ဘီလ်ဂိတ်က ကိုယ်ဝန်ရနေသော သမီး၏ နယူးယောက်ကွန်ဒိုခန်းကို အရှုံးခံရောင်းချမည်

ဘီလ်ဂိတ်က ကိုယ်ဝန်ရနေသော သမီး၏ နယူးယောက်ကွန်ဒိုခန်းကို အရှုံးခံရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
11 Jan 2023 3:26 pm တွင် တင်ခဲ့သည်
3141 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိုက္ကရိုဆော့ တည်ထောင်သူ ဘီလ်ဂိတ်သည် သမီးဖြစ်သူ၏ နယူးယောက်မြို့ ကွန်ဒိုခန်းကို အရောင်းဈေးကွက်တင်ထားရာ အရှုံးခံရောင်းချခြင်းဖြစ်ကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

ဘီလ်ဂိတ်သည် အိပ်ခန်း ၃ ခန်းပါသော အဆိုပါအခန်းကို ဒေါ်လာ ၅ သန်းဖြင့် Watermark Estate Management Services LLC ကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အမှတ် ၁၂၁၂၊ ပဉ္စမရိပ်သာလမ်းရှိ အဆိုပါကွန်ဒိုခန်းသည် ယခုအခါ အရောင်းဈေးကွက်သို့ ရောက်နေပြီး ကန်ဒေါ်လာ ၄ ဒသမ ၇၅ သန်းဈေးခေါ်ထားသည်။

အသက် ၆၇ နှစ်ရှိ ဘီလ်ဂိတ်သည် နယူးယောက်မြို့၊ East Side ရှိ ကွန်ဒိုခန်းကို သမီးဖြစ်သူ ဂျနီဖာဂိတ်စ် အတွက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စတန်းဖို့ဒ်တက္ကသိုလ်မှ ကျောင်းပြီးချိန်တွင် နေထိုင်ရန်နေရာတစ်ခု ရရှိစေရန် ဖြစ်သည်။

ဂျနီဖာသည် သူမကဲ့သို့ မြင်းစီးသမားတစ်ဦးဖြစ်သူ အီဂျစ်နိုင်ငံသား Nayel Nassar နှင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် လက်ထပ်ခဲ့ပြီး ယခုအခါ ရက်သတ္တအနည်းငယ်အတွင်း သမီးဦးလေး ရရှိတော့မည် ဖြစ်ရာ Central Park ပန်းခြံကို စီးမိုးတွေ့မြင်နေရသည့်ထိုအခန်းမှာ မိသားစုနေထိုင်ရန် ကျဉ်းမြောင်းမည်လည်း ဖြစ်သည်။

ဈေးကွက်တင်မှတ်တမ်းအရ ကွန်ဒိုခန်းအကျယ်မှာ စတုရန်းပေ ၂၄၀၀ နီးပါးရှိပြီး အခုံးအခွက်များဖြင့် အလှဆင်ထားသော မျက်နှာကြက်၊ လင်းလင်းချင်းချင်းရှိစေမည့် ကြီးမားသော ပြတင်းများနှင့် Central Park ပန်းခြံကို တွေ့မြင်ရသည့် စိမ်းလန်းသည့်ရှုခင်းများ ပိုင်ဆိုင်ထားကြောင်း ဖော်ပြသည်။

(အမှတ် ၁၂၁၂ ၊ ပဉ္စမရိပ်သာလမ်းအဆောက်အအုံတွင်တည်ရှိပြီး စတုရန်းပေ ၂၄၀၀ နီးပါးကျယ်ဝန်းသည်။ ဓာတ်ပုံ- Brown Harris Stevens)

(အဝင်ခန်းမ)

(အခုံးအခွက်တို့ဖြင့် အလှဆင်မျက်နှာကြက်ရှိသော အခန်းဖွင့် ခင်းကျင်းထားသော အခန်းတစ်ခန်း)

(ဧည့်ခန်း။ ဓာတ်ပုံ -Compass)

(စားသောက်ရန်နေရာပါသော မီးဖိုဆောင်)

ဂျနီဖာနေထိုင်ခဲ့စဉ်ကာလက ယခုအခန်းကို မွမ်းမံမှုများစွာပြုလုပ်ခဲ့ရာ ဧည့်ခန်းနှင့် ညစာစားနေရာများကို တိုးချဲ့ခြင်း၊ အရက်ဘားနှင့် ဝိုင်သိုလှောင်သည့် ရေခဲသေတ္တာထည့်သွင်းခြင်းများ ပါဝင်သည်။

တတိယမြောက်အိပ်ခန်းတွင် မရွှေ့ပြောင်းနိုင်သော စားပွဲတစ်ခုပါဝင်ပြီး ထိုအခန်းကို အိမ်တွင်းရုံးခန်း (သို့မဟုတ်) မီဒီယာခန်းမအဖြစ် အသုံးပြုနိုင်သည်။

ပင်မအိပ်ခန်းတွင် အဝတ်ဗီရို ၃ ခု၊ စကျင်ကျောက်ပြားများဖြင့် မွမ်းမံထားကာ အပူပေးကြမ်းခင်း၊ ရေစိမ်ကန်တို့ ပါဝင်သော ရေချိုးခန်းများ ပါဝင်သည်။ အဆိုပါ အခန်းအားလုံးမှတဆင့် Central Park ပန်းခြံကို စီးမိုးကြည့်ရှုနိုင်သည်။

အဆောက်အအုံ၏ Facilities များအနေဖြင့် ၂၄ နာရီဝန်ထမ်းရှိသော lobby ခန်းမ၊ အဆောက်အအုံ မန်နေဂျာ၊ စတုရန်းပေ ၂၆၀၀ ကျယ်ဝန်းသော အားကစားလေ့ကျင့်ခန်းမ၊ ကလေးကစားခန်းတိို့ ရှိသည်။

(တတိယမြောက်အိပ်ခန်းတွင် မရွှေ့ပြောင်းနိုင်သော စားပွဲတစ်ခုပါဝင်ပြီး ထိုအခန်းကို အိမ်တွင်းရုံးခန်း (သို့မဟုတ်) မီဒီယာခန်းမအဖြစ် အသုံးပြုနိုင်သည်။ ဓာတ်ပုံ-Compass)

(အိပ်ခန်း ၃ ခန်းအနက် ၁ ခန်း။ ဓာတ်ပုံ-Compass)

(ရေချိုးခန်း ၃ ခန်းအနက် ၁ ခန်း။ ဓာတ်ပုံ-Compass)

(ပစ္စည်းပစ္စယ အချို့သာထည့်သွင်းထားသော half-bathroom ။ ဓာတ်ပုံ-Compass)

ဈေးကွက်တင်ပေးသူမှာ Compass အိမ်ခြံမြေကုမ္ပဏီမှအကျိုးဆောင် Toni Haber ဖြစ်သည်။

ဂျနီဖာသည် Icahn School of Medicine တွင် တက်ရောက်နေသော ဆေးကျောင်းသူတစ်ဦးဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်အတွင်း ဘွဲ့ရမည် ဖြစ်သည်။ ဘီလ်ဂိတ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းမှ နှုတ်ထွက်သွားတော့မည်ဖြစ်ကြောင်း ဝန်ခံလိုက်ပြီး မကြာမီတွင်ပင် ဤနေအိမ်ခန်းကို ရောင်းချလာခြင်းလည်း ဖြစ်သည်။

“အောက်တိုဘာလမှာ ကျွန်တော့်အသက် ၆၇ နှစ်ပြည့်ခဲ့ပါပြီ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို အိုပြီလို့ မထင်ပါဘူး။ အမေရိကမှာတော့ ကျွန်တော့်အရွယ်အများစုဟာ အလုပ်ကနေ နားကြပါပြီ” ဟု ဘီလ်ဂိတ်က ဒီဇင်ဘာ ၂၀ ရက်တွင် blog ပို့စ်တစ်ခု၌ ရေးသားခဲ့သည်။

“ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းရဲ့ ကျွန်တော်ဘယ်နေရာမှာရှိတယ်ဆိုတာ ဂရုမစိုက်ပေမယ့် လှူဒါန်းတာတွေ ဆက်လုပ်နေတာနဲ့အမျှ ကျွန်တော့်ရဲ့ ကြွယ်ဝမှု ကျဆင်းသွားပြီး နောက်ဆုံးတစ်နေ့မှာ ဒီစာရင်းကနေ ထွက်သွားရမယ်ဆိုတာ သိပါတယ်”

“မကြာသေးမီ ကာလတွေအတွင်း ကျွန်တော် ကမ္ဘာကြီးကို အမြင်သစ်တစ်မျိုးနဲ့ စပြီးကြည့်လာခဲ့တယ်။ ကျွန်တော့်သမီးက မယုံနိုင်စရာသတင်းတစ်ခု ပြောလာတယ်။ ကျွန်တော် အဘိုးဖြစ်တော့မယ်တဲ့”

“၂၀၂၃ ခုနှစ်အတွင်းမှာ ကျွန်တော်ဟာ အဘိုးတစ်ယောက်ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်။ ဒီအတွေးက ကျွန်တော့်ရဲ့အလုပ်အတွက် ရှုထောင့်သစ်တစ်ခု ပေးပါတယ်။ ကျွန်တော့်မြေးလေး မွေးလာယ့်ကမ္ဘာကြီးအကြောင်း ကျွန်တော်တွေးတောတဲ့အခါ ကျွန်တော်ဟာ လူတိုင်းရဲ့ ကလေးငယ်တွေ၊ မြေးလေးတွေကို အသက်ရှင်သန်နေထိုင်ဖို့ အခွင့်အလမ်းရစေရေး အရင်ကထက် ပိုမိုကူညီသွားဖို့ စိတ်တွေနိုးကြားလာစေပါတယ်”

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates lists pregnant daughter Jennifer’s NYC apartment at a loss: inside (nypost)

[Zawgyi]

ဘီလ္ဂိတ္က ကုိယ္ဝန္ရေနေသာ သမီး၏ နယူးေယာက္ကြန္ဒိုခန္းကို အရံႈးခံေရာင္းခ်မည္

မိုကၠရိုေဆာ့ တည္ေထာင္သူ ဘီလ္ဂိတ္သည္ သမီးျဖစ္သူ၏ နယူးေယာက္ျမိဳ႕ ကြန္ဒိုခန္းကို အေရာင္းေစ်းကြက္တင္ထားရာ အရံႈးခံေရာင္းခ်ျခင္းျဖစ္ေၾကာင္း နယူးေယာက္ပို႔စ္ သတင္းဌာနက ေဖာ္ျပသည္။

ဘီလ္ဂိတ္သည္ အိပ္ခန္း ၃ ခန္းပါေသာ အဆိုပါအခန္းကို ေဒၚလာ ၅ သန္းျဖင့္ Watermark Estate Management Services LLC ကုမၸဏီမွတဆင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

အမွတ္ ၁၂၁၂၊ ပဥၥမရိပ္သာလမ္းရွိ အဆိုပါကြန္ဒိုခန္းသည္ ယခုအခါ အေရာင္းေစ်းကြက္သို႔ ေရာက္ေနျပီး ကန္ေဒၚလာ ၄ ဒသမ ၇၅ သန္းေစ်းေခၚထားသည္။

အသက္ ၆၇ ႏွစ္ရွိ ဘီလ္ဂိတ္သည္ နယူးေယာက္ျမိဳ႕၊ East Side ရွိ ကြန္ဒိုခန္းကို သမီးျဖစ္သူ ဂ်နီဖာဂိတ္စ္ အတြက္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး စတန္းဖို႔ဒ္တကၠသိုလ္မွ ေက်ာင္းျပီးခ်ိန္တြင္ ေနထိုင္ရန္ေနရာတစ္ခု ရရွိေစရန္ ျဖစ္သည္။

ဂ်နီဖာသည္ သူမကဲ့သို႔ ျမင္းစီးသမားတစ္ဦးျဖစ္သူ အီဂ်စ္ႏိုင္ငံသား Nayel Nassar ႏွင့္ ၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလတြင္ လက္ထပ္ခဲ့ျပီး ယခုအခါ ရက္သတၱအနည္းငယ္အတြင္း သမီးဦးေလး ရရွိေတာ့မည္ ျဖစ္ရာ Central Park ပန္းျခံကို စီးမိုးေတြ႔ျမင္ေနရသည့္ထိုအခန္းမွာ မိသားစုေနထုိင္ရန္ က်ဥ္းေျမာင္းမည္လည္း ျဖစ္သည္။

ေစ်းကြက္တင္မွတ္တမ္းအရ ကြန္ဒိုခန္းအက်ယ္မွာ စတုရန္းေပ ၂၄၀၀ နီးပါးရွိျပီး အခံုးအခြက္မ်ားျဖင့္ အလွဆင္ထားေသာ မ်က္ႏွာၾကက္၊ လင္းလင္းခ်င္းခ်င္းရွိေစမည့္ ၾကီးမားေသာ ျပတင္းမ်ားႏွင့္ Central Park ပန္းျခံကို ေတြ႔ျမင္ရသည့္ စိမ္းလန္းသည့္ရႈခင္းမ်ား ပိုင္ဆိုင္ထားေၾကာင္း ေဖာ္ျပသည္။

(အမွတ္ ၁၂၁၂ ၊ ပဥၥမရိပ္သာလမ္းအေဆာက္အအံုတြင္တည္ရွိျပီး စတုရန္းေပ ၂၄၀၀ နီးပါးက်ယ္ဝန္းသည္။ ဓာတ္ပံု- Brown Harris Stevens)

(အဝင္ခန္းမ)

(အခံုးအခြက္တို႔ျဖင့္ အလွဆင္မ်က္ႏွာၾကက္ရွိေသာ အခန္းဖြင့္ ခင္းက်င္းထားေသာ အခန္းတစ္ခန္း)

(ဧည့္ခန္း။ ဓာတ္ပံု -Compass)

(စားေသာက္ရန္ေနရာပါေသာ မီးဖိုေဆာင္)

ဂ်နီဖာေနထိုင္ခဲ့စဥ္ကာလက ယခုအခန္းကို မြမ္းမံမႈမ်ားစြာျပဳလုပ္ခဲ့ရာ ဧည့္ခန္းႏွင့္ ညစာစားေနရာမ်ားကို တိုးခ်ဲ႕ျခင္း၊ အရက္ဘားႏွင့္ ဝိုင္သိုေလွာင္သည့္ ေရခဲေသတၱာထည့္သြင္းျခင္းမ်ား ပါဝင္သည္။

တတိယေျမာက္အိပ္ခန္းတြင္ မေရႊ႕ေျပာင္းႏိုင္ေသာ စားပြဲတစ္ခုပါဝင္ျပီး ထိုအခန္းကို အိမ္တြင္းရံုးခန္း (သို႔မဟုတ္) မီဒီယာခန္းမအျဖစ္ အသံုးျပဳႏိုင္သည္။

ပင္မအိပ္ခန္းတြင္ အဝတ္ဗီရို ၃ ခု၊ စက်င္ေက်ာက္ျပားမ်ားျဖင့္ မြမ္းမံထားကာ အပူေပးၾကမ္းခင္း၊ ေရစိမ္ကန္တို႔ ပါဝင္ေသာ ေရခ်ဳိးခန္းမ်ား ပါဝင္သည္။ အဆိုပါ အခန္းအားလံုးမွတဆင့္ Central Park ပန္းျခံကို စီးမိုးၾကည့္ရႈႏိုင္သည္။

အေဆာက္အအံု၏ Facilities မ်ားအေနျဖင့္ ၂၄ နာရီဝန္ထမ္းရွိေသာ lobby ခန္းမ၊ အေဆာက္အအံု မန္ေနဂ်ာ၊ စတုရန္းေပ ၂၆၀၀ က်ယ္ဝန္းေသာ အားကစားေလ့က်င့္ခန္းမ၊ ကေလးကစားခန္းတိုိ႔ ရွိသည္။

(တတိယေျမာက္အိပ္ခန္းတြင္ မေရႊ႕ေျပာင္းႏိုင္ေသာ စားပြဲတစ္ခုပါဝင္ျပီး ထိုအခန္းကို အိမ္တြင္းရံုးခန္း (သို႔မဟုတ္) မီဒီယာခန္းမအျဖစ္ အသံုးျပဳႏိုင္သည္။ ဓာတ္ပံု-Compass)

(အိပ္ခန္း ၃ ခန္းအနက္ ၁ ခန္း။ ဓာတ္ပံု-Compass)

(ေရခ်ဳိးခန္း ၃ ခန္းအနက္ ၁ ခန္း။ ဓာတ္ပံု-Compass)

(ပစၥည္းပစၥယ အခ်ဳိ႕သာထည့္သြင္းထားေသာ half-bathroom ။ ဓာတ္ပံု-Compass)

ေစ်းကြက္တင္ေပးသူမွာ Compass အိမ္ျခံေျမကုမၸဏီမွအက်ဳိးေဆာင္ Toni Haber ျဖစ္သည္။

ဂ်နီဖာသည္ Icahn School of Medicine တြင္ တက္ေရာက္ေနေသာ ေဆးေက်ာင္းသူတစ္ဦးျဖစ္ျပီး ယခု ၂၀၂၃ ခုႏွစ္အတြင္း ဘြဲ႔ရမည္ ျဖစ္သည္။ ဘီလ္ဂိတ္က ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းမွ ႏႈတ္ထြက္သြားေတာ့မည္ျဖစ္ေၾကာင္း ဝန္ခံလိုက္ျပီး မၾကာမီတြင္ပင္ ဤေနအိမ္ခန္းကို ေရာင္းခ်လာျခင္းလည္း ျဖစ္သည္။

“ေအာက္တိုဘာလမွာ ကၽြန္ေတာ့္အသက္ ၆၇ ႏွစ္ျပည့္ခဲ့ပါျပီ။ ကၽြန္ေတာ္ကေတာ့ ကိုယ့္ကိုယ္ကို အိုျပီလို႔ မထင္ပါဘူး။ အေမရိကမွာေတာ့ ကၽြန္ေတာ့္အရြယ္အမ်ားစုဟာ အလုပ္ကေန နားၾကပါျပီ” ဟု ဘီလ္ဂိတ္က ဒီဇင္ဘာ ၂၀ ရက္တြင္ blog ပို႔စ္တစ္ခု၌ ေရးသားခဲ့သည္။

“ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္စာရင္းရဲ႕ ကၽြန္ေတာ္ဘယ္ေနရာမွာရွိတယ္ဆိုတာ ဂရုမစိုက္ေပမယ့္ လွဴဒါန္းတာေတြ ဆက္လုပ္ေနတာနဲ႔အမွ် ကၽြန္ေတာ့္ရဲ႕ ၾကြယ္ဝမႈ က်ဆင္းသြားျပီး ေနာက္ဆံုးတစ္ေန႔မွာ ဒီစာရင္းကေန ထြက္သြားရမယ္ဆိုတာ သိပါတယ္”

“မၾကာေသးမီ ကာလေတြအတြင္း ကၽြန္ေတာ္ ကမၻာၾကီးကို အျမင္သစ္တစ္မ်ဳိးနဲ႔ စျပီးၾကည့္လာခဲ့တယ္။ ကၽြန္ေတာ့္သမီးက မယံုႏိုင္စရာသတင္းတစ္ခု ေျပာလာတယ္။ ကၽြန္ေတာ္ အဘိုးျဖစ္ေတာ့မယ္တဲ့”

“၂၀၂၃ ခုႏွစ္အတြင္းမွာ ကၽြန္ေတာ္ဟာ အဘိုးတစ္ေယာက္ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။ ဒါက ကၽြန္ေတာ့္ကို စိတ္လႈပ္ရွားေစပါတယ္။ ဒီအေတြးက ကၽြန္ေတာ့္ရဲ႕အလုပ္အတြက္ ရႈေထာင့္သစ္တစ္ခု ေပးပါတယ္။ ကၽြန္ေတာ့္ေျမးေလး ေမြးလာယ့္ကမၻာၾကီးအေၾကာင္း ကၽြန္ေတာ္ေတြးေတာတဲ့အခါ ကၽြန္ေတာ္ဟာ လူတိုင္းရဲ႕ ကေလးငယ္ေတြ၊ ေျမးေလးေတြကို အသက္ရွင္သန္ေနထုိင္ဖို႔ အခြင့္အလမ္းရေစေရး အရင္ကထက္ ပိုမိုကူညီသြားဖို႔ စိတ္ေတြႏုိးၾကားလာေစပါတယ္”

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႕) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးနိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္နွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ျပီး ျမန္မာႏိုင္ငံတဝွမ္းလံုးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ နွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္ရွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသံုးျပဳေနျပီး ျမန္မာတစ္ႏိုင္ငံလံုးတြင္ နံပါတ္(၁) လူသံုးအမ်ားဆံုး အိမ္ျခံေျမေရာင္း၀ယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၱေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္နိုင္ငံလံုးတြင္ရွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားအျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား အစရွိေသာ ျပည္ပႏိုင္ငံမ်ားမွ အိမ္ျခံေျမစီမံကိန္းမ်ားကိုလည္း ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) နွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစံုစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bill Gates lists pregnant daughter Jennifer’s NYC apartment at a loss: inside (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service