ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံသားများ မလုပ်ဆောင်သည့်အရာ (၃) ခု

ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံသားများ မလုပ်ဆောင်သည့်အရာ (၃) ခု - Property News in Myanmar from iMyanmarHouse.com
11 Jan 2023 4:00 pm တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Frank Martela ၏ I’m a psychology expert in Finland, the No. 1 happiest country in the world—here are 3 things we never do ဆောင်းပါးကို ဆီလျော်အောင် မြန်မာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

Frank Martela သည် PhD ဘွဲ့ရ အတွေးအခေါ်ပညာရှင် ၊ စိတ်ပညာသုတေသီ တစ်ဦး ဖြစ်ပြီး ပျော်ရွှင်ခြင်း၏ အခြေခံ အကြောင်းရင်းများကို လေ့လာခဲ့သူလည်း ဖြစ်သည်။ သူသည် ဖင်လန်နိုင်ငံ ၊ Aalto တက္ကသိုလ်မှ ကထိကတစ်ဦး ဖြစ်ပြီး ”A Wonderful Life: Insights on Finding a Meaningful Existence” စာအုပ်ကို ရေးသားထုတ်ဝေထားသည်။)

ကမ္ဘာ့ပျော်ရွှင်မှု အစီရင်ခံစာအရ ဖင်လန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး နိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၅ နှစ်ဆက်တိုက် ရပ်တည်လျှက်ရှိသည်။

၂၀၂၂ ခုနှစ် အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ ပြည်သူများကို ၎င်းတို့၏ မျက်မှောက်ခေတ် ဘဝအခြေအနေများနှင့် စပ်လျဉ်းပြီး ၀ မှ ၁၀ အထိ အဆင့်သတ်မှတ်ပေးစေကာ စစ်တမ်းကောက်ယူခဲ့သည်။

လူမှုရေး အထောက်အပံ့ ၊ အသက်တမ်း ၊ ရက်ရောမှုနှင့် အကျင့်ပျက်ချစားမှုမရှိခြင်း အစရှိသော အချက်များကိုလည်း ထည့်သွင်း တွက်ချက်ခဲ့သည်။

ဖင်လန်အတွေးအခေါ်ပညာရှင် ၊ ပျော်ရွှင်မှု၏ အခြေခံအချက်များကို လေ့လာခဲ့သော စိတ်ပညာသုတေသီတစ်ဦး ဖြစ်သော ကျွန်ုပ်အား မကြာခဏမေးလေ့ရှိသည့် မေးခွန်းမှာ …ဖင်လန်နိုင်ငံက လူတွေ ဘာကြောင့် ဘဝကို ကျေနပ်ပျော်ရွှင်ကြတာလဲ ဆိုသော မေးခွန်းဖြစ်သည်။

မြင့်မားသည့် ဘဝအရည်အသွေးကို ထိန်းသိမ်းထားရန်အတွက် ကျွန်ုပ်တို့ ဖင်လန်နိုင်ငံသားများ မည်သည့်အခါမှ မလုပ်သည့်အရာ ၃ ခုရှိသည်။

၁။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို အိမ်နီးချင်းများနှင့် နှိုင်းယှဉ်လေ့မရှိ။

နာမည်ကျော် ဖင်လန် ကဗျာတွင် ပါဝင်သည့် ကဗျာတစ်ကြောင်းမှာ "Kell' onni on, se onnen kätkeköön" ဟုဖြစ်ပြီး အဓိပ္ပယ်မှာ ပျော်ရွှင်မှုကို မနှိုင်းယှဉ် ၊ ကြွားလုံးမထုတ်နှင့် ဟုဖြစ်သည်။

အဆိုပါ အချက်မှာ ဖင်လန်နိုင်ငံသားတို့၏ နှလုံးအိမ်တွင် ထာဝရ စွဲမြဲနေသည်။

အထူးသဖြင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ၊ ချမ်းသာကြွယ်ဝမှုများကို ထုတ်ပြခြင်းမျိုးနှင့် ပတ်သက်၍ ဖြစ်သည်။

ကျွန်ုပ်သည် တစ်ခါက ဖင်လန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ဆုံစည်းခဲ့ဖူးသည်။

သူက လမ်းလျှောက်စအရွယ် သူ့ကလေးကို ကလေးလက်တွန်းလှည်းဖြင့် ရထားဘူတာသို့ တွန်းကာသွားနေသည်ကို တွေ့ရသည်။

သူ့အနေဖြင့် တန်ဖိုးကြီး မော်တော်ကားဝယ်စီးခြင်း (သို့မဟုတ်) ယာဉ်မောင်းတစ်ဦးငှားခြင်း အစရှိသည်တို့ ပြုလုပ်နိုင်သော်လည်း အများပြည်သူ သယ်ယူပို့ဆောင်ရေးကိုသာ သုံးရန် ရွေးချယ်ခဲ့သည်။

ဤသည်ကား ဖင်လန်တွင် အောင်မြင်မှုဟူသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြသလာခြင်း ဖြစ်သည်။

လူတိုင်းနည်းတူသာ ဖြစ်ပါသည်။

ပျော်ရွှင်မှုသင်ခန်းစာ- သင့်အား ပျော်ရွှင်စေမည့် အရာကိုသာ ပိုမိုအာရုံစိုက်ပါ။

အောင်မြင်မှုကို လှမ်းမျှော်ကြည့်ခြင်း လျော့ချပါ။

စစ်မှန်သော ပျော်ရွှင်မှုကို ရခြင်း၏ ပထမဦးဆုံး ခြေလှမ်းမှာ မိမိကိုယ်ကို အခြားသူများနှင့် မနှိုင်းယှဉ်ပဲ ကိုယ်ပိုင် စံနှုန်း ပန်းတိုင်ချမှတ်ခြင်း ဖြစ်ပါသည်။

၂။ သဘာဝတရား၏ ကောင်းကျိုးကို လစ်လျူမရှုပါနှင့်။

၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့သော စစ်တမ်းတစ်ရပ်အရ သဘာဝတရားမှာ အရေးကြီးကြောင်း လက်ခံထားသော ဖင်လန်နိုင်ငံသား ပမာဏမှာ ၈၇ ရာခိုင်နှုန်းရှိသည်။

သဘာဝတရားသည် စိတ်အေးချမ်းမှု ၊ ခွန်အားနှင့် အပန်းပြေစေမှုတို့ ပေးစွမ်းသောကြောင့် ဖြစ်သည်။

ဖင်လန်နိုင်ငံတွင် အလုပ်သမားများမှာ နွေရာသီ ရုံးပိတ်ရက် ရက်သတ္တ ၄ ပတ်ရကြလေ့ရှိသည်။

အများစုမှာ အဆိုပါ အားလပ်ရက်တွင် ကျေးလက်ဒေသသို့ ခရီးထွက်ကာ သဘာဝတရားကြီးအတွင်း စီးမျောပါဝင်လေ့ရှိကြသည်။

ကျေးလက်ဒေသရှိ နေအိမ်များမှာ လျှပ်စစ်မီးမရှိသည့်အပြင် ရေပိုက်လိုင်းပင် မရှိချေ။

ကျွန်ုပ်သည် ဟယ်စင်ကီ ပန်းခြံအနီးတွင် နေထိုင်ကာ ပန်းခြံသို့ လမ်းလျှောက်၏။

(ပျော်ရွှင်မှု သင်ခန်းစာ )

သဘာဝတရားတွင် အချိန်ကုန်လွန် ဖြတ်သန်းခြင်းမှာ ကျွန်ုပ်တို့၏ ကြံ့ခိုင်တက်ကြွမှု ၊ သာယာဝပြောမှုတို့ကို မြင့်တက်စေသည်။

သင်၏ ဘဝအတွင်းသို့ စိမ်းလန်းမှုများ ဆောင်ကျဉ်းပေးနိုင်ရန် နည်းလမ်းများ ရှာဖွေပါ။

အနိမ့်ဆုံးအားဖြင့် နေအိမ်အတွက် သစ်ပင်ပန်းပင်ကလေးများ အနည်းငယ်ဝယ်ယူခြင်းမျိုး ပြုလုပ်ပါ။

၃။ ကျွန်ုပ်တို့သည် လူ့အသိုက်အဝန်း၏ ယုံကြည်မှုကို မဖျက်ဆီးကြ။

သုတေသနများ၏ ညွှန်ပြသည်မှာ တိုင်းပြည်တစ်ခုတွင် ယုံကြည်မှုအတိုင်းအတာမြင့်မားလေ နိုင်ငံသားများ ပျော်ရွှင်မှု မြင့်မားလေ ဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း ပိုက်ဆံအိတ်ပျောက်သည့် စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ဖူးသည်။

ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၁၆ မြို့တွင် ပိုက်ဆံအိတ်ပေါင်း ၁၉၂ အိတ်ချထားကာ နိုင်ငံသားတို့၏ ရိုးသားမှုကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်းကီးတွင် ချထားသော ပိုက်ဆံအိတ် ၁၂ အိတ်တွင် ၁၁ အိတ်မှာ ပိုင်ရှင်က ပြန်လည်ရရှိခဲ့သည်။

ဖင်လန်ပြည်သူတို့သည် တစ်ဦးအပေါ်တစ်ဦး ယုံကြည်ကြပြီး ရိုးသားမှုကို တန်ဖိုးထားကြသည်။

စာကြည့်တိုက်တစ်ခုတွင် လက်ပ်တော့ မေ့ကျန်ခဲ့ခြင်း (သို့မဟုတ်) ရထားပေါ်တွင် ဖုန်းကျန်ခဲ့ခြင်းတို့ဖြစ်ပါက ပြန်ရမည်ဟု အခိုင်အမာ ယုံကြည်ထား၍ ရသည်။

ကလေးငယ်များသည် အိမ်မှကျောင်းသို့ ဘတ်စ်ကားစီး၍သာသွားလေ့ရှိပြီး လူကြီးမိဘတို့၏ စောင့်ကြည့်ကြည့်ရှုမှု မပါဘဲ ဆော့ကစားကြသည်။

(ပျော်ရွှင်မှုသင်ခန်းစာ)

သင်၏ လူ့အဖွဲ့အစည်းအတွက် မည်သို့ ယုံကြည်မှုများ ပိုမိုဖန်တီးနိုင်မည်၊ ယုံကြည်မှု တည်ဆောက်နိုင်မည့် မူဝါဒများကို မည်သို့ ပံ့ပိုးနိုင်မည်ကို တွေးပါ။

သူစိမ်းများအတွက် တံခါးဖွင့်ပေးခြင်း (သို့မဟုတ်) ရထားပေါ်တွင် ထိုင်ခုံနေရာပေးခြင်းများကဲ့သို့ အပြုအမူလေးများသည်ပင် လူ့အသိုက်အဝန်းကို ငြိမ်းချမ်းပျော်ရွှင်ဖွယ်များ ဆောင်ကြဉ်းပေးနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I’m a psychology expert in Finland, the No. 1 happiest country in the world—here are 3 things we never do (cnbc)

[Zawgyi]

ကမၻာ့အေပ်ာ္ရႊင္ဆံုးႏိုင္ငံသားမ်ား မလုပ္ေဆာင္သည့္အရာ (၃) ခု

(Frank Martela ၏ I’m a psychology expert in Finland, the No. 1 happiest country in the world—here are 3 things we never do ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ျမန္မာျပန္ဆိုထားျခင္း ျဖစ္ပါသည္။

Frank Martela သည္ PhD ဘြဲ႔ရ အေတြးအေခၚပညာရွင္ ၊ စိတ္ပညာသုေတသီ တစ္ဦး ျဖစ္ျပီး ေပ်ာ္ရႊင္ျခင္း၏ အေျခခံ အေၾကာင္းရင္းမ်ားကို ေလ့လာခဲ့သူလည္း ျဖစ္သည္။ သူသည္ ဖင္လန္ႏိုင္ငံ ၊ Aalto တကၠသိုလ္မွ ကထိကတစ္ဦး ျဖစ္ျပီး ”A Wonderful Life: Insights on Finding a Meaningful Existence” စာအုပ္ကုိ ေရးသားထုတ္ေဝထားသည္။)

ကမၻာ့ေပ်ာ္ရႊင္မႈ အစီရင္ခံစာအရ ဖင္လန္ႏိုင္ငံသည္ ကမၻာေပၚတြင္ အေပ်ာ္ရႊင္ဆံုး ႏိုင္ငံအျဖစ္ နံပါတ္ ၁ ေနရာတြင္ ၅ ႏွစ္ဆက္တုိက္ ရပ္တည္လွ်က္ရွိသည္။

၂၀၂၂ ခုႏွစ္ အစီရင္ခံစာအရ ႏိုင္ငံေပါင္း ၁၅၆ ႏိုင္ငံမွ ျပည္သူမ်ားကို ၎တို႔၏ မ်က္ေမွာက္ေခတ္ ဘဝအေျခအေနမ်ားႏွင့္ စပ္လ်ဥ္းျပီး ၀ မွ ၁၀ အထိ အဆင့္သတ္မွတ္ေပးေစကာ စစ္တမ္းေကာက္ယူခဲ့သည္။

လူမႈေရး အေထာက္အပံ့ ၊ အသက္တမ္း ၊ ရက္ေရာမႈႏွင့္ အက်င့္ပ်က္ခ်စားမႈမရွိျခင္း အစရွိေသာ အခ်က္မ်ားကိုလည္း ထည့္သြင္း တြက္ခ်က္ခဲ့သည္။ ဖင္လန္အေတြးအေခၚပညာရွင္ ၊ ေပ်ာ္ရႊင္မႈ၏ အေျခခံအခ်က္မ်ားကို ေလ့လာခဲ့ေသာ စိတ္ပညာသုေတသီတစ္ဦး ျဖစ္ေသာ ကၽြႏု္ပ္အား မၾကာခဏေမးေလ့ရွိသည့္ ေမးခြန္းမွာ …ဖင္လန္ႏိုင္ငံက လူေတြ ဘာေၾကာင့္ ဘဝကို ေက်နပ္ေပ်ာ္ရႊင္ၾကတာလဲ ဆိုေသာ ေမးခြန္းျဖစ္သည္။

ျမင့္မားသည့္ ဘဝအရည္အေသြးကို ထိန္းသိမ္းထားရန္အတြက္ ကၽြႏု္ပ္တို႔ ဖင္လန္ႏိုင္ငံသားမ်ား မည္သည့္အခါမွ မလုပ္သည့္အရာ ၃ ခုရွိသည္။

၁။ ကၽြႏု္ပ္တို႔သည္ မိမိကိုယ္ကို အိမ္နီးခ်င္းမ်ားႏွင့္ ႏိႈင္းယွဥ္ေလ့မရွိ။

နာမည္ေက်ာ္ ဖင္လန္ ကဗ်ာတြင္ ပါဝင္သည့္ ကဗ်ာတစ္ေၾကာင္းမွာ "Kell' onni on, se onnen kätkeköön" ဟုျဖစ္ျပီး အဓိပၸယ္မွာ ေပ်ာ္ရႊင္မႈကို မႏႈိင္းယွဥ္ ၊ ၾကြားလံုးမထုတ္ႏွင့္ ဟုျဖစ္သည္။

အဆုိပါ အခ်က္မွာ ဖင္လန္ႏိုင္ငံသားတို႔၏ ႏွလံုးအိမ္တြင္ ထာဝရ စြဲျမဲေနသည္။

အထူးသျဖင့္ ပစၥည္းဥစၥာ ပိုင္ဆုိင္မႈမ်ား ၊ ခ်မ္းသာၾကြယ္ဝမႈမ်ားကို ထုတ္ျပျခင္းမ်ိဳးႏွင့္ ပတ္သက္၍ ျဖစ္သည္။

ကၽြႏု္ပ္သည္ တစ္ခါက ဖင္လန္၏ အခ်မ္းသာဆံုး ပုဂၢိဳလ္ႏွင့္ ဆံုစည္းခဲ့ဖူးသည္။

သူက လမ္းေလွ်ာက္စအရြယ္ သူ႔ကေလးကို ကေလးလက္တြန္းလွည္းျဖင့္ ရထားဘူတာသို႔ တြန္းကာသြားေနသည္ကို ေတြ႔ရသည္။

သူ႔အေနျဖင့္ တန္ဖိုးၾကီး ေမာ္ေတာ္ကားဝယ္စီးျခင္း (သို႔မဟုတ္) ယာဥ္ေမာင္းတစ္ဦးငွားျခင္း အစရွိသည္တို႔ ျပဳလုပ္ႏိုင္ေသာ္လည္း အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးကိုသာ သံုးရန္ ေရြးခ်ယ္ခဲ့သည္။

ဤသည္ကား ဖင္လန္တြင္ ေအာင္ျမင္မႈဟူသည္မွာ မည္သည့္အရာျဖစ္သည္ကုိ ျပသလာျခင္း ျဖစ္သည္။

လူတိုင္းနည္းတူသာ ျဖစ္ပါသည္။

ေပ်ာ္ရႊင္မႈသင္ခန္းစာ- သင့္အား ေပ်ာ္ရႊင္ေစမည့္ အရာကိုသာ ပိုမိုအာရံုစိုက္ပါ။

ေအာင္ျမင္မႈကို လွမ္းေမွ်ာ္ၾကည့္ျခင္း ေလ်ာ့ခ်ပါ။

စစ္မွန္ေသာ ေပ်ာ္ရႊင္မႈကို ရျခင္း၏ ပထမဦးဆံုး ေျခလွမ္းမွာ မိမိကိုယ္ကို အျခားသူမ်ားႏွင့္ မႏိႈင္းယွဥ္ပဲ ကိုယ္ပိုင္ စံႏႈန္း ပန္းတိုင္ခ်မွတ္ျခင္း ျဖစ္ပါသည္။

၂။ သဘာဝတရား၏ ေကာင္းက်ဳိးကို လစ္လ်ဴမရႈပါႏွင့္။

၂၀၂၁ ခုႏွစ္တြင္ ျပဳလုပ္ခဲ့ေသာ စစ္တမ္းတစ္ရပ္အရ သဘာဝတရားမွာ အေရးၾကီးေၾကာင္း လက္ခံထားေသာ ဖင္လန္ႏိုင္ငံသား ပမာဏမွာ ၈၇ ရာခုိင္ႏႈန္းရွိသည္။

သဘာဝတရားသည္ စိတ္ေအးခ်မ္းမႈ ၊ ခြန္အားႏွင့္ အပန္းေျပေစမႈတို႔ ေပးစြမ္းေသာေၾကာင့္ ျဖစ္သည္။

ဖင္လန္ႏိုင္ငံတြင္ အလုပ္သမားမ်ားမွာ ေႏြရာသီ ရံုးပိတ္ရက္ ရက္သတၱ ၄ ပတ္ရၾကေလ့ရွိသည္။

အမ်ားစုမွာ အဆိုပါ အားလပ္ရက္တြင္ ေက်းလက္ေဒသသို႔ ခရီးထြက္ကာ သဘာဝတရားၾကီးအတြင္း စီးေမ်ာပါဝင္ေလ့ရွိၾကသည္။

ေက်းလက္ေဒသရွိ ေနအိမ္မ်ားမွာ လွ်ပ္စစ္မီးမရွိသည့္အျပင္ ေရပိုက္လုိင္းပင္ မရွိေခ်။

ကၽြႏု္ပ္သည္ ဟယ္စင္ကီ ပန္းျခံအနီးတြင္ ေနထုိင္ကာ ပန္းျခံသုိ႔ လမ္းေလွ်ာက္၏။

(ေပ်ာ္ရႊင္မႈ သင္ခန္းစာ )

သဘာဝတရားတြင္ အခ်ိန္ကုန္လြန္ ျဖတ္သန္းျခင္းမွာ ကၽြႏု္ပ္တို႔၏ ၾကံ႕ခုိင္တက္ၾကြမႈ ၊ သာယာဝေျပာမႈတို႔ကို ျမင့္တက္ေစသည္။

သင္၏ ဘဝအတြင္းသို႔ စိမ္းလန္းမႈမ်ား ေဆာင္က်ဥ္းေပးႏိုင္ရန္ နည္းလမ္းမ်ား ရွာေဖြပါ။

အနိမ့္ဆံုးအားျဖင့္ ေနအိမ္အတြက္ သစ္ပင္ပန္းပင္ကေလးမ်ား အနည္းငယ္ဝယ္ယူျခင္းမ်ဳိး ျပဳလုပ္ပါ။

၃။ ကၽြႏု္ပ္တို႔သည္ လူ႔အသိုက္အဝန္း၏ ယံုၾကည္မႈကို မဖ်က္ဆီးၾက။

သုေတသနမ်ား၏ ညႊန္ျပသည္မွာ တိုင္းျပည္တစ္ခုတြင္ ယံုၾကည္မႈအတိုင္းအတာျမင့္မားေလ ႏိုင္ငံသားမ်ား ေပ်ာ္ရႊင္မႈ ျမင့္မားေလ ျဖစ္သည္။

၂၀၂၂ ခုႏွစ္အတြင္း ပိုက္ဆံအိတ္ေပ်ာက္သည့္ စမ္းသပ္ခ်က္တစ္ခု ျပဳလုပ္ခဲ့ဖူးသည္။

ကမၻာတစ္ဝန္းရွိ ျမိဳ႕ေပါင္း ၁၆ ျမိဳ႕တြင္ ပိုက္ဆံအိတ္ေပါင္း ၁၉၂ အိတ္ခ်ထားကာ ႏိုင္ငံသားတို႔၏ ရိုးသားမႈကို စမ္းသပ္ခဲ့ျခင္း ျဖစ္သည္။

ဖင္လန္ႏိုင္ငံ၊ ဟယ္လ္ဆင္းကီးတြင္ ခ်ထားေသာ ပိုက္ဆံအိတ္ ၁၂ အိတ္တြင္ ၁၁ အိတ္မွာ ပိုင္ရွင္က ျပန္လည္ရရွိခဲ့သည္။

ဖင္လန္ျပည္သူတို႔သည္ တစ္ဦးအေပၚတစ္ဦး ယံုၾကည္ၾကျပီး ရိုးသားမႈကို တန္ဖိုးထားၾကသည္။

စာၾကည့္တိုက္တစ္ခုတြင္ လက္ပ္ေတာ့ ေမ့က်န္ခဲ့ျခင္း (သို႔မဟုတ္) ရထားေပၚတြင္ ဖုန္းက်န္ခဲ့ျခင္းတို႔ျဖစ္ပါက ျပန္ရမည္ဟု အခိုင္အမာ ယံုၾကည္ထား၍ ရသည္။

ကေလးငယ္မ်ားသည္ အိမ္မွေက်ာင္းသို႔ ဘတ္စ္ကားစီး၍သာသြားေလ့ရွိျပီး လူၾကီးမိဘတို႔၏ ေစာင့္ၾကည့္ၾကည့္ရႈမႈ မပါဘဲ ေဆာ့ကစားၾကသည္။

(ေပ်ာ္ရႊင္မႈသင္ခန္းစာ)

သင္၏ လူ႔အဖြဲ႔အစည္းအတြက္ မည္သို႔ ယံုၾကည္မႈမ်ား ပိုမိုဖန္တီးႏိုင္မည္၊ ယံုၾကည္မႈ တည္ေဆာက္ႏိုင္မည့္ မူဝါဒမ်ားကို မည္သို႔ ပံ့ပိုးႏိုင္မည္ကို ေတြးပါ။

သူစိမ္းမ်ားအတြက္ တံခါးဖြင့္ေပးျခင္း (သို႔မဟုတ္) ရထားေပၚတြင္ ထိုင္ခံုေနရာေပးျခင္းမ်ားကဲ့သို႔ အျပဳအမူေလးမ်ားသည္ပင္ လူ႔အသိုက္အဝန္းကို ျငိမ္းခ်မ္းေပ်ာ္ရႊင္ဖြယ္မ်ား ေဆာင္ၾကဥ္းေပးႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I’m a psychology expert in Finland, the No. 1 happiest country in the world—here are 3 things we never do (cnbc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service