မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့လိုသလား

မရွှေ့မပြောင်းနိုင်သော ပစ္စည်းဆိုင်ရာ စာချုပ်စာတမ်းများ မှတ်ပုံတင်ဖို့လိုသလား - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2023 12:49 pm တွင် တင်ခဲ့သည်
756 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

နှုတ်တစ်ရာ၊ စာတစ်လုံး ဆိုသည့် စကားအတိုင်း အရာဝတ္တုများ (ရွှေ့ပြောင်းနိုင်သည် ဖြစ်စေ၊ မရွှေ့ မပြောင်းနိုင်သည်ဖြစ်စေ) ကို ဝယ်ယူ၊ ရောင်းချရန် တစ်ဦးနှင့်တစ်ဦးပြောဆို ကမ်းလှမ်းပြီး သဘောတူညီချက် ရရှိကြပါက ခိုင်မာမှုရှိစေရန်အလို့ငှာ နှစ်ဖက် သဘောတူစာချုပ်များ ချုပ်ဆိုလေ့ရှိကြပါသည်။

သို့သော် ယင်းကဲ့သို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်သည်နှင့်တစ်ပြိုင်နက် ရောင်းချ၊ ဝယ်ယူပြီး ဖြစ်သည့် အရာဝတ္တုများ၊ ပစ္စည်းများကို  ဥပဒေ   နှင့်အညီ မိမိမှပိုင်ဆိုင်ထားပြီး ဖြစ်သည်ဟု ယူဆ၍ မရနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ- ပုဒ်မ ၁၆ အရ "မရွှေ့မပြောင်း နိုင်သော ပစ္စည်းများအား ရောင်းချ ̸ ပေးကမ်း ̸ လွှဲပြောင်း ̸ ကန့်သတ် ̸ စွန့်လွှတ် ̸ ဖျက်သိမ်းခြင်းများနှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများ သို့မဟုတ် ယင်းတို့နှင့်သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့် အပေါ် တရားရုံးက ချမှတ် ထားသည့် စီရင်ချက် ̸ ဒီကရီ ̸ အမိန့်များ၊ တန်ဖိုးငွေ တစ်သိန်းကျပ်နှင့် အထက်ရှိသော ပိုင်ဆိုင်ခွင့်စာချုပ်ကို အပ်နှံပြီး ပေါင်နှံခြင်းမှတစ်ပါး ပေါင်နှံသူကိုယ်တိုင်နှင့် အသိသက်သေ အနည်းဆုံး နှစ်ဦးက လက်မှတ်ရေးထိုး ထားပြီး ပေါင်နှံခြင်း သို့မဟုတ် ပေါင်နှံခြင်းကို ဖျက်သိမ်းသည့် စာချုပ်များ၊ တစ်နှစ်နှင့်အထက် ကာလရှိသော အိမ̸် ခြံ ̸ မြေ ̸ ဥပစာ ငှားရမ်းခြင်းများ၊ ကုမ္မဏီ အသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်ခွင့် အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ ယင်းနှင့်သက်ဆိုင်သော အကျိုးစီးပွားကိုဖြစ်စေ ယုံမှတ် အပ်နှံသူသို့ ပေါင်နှံ ̸ ပေးအပ် ̸ လွှဲပြောင်းခြင်း ဆောင်ရွက်ထားသည့် စာချုပ်စာတမ်းများ၊ ကိတ္တိမ မွေးစားခြင်း စာချုပ်စာတမ်းများ၊ နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်ထားသည့် စာချုပ်စာတမ်းများ"ကို မဖြစ်မနေ မှတ်ပုံတင်ကြရန် ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သည့်  အိမ်ခြံမြေ  များကို ဝယ်ယူပါက ဝယ်ယူသူအနေဖြင့် ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၅၃ အရ ကျသင့်ဝင်ငွေခွန်တောင်းခံလွှာ (မြန်မာ့စီးပွားရေးဘဏ်တွင် ပေးဆောင်ထား သည့်) တံဆိပ်ခေါင်းချလံ ဖြတ်ပိုင်းမူရင်းအား ဝင်ငွေခွန် တောင်းခံလွှာ (ပုံစံ ပတခ(ဝင)-၈)နှင့်အတူ တံဆိပ် ခေါင်းခွန် အပြည့်အဝကပ်နှိပ်ထားသည့် စာချုပ်စာတမ်းမူရင်းများနှင့် ပူးတွဲပြီး စည်ပင်သာယာရေး နယ်နမိတ် အတွင်း တည်ရှိသည့် မြို့နယ်ဖြစ်ပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးသို့လည်းကောင်း၊ ပြည်ထောင်စု နယ်မြေနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ ဖြစ်ပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနသို့ သွားရောက်၍ မှတ်ပုံတင်ကြရမည် ဖြစ်ပါသည်။

ထို့အပြင် ယင်းကဲ့သို့ မှတ်ပုံတင်လျှောက်ထားကြရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းနှင့်သက်ဆိုင် သည့် အမျိုးအစား၊ ပုံသဏ္ဍန်၊ အရွယ်အစား၊ တည်နေရာတို့အပြင် သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းမှ တရားဝင်ထုတ်ပေးထားသည့် သက်သေခံ မြေပုံနှင့် မြေရာဇဝင်ကိုပါ ပူးတွဲ တင်ပြရမည် ဖြစ်ပါသည် (ပုဒ်မ-၂၀ စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ)။ အဆိုပါ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ မှတ်ပုံတင်ရန် ဆောင်ရွက်ရာတွင် စာချုပ်စာတမ်းဖြစ်ပါက စာချုပ် ချုပ်ဆိုသည့်နေ့ သို့မဟုတ် တရားရုံး၏ ဒီကရီ သို့မဟုတ် အမိန့် ဖြစ်ပါက ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ မှ ရက်ပေါင်း ၁၂၀ အတွင်းတွင်လည်းကောင်း နိုင်ငံတော် ပြင်ပ တွင် ချုပ်ဆိုထားသောစာချုပ်စာတမ်းများဖြစ်ပါက မှတ်ပုံတင်လိုသူသည် နိုင်ငံတော်အတွင်းသို့ ရောက်ရှိသည့် နေ့မှ ရက်ပေါင်း ၁၂၀ အတွင်းလည်းကောင်း မှတ်ပုံတင်ရန် မှတ်ပုံတင်အရာရှိထံ တင်ပြပြီး ဆောင်ရွက်ရမည်။

သို့သော် စာချုပ်စာတမ်းတစ်ခုကို နှစ်ဦးထက်ပိုသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ရေးထိုးသည့် နေ့ရက်၊ အချိန် စသည်တို့ကွဲပြားပါက နောက်ဆုံးလက်မှတ်ရေးထိုးသည့်နေ့မှ ရက်ပေါင်း ၁၂၀ အတွင်း မှတ်ပုံ တင်ရန် ဆောင်ရွက်နိုင်သည်။

ယင်းကဲ့သို့ မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ရာတွင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့်သက်ဆိုင် သည့် စာချုပ်စာတမ်းများကို အဆိုပါပစ္စည်းတည်ရှိရာအရပ်ဒေသရှိ စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌သာ မှတ်ပုံတင်ရန် စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၅ တွင် အတိအလင်း ဖော်ပြထားပါသည်။ 

ထို့အပြင် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၄၈ အရ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်း ̸ ငှားရမ်းခြင်းနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်ခြင်း မပြုပါက အကျိုးသက်ရောက် မှု မရှိစေကြောင်း ပြဋ္ဌာန်းထားပါသည်။

ဥပမာအားဖြင့် ဒေါ်သန်းသန်းဌေးနှင့် ဒေါ်မတိုး ပါ ၃ (၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး၊ တရားရုံးချုပ်၊ စာ- ၇၇) တွင် တရားလိုဒေါ်သန်းသန်းဌေးသည် အချင်းဖြစ်မြေကွက်ကို မှတ်ပုံတင်ထားခြင်းမရှိသည့် အရပ် ကတိ စာချုပ်ဖြင့် ဝယ်ယူခဲ့ပြီး အဆိုပါ အချင်းဖြစ်မြေကွက်တွင် ဒေါ်မေတိုးတို့သည် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုပြီးသော်ငြား ဆက်လက်နေထိုင်လျက်ရှိသောကြောင့် အခမဲ့ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းမှ ဖယ်ရှားပေးရန် စွဲဆိုခဲ့ရာ တရားရုံးမှ အချင်းဖြစ်မြေကွက်ကို ဒေါ်မေတိုးတို့ထံမှ ဝယ်ယူရာတွင် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် အရောင်းအဝယ် အထမမြောက်သည့်အလျောက် ဒေါ်သန်းသန်းဌေးသည် အချင်းဖြစ်မြေကွက် ပိုင်ရှင်အဖြစ်သို့ မရောက်နိုင်ကြောင်းနှင့် ဒေါ်မေတိုးတို့သည် အဆိုပါ အချင်းဖြစ် မြေကွက် တွင် ဒေါ်သန်းသန်းဌေး၏ခွင့်ပြုချက်ဖြင့်နေထိုင်သူမဟုတ်ဘဲ ပိုင်ရေးဆိုင်ခွင့်ရှိသူ အဖြစ်နေထိုင်ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါသည်။

အလားတူ ဦးမောင်မောင်လတ် ပါ-၃ နှင့် ဦးကြီးကြိမ် (ခ) ဦးကံကောင်း ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ- ၂၈၁ တွင် အယူခံတရားပြိုင်သည် အချင်းဖြစ်မြေကို ၁၇-၂-၈၅ ရက်စွဲပါ မှတ်ပုံ မတင်သော စာချုပ်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်၍ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၅၄ အရ တရားဝင် ပိုင်ဆိုင် ခွင့် မရရှိနိုင်ပေ။ မြေကို တရားဝင်ပိုင်ဆိုင်ခွင့်မရှိသောကြောင့် ထိုမြေကို အခြားသူတစ်ဦးအား ရောင်းချခြင်းမှာ အယူခံတရားပြိုင်အား အကြီးအကျယ်နစ်နာစေသည်ဟု ကောက်ယူ၍ မရနိုင်ချေ ဟု ဆုံးဖြတ်ထားပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ ပိုင်ဆိုင်ထားသည့် ပိုင်ဆိုင်မှုများအား ခိုင်မာစေရန်နှင့် မိမိ၏ ပျက်ကွက်မှုကြောင့် မလိုလားအပ်သော ဆုံးရှုံးနစ်နာမှုများ ပေါ်ပေါက်လာခြင်းမှ ကာကွယ်နိုင်ရန်အလို့ငှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအား ဝယ်ယူခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ပေးအပ်ခြင်းအစရှိသည်တို့နှင့် သက်ဆိုင်သည့် စာချုပ် စာတမ်းများအား စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ (၂၀၁၈)- ပုဒ်မ ၁၆ အရ သတ်မှတ်ထားသော ကာလ အတွင်း မဖြစ်မနေ မှတ်ပုံတင်နိုင်ရေး အထူးသတိပြု ဆောင်ရွက်ကြရန်နှင့် လိုအပ်ပါက ဥပဒေကျွမ်းကျင် ပညာရှင်များ၊ ရှေ့နေရှေ့ရပ်များ၏ အကြံဉာဏ်များ ရယူပြီး ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ဖို႔လိုသလား

 

ႏႈတ္တစ္ရာ၊ စာတစ္လံုး ဆိုသည့္ စကားအတိုင္း အရာ၀တၲဳမ်ား (ေရႊ႕ေျပာင္းႏိုင္သည္ ျဖစ္ေစ၊ မေရႊ႕ မေျပာင္းႏိုင္သည္ျဖစ္ေစ) ကို ၀ယ္ယူ၊ ေရာင္းခ်ရန္ တစ္ဦးႏွင့္တစ္ဦးေျပာဆို ကမ္းလွမ္းၿပီး သေဘာတူညီခ်က္ ရရွိၾကပါက ခိုင္မာမွဳရွိေစရန္အလို႔ငွာ ႏွစ္ဖက္ သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုေလ့ရွိၾကပါသည္။

သို႔ေသာ္ ယင္းကဲ့သို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ျဖစ္သည္ႏွင့္တစ္ၿပိဳင္နက္ ေရာင္းခ်၊ ၀ယ္ယူၿပီး ျဖစ္သည့္ အရာ၀တၲဳမ်ား၊ ပစၥည္းမ်ားကို  ဥပေဒ  ႏွင့္အညီ မိမိမွပိုင္ဆိုင္ထားၿပီး ျဖစ္သည္ဟု ယူဆ၍ မရႏိုင္ပါ။ အဘယ္ေၾကာင့္ ဆိုေသာ္ ၂၀၁၈ ခုႏွစ္တြင္ ျပ႒ာန္းခဲ့သည့္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ ဥပေဒ- ပုဒ္မ ၁၆ အရ "မေရႊ႕မေျပာင္း ႏိုင္ေသာ ပစၥည္းမ်ားအား ေရာင္းခ် ̸ ေပးကမ္း ̸ လႊဲေျပာင္း ̸ ကန္႕သတ္ ̸ စြန္႕လႊတ္ ̸ ဖ်က္သိမ္းျခင္းမ်ားႏွင့္ စပ္လ်ဉ္းသည့္ စာခ်ဳပ္စာတမ္းမ်ား သို႔မဟုတ္ ယင္းတို႔ႏွင့္သက္ဆိုင္သည့္ ပိုင္ဆိုင္ခြင့္ အေပၚ တရားရံုးက ခ်မွတ္ ထားသည့္ စီရင္ခ်က္ ̸ ဒီကရီ ̸ အမိန္႕မ်ား၊ တန္ဖိုးေငြ တစ္သိန္းက်ပ္ႏွင့္ အထက္ရွိေသာ ပိုင္ဆိုင္ခြင့္စာခ်ဳပ္ကို အပ္ႏွံၿပီး ေပါင္ႏွံျခင္းမွတစ္ပါး ေပါင္ႏွံသူကိုယ္တိုင္ႏွင့္ အသိသက္ေသ အနည္းဆံုး ႏွစ္ဦးက လက္မွတ္ေရးထိုုး ထားၿပီး ေပါင္ႏွံျခင္း သို႔မဟုတ္ ေပါင္ႏွံျခင္းကို ဖ်က္သိမ္းသည့္ စာခ်ဳပ္မ်ား၊ တစ္ႏွစ္ႏွင့္အထက္ ကာလရွိေသာ အိမ̸္ ျခံ ̸ ေျမ ̸ ဥပစာ ငွားရမ္းျခင္းမ်ား၊ ကုမၼဏီ အသင္းအဖြဲ႕တို႔က မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း ပိုင္ဆိုင္ခြင့္ အားလံုးကို ျဖစ္ေစ၊ တစ္စိတ္တစ္ေဒသကို ျဖစ္ေစ၊ ယင္းႏွင့္သက္ဆိုင္ေသာ အက်ိဳးစီးပြားကိုျဖစ္ေစ ယံုမွတ္ အပ္ႏွံသူသို႔ ေပါင္ႏွံ ̸ ေပးအပ္ ̸ လႊဲေျပာင္းျခင္း ေဆာင္ရြက္ထားသည့္ စာခ်ဳပ္စာတမ္းမ်ား၊ ကိတၲိမ ေမြးစားျခင္း စာခ်ဳပ္စာတမ္းမ်ား၊ ႏိုင္ငံေတာ္အစိုးရက အခါအားေလ်ာ္စြာ သတ္မွတ္ထားသည့္ စာခ်ဳပ္စာတမ္းမ်ား"ကို မျဖစ္မေန မွတ္ပံုတင္ၾကရန္ ျပ႒ာန္းထားပါသည္။

ထို႔ေၾကာင့္ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းျဖစ္သည့္  အိမ္ျခံေျမ  မ်ားကို ၀ယ္ယူပါက ၀ယ္ယူသူအေနျဖင့္ ၀င္ေငြခြန္ဥပေဒ ပုဒ္မ ၅၃ အရ က်သင့္၀င္ေငြခြန္ေတာင္းခံလႊာ (ျမန္မာ့စီးပြားေရးဘဏ္တြင္ ေပးေဆာင္ထား သည့္) တံဆိပ္ေခါင္းခ်လံ ျဖတ္ပိုင္းမူရင္းအား ၀င္ေငြခြန္ ေတာင္းခံလႊာ (ပံုစံ ပတခ(၀င)-၈)ႏွင့္အတူ တံဆိပ္ ေခါင္းခြန္ အျပည့္အ၀ကပ္ႏွိပ္ထားသည့္ စာခ်ဳပ္စာတမ္းမူရင္းမ်ားႏွင့္ ပူးတြဲၿပီး စည္ပင္သာယာေရး နယ္နမိတ္ အတြင္း တည္ရွိသည့္ ၿမိဳ႕နယ္ျဖစ္ပါက စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ရံုးသို႔လည္းေကာင္း၊ ျပည္ေထာင္စု နယ္ေျမႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားရွိ ၿမိဳ႕နယ္မ်ား ျဖစ္ပါက ၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႕ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနသို႔ သြားေရာက္၍ မွတ္ပံုတင္ၾကရမည္ ျဖစ္ပါသည္။

ထို႔အျပင္ ယင္းကဲ့သို႔ မွတ္ပံုတင္ေလွ်ာက္ထားၾကရာတြင္ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းႏွင့္သက္ဆိုင္ သည့္ အမ်ိဳးအစား၊ ပံုသ႑န္၊ အရြယ္အစား၊ တည္ေနရာတို႔အျပင္ သက္ဆိုင္ရာ အစိုးရဌာန၊ အစိုးရအဖြဲ႕အစည္းမွ တရား၀င္ထုတ္ေပးထားသည့္ သက္ေသခံ ေျမပံုႏွင့္ ေျမရာဇ၀င္ကိုပါ ပူးတြဲ တင္ျပရမည္ ျဖစ္ပါသည္ (ပုုဒ္မ-၂၀ စာခ်ဳပ္စာတမ္းမ်ားမွတ္ပံုတင္ဥပေဒ)။ အဆိုပါ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားႏွင့္စပ္လ်ဉ္း၍ မွတ္ပံုတင္ရန္ ေဆာင္ရြက္ရာတြင္ စာခ်ဳပ္စာတမ္းျဖစ္ပါက စာခ်ဳပ္ ခ်ဳပ္ဆိုသည့္ေန႔ သို႔မဟုတ္ တရားရံုး၏ ဒီကရီ သို႔မဟုတ္ အမိန္႕ ျဖစ္ပါက ဆံုးျဖတ္ခ်က္ခ်မွတ္သည့္ ေန႔ မွ ရက္ေပါင္း ၁၂၀ အတြင္းတြင္လည္းေကာင္း ႏိုင္ငံေတာ္ ျပင္ပ တြင္ ခ်ဳပ္ဆိုထားေသာစာခ်ဳပ္စာတမ္းမ်ားျဖစ္ပါက မွတ္ပံုတင္လိုသူသည္ ႏိုင္ငံေတာ္အတြင္းသို႔ ေရာက္ရွိသည့္ ေန႔မွ ရက္ေပါင္း ၁၂၀ အတြင္းလည္းေကာင္း မွတ္ပံုတင္ရန္ မွတ္ပံုတင္အရာရွိထံ တင္ျပၿပီး ေဆာင္ရြက္ရမည္။

သို႔ေသာ္ စာခ်ဳပ္စာတမ္းတစ္ခုကို ႏွစ္ဦးထက္ပိုသူမ်ားက လက္မွတ္ေရးထိုးခဲ့ၾကၿပီး ေရးထိုးသည့္ ေန႔ရက္၊ အခ်ိန္ စသည္တို႔ကြဲျပားပါက ေနာက္ဆံုးလက္မွတ္ေရးထိုးသည့္ေန႔မွ ရက္ေပါင္း ၁၂၀ အတြင္း မွတ္ပံု တင္ရန္ ေဆာင္ရြက္ႏိုင္သည္။

ယင္းကဲ့သို႔ မွတ္ပံုတင္ႏိုင္ေရး ေဆာင္ရြက္ရာတြင္ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားႏွင့္သက္ဆိုင္ သည့္ စာခ်ဳပ္စာတမ္းမ်ားကို အဆိုပါပစၥည္းတည္ရွိရာအရပ္ေဒသရွိ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ရံုး၌သာ မွတ္ပံုတင္ရန္ စာခ်ဳပ္စာတမ္းမ်ားမွတ္ပံုတင္ဥပေဒ ပုဒ္မ ၂၅ တြင္ အတိအလင္း ေဖာ္ျပထားပါသည္။ 

ထို႔အျပင္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ဥပေဒ ပုဒ္မ ၄၈ အရ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား လႊဲေျပာင္း ̸ ငွားရမ္းျခင္းႏွင့္သက္ဆိုင္သည့္ စာခ်ဳပ္စာတမ္းမ်ားကို မွတ္ပံုတင္ျခင္း မျပဳပါက အက်ိဳးသက္ေရာက္ မႈ မရွိေစေၾကာင္း ျပ႒ာန္းထားပါသည္။

ဥပမာအားျဖင့္ ေဒၚသန္းသန္းေဌးႏွင့္ ေဒၚမတိုး ပါ ၃ (၁၉၉၃ ခုႏွစ္၊ ျမန္မာႏိုင္ငံစီရင္ထံုး၊ တရားရံုးခ်ဳပ္၊ စာ- ၇၇) တြင္ တရားလိုေဒၚသန္းသန္းေဌးသည္ အခ်င္းျဖစ္ေျမကြက္ကို မွတ္ပံုတင္ထားျခင္းမရွိသည့္ အရပ္ ကတိ စာခ်ဳပ္ျဖင့္ ၀ယ္ယူခဲ့ၿပီး အဆိုပါ အခ်င္းျဖစ္ေျမကြက္တြင္ ေဒၚေမတိုးတို႔သည္ အေရာင္းအ၀ယ္စာခ်ဳပ္ကို ခ်ဳပ္ဆိုၿပီးေသာ္ျငား ဆက္လက္ေနထိုင္လ်က္ရွိေသာေၾကာင့္ အခမဲ့ ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ျခင္းမွ ဖယ္ရွားေပးရန္ စြဲဆိုခဲ့ရာ တရားရံုးမွ အခ်င္းျဖစ္ေျမကြက္ကို ေဒၚေမတိုးတို႔ထံမွ ၀ယ္ယူရာတြင္ အေရာင္းအ၀ယ္စာခ်ဳပ္ကို မွတ္ပံုတင္ထားျခင္းမရွိေသာေၾကာင့္ အေရာင္းအ၀ယ္ အထမေျမာက္သည့္အေလ်ာက္ ေဒၚသန္းသန္းေဌးသည္ အခ်င္းျဖစ္ေျမကြက္ ပိုင္ရွင္အျဖစ္သို႔ မေရာက္ႏိုင္္ေၾကာင္းႏွင့္ ေဒၚေမတိုးတို႔သည္ အဆိုပါ အခ်င္းျဖစ္ ေျမကြက္ တြင္ ေဒၚသန္းသန္းေဌး၏ခြင့္ျပဳခ်က္ျဖင့္ေနထိုင္သူမဟုတ္ဘဲ ပိုင္ေရးဆိုင္ခြင့္ရွိသူ အျဖစ္ေနထိုင္ျခင္းျဖစ္ေၾကာင္း ဆံုးျဖတ္ခဲ့ပါသည္။

အလားတူ ဦးေမာင္ေမာင္လတ္ ပါ-၃ ႏွင့္ ဦးႀကီးႀကိမ္ (ခ) ဦးကံေကာင္း ၂၀၀၁ ခုႏွစ္၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး၊ စာမ်က္ႏွာ- ၂၈၁ တြင္ အယူခံတရားၿပိဳင္သည္ အခ်င္းျဖစ္ေျမကို ၁၇-၂-၈၅ ရက္စြဲပါ မွတ္ပံု မတင္ေသာ စာခ်ဳပ္ျဖင့္ ၀ယ္ယူခဲ့ျခင္းျဖစ္၍ ပစၥည္းလႊဲေျပာင္းျခင္း အက္ဥပေဒ ပုဒ္မ-၅၄ အရ တရား၀င္ ပိုင္ဆိုင္ ခြင့္ မရရွိႏိုင္ေပ။ ေျမကို တရား၀င္ပိုင္ဆိုင္ခြင့္မရွိေသာေၾကာင့္ ထိုေျမကို အျခားသူတစ္ဦးအား ေရာင္းခ်ျခင္းမွာ အယူခံတရားၿပိဳင္အား အႀကီးအက်ယ္နစ္နာေစသည္ဟု ေကာက္ယူ၍ မရႏိုင္ေခ် ဟု ဆံုးျဖတ္ထားပါသည္။

သို႔ျဖစ္ပါ၍ မိမိတို႔ ပိုင္ဆိုင္ထားသည့္ ပိုင္ဆိုင္မႈမ်ားအား ခိုင္မာေစရန္ႏွင့္ မိမိ၏ ပ်က္ကြက္မႈေၾကာင့္ မလိုလားအပ္ေသာ ဆံုးရွံဳးနစ္နာမႈမ်ား ေပၚေပါက္လာျခင္းမွ ကာကြယ္ႏိုင္ရန္အလို႔ငွာ မေရႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းမ်ားအား ၀ယ္ယူျခင္း၊ လႊဲေျပာင္းျခင္း သို႔မဟုတ္ ေပးအပ္ျခင္းအစရွိသည္တို႔ႏွင့္ သက္ဆိုင္သည့္ စာခ်ဳပ္ စာတမ္းမ်ားအား စာခ်ဳပ္စာတမ္းမ်ား မွတ္ပံုတင္ ဥပေဒ (၂၀၁၈)- ပုဒ္မ ၁၆ အရ သတ္မွတ္ထားေသာ ကာလ အတြင္း မျဖစ္မေန မွတ္ပံုတင္ႏိုင္ေရး အထူးသတိျပဳ ေဆာင္ရြက္ၾကရန္ႏွင့္ လိုအပ္ပါက ဥပေဒကၽြမ္းက်င္ ပညာရွင္မ်ား၊ ေရွ႕ေနေရွ႕ရပ္မ်ား၏ အၾကံဉာဏ္မ်ား ရယူၿပီး ေဆာင္ရြက္ၾကရန္ လိုအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ငွေရှာပေးလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး...
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
၂၀၂၅ ခုနှစ်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝနေထိုင်မှုစနစ်ကို ပုံဖော်နိုင်ဖို့ အသုံးပြုသင့်တဲ့ Self - Care Application (၅) မျိုး...
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ....
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...
လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service