“ ဖိနပ်ပျောက်သူ ”

“ ဖိနပ်ပျောက်သူ ” - Property Knowledge in Myanmar from iMyanmarHouse.com
13 Jan 2023 3:20 pm တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

လှုပ်ရှားသွားလာလုပ်ကိုင်နေသူအဖို့ ဖိနပ်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်တစ်ခုပါ။ဖိနပ်တစ်ခုဟာ နာမည်အရ တန်ဖိုးကြီးသွားတာတွေရှိတယ်။အရည်အသွေးအရ တန်ဖိုးကြီးတာတွေလည်းရှိတယ်။ တချို့သောဖိနပ်တွေဟာ လူတန်းစားတစ်ရပ်အတွက် သီးသန့်ဖန်တီးထားတဲ့ အသုံးအဆောင်တွေလို့တောင် ပြောရလောက်အောင် တန်ဖိုးတို့ မြင့်နေတတ်ကြပါတယ်။သူ့အဆင့်အတန်းနဲ့သူပေါ့။

တန်ဖိုးအနေနဲ့ကြီးကောင်းကြီးမယ်။ဒါပေမဲ့ ဖိနပ်ဆိုတာ ချစီးပြီးရင်တော့ ဖိနပ်ချွတ်နေရာမှာတော့ နေရမှာ အမှန်ပါပဲ။ဈေးကြီးပေးစီးနိုင်တဲ့သူကတော့ သူနဲ့လိုက်ဖက်တဲ့ အဆောင်အယောင်အဖြစ် ဈေးကြီးတဲ့ ဖိနပ်ကိုစီးကြပါတယ်။သိပ်ဆင်းရဲတဲ့သူကြတော့လည်း ခုံဖိနပ်စီးမှာပေါ့။ဒါမှမဟုတ် တန်ဖိုးနဲတဲ့ ရာဘာဖိနပ်ပေါ့။

ဘယ်လောက်ပဲ တက်နိုင်တက်နိုင် အပ်စပ်မှုဆိုတာကိုလည်း ကြည့်ရပါသေးတယ်။မိုးရွာထဲ ကတ္တီပါဖိနပ်စီးလို့ မဖြစ်သလို၊လုပ်ငန်းခွင်တစ်ခုမှာ အဲဒီလုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ဖိနပ်ကိုတော့စီးကြရပါလိမ့်မယ်။ တစ်ခါတစ်ရံ ဖိနပ်ကြောင့်ပဲ အသက်အန္တရာယ်တွေ ကြုံရနိုင်ပါသေးတယ်။

ဖိနပ်ဆိုတာ သွားလာရမှာ ခြေဖဝါးတွေ သက်သက်သာသာနဲ့ အထိအခိုက်နဲအောင်ကာကွယ်ပေးဖို့က အဓိက အကြောင်းအရင်းပါပဲ။သွားလာလုပ်ကိုင်စရာ ခရီးလမ်းမရှိတော့ဘဲ အနားယူတော့မယ်ဆိုရင် ချွတ်သင့်တဲ့နေရာ ချွတ်ထားခဲ့ရတယ်။အချို့က ချွတ်ချင်တဲ့နေရာမှာ ချွတ်ချင်သလို ချွတ်ထားခဲ့ကြတယ်။

တချို့သောသူတွေက ဖိနပ်အတွက် နေရာသတ်မှတ်ထားတယ်။တချို့က အဆင်ပြေသလို ချွတ်တတ်ကြတယ်။ တောင်တစ်ဖက်မြောက်တစ်ဖက် ချွတ်တတ်တဲ့သူတွေလည်းရှိတယ်။

အိမ်သားတွေရဲ့ စိတ်အခြေအနေကို သိချင်ရင် ဖိနပ်ချွတ်ကို ကြည့်ရင်သိနိုင်တယ်လို့တောင်ပြောကြပါတယ်။ ဟုတ်ချင်လည်း ဟုတ်မယ်။ဟုတ်ချင်မှလည်းဟုတ်မယ်။

အိမ်တစ်အိမ်ရဲ့ဖိနပ်ချွတ်မှာ ဖိနပ်တွေကို ညီညီညာညာချွတ်ထားတယ်။အဲဒီလို အိမ်ထဲကိုဝင်ဖို့ ဖြစ်လာရင် အခြားသော ကိစ္စတွေကိုတော့မသိ ကိုယ့်စိတ်ထဲမှာတော့ ကြည်နူးမှုတစ်ခုကတော့ အရင်ဆုံးခံစားမိပါတယ်။ ကိုယ်လည်းချွတ်ချင်သလို မချွတ်မိတော့ပါဘူး။

အချို့သော သံဃာ့စာသင်တိုက်ကြီးတွေဟာ အခြေခံစည်းကမ်းတွေအဖြစ် ဖိနပ်ချွတ်တဲ့နေရာတွေမှာ ဖိနပ်တွေကို ညီညီညာညာနဲ့ သတ်မှတ်ရာထားပြီး ချွတ်ရတာကို တွေ့ရပါတယ်။ပရိသတ်များပြားလှတဲ့နေရာမှာ ဒီစည်းကမ်းတွေထားကာမှ သင့်လျော်မှာပါ။ချွတ်ချင်ရာချွတ်ကြရင် ကိုယ်ဖိနပ်ကို ပြန်စီးဖို့လုပ်တဲ့အချိန်မှာ တူညီနေတဲ့ ဖိနပ်တွေများနေတော့ ဘယ်လိုရှာပြီးစီးကြမလဲ။အစကတည်းက ဒီလိုလုပ်ထားမှ အဆင်ပြေပါ လိမ့်မယ်။

လူတွေရဲ့ လိုအပ်ချက်မှာ ဖိနပ်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပေမယ့် အချိန်တိုင်း၊သွားလာတဲ့နေရာတိုင်း ဖိနပ်မစီးကြတဲ့သူတွေလည်း ရှိပါတယ်။ရဟန်းသံဃာများဟာ ဆွမ်းခံချိန်မှာ ဖိနပ်မစီးကြပါဘူး။ ဆွမ်းခံချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာတော့ ဖိနပ်စီးကြပါတယ်။

ရူးသွပ်ပျံ့လွင့်သူတွေကတော့ စိတ်ရဲ့မူမမှန်တဲ့ဖြစ်စဉ်တွေရှိတာကြောင့် ဖိနပ်မစီးတဲ့သူတွေကများပါတယ်။ ဒီလိုစိတ်ရှိသူတွေက တစ်ခါတစ်ရံ လူတကာလွှင့်ပစ်ထားတတ်တဲ့ ဖိနပ်တွေကို တွေ့ရင် စီးရကောင်းမှန်းတော့ သိကြသေးတယ်။သူတို့ဟာသူတို့တော့ ဝယ်စီးဖို့အသိစိတ်မရှိပါဘူး။

ပိုက်ဆံပေးရင် ယူလိုက်မယ်။စားစရာပေးရင် လက်ခံမယ်။စာချင်တဲ့အချိန်စားလိုက်မယ်။ကြုံတဲ့နေရာမှာ အိပ်ချင်တဲ့အချိန် အိပ်လိုက်မယ်။နိူးတဲ့အချိန်ထမယ်။ လမ်းလျှောက်ချင်တဲ့ အချိန် ထလျှောက်လိုက်မယ်။ သူတို့လိုလူတွေအတွက်က ရှက်ခြင်း၊ကြောက်ခြင်းတွေက နဲပါးနေပေပြီ။

မိမိတို့အလုပ်တိုက်ရဲ့ ခြေရင်းကမီးစက်ဘေးမှာ သူရဲ့အိပ်ရာ၊စားရာနေရာ။ဖြတ်သွားတိုင်း သူ့ကိုသတိထားမိတာက ညစ်ညစ်ထေးထေး ပေပေစုတ်စုတ်နဲ့။ဖိနပ်စီးတာကိုလည်း မတွေ့မိပါဘူး။ တစ်ရက်မှာတော့ သူ့အတွက် ဒုက္ခအကြီးကြီးအကျယ် တတ်နေခဲ့တာတွေ့ရပါတယ်။ပါးစပ်ကတတွတ်တွတ်နဲ့။ နောက်ပြန်ကြည့်လိုက် ရှေ့သွားလိုက်လုပ်နေတာပါ။

သူ့အနီးကဖြတ်သွားပြီး သူဘာတွေပြောနေလဲ နားထောင်ကြည်တော့ “ငါ့ဖိနပ်ကို ဘယ်ကောင်ယူသွားလဲ မသိဘူး” တဲ့။ ဖိနပ်မရှိသူရဲ့ ဖိနပ်ပျောက်တဲ့ ဒုက္ခ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“ ဖိနပ္ေပ်ာက္သူ ”

လႈပ္ရွားသြားလာလုပ္ကိုင္ေနသူအဖို႔ ဖိနပ္ဆိုတာ မရွိမျဖစ္လိုအပ္တဲ့ အသုံးအေဆာင္တစ္ခုပါ။ဖိနပ္တစ္ခုဟာ နာမည္အရ တန္ဖိိုးႀကီးသြားတာေတြရွိတယ္။အရည္အေသြးအရ တန္ဖိုးႀကီးတာေတြလည္းရွိတယ္။ တခ်ိဳ႕ေသာဖိနပ္ေတြဟာ လူတန္းစားတစ္ရပ္အတြက္ သီးသန္႔ဖန္တီးထားတဲ့ အသုံးအေဆာင္ေတြလို႔ေတာင္ ေျပာရေလာက္ေအာင္ တန္ဖိုးတို႔ ျမင့္ေနတတ္ၾကပါတယ္။သူ႔အဆင့္အတန္းနဲ႔သူေပါ့။

တန္ဖိုးအေနနဲ႔ႀကီးေကာင္းႀကီးမယ္။ဒါေပမဲ့ ဖိနပ္ဆိုတာ ခ်စီးၿပီးရင္ေတာ့ ဖိနပ္ခၽြတ္ေနရာမွာေတာ့ ေနရမွာ အမွန္ပါပဲ။ေဈးႀကီးေပးစီးႏိုင္တဲ့သူကေတာ့ သူနဲ႔လိုက္ဖက္တဲ့ အေဆာင္အေယာင္အျဖစ္ ေဈးႀကီးတဲ့ ဖိနပ္ကိုစီးၾကပါတယ္။သိပ္ဆင္းရဲတဲ့သူၾကေတာ့လည္း ခုံဖိနပ္စီးမွာေပါ့။ဒါမွမဟုတ္ တန္ဖိုးနဲတဲ့ ရာဘာဖိနပ္ေပါ့။

ဘယ္ေလာက္ပဲ တက္ႏိုင္တက္ႏိုင္ အပ္စပ္မႈဆိုတာကိုလည္း ၾကည့္ရပါေသးတယ္။မိုးရြာထဲ ကတၱီပါဖိနပ္စီးလို႔ မျဖစ္သလို၊လုပ္ငန္းခြင္တစ္ခုမွာ အဲဒီလုပ္ငန္းခြင္နဲ႔ လိုက္ဖက္တဲ့ဖိနပ္ကိုေတာ့စီးၾကရပါလိမ့္မယ္။ တစ္ခါတစ္ရံ ဖိနပ္ေၾကာင့္ပဲ အသက္အႏၲရာယ္ေတြ ၾကဳံရႏိုင္ပါေသးတယ္။

ဖိနပ္ဆိုတာ သြားလာရမွာ ေျခဖဝါးေတြ သက္သက္သာသာနဲ႔ အထိအခိုက္နဲေအာင္ကာကြယ္ေပးဖို႔က အဓိက အေၾကာင္းအရင္းပါပဲ။သြားလာလုပ္ကိုင္စရာ ခရီးလမ္းမရွိေတာ့ဘဲ အနားယူေတာ့မယ္ဆိုရင္ ခၽြတ္သင့္တဲ့ေနရာ ခၽြတ္ထားခဲ့ရတယ္။အခ်ိဳ႕က ခၽြတ္ခ်င္တဲ့ေနရာမွာ ခၽြတ္ခ်င္သလို ခၽြတ္ထားခဲ့ၾကတယ္။

တခ်ိဳ႕ေသာသူေတြက ဖိနပ္အတြက္ ေနရာသတ္မွတ္ထားတယ္။တခ်ိဳ႕က အဆင္ေျပသလို ခၽြတ္တတ္ၾကတယ္။ ေတာင္တစ္ဖက္ေျမာက္တစ္ဖက္ ခၽြတ္တတ္တဲ့သူေတြလည္းရွိတယ္။

အိမ္သားေတြရဲ႕ စိတ္အေျခအေနကို သိခ်င္ရင္ ဖိနပ္ခၽြတ္ကို ၾကည့္ရင္သိႏိုင္တယ္လို႔ေတာင္ေျပာၾကပါတယ္။ ဟုတ္ခ်င္လည္း ဟုတ္မယ္။ဟုတ္ခ်င္မွလည္းဟုတ္မယ္။

အိမ္တစ္အိမ္ရဲ႕ဖိနပ္ခၽြတ္မွာ ဖိနပ္ေတြကို ညီညီညာညာခၽြတ္ထားတယ္။အဲဒီလို အိမ္ထဲကိုဝင္ဖို႔ ျဖစ္လာရင္ အျခားေသာ ကိစၥေတြကိုေတာ့မသိ ကိိိုယ့္စိတ္ထဲမွာေတာ့ ၾကည္ႏူးမႈတစ္ခုကေတာ့ အရင္ဆုံးခံစားမိပါတယ္။ ကိုယ္လည္းခၽြတ္ခ်င္သလို မခၽြတ္မိေတာ့ပါဘူး။

အခ်ိဳ႕ေသာ သံဃာ့စာသင္တိုက္ႀကီးေတြဟာ အေျခခံစည္းကမ္းေတြအျဖစ္ ဖိနပ္ခၽြတ္တဲ့ေနရာေတြမွာ ဖိနပ္ေတြကို ညီညီညာညာနဲ႔ သတ္မွတ္ရာထားၿပီး ခၽြတ္ရတာကို ေတြ႕ရပါတယ္။ပရိသတ္မ်ားျပားလွတဲ့ေနရာမွာ ဒီစည္းကမ္းေတြထားကာမွ သင့္ေလ်ာ္မွာပါ။ခၽြတ္ခ်င္ရာခၽြတ္ၾကရင္ ကိုယ္ဖိနပ္ကို ျပန္စီးဖို႔လုပ္တဲ့အခ်ိန္မွာ တူညီေနတဲ့ ဖိနပ္ေတြမ်ားေနေတာ့ ဘယ္လိုရွာၿပီးစီးၾကမလဲ။အစကတည္းက ဒီလိုလုပ္ထားမွ အဆင္ေျပပါ လိမ့္မယ္။

လူေတြရဲ႕ လိုအပ္ခ်က္မွာ ဖိနပ္ဟာလည္း တစ္ခုအပါအဝင္ျဖစ္ေပမယ့္ အခ်ိန္တိုင္း၊သြားလာတဲ့ေနရာတိုင္း ဖိနပ္မစီးၾကတဲ့သူေတြလည္း ရွိပါတယ္။ရဟန္းသံဃာမ်ားဟာ ဆြမ္းခံခ်ိန္မွာ ဖိနပ္မစီးၾကပါဘူး။ ဆြမ္းခံခ်ိန္ကလြဲရင္ က်န္တဲ့အခ်ိန္ေတြမွာေတာ့ ဖိနပ္စီးၾကပါတယ္။

႐ူးသြပ္ပ်ံ႕လြင့္သူေတြကေတာ့ စိတ္ရဲ႕မူမမွန္တဲ့ျဖစ္စဥ္ေတြရွိတာေၾကာင့္ ဖိနပ္မစီးတဲ့သူေတြကမ်ားပါတယ္။ ဒီလိုစိတ္ရွိသူေတြက တစ္ခါတစ္ရံ လူတကာလႊင့္ပစ္ထားတတ္တဲ့ ဖိနပ္ေတြကို ေတြ႕ရင္ စီးရေကာင္းမွန္းေတာ့ သိၾကေသးတယ္။သူတို႔ဟာသူတို႔ေတာ့ ဝယ္စီးဖို႔အသိစိတ္မရွိပါဘူး။

ပိုက္ဆံေပးရင္ ယူလိုက္မယ္။စားစရာေပးရင္ လက္ခံမယ္။စာခ်င္တဲ့အခ်ိန္စားလိုက္မယ္။ၾကဳံတဲ့ေနရာမွာ အိပ္ခ်င္တ့ဲဲအခ်ိန္ အိပ္လိုက္မယ္။ႏိူးတဲ့အခ်ိန္ထမယ္။ လမ္းေလွ်ာက္ခ်င္တဲ့ အခ်ိန္ ထေလွ်ာက္လိုက္မယ္။ သူတို႔လိုလူေတြအတြက္က ရွက္ျခင္း၊ေၾကာက္ျခင္းေတြက နဲပါးေနေပၿပီ။

မိမိတို႔အလုပ္တိုက္ရဲ႕ ေျခရင္းကမီးစက္ေဘးမွာ သူရဲ႕အိပ္ရာ၊စားရာေနရာ။ျဖတ္သြားတိုင္း သူ႔ကိုသတိထားမိတာက ညစ္ညစ္ေထးေထး ေပေပစုတ္စုတ္နဲ႔။ဖိနပ္စီးတာကိုလည္း မေတြ႕မိပါဘူး။ တစ္ရက္မွာေတာ့ သူ႔အတြက္ ဒုကၡအႀကီးႀကီးအက်ယ္ တတ္ေနခဲ့တာေတြ႕ရပါတယ္။ပါးစပ္ကတတြတ္တြတ္နဲ႔။ ေနာက္ျပန္ၾကည့္လိုက္ ေရွ႕သြားလိုက္လုပ္ေနတာပါ။

သူ႔အနီးကျဖတ္သြားၿပီး သူဘာေတြေျပာေနလဲ နားေထာင္ၾကည္ေတာ့ “ငါ့ဖိနပ္ကို ဘယ္ေကာင္ယူသြားလဲ မသိဘူး” တဲ့။ ဖိနပ္မရွိသူရဲ႕ ဖိနပ္ေပ်ာက္တဲ့ ဒုကၡ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ချစ်သူများရဲ့ ရိုမန့်တစ်မြို့တော်ဟု ကမ္ဘာကျော်သော ဟန်ကျိုး၏ တိမ်းမူးဖွယ် အလှများ
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
ထူးထူးခြားခြား ကမ္ဘာတလွှား (သို့မဟုတ်) အိန္ဒိယနိုင်ငံ၊ ဆူရတ်မြို့တွင် ကျင်းပခဲ့သော ထူးဆန်းသည့် လေလည်ချန်ပီယံပြိုင်ပွဲ...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
One Direction မှ အဆိုတော် လီယမ်ပိန်း အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေးရိစ်မြို့ ဟိုတယ် ဝရန်တာမှ ပြုတ်ကျကာ သေဆုံးခဲ့၊ လီယမ်ပ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
Tesla တွင် အကြိမ် ၃၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး နောက်ဆုံး၌ အလုပ်ရသွားခဲ့သော အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာ၏ ခိုင်မာသောသ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
၂၀၂၄ Miss Universe တွင် Winner ဖြစ်မည်ဟု တစ်ပြေးနေသူ ထိုင်းအလှမယ် Opal Suchata နှင့် ဖူးခက်ကမ်းခြေမှ သူ၏ ဟိုတယ်အကြောင်း
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
ဒေးဗစ်ဘက်ခမ်းက မိုင်အမ်မီရှိ ဒေါ်လာသန်း ၈၀ နီးပါးတန် စံအိမ်ကြီးကို ငွေသားဖြင့် ပေးချေဝယ်ယူ၊ ဘက်ခမ်းတို့ စုံတွဲက ထိုစံအိမ
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service