်နှင့် ဆောက်လုပ်ရေးပတ်ဝန်းကျင်မှာ မြင့်မားသော စိုထိုင်းဆ လိုအပ်ပါတယ်။ စိုထိုင်းဆ 25% ~ 75% အတွင်းမှာ ကယ်လ်စီယမ်ဟိုက်ဒရောဆိုဒ်ဟာ CaC03 ပုံဆောင်ခဲများကို ကျစ်လျစ်သောဖွဲ့စည်းပုံနဲ့ ဖြစ်ပေါ်လာစေဖို့ လေထဲက CO2, H2O တို့နဲ့ ကောင်းစွာ ဓါတ်ပြုနိုင်ပါတယ်။ စိုထိုင်းဆ များလွန်းတဲ့အခါ လေထဲမှာ CO2 ရဲ့ ပမာဏက ဆက်တိုက်ဆိုသလို နိမ့်လာပါတယ်။ စိုထိုင်းဆ နည်းလွန်းတဲ့အခါကြရင်တော့ HO က မလုံလောက်တော့ပါဘူး။ ဒါကြောင့် ရလဒ်အနေနဲ့ ဖြစ်ပေါ်လာတဲ့ CaCO3 ပုံဆောင်ခဲ ဖွဲ့စည်းပုံဟာ လျော့ရဲသွားပြီး ပတ်တီးရဲ့ အစွမ်းသတ္တိဟာလည်း အလွန်နည်းသွားကာ မာကြောခြင်း မရှိတော့ပါဘူး။
ဒီပြဿနာမျိုး မဖြစ်အောင် သင့်လျော်တဲ့ ဆောက်လုပ်ရေးပတ်ဝန်းကျင်မှာ ဆောက်လုပ်ဖို့၊ နံရံက ခြောက်သွေ့လွန်းနေရင် ရေဖြန်းပေးဖို့ လိုအပ်ပါတယ်။ စိုစွတ်လွန်းတဲ့ နံရံပေါ်မှာ ပတ်တီးကိုင်ခြင်းမျိုး မလုပ်ဖို့လည်း လိုအပ်ပါတယ်။ နံရံကို အချိန်အကြာကြီးပေးပြီး အခြောက်မခံနိုင်ဘူးဆိုရင် ဘိလပ်မြေအခြေခံ အပြင်ဘက်နံရံပတ်တီး (hydraulic putty) ကို အသုံးပြုသင့်ပါတယ်။
? ရောစပ်ပြီးသား ပတ်တီးကို အသုံးမပြုပဲ အချိန်အကြာကြီးဖွင့်ထားသောကြောင့် ပတ်တီးပျက်သွားခြင်း
ရောစပ်ထားပြီးသား ပတ်တီးရဲ့ မျက်နှာပြင်ဟာ လေနဲ့ အချိန်ကြာမြင့်စွာ ထိတွေ့နေတဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ Ca(oH)2 ဟာ လေထဲက CO နှင့် ပေါင်းစပ်သွားနိုင်ပါတယ်။ ဒီဓါတ်ပြုမှုဟာ CaC0 ကို ထုတ်ပေးပြီး ပုံဆောင်ခဲဖြစ်သွားစေပါတယ်။ တစ်ချိန်တည်းမှာပဲ အတွင်းနံရံရှိ ကော်လွိုင်ဒယ်လ် အစိတ်အပိုင်းများဟာ အလွှာပါးတစ်ချပ် ဖြစ်လာစေဖို့ လုံလောက်တဲ့ ရေဓာတ်ဆုံးရှုံးသွားမှာဖြစ်ပြီး ပတ်တီးဟာ ပျက်သွားမှာဖြစ်ပါတယ်။ ရောစပ်ထားတဲ့ ပတ်တီးကို နောက်တစ်နေ့မှာ အသုံးပြုလိုတယ်ဆိုရင်တော့ လေမထိအောင်၊ ရေမဆုံးရှုံးအောင် လုံခြုံစွာ အဖုံးပိတ်ပြီး သိမ်းဆည်းထားရမှာဖြစ်ပါတယ်။
? အတွင်းနံရံပတ်တီးပေါ် ထပ်ခါတလဲလဲ ရေဖြန်းသောကြောင့် ပတ်တီးပွလာခြင်း၊ ကွာကျခြင်း
အတွင်းနံရံပတ်တီး ခြောက်သွေ့မာကျောသွားပြီးနောက် ထပ်ခါတလဲလဲ ရေဖြန်းခြင်းဟာ ပတ်တီးများကို စိုလိုက်၊ ခြောက်လိုက်နဲ့ သံသရာလည်နေစေပါတယ်။ ဒါ့အပြင် အတွင်းပိုင်းနံရံပတ်တီးတွေအတွက် အသုံးပြုတဲ့ latex powder ဟာ ရေစိုမှုကို ခံနိုင်ရည်မရှိတဲ့ latex powder ဖြစ်ပါတယ်။ ဒါကြောင့် ပတ်တီးပွခြင်း၊ ကွာကျခြင်းတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘိလပ်မြေအခြေခံ အပြင်နံရံ ပတ်တီးကတော့ ထပ်ခါထပ်ခါ ရေပက်ဖြန်းနိုင်ပြီး ရေဖြန်းခြင်းဟာ ဘိလပ်မြေအခြေခံ ပတ်တီးရဲ့ ခိုင်ခံ့မာကျောမှုကို တိုးစေပါတယ်။
? ရေရှည်စိုထိုင်းမှု ရှိနေသော အောက်ခံမျက်နှာပြင်ပေါ် ပတ်တီးသုတ်ခြင်းကြောင့် မျက်နှာပြင် မညီမညာဖြစ်ခြင်း၊ ပွထခြင်း
ထုံးကို အခြေခံထားတဲ့ ပတ်တီးကို စိုစွတ်နေတဲ့ အောက်ခံမျက်နှာပြင်ပေါ် သုတ်လိမ်းမယ်ဆိုရင် ပတ်တီးရဲ့ အပြင်ဘက်အလွှာမှာသာ ပုံဆောင်ခဲများ ဖွဲ့စည်းနိုင်ပြီး ကောင်းစွာ မာကျောနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အတွင်းဘက်ခြမ်းမှာတော့ ရေရှည်စိုထိုင်းဆကြောင့် ပုံဆောင်ခဲများ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အပေါ်ယံလွှာကိုသာ မာကျောစေပြီး အတွင်းပိုင်းကို မာကျောစေမှာ မဟုတ်ပါဘူး။
ဒါကြောင့် နံရံမျက်နှာပြင် ခြောက်သွေ့ပြီးမှသာ ပတ်တီးသုတ်လိမ်းရမှာဖြစ်ပါတယ်။ အကယ်၍ စိုစွတ်နေတဲ့ အောက်ခံမျက်နှာပြင်ပေါ် ပတ်တီးသုတ်လိမ်းလိုတယ်ဆိုရင်တော့ ဘိလပ်မြေအခြေခံ ပတ်တီးကို ရွေးချယ်သင့်ပါတယ်။
? ပူဖောင်းငယ်များ ထခြင်း
အချို့သောနံရံများဟာ မျက်နှာပြင်ပေါ်မှာ ခြောက်သွေ့နေပုံရပေမဲ့ အတွင်းပိုင်းမှာ စိုထိုင်းနေတတ်ပါတယ်။ အထူးသဖြင့် လောလောလတ်လတ် ကွန်ကရစ်အချောထည်လောင်းထားတဲ့ (သို့) ဘိလပ်မြေအင်္ဂတေအချောထည် ပြုလုပ်ထားတဲ့ နံရံတစ်ခုရဲ့ မျက်နှာပြင်ဟာ နေသာတဲ့၊ ခြောက်သွေ့တဲ့ ရာသီဥတုမှာ အပေါ်ယံ ခြောက်သွေ့နေပေမဲ့ နံရံအတွင်းမှာ ရေများစွာ ရှိနေတတ်ပါတယ်။ နံရံရဲ့ အတွင်းပိုင်း စိုထိုင်းဆဟာ နံရံရဲ့ အပြင်ပိုင်းလေထု စိုထိုင်းဆထက် ပိုများလာတဲ့အခါ လေဖိအား ကွာခြားမှု ရှိလာမှာဖြစ်ပြီး အစိုဓာတ်ဟာ နံရံရဲ့ အပြင်ဘက်သို့ ပျံ့နှံ့သွားမှာဖြစ်ပါတယ်။ အကယ်၍ ဒီလိုအခြေအနေမှာ အတွင်းနံရံပတ်တီးကို သုတ်လိုက်မယ်ဆိုရင် ပူဖောင်းငယ်များ ချက်ချင်းပေါ်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ပတ်တီးမသုတ်ခင် နံရံထဲမှာ အစိုဓါတ်ကို အငွေ့ပျံသွားစေဖို့ စောင့်ဆိုင်းရန် လိုအပ်ပါတယ်။ ဒီလိုလုပ်ဖို့ အချိန်အလုံအလောက် မရခဲ့ဘူးဆိုရင်တော့ နံရံပေါ်မှာရှိတဲ့ အပေါက်လေးများကို ပိတ်ဆို့ဖို့အတွက် အစိုဓါတ်ရှိနေတဲ့ နံရံပေါ်မှာ ပထမဆုံးအကြိမ် ပတ်တီးကို ပါးပါးလွှာလွှာနဲ့ ကျစ်ကျစ်လျစ်လျစ် သုတ်လိမ်းပေးနိုင်ပါတယ်။ အဲ့ဒီနောက် 1st coat မခြောက်ခင်မှာပဲ 2nd coat ကို ချက်ချင်းထပ်မံသုတ်လိမ်းပြီး ပူဖောင်းထတဲ့ အရေအတွက်ကို သိသိသာသာ လျှော့ချနိုင်မှာဖြစ်ပါတယ်။
Credit: 3treespaintmm
[Zawgyi]
"နံရံမွာ ပတ္တီးကိုင္တဲ့အခါ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ ျပႆနာမ်ား"
အေဆာက္အအုံတစ္ခုရဲ႕ အတြင္း၊အျပင္နံရံေတြကို ပတ္တီးကိုင္ျခင္းဟာ ေဆးသုတ္လုပ္ငန္းမ်ားမွာ မ႐ွိမျဖစ္ လိုအပ္တဲ့ အဆင့္တစ္ဆင့္ျဖစ္ပါတယ္။ ဗိသုကာနယ္ပယ္ ဖြံ႕ၿဖိဳးတိုးတက္လာတာနဲ႔အမွ် ပတ္တီးအသုံးျပဳမႈဟာ က်ယ္ျပန္႔လာပါတယ္။ ဒီလိုပတ္တီးကိုင္တဲ့အဆင့္မွာ ပတ္တီးဆြဲရခက္ျခင္း၊ မ်က္ႏွာျပင္အလႊာကြဲအက္ျခင္းႏွင့္ ကြာက်ျခင္းစတဲ့ အရည္အေသြးဆိုင္ရာ ျပႆနာအမ်ိဳးမ်ိဳးကို ၾကဳံေတြ႕ရေလ့႐ွိၾကပါတယ္။ ဒါေၾကာင့္ ပတ္တီးကိုင္တဲ့အခါ အျဖစ္မ်ားေလ့႐ွိတဲ့ ျပႆနာေတြနဲ႔ ဒီျပႆနာေတြကို ဘယ္လိုေျဖ႐ွင္းရမလဲဆိုတာကို ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ရပါတယ္ခင္ဗ်ာ
? ေျခာက္ေသြ႕လြန္းေသာ (သို႔) စိုစြတ္လြန္းေသာ ေအာက္ခံမ်က္ႏွာျပင္ တည္ေဆာက္မႈေၾကာင့္ ပတ္တီးကို အမႈန္မ်ား ထေစျခင္း (သို႔) ပတ္တီးပြေစျခင္း
အတြင္းနံရံပတ္တီး အမ်ားစုကို Ca(OH)2 ျဖင့္ တည္ေဆာက္ထားၿပီး ၎အတြက္ နံရံရဲ႕ အေျခခံမ်က္ႏွာျပင္ႏွင့္ ေဆာက္လုပ္ေရးပတ္ဝန္းက်င္မွာ ျမင့္မားေသာ စိုထိုင္းဆ လိုအပ္ပါတယ္။ စိုထိုင္းဆ 25% ~ 75% အတြင္းမွာ ကယ္လ္စီယမ္ဟိုက္ဒေရာဆိုဒ္ဟာ CaC03 ပုံေဆာင္ခဲမ်ားကို က်စ္လ်စ္ေသာဖြဲ႕စည္းပုံနဲ႔ ျဖစ္ေပၚလာေစဖို႔ ေလထဲက CO2, H2O တို႔နဲ႔ ေကာင္းစြာ ဓါတ္ျပဳႏိုင္ပါတယ္။ စိုထိုင္းဆ မ်ားလြန္းတဲ့အခါ ေလထဲမွာ CO2 ရဲ႕ ပမာဏက ဆက္တိုက္ဆိုသလို နိမ့္လာပါတယ္။ စိုထိုင္းဆ နည္းလြန္းတဲ့အခါၾကရင္ေတာ့ HO က မလုံေလာက္ေတာ့ပါဘူး။ ဒါေၾကာင့္ ရလဒ္အေနနဲ႔ ျဖစ္ေပၚလာတဲ့ CaCO3 ပုံေဆာင္ခဲ ဖြဲ႕စည္းပုံဟာ ေလ်ာ့ရဲသြားၿပီး ပတ္တီးရဲ႕ အစြမ္းသတၱိဟာလည္း အလြန္နည္းသြားကာ မာေၾကာျခင္း မ႐ွိေတာ့ပါဘူး။
ဒီျပႆနာမ်ိဳး မျဖစ္ေအာင္ သင့္ေလ်ာ္တဲ့ ေဆာက္လုပ္ေရးပတ္ဝန္းက်င္မွာ ေဆာက္လုပ္ဖို႔၊ နံရံက ေျခာက္ေသြ႕လြန္းေနရင္ ေရျဖန္းေပးဖို႔ လိုအပ္ပါတယ္။ စိုစြတ္လြန္းတဲ့ နံရံေပၚမွာ ပတ္တီးကိုင္ျခင္းမ်ိဳး မလုပ္ဖို႔လည္း လိုအပ္ပါတယ္။ နံရံကို အခ်ိန္အၾကာႀကီးေပးၿပီး အေျခာက္မခံႏိုင္ဘူးဆိုရင္ ဘိလပ္ေျမအေျခခံ အျပင္ဘက္နံရံပတ္တီး (hydraulic putty) ကို အသုံးျပဳသင့္ပါတယ္။
? ေရာစပ္ၿပီးသား ပတ္တီးကို အသုံးမျပဳပဲ အခ်ိန္အၾကာႀကီးဖြင့္ထားေသာေၾကာင့္ ပတ္တီးပ်က္သြားျခင္း
ေရာစပ္ထားၿပီးသား ပတ္တီးရဲ႕ မ်က္ႏွာျပင္ဟာ ေလနဲ႔ အခ်ိန္ၾကာျမင့္စြာ ထိေတြ႕ေနတဲ့အတြက္ မ်က္ႏွာျပင္ေပၚမွာ႐ွိတဲ့ Ca(oH)2 ဟာ ေလထဲက CO ႏွင့္ ေပါင္းစပ္သြားႏိုင္ပါတယ္။ ဒီဓါတ္ျပဳမႈဟာ CaC0 ကို ထုတ္ေပးၿပီး ပုံေဆာင္ခဲျဖစ္သြားေစပါတယ္။ တစ္ခ်ိန္တည္းမွာပဲ အတြင္းနံရံ႐ွိ ေကာ္လြိဳင္ဒယ္လ္ အစိတ္အပိုင္းမ်ားဟာ အလႊာပါးတစ္ခ်ပ္ ျဖစ္လာေစဖို႔ လုံေလာက္တဲ့ ေရဓာတ္ဆုံး႐ႈံးသြားမွာျဖစ္ၿပီး ပတ္တီးဟာ ပ်က္သြားမွာျဖစ္ပါတယ္။ ေရာစပ္ထားတဲ့ ပတ္တီးကို ေနာက္တစ္ေန႔မွာ အသုံးျပဳလိုတယ္ဆိုရင္ေတာ့ ေလမထိေအာင္၊ ေရမဆုံး႐ႈံးေအာင္ လုံျခဳံစြာ အဖုံးပိတ္ၿပီး သိမ္းဆည္းထားရမွာျဖစ္ပါတယ္။
? အတြင္းနံရံပတ္တီးေပၚ ထပ္ခါတလဲလဲ ေရျဖန္းေသာေၾကာင့္ ပတ္တီးပြလာျခင္း၊ ကြာက်ျခင္း
အတြင္းနံရံပတ္တီး ေျခာက္ေသြ႕မာေက်ာသြားၿပီးေနာက္ ထပ္ခါတလဲလဲ ေရျဖန္းျခင္းဟာ ပတ္တီးမ်ားကို စိုလိုက္၊ ေျခာက္လိုက္နဲ႔ သံသရာလည္ေနေစပါတယ္။ ဒါ့အျပင္ အတြင္းပိုင္းနံရံပတ္တီးေတြအတြက္ အသုံးျပဳတဲ့ latex powder ဟာ ေရစိုမႈကို ခံႏိုင္ရည္မ႐ွိတဲ့ latex powder ျဖစ္ပါတယ္။ ဒါေၾကာင့္ ပတ္တီးပြျခင္း၊ ကြာက်ျခင္းေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဘိလပ္ေျမအေျခခံ အျပင္နံရံ ပတ္တီးကေတာ့ ထပ္ခါထပ္ခါ ေရပက္ျဖန္းႏိုင္ၿပီး ေရျဖန္းျခင္းဟာ ဘိလပ္ေျမအေျခခံ ပတ္တီးရဲ႕ ခိုင္ခံ့မာေက်ာမႈကို တိုးေစပါတယ္။
? ေရ႐ွည္စိုထိုင္းမႈ ႐ွိေနေသာ ေအာက္ခံမ်က္ႏွာျပင္ေပၚ ပတ္တီးသုတ္ျခင္းေၾကာင့္ မ်က္ႏွာျပင္ မညီမညာျဖစ္ျခင္း၊ ပြထျခင္း
ထုံးကို အေျခခံထားတဲ့ ပတ္တီးကို စိုစြတ္ေနတဲ့ ေအာက္ခံမ်က္ႏွာျပင္ေပၚ သုတ္လိမ္းမယ္ဆိုရင္ ပတ္တီးရဲ႕ အျပင္ဘက္အလႊာမွာသာ ပုံေဆာင္ခဲမ်ား ဖြဲ႕စည္းႏိုင္ၿပီး ေကာင္းစြာ မာေက်ာႏိုင္မွာျဖစ္ပါတယ္။ ဒါေပမဲ့ အတြင္းဘက္ျခမ္းမွာေတာ့ ေရ႐ွည္စိုထိုင္းဆေၾကာင့္ ပုံေဆာင္ခဲမ်ား ဆုံး႐ႈံးသြားမွာ ျဖစ္ပါတယ္။ အေပၚယံလႊာကိုသာ မာေက်ာေစၿပီး အတြင္းပိုင္းကို မာေက်ာေစမွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ နံရံမ်က္ႏွာျပင္ ေျခာက္ေသြ႕ၿပီးမွသာ ပတ္တီးသုတ္လိမ္းရမွာျဖစ္ပါတယ္။ အကယ္၍ စိုစြတ္ေနတဲ့ ေအာက္ခံမ်က္ႏွာျပင္ေပၚ ပတ္တီးသုတ္လိမ္းလိုတယ္ဆိုရင္ေတာ့ ဘိလပ္ေျမအေျခခံ ပတ္တီးကို ေ႐ြးခ်ယ္သင့္ပါတယ္။
? ပူေဖာင္းငယ္မ်ား ထျခင္း
အခ်ိဳ႕ေသာနံရံမ်ားဟာ မ်က္ႏွာျပင္ေပၚမွာ ေျခာက္ေသြ႕ေနပုံရေပမဲ့ အတြင္းပိုင္းမွာ စိုထိုင္းေနတတ္ပါတယ္။ အထူးသျဖင့္ ေလာေလာလတ္လတ္ ကြန္ကရစ္အေခ်ာထည္ေလာင္းထားတဲ့ (သို႔) ဘိလပ္ေျမအဂၤေတအေခ်ာထည္ ျပဳလုပ္ထားတဲ့ နံရံတစ္ခုရဲ႕ မ်က္ႏွာျပင္ဟာ ေနသာတဲ့၊ ေျခာက္ေသြ႕တဲ့ ရာသီဥတုမွာ အေပၚယံ ေျခာက္ေသြ႕ေနေပမဲ့ နံရံအတြင္းမွာ ေရမ်ားစြာ ႐ွိေနတတ္ပါတယ္။ နံရံရဲ႕ အတြင္းပိုင္း စိုထိုင္းဆဟာ နံရံရဲ႕ အျပင္ပိုင္းေလထု စိုထိုင္းဆထက္ ပိုမ်ားလာတဲ့အခါ ေလဖိအား ကြာျခားမႈ ႐ွိလာမွာျဖစ္ၿပီး အစိုဓာတ္ဟာ နံရံရဲ႕ အျပင္ဘက္သို႔ ပ်ံ႕ႏွံ႔သြားမွာျဖစ္ပါတယ္။ အကယ္၍ ဒီလိုအေျခအေနမွာ အတြင္းနံရံပတ္တီးကို သုတ္လိုက္မယ္ဆိုရင္ ပူေဖာင္းငယ္မ်ား ခ်က္ခ်င္းေပၚလာမွာျဖစ္ပါတယ္။
ဒါေၾကာင့္ ပတ္တီးမသုတ္ခင္ နံရံထဲမွာ အစိုဓါတ္ကို အေငြ႕ပ်ံသြားေစဖို႔ ေစာင့္ဆိုင္းရန္ လိုအပ္ပါတယ္။ ဒီလိုလုပ္ဖို႔ အခ်ိန္အလုံအေလာက္ မရခဲ့ဘူးဆိုရင္ေတာ့ နံရံေပၚမွာ႐ွိတဲ့ အေပါက္ေလးမ်ားကို ပိတ္ဆို႔ဖို႔အတြက္ အစိုဓါတ္႐ွိေနတဲ့ နံရံေပၚမွာ ပထမဆုံးအႀကိမ္ ပတ္တီးကို ပါးပါးလႊာလႊာနဲ႔ က်စ္က်စ္လ်စ္လ်စ္ သုတ္လိမ္းေပးႏိုင္ပါတယ္။ အဲ့ဒီေနာက္ 1st coat မေျခာက္ခင္မွာပဲ 2nd coat ကို ခ်က္ခ်င္းထပ္မံသုတ္လိမ္းၿပီး ပူေဖာင္းထတဲ့ အေရအတြက္ကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: 3treespaintmm